ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ)ကျပ် ၁၄၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀၀ မှ ၂၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၂၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၅၀၀ မှ ၃၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၂၀၀၀ မှ ၃၅၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၃၅၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၃၀၀ မှ ၂၇၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၅၀၀ မှ ၁၉၅၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် ၆၅၀၀ မှ ၈၅၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၆၅၀၀ မှ ၇၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၀၀၀ မှ ၆၀၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀ မှ ၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၆၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်း သို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၂၆၈၄၅၀)ကျော်၊ ခရမ်းသီး (ရှည်) (ပိဿာ) (၁၂၂၈၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၇၈၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၄၇၅၅) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၈၆၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၉၈၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၁၀၁၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၂၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

   ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၇.၂၀၂၃ ရက်နေ့၊နံနက် (၁၁:ဝ၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့်အတူ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများကို ဈေးကွက်ဈေးနှုန်း စုံစမ်းခဲ့ရာ ဈေးကွက်အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲ မွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ်ဖြင့်လည်းကောင်း၊ အသီးသီး ရောင်းဝယ် ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။

    ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၃၀၀၀/၁၃၅၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၆၈၀၀/၆၉၀၀) ကျပ်၊ မွေးမြူရေးကြက် ထီး/မ ၁ ပိဿာလျှင် (၇၈၀၀/၉၀၀၀) ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်ဖြင့် အသီးသီး လက်လီ/ လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန် ပျမ်းမျှစုစုပေါင်း (၇၂၉၀၀) ပိဿာခန့် ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

“ဇူလိုင်လအတွင်း သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ”

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ဇူလိုင်လပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၀၅၀) ပိဿာ ဝင်ရောက်ခဲ့ရာ ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၃၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၂၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၉၀၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၄၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ ဖြစ်ခဲ့ပါသည်။ ဇူလိုင်လ တတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၇၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၄၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ် ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၇၅၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၂၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ၍ ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

 

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၃၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၃၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ချင်း တစ်ပိသာလျှင်(၆၀၀၀/၇၀၀၀)ကျပ် ဖြစ်နေပြီး ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိသာ(၂၈၀၀/၃၃၀၀)ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ငရုတ်သီးစိမ်း တစ်ပိသာ (၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၀၀၀/၂၂၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်နေပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၈၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့်  (၂၅၀၀/၃၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင်(၁၈၀၀/၂၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိ ကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၅၀၀)ကျပ် ယခင် အပတ်ထက်အနည်းငယ်မြင့်တက်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေး)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံး (၂၈၀/၃၀၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင် ဇွန်လ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျှက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၅၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၆၅၀၀)  ငါးဈေးများမှာ ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၉၄၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၉၃၀၀၀)ကျပ်  ယခင်အပတ်ထက် တစ်ပိသာ(၁၀၀၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဇူလိုင်လ၊ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ငါးဈေးနှုန်းများအား ဇူလိုင်လတတိယပတ်နှင့်နှိုင်းယှဉ်ပါက    ဆလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ဆလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ငါးဘတ်အကောင်လိုက် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊  ငါးဂျောင်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်ပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

     ၂၀၂၃ခုနှစ်၊ဇူလိုင်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  မာလကာသီး (၁)လုံးလျှင် (၃၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်ထိ၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ် ၊ရင်ကွဲသရက်သီး (၁)လုံး လျှင် (၂၀၀မှ ၂၅၀)ကျပ်ထိ၊ နာနတ်သီး (အသေး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ နှင်းသီး (၁)ပိဿာ လျှင်(၄၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ဇူလိုင်လ စတုတ္ထအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ဇူလိုင်လ စတုတ္ထအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေးသီး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ မင်းဂွတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀မှ ၄၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်) (တစ်အိတ်)လျှင် ၁၀၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၁၀၅၀၀၀ ကျပ်၊ ဧည့်မ ထဆန်(သစ်)(တစ်အိတ်)လျှင် ၇၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၃၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၃၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၇၉၅၀-၈၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၆၃၀၀ မှ ၆၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၈၃၀၀ မှ ၈၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၂၀၀ မှ၂၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ်(တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင်၂၄၀၀၀-၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

   ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ဆန်၊ ဆီနှင့် ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါကြောင်း၊   စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေး ပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

     

ဖြူးမြို့နယ်၊ ညောင်းကားယားကျေးရွာ၏ ဝါးခမောက်လုပ်ငန်း

   တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ဝါးခမောက်လုပ်ငန်းသည် ဈေးကွက်ရရှိထားသောလုပ်ငန်းဖြစ်ပါသည်။ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူများမှာ တောင်သူလယ်သမားမိသားစုများဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ကျော်လွန်၍ အားလပ်သည့်ကာလတွင် မိသားစုအပိုဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။

