ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နှမ်းစျေးကောင်း၍ ယခုနှစ် မိုးနှမ်းပိုမိုစိုက်ပျိုး

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် မိုးနှမ်းများအောင်မြင်စွာစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၁၆၅၅၀) ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် (၁၆၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရပါသည်။

    မိုးနှမ်းကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး သြဂုတ်၊ စက်တင်ဘာလများတွင် စတင် ရိတ်သိမ်းကြောင်း၊ နှမ်းစျေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ ယခုနှစ်ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးသော နှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကိုအများဆုံး စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ် မိုးနှမ်းတစ်ဧက ကုန်ကျစရိတ်မှာ စုစုပေါင်း (၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး၊ တစ်ဧကလျှင် (၁၄.၁၅) တင်းထွက်ရှိကြောင်း၊ နှမ်းစျေးနှုန်းမှာလည်း ရာသီချိန်နှမ်း တစ်တင်းလျှင် (၇၀၀၀၀) ကျပ်ရရှိသဖြင့် တောင်သူမျာအနေဖြင့် တစ်ဧကလျှင် (၅၅၀၀၀၀) ကျပ် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်ရာသီကုန်ချိန်တွင်လည်း လက်ရှိနှမ်းစျေးမှာ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်စျေးရှိသဖြင့် နှမ်းစျေးကောင်း၍ နှမ်းစိုက်တောင်သူများအနေဖြင့် ယခုနှစ် မိုးဦးကာလမိုးနှမ်းများကို ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ရမည်းသင်းခရိုင်အတွင်း မိုးနေကြာစိုက်ပျိုးဖြစ်ထွန်းမှု

   မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း မိုးနေကြာများကို စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စင်‌ရွှေကြာ (၂)မျိုး၊ ရေဆင်း(၁)မျိုးနှင့် ရာစောင့်တဲနေကြာမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ မိုးနေကြာကိုဇွန်လဆန်းမှ စတင်စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ရိတ်သိမ်းကြောင်းသိရှိရပါသည်၊၊ မျိုးသန့်နေကြာမျိုးစေ့များကို (၂)ပြည်တစ်အိတ်(၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင်နှစ်ပြည်အိတ် နှစ်အိတ်ကြဲပတ်ရကြောင်း သိရှိရပါသည်။

     ယခင်နှစ်တွင် မိုးနေကြာစိုက်ပျိုးမှုအနေဖြင့် တစ်ဧကကုန်ကျစရိတ် (၄၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး တစ်ဧကလျှင် တင်း (၂၀)မှ တင်း (၂၅) တင်းထွက်ရှိကြောင်း ၊ ရာသီချိန်စျေးနှုန်းများမှာလည်း တစ်တင်းလျှင် (၄၀၀၀၀) ကျပ်ရရှိသဖြင့် နေကြာစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် (၆၀၀၀၀၀) ကျပ် အကျိုးအမြတ်ရရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွှတ်သည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး နေကြာဆီ စားသုံးမှုများလာ၍ ထွက်ရှိသော နေကြာများကို ဒေသတွင်းကြိတ်ခွဲထုတ်လုပ်ရောင်းချကြပါသည်။ လက်ရှိစျေးကွက်အတွင်း နေကြာစေ့တစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ နေကြာဆီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်နေကြာစေ့ တစ်ပိဿာလျှင်(၂၇၅၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်သာရှိခဲ့ပြီး၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူနှိုင်းယှဉ်ပါက နေကြာစေ့နှင့်နေကြာဆီများ စျေးနှုန်းမြင့်တက်သဖြင့် တောင်သူများလည်း အကျိုးအမြတ်များစွာရရှိ၍ ယခုနှစ်တွင် မိုးနေကြာကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                     

