ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇူလိုင်လမတ်ပဲဈေးနှုန်းအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ဇူလိုင်လအတွင်း ဇွန်လဈေးဖြင့် နှိုင်းယှဉ်ပါက အနိမ့်ဈေးဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရှိရပါသည်။ ဇူလိုင်လစတုတ္တပါတ်အတွင်း မတ်ပဲပိဿာ(၂၀)တစ်တင်းလျှင် (၇၄၀၀၀) ကျပ်ဈေးဖြင့် ရောင်းဝယ်နေကြောင်း တွေ့ရှိရပါသည်။

      ယခင်ဇွန်လ တတိယပါတ်ပေါက်ဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၉၀၀၀)ကျပ် ဖြစ်ခဲ့ပြီး၊ စတုတ္တပါတ်တွင် (၇၄၀၀၀) ကျပ်သာ ရှိပါတော့သည်။ ဇူလိုင်လ ပထမပါတ်တွင် (၇၄၅၀၀) ကျပ်၊ စတုတ္တပါတ်ဈေးနှုန်းမှာ (၇၂၀၀၀) ကျပ် ဖြစ်ခဲ့၍ ဈေးမငြိမ်ဘဲဈေးနှုန်းအတတ်အကျဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လစတုတ္တပါတ်မှာတော့ (၇၄၀၀၀)ကျပ်ဈေးပေါက်နေကြောင်း သိရှိရပါသည်။

      ယခင်ဇွန်လ တတိယပါတ်ဈေးနှင့် ဇူလိုင်လ စတုတ္တပါတ်ပေါက်ဈေးနှုန်းနှိုင်းယှဉ်ပါက (၅၀၀၀) ကျပ်ထိ ဈေးကျသွားကြောင်း သိရှိရပြီး အရောင်းအဝယ်အနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက် အိတ်(၂၀၀-၂၅၀)ခန့် တင်ပို့ နေရကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

     “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

       ကန့်ဘလူမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ (၃၁)ရက်အတွင်း စပါး၊ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၂၅၅၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၀၂၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်နှင့် မြစ်ကြီးနားသို့ အိတ်ရေ ၂၀၀၀ စုစုပေါင်းအိတ်ရေ ၂၅၀၀ အိတ်၊ တန်အားဖြင့် (၁၂၅)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။      

DOCA(စစ်ကိုင်း)

ဘားအံမြို့ ကန်သာယာ(စနေနေ့)အခွန်လွတ်ဈေးတွင် ရောင်းချနေသော ကုန်ဈေးနှုန်းများအခြေအနေ

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ကျဆင်းရေး ကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့အခွန်လွတ်ဈေးကို အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

        ကန်သာယာ စနေနေ့အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် သား/ငါး အရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ဝက်သား ၁ ပိဿာ ၁၃၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ၁၄၀၀၀ကျပ်၊ ဆိတ်သား ၁ ပိဿာ ၁၇၀၀၀ ကျပ်၊ ကြက်သား(အိမ်ကြက်)၁၅၀၀၀ ကျပ်၊ မွေးမြူရေးငါးကြင်း ၁ ပိဿာ ၇၀၀၀ ကျပ်၊ တီလားဗီးယား ၁ ပိဿာ ၆၀၀၀ကျပ်၊ ငါးမဲလုံး ၁ ပိဿာ ၆၀၀၀ ကျပ်၊ ယိုးဒယား ငါးခုံးမ ၁ ပိဿာ ၆၀၀၀ကျပ်၊ ငါးခူ ၁ ပိဿာ ၆၃၀၀ ကျပ်၊ ငါးမုတ် ၁ ပိဿာ ၅၀၀၀ ကျပ်၊ ငါးတန် ၁ ပိဿာ ၄၆၀၀ ကျပ်၊ ပလာတူး ၁ပိဿာ ၆၀၀၀ကျပ်၊ ဘဲဥ ၁ လုံး ၃၀၀ကျပ်၊ ကြက်ဥ ၁ လုံး ၂၅၀ ကျပ်၊ ကန်စွန်းရွက်၁ စီး ၁၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁ စည်း ၁၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် ၇၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ ပွင့် ၇၀၀ ကျပ် ၊ သခွားသီး ၁ ပိဿာ ၁၈၀၀ ကျပ်၊ ခရမ်းချဉ် ၁ ပိဿာ ၁၈၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၂၅၀၀ ကျပ်၊ စားသုံးဆီ ၁ ပိဿာ ၅၃၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   အခွန်လွတ်ဈေးများတွင် ရောင်းချနေသော ဈေးနှုန်းများမှာ ဈေးနှုန်းချိုသာပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် ရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၈.၂၀၂၃ )

၆.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၈.၂၀၂၃ )

     ၅.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၈.၂၀၂၃ )

     ၄.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၁၉) ရက်နေ့ မှ ဇူလိုင် လ (၂၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင် မှ ကျွဲကောသီး အလုံး ကြီး ကျပ် ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၀၀၀ ၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ်  ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ သီပေါ မှ နာနတ်သီး အလုံး ကြီး ကျပ် ၉၀၀ ၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး  ကျပ် ၃၅၀ ၊ ရေး မှ မင်းဂွတ်သီး အလုံး(၃၀၀) တစ်ခြင်းပါ အလုံးကြီး ကျပ် ၂၇၀၀၀ ၊ တိုက်ကြီး မှ သရက်သီး (စိန်တလုံး) အလုံးကြီး ကျပ် ၂၀၀၀ ၊ မန္တလေး မှ သရက်သီး (ရင်ကွဲ)အလုံးကြီး ကျပ် ၃၅၀၊ အလုံးလတ် ကျပ် ၂၇၀၊ အလုံးသေး  ကျပ် ၁၈၀ ၊ ရေး မှ ဒူးရင်းသီး အလုံးကြီး ကျပ် ၇၀၀၀ ၊ အလုံးလတ် ကျပ် ၄၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀ ၊ ကလော မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၃၇၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၀ ၊ မန္တလေး မှ သင်္ဘောသီး အလုံးကြီး ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ကျောက်ဆည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀  ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း