    ဝါးခမောက်ပြုလုပ်ရာတွင် ဝါး၊ ဝါးဖတ်၊ အပ်၊ အပ်ချည်၊ ပျားဖယောင်းနှင့် လက်ပံဆူးတို့လိုအပ်ပါသည်။ နွေရာသီတွင် ဝါးများကို အနောက်ရိုးမတောင်ပေါ်တွင် သွားရောက်၍ခုတ်ယူပါသည်။ ဝါးဖတ်ကို တောင်ငူမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တို့မှ မှာယူရပါသည်။  ဝါးဘိုး၊ ဝါးဖတ်ကိုသာအသုံးပြုရပါသည်။ ဝါးဖတ် ၅၀၀ကို အထုံးတစ်ထုံးစည်းထားပါသည်။ ၎င်းဝါးဖတ်တစ်ထုံးလျှင် ခမောက်အလုံး ၈၀မှ ၁၀၀အထိရရှိပါသည်။

   ဝါးခမောက်ပြုလုပ်သည့်အခါတွင် ရှေးဦးစွာ ဝါးများကိုအခြမ်းများခွဲစိတ်ပြီးနောက် အုန်းပင်မှဖြတ်ထားသည့်အတုံးကို အပေါက်ဖောက်ပြီးလျှင် ထိုအပေါက်ထဲသို့ ဝါးခြမ်းစိတ်၏ထိပ်တစ်ဖက်ကိုထည့်ပြီး ဝါးကိုအဝိုင်းပုံစံဖြစ်အောင် နှီးဖြင့်ချည်ရပါသည်။ ထိုအခွေများကို ၁၀ခွေပူး၍ချည်ရပါသည်။ ထို ၁၀ခွေအပူးကို တစ်ထိုင်ဟုခေါ်ပါသည်။

    ထိုအထိုင်များကို ရေထဲတွင် အနည်းဆုံး တစ်လခန့်စိမ်ရပါသည်။  တစ်လပြည့်လျှင် ရေထဲမှဆယ်ယူပြီး နေပူထဲတွင် လုံးဝခြောက်သည်အထိလှမ်းရပါသည်။ ထိုဝါးခွေများခြောက်ရန် ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာမြင့်ပါသည်။ ထို့နောက် ခမောက်ပြုလုပ်ရာတွင် အသုံးပြုမည့်ဝါးစိတ်များအား အကြီး/အသေး/အတို/အရှည်တို့ကို လိုအပ်သလို ဓားဖြင့်အချောကိုင်ပေးရပါသည်။

    ဝါးဖတ်ကိုအသုံးပြုရန်အတွက် ဝါးဖတ်တွင်ကပ်နေသောအမွေးအမျှင်များကို အဝတ်ဖြင့် ပြောင်စင်အောင်ပွတ်တိုက်ပေးရပါသည်။ ထို့နောက် ပုံစံချထားသောအရွက်အား ဝါးဖတ်များပေါ်တွင်ချပြီး ပုံစံကျအောင်ညှပ်ရပါသည်။ ပုံစံကျအောင် ညှပ်ထားသောဝါးဖတ်များကို အပ်ချည်ဖြင့်ပူးချုပ်ရပါသည်။ အပ်ချည်ကို ပျားဖယောင်းဖြင့်တိုက်ပြီးမှ အသုံးပြုရပါသည်။ အပ်ချည်ကို ပျားဖယောင်းနှင့်တိုက်ခြင်းမှာ ဆွဲအားကောင်းပြီး ချည်မပြတ်စေရန်နှင့် အနားမဖွာစေဘဲ ကျစ်လျစ်သော အပ်ချည်သားဖြစ်စေရန်အတွက်ဖြစ်ပါသည်။

    ထို့နောက် ဝါးအချောသပ်ပြီးသားနှင့် ဝါးဖတ်ကိုတွဲချုပ်ပြီး အချောကိုင်ရပါသည်။ ပြီးလျှင် ခမောက်၏အပေါ်ထိပ်တွင် လက်ပံဆူးကိုတပ်ဆင်ပေးရပါသည်။ လက်ပံဆူးကို လိုအပ်သည့်ပုံစံရအောင် အချောကိုင်ပေးရပါသည်။ ခမောက်ကိုအလှဆင်ပြီးလျှင် ကောင်းမွန်လှပသော ခမောက်တစ်လုံးကိုရရှိပြီဖြစ်ပါသည်။

    ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာထွက် ဝါးခမောက်တစ်လုံးလျှင် ၁၅၀၀ကျပ်ဖြင့် ဖြူးမြို့နယ်ရှိ ခမောက်အရောင်းဆိုင်များအပြင် တောင်ဘက်တွင် ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးနှင့် ပဲခူးမြို့နယ်များ၊ မြောက်ဘက်တွင် အုတ်တွင်းနှင့် တောင်ငူမြို့နယ်များအထိပို့ဆောင်ရောင်းချပေးရပါသည်။

    ဝါးခမောက်များကို လယ်ယာလုပ်ငန်းခွင်တွင်လုပ်ကိုင်ကြသည့် တောင်သူလယ်သမားကြီးများနှင့် လယ်ယာလုပ်သားများအပြင် နေအိမ်များတွင်အသုံးပြုရန်အတွက်လည်း ဝယ်ယူကြကြောင်း ညောင်ကားယားကျေးရွာမှ ခမောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း