ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

     ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

      ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၇၀၀မှ ၁၅၀၀)ကျပ်ထိ၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံး လျှင် (၂၅၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ဖရဲသီး(၁)လုံး လျှင် (၃၅၀၀မှ၄၀၀၀)ကျပ်ထိ၊ သခွားမွှေး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊  နဂါးမောက်သီး (၁)လုံးလျှင် (၇၀၀မှ၁၀၀၀)ကျပ်ထိ၊ ကဗ္ဗလာသီး (၁)လုံးလျှင်(၃၀၀)ကျပ်၊ မက်မန်းသီး (၁)ပိဿာလျှင် (၃၅၀၀) ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လက်လီ/လက်ကားရောင်းဝယ်နေရသော်လည်း ပြည်ဘိုကိတ်ပဲဈေးငြိမ်နေ

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်) တွင် ပြည်ပဲဈေးကွက်အတွင်း လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်နေကြသောပဲများထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေခဲ့ပါသည်။ ပဲသစ်ဝင်ရောက်ခြင်းမဟုတ်ဘဲ ပဲဟောင်းလက်ကျန်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ လက်လီသမား နေ့စဉ် အိတ် ၁၅အိတ် ၂၀အိတ်ကျော်ရောင်းဝယ်မှုဖြစ်သည့်အပြင် လက်ကားသမားအနေဖြင့် အိတ်၅၀/၁၀၀ကျော်ရောင်းချမှုရှိခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ ၂၀ဝင် တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ရသည့်အတွက် လက်လီပဲဈေးကွက်မှာ ပဲနီပြား၊ ထောပတ်ပဲများနှင့်ယှဉ်လျှင် ဈေးအေးနေခဲ့သော်လည်း ယခင်နှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် တစ်တင်းလျှင် ကျပ်(၂)သောင်းကျော်ဈေးပိုရရှိနေခဲ့ကြောင်းသိရပါသည်။ ယခင်နှစ် စက်တင်ဘာလအတွင်း ဘိုကိတ်ပဲသီးနှံပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ၄၃၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်လက်လီပဲဈေးကွက်၌ ဈေးနှုန်းအမြင့်ဆုံးရနေသည့်စားတော်ပဲသီးနှံ

    ပြည်ပဲဈေးကွက်အတွင်း ၂၀၂၃ခုနှစ်တွင် ပဲဈေးအားလုံး ဈေးမြင့်တက်လာခဲ့သောကြောင့် ပြည်ပဝယ်လိုအားများသောပဲများအပြင် ပြည်တွင်းအဓိကဝယ်လက်ရှိသောပဲများပါ ဈေးကောင်းရလျက်ရှိပါသည်။ လက်လီပဲဈေးကွက်မှာလည်း နေ့စဉ် လက်လီရောင်းဝယ်မှု အိတ် ၂၀/၃၀ခန့်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံ ပိဿာ၂၀ဝင် တစ်တင်းလျှင် ၁၃၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ထို့ကြောင့် စားတော်ပဲပြုတ်တစ်ဆယ်သားလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ဝယ်ယူစားသုံးနေကြရကြောင်းသိရပါသည်။ စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ပဲဈေးကွက်အတွင်း ဈေးအမြင့်ဖြင့်သာ ရောင်းဝယ်နေခဲ့ရသည့်အတွက် ယခင်နှစ်၊ စက်တင်ဘာလး တစ်တင်းလျှင် ၁၃၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခုနှစ်တွင် တခြားပဲများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည်ဆိုသော်လည်း စားတော်ပဲသီးနှံဈေးနှုန်းထက် မများသောကြောင့် ပဲဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ဆုံးဖြင့် စားတော်ပဲသီးနှံအရောင်းအဝယ်ဖြစ်နေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၂၀၀၀ )ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ဆိတ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

  ငါးဈေးနှုန်းများအား စက်တင်ဘာလ ပထမပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှသတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