အတက်အကျများသော စားသောက်ကုန်ဈေးနှုန်းများ

    မိတ္ထီလာစျေးကွက်ရှိ ဇွန်လတတိယပတ် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက အများအားဖြင့် မြင့်တက်လာပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀၀) ကျပ်၊ မဂျမ်းတေဆန် တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်ဖြင့် ယခင်လထက် (၅၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်လာပီး၊ မနောသုခမှာ တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့် စျေးငြိမ်နေပါသည်။ စားသုံးဆီများတွင် စားအုန်းဆီမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် ယခင်လထက် (၈၀၀) ကျပ် ဝန်းကျင်စျေးမြင့်လာကာ မြေပဲဆီနှင့်နှမ်းဆီတို့မှာ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့် စျေးငြိမ်နေပါသည်။ ကြက်သွန်နီနှင့် အာလူးမှာ တစ်ပိဿာလျှင် (၂၁၀၀) ကျပ်ဖြင့် ယခင်လထက် စျေးအနည်းငယ်ကျဆင်းကာ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ယခင်လထက် (၅၀၀) ကျပ်၊ ဂျင်းစျေးမှာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀၀) ကျပ်၊ ကြက်ဥမှာ တစ်လုံးလျှင် (၂၇၀)ကျပ် ဖြင့် ယခင်လထက် (၅၀) ကျပ်၊ ဘဲဥမှာ တစ်လုံးလျှင် (၃၅၀) ကျပ်ဖြင့် ယခင်လထက် (၂၀) ကျပ် စျေးနှုန်းမြင့်တက်လာပါသည်။ ကုန်စိမ်းစျေးနှုန်းများတွင် ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဖြင့် ယခင်လထက် (၂၀၀) ကျပ်၊ ‌ဂေါ်ဖီထုပ်မှာ တစ်ထုပ်လျှင် (၅၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀) ကျပ် စျေးနှုန်းကျဆင်းလာပါသည်။ အသားငါးစျေးနှုန်းများတွင် ကြက်သားစျေးမှာ တစ်ပိဿာလျှင် (၁၀၂၀၀) ကျပ်ဖြင့် ယခင်လထက် (၁၂၀၀) ကျပ်စျေးမြင့်လာပြီး၊ ဝက်သားနှင့်အမဲသားမှာ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးမြင်းချင်း တစ်ပိဿာလျှင် (၈၀၀၀) တို့ကျပ်ဖြင့် စျေးငြိမ်နေကြာင်း သိရပါသည်။

DOCA(မန္တလေး)

 

                     

ရမည်းသင်းခရိုင်အတွင်း ပဲစဉ်းငုံစိုက်ပျိုးမှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် ပဲစဉ်းငုံကို နှမ်း (သို့မဟုတ်) နေကြာတို့နှင့် သီးညှပ်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။

    ပဲစဉ်းငုံကို ဇွန်လဆန်းတွင် သီးညှပ်အနေဖြင့်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံမျိုးကို တစ်ပြည်လျှင် (၃၅၀၀) ကျပ်မှ (၄၀၀၀) ကျပ် ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကလျှင် နှစ်ပြည်ကြဲပြီး၊ တန်းကျဲစနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုး သောပဲစဉ်းငုံမျိုးများမှာ သက်ကြီးနှင့်သက်ငယ်မျိုးများဖြစ်ပြီး၊ သက်ကြီးမျိုးမှာ စိမ်းဖြူဖြစ်ပြီး၊ သက်ငယ်မျိုးမှာ အနီရောင်ဖြစ်ကြောင်း၊ ပဲစဉ်းငုံထွက်ရှိမှုမှာလည်း သက်ကြီးမျိုးမှာ အထွက်နှုန်းပိုသော်လည်း သက်ငယ်မျိုးမှာ စျေးနှုန်းပိုမိုရရှိကြောင်း သိရပါသည်။

 ယခင်နှစ်တွင် ပဲစဉ်းငုံတစ်ဧကကုန်ကျစရိတ် (၂၅၀၀၀၀) ကျပ်မှ (၃၀၀၀၀၀) ကျပ်ကုန်ကြပြီး တစ်ဧကလျှင် (၁၅) တင်းမှ (၂၀) တင်းထွက်ရှိကြောင်းနှင့် ရာသီချိန် ပဲစဉ်းငုံစျေးနှုန်းမှာလည်း တစ်တင်းလျှင် (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်ထိ စျေးရရှိခဲ့သဖြင့် ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧကလျှင် (၄၀၀၀၀၀) ကျပ်မှ (၅၀၀၀၀၀) ကျပ် အထိအကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်းမှာ တစ်တင်း (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်ရှိပြီး ယခုနှစ် ပဲစဉ်းငုံ စျေးနှုန်းမှာ တစ်တင်းလျှင် (၇၉၀၀၀) ကျပ်မှ (၈၀၀၀၀) ကျပ်အထိရှိပြီး၊ ယခင်နှစ်နှင့် ယခုနှစ် ကာလတူနှိုင်းယှဉ်လျှင် ပဲစဉ်းငုံစျေးနှုန်းမြင့်တက်သဖြင့် တောင်သူများလည်းအကျိုးအမြတ်များစွာရရှိ၍ ယခုနှစ်တွင် ပဲစဉ်းငုံကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ငါန်းဇွန်မြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ

       ငါန်းဇွန်မြို့ရှိ မြို့မဈေးတွင်  ၂၀၂၃ ခုနှစ်၊ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၄၅၀၀) ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း) တစ်ပြည် လျှင်(၄၂၀၀)ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၃၇၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင် (၄၀၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၂၈၀၀၊၃၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၆၄၀၀)ကျပ်၊ ပဲထောပတ် တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၂၅၀၊၂၈၀)ကျပ်၊ ဘဲဥ  တစ်လုံးလျှင်(၃၅၀၊ ၄၀၀) ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ကြက် သား(CP)အကောင်လိုက် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ရင်ပုံသား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဗမာကြက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင်(၁၅၀၀၀၊၁၈၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၁၄၀၀၀၊၁၆၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ် အသီးသီးရှိပါသည်။

     ကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၂၁၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီ တစ်ပိဿာဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် (၆၀၀၀၊ ၆၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၅၀