လှာကမြင်ဈေးနှင့် ဇွဲမာန်လွင်ဈေးတွင် သက်သာသောနှုန်းထားဖြင့် ဆန်များရောင်းချ

   ကရင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ စားဝတ်နေရေးပြေလည်စေရေးနှင့် နေ့စဉ်စားသောက်စရိတ်များအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးသောဆန်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဘားအံမြို့ရှိ လှာကမြင်ဈေး၊ ဇွဲမာန်လွင်ဈေးတို့တွင်  ၁၅-၉-၂၀၂၃ရက်နေ့မှစ၍ ဈေးနှုန်းသက်သာစွာ အထိုင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ထိုသို့ရောင်းချရာတွင် လူတစ်ဦးလျှင် ၄ ပြည်နှုန်း၊ တစ်ပြည်လျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချမည့် လူဦးရေ၊ ဆန်အရေအတွက် ကန့်သတ်ချက်မထားဘဲ နေ့စဉ် နံနက်(၀၈ :၀၀) နာရီမှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   အဆိုပါဆန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချရာတွင် စတင်ရောင်းချသည့်နေ့ ၁၅-၉-၂၀၂၃ ရက်နေ့တွင် လှာကမြင်ဈေးတွင် ဆန်အိတ် ၆၆အိတ်၊ ဇွဲမာန်လွင်ဈေးတွင်ဆန်အိတ် ၉၅ အိတ်၊ စုစုပေါင်း ၁၆၁အိတ် ရောင်းချနိုင်ခဲ့ကြောင်းနှင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် လှာကမြင်ဈေးတွင် ဆန်အိတ် ၃၅အိတ်၊ ဇွဲမာန်လွင်ဈေးတွင်၇၅ ဆန်အိတ်ရေ စုစုပေါင်း ၁၁၀ အိတ်ရောင်းချနိုင်ခဲ့ကြောင်းနှင့် အပတ်စဉ် တနင်္ဂလာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(ကရင်)

 

ပြည်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ငါးတီခြောက်

    ပြည်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော ငါတီခြောက်များမှာ ငါးရှဉ့်အကောင်ပေါ်ရှိ ပုံစံနှင့်တူပြီး ကြပ်တင်ထားသော ငါးခြောက်များကိုရောင်းချလျက်ရှိပါသည်။ ဝင်ရောက်လာသည့်ငါတီခြောက်များမှာ ပင်လယ်ခြောက်များဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဘက်မှ ဝင်ရောက်လာသည်ဟုသိရပါသည်။ ငါးတီခြောက်မှာ စားသုံးသူကြိုက်နှစ်သက်သော အနံ့နှင့်အရသာရှိသောကြောင့် စားသုံးသူများဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရလျက်ရှိ ပါသည်။ ပြည်ဒေသဈေးကွက်များတွင် ရောင်းချလျက်ရှိသောငါးတီခြောက်ဈေးနှုန်းများမှာ တစ်ဆယ်ကျပ်သားလျှင် (၂၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ငါးတီခြောက်များကို ယခုကဲ့သို့မိုးတွင်းကာလတွင်သာရရှိသဖြင့် စားသုံးသူများဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရသောရာသီစာဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ရာသီစာ ကိုင်းဥရောင်းချလျက်ရှိ

    ကိုင်းပင်သည် မြက်မျိုးဖြစ်ပြီး အမြစ်မှအကိုင်းအခက်များထွက်ပါသည်။ အရိုးမှာ ၆ပေမှ ပေ၂၀အထိမြင့်ပါသည်။ အရွက်သည် အလွန်ပါးပြီးရှည်၍ အပြင်ဖျား၌ ဖြူသောအပွင့်များပွင့်ပါသည်။ ကိုင်းဥသည် မြစ်နားကမ်းနားတွင်ရှိသည့်ကိုင်းပင်၌ စွဲကပ်သောမှိုတစ်မျိုးဖြစ်ပါသည်။ ကိုင်းပင်၏ ဥမဟုတ်ပါ။ ကားလမ်းဘေးကိုင်းပင်များတွင်လည်းမကပ်ပါ။ မြစ်နား၊ ကမ်းနား၌သာရရှိပါသည်။ ကိုင်းဥများကို ရေတက်ရက်တွင် လှေနှင့်လိုက်ခွရပြီး လိုသလောက်လည်း မရတတ်ပါ။ ကိုင်းဥသည် ၅ရက် (သို့) ရက်သတ္တပတ်အထားခံပါသည်။ ကိုင်းဥကို ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ာရရှိပြီး အာဟာရပြည့်ဝ၍ ကလေးငယ်များအား ကျွေးလျှင် သန်ကောင်များ၊ တုတ်ကောင်များကိုကျစေပါသည်။ ကိုင်းဥကို နာလန်ထခါစသူများစားလျှင် အားရှိစေပြီး ကိုင်းဥတစ်လုံးလျှင် အိုဗာတင်းတစ်ခွက်မှာ ကြက်ဥ ၂လုံးနှင့် ညီမျှသည်ဟုလည်းဆိုကြပါသည်။ ကိုင်းဥကို ကင်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း စားသုံးကြပါသည်။ သွေးတိုးရောဂါရှိသူများအနေဖြင့် များများမစားသုံးသင့်ပါ။

      ကိုင်းဥဈေးကွက်၊ ဈေးနှုန်းအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၆၀၀၀ကျပ်၊ ၆၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၌ နှမ်းနှင့် မြေပဲဆံသီးနှံများ အဝင်လှိုင်လာသဖြင့် ဈေးနှုန်းများကျဆင်းလာ

    ပြည်ခရိုင်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းသီးနှံများထွက်ပေါ် ပြီဖြစ်သဖြင့် ပြည်ဈေးကွက်သို့ ဝင်ရောက်မှုရှိသဖြင့် နေ့စဉ် အရောင်းအဝယ်များပုံမှန်ဖြစ်လျက်ရှိပါသည်။

 မြေပဲ

     ပြည်ခရိုင်၊ ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များသို့ မြေပဲဝင်ရောက်မှုလှိုင်လာသဖြင့် တစ်ရက်လျှင် အိတ်၁၅၀၀ခန့်ဝင်ရောက်နေပါသည်။ ဝင်ရောက်မှုများလာသကဲ့သို့ အဝယ်လည်းများလာသဖြင့် ဝင်သလောက် နေ့စဉ် အရောင်းအဝယ်ဖြစ်နေသည်ကိုတွေ့ရပါသည်။ မိုးမြေပဲဆန်များကို ‌ ပြည်- အောင်လံ ကြားရှိ ကျေးရွာများမှ ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ မြေပဲစိုက်တောင်သူများကအတောင့်အတိုင်းမရောင်းချတော့ဘဲ မြေပဲဆံကိုသာ လာရောက်ရောင်းချကြောင်းသိရပြီး ဝင်ရောက်လာသောမြေပဲဆံများကို ပဲကြော်ဖိုသမားများက ဝယ်ယူမှုနည်းသော်လည်း ဆီစက်လုပ်ငန်းသမားများက ဆီကြိတ်ရန် ဝယ်ယူမှုရှိကြသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် မြေပဲဆံများကို မန္တလေးတိုင်းသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ မိုးမြေပဲမှာ အထွက်လှိုင်လာချိန်ဖြစ်သဖြင့် မြေပဲဆံဈေးနှုန်းမျာလည်း ယခင်ဩဂုတ်လ နောက်ဆုံးပတ်ထက် ဈေးအနည်းငယ်လျော့နည်းသွားခဲ့ပါသည်။ စက်တင်ဘာလ ပထမပတ်တွင် မြေပဲဆန်ဈေးများမှာ မြေပဲဆီဆန် (အဖြူ ) တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ဆီဆံ (အနီ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် လုံးဆံ(အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် ၈၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လ နောက်ဆုံးပတ်နှင့်ယှဉ်လျှင် မြေပဲဆံ/ လုံးဆံအရော ဆီဆံပါ တစ်ပိဿာလျှင် ၁၀၀၀ကျပ်ခန့် ဈေးအနည်းငယ်ပြန်ကျသွားကြောင်းတွေ့ရပါသည်။ မြေပဲဆံဈေးနှုန်းအနည်းငယ်ကျသွားသော်လည်း မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဖြင့်  တစ်ပိဿာ ၅၀၀ကျပ်ခန့်ဈေးပြန်ကျသွားခဲ့ပါသည်။ ယခုကဲ့သို့ မြေပဲဆီဈေးနှုန်းများကျဆင်းလာရခြင်းမှာ နိုင်ငံတော်အနေဖြင့် သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများကိုရောင်းချပေးခြင်း၊  မြေပဲများ အထွက်လှိုင်ချိန်ဖြစ်သဖြင့် ဈေးကွက်တွင် မြေပဲဆန်လက်ကျန်များနေသဖြင့် ဆီဈေးမှာ အနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရပါသည်။

နှမ်း

    ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းသီးနှံမှာ ယခုအချိန်တွင် ပြည်ဈေးကွက်သို့ မိုးနှမ်းအသစ်များ နေ့စဉ် ဝင်ရောက်မှုရှိပြီး တစ်နေ့လျှင် အိတ်(၁၀၀၀)ခန့်ဝင်ရောက်မှုရှိကြောင်းတွေ့ရပါသည်။ မိုးနှမ်းသစ်များမှာ နေ့စဉ် ဝင်ရောက်နေပြီး မိုးညို၊ မြန်အောင်၊ ကြံခင်းနှင့် နတ်တလင်းဘက်မှ နှမ်းနက်များလည်းဝင်ရောက်မှုရှိပါသည်။ ဝင်ရောက်လာသည့်နှမ်းနက်များကို မန္တလေးဝယ်လက်များက အများဆုံးဝယ်ယူကြပြီး ရန်ကုန်ဝယ်လက်များက အနည်းငယ်သာဝယ်ယူကြောင်းသိရှိရပါသည်။ ပြည်ခရိုင်အတွင်း၌ နှမ်းနက်သာအများအပြားစိုက်ပျိုးပြီး ဆီကြိတ်နှမ်းနီကို အနည်းငယ်သာစိုက်ပျိုးကြသဖြင့် ဆီစက်သမားများက ဆီကြိတ်ရန်လိုအပ်ချက်ရှိသည့်အခါ တခြားမြို့နယ်များမှဝယ်ယူ၍ ကြိတ်ခွဲကြကြောင်းသိရပါသည်။ နှမ်းဆီကို ပြည်ခရိုင်တွင် စားသုံးမှုနည်းသော်လည်း အခြားဆီများနှင့်ရောစပ်၍ ရောင်းချသည့်အခါ ဝယ်ယူကြကြောင်းသိရပါသည်။ ယခုစက်တင်ဘာလ ပထမပတ်တွင် နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ (၃) တင်းဝင် တစ်အိတ်လျှင် ၃၁၅၀၀၀ကျပ်၊ နှမ်းနက် (၃) တင်းဝင် တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃ )တင်းဝင် တစ်အိတ်လျှင် ၃၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဩဂုတ်လ တတိယပတ်ဈေးနှင့် နှိုင်းယှဉ်လျှင် နှမ်းနီ  (၃) တင်းဝင် တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ နှမ်းနက်  (၃) တင်းဝင် တစ်အိတ်လျှင် ၄၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း ၃တင်းဝင် တစ်အိတ်လျှင် ၃၀၀၀၀ကျပ် စသည်ဖြင့် ဈေးများအသီးသီးကျဆင်းလာခဲ့ကြောင်းသိရပါသည်။ ယခုကဲ့သို့ နှမ်းဈေးများကျဆင်းလာရခြင်းမှာ နှမ်းအထွက်လှိုင်ချိန်ဖြစ်ခြင်း၊ ဈေးကွက်မှ နှမ်းလက်ကျန်များလာသဖြင့် ဈေးနှုန်းများကျဆင်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ယခင်လ တတိယပတ်နှင့်ယှဉ်လျှင်  ၂၀၀၀ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာသည်ကိုတွေ့ရပါသည်။

  ထို့ကြောင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြေပဲနှင့်နှမ်းများအနက် အရည်အသွေးကောင်းသည့်မျိုးများကိုရွေးချယ်၍ စိုက်ပျိုးလာနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများဖူလှုံလာမည်ဖြစ်ပြိး စားသုံးသူများအနေဖြင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း မျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍ စိုက်ပျိုးသဖြင့် ပြည်ပတင်ပို့ရန် အရည်အသွေးကောင်းသောသီးနှံများရရှိနိုင်ပြီး ပြည်ပဝင်ငွေများလည်းရရှိနိုင်မည်ဖြစ်ကာ တောင်သူများအနေဖြင့်လည်း အကျိုးအမြတ်များရရှိ၍း အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီများ လက်ကျန်နည်းနေ

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) အတွင်း ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံဝင်ရောက်မှုမရှိဘဲ ယခင်ဈေးကွက်လက်ကျန်များဖြင့်သာ  ရောင်းချမှုရှိနေကြောင်းသိရပါသည်။ ယခင်ဩဂုတ်လ စတုတ္တပတ်တွင် လက်လီပျမ်းမျှဈေးနှုန်းအနေဖြင့်  ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်၄၂၀၀ခန့်ရှိခဲ့ပြီး စက်တင်ဘာလ ပထမပတ်တွင် ၃၈၀၀ကျပ်ခန့်ရှိသဖြင့် တစ်ပိဿာလျှင် ကျပ်၄၀၀ခန့် ဈေးနှုန်းကျဆင်းသွားကြောင်းသိရပါသည်။ ယခုအချိန်ကာလသည် ကြက်သွန်နီအဓိကစိုက်ပျိုးသော မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးကြက်သွန်နီများစိုက်ပျိုးချိန်ဖြစ်သဖြင့် လက်ကျန်များနည်းနေသည့်အတွက် အမှာရှိတိုင်း တင်ပို့မှုမရှိကြောင်းလည်းသိရပါသည်။ ယခင်ဈေးအမြင့်ဖြင့် ဝယ်ယူထားသည့် လက်ကားဝယ်ရောင်းသမားများက အဝယ်ပါးလျက်ရှိသဖြင့် အရောင်းအဝယ်မှာ အေးလျက်ရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့် ပြည်ပွဲရုံများ၌ လက်ကားဈေး (ကြီး/ လက်/ သေး) တစ်ပိဿာလျှင် ကျပ် (၃၁၀၀-၃၂၀၀-၃၃၀၀-၃၄၀၀) နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင် (၃၅၀၀-၃၆၀၀-၃၇၀၀-၃၈၀၀) ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကတွက်သီးဈေးကွက်

   ကတွက်ပင်သည် ညောင်ပင်မျိုးနွယ်ပင်ဖြစ်ပြီး အခေါက်၊ အရွက်၊ အသီးနှင့်တကွ တစ်ပင်လုံးတွင် အမွေးနုများရှိပြီး အသီးမှာ ဇီးဖြူသီးအရွယ်ခန့်ရှိ၍ အရောင်မှာ အစိမ်းရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အဝါရောင်၊ နီညိုရောင်၊ အမဲရောင်ဟူ၍ အရောင်မျိုးစုံရှိပါသည်။ မြန်မာနိုင်ငံရှိ သစ်တောတိုင်းတွင် ကတွက်ပင်များတွေ့ရ၍ မြန်မာနိုင်ငံအောက်ပိုင်း၌ အများဆုံးတွေ့ရသည်။ ကတွက်သီးကို သဖန်းသီးဟူ၍လည်းခေါ်ကြပါသည်။ ကတွက်သီး၏ ထူးခြားချက်မှာ ကတွက်ပန်းပွင့်သည် ကတွက်သီး၏ အတွင်းထဲတွင်ရှိပါသည်။အသီးပျော့၍ အခွံပါးပြီး ကတွက်သီးမှည့်ကို အသီးအတိုင်းသော်လည်းကောင်း၊ ထန်းညှက်ဖြင့် ယိုထိုး၍လည်းကောင်း စားသုံးကြပါသည်။ ကတွက်သီးကိုစားသုံးခြင်းဖြင့် ဝမ်းချုပ်မှုကာကွယ်ပေးသည်။ ကင်ဆာတိုက်ဖျက်ပေးနိုင်သည်။ သကြားဓာတ်လျော့နည်းစေ၍ ဆီးချိုသမားများအတွက် ဆီးချိုကိုထိန်းချုပ်ပေးနိုင်ပါသည်။ သွေးတိုးကိုလည်းကာကွယ်ပေးသည်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေသည်။ ကတွတ်သီးကို အလွန်အကျွံစားသုံးမည်ဆိုလျှင် အစာအိမ်နာများဖြစ်တတ်ပါသည်။ အသည်းကိုထိခိုက်စေသည်။ သွေးတွင်းသကြားဓာတ်နည်းသူများအနေဖြင့် စားသုံးရန်မသင့်ပါ။ ပြည်မြို့တွင် ကတွတ်သီး အလုံး (၁၀၀) လျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်းဘက်တို့မှ လာရောက်ရောင်းချလေ့ရှိကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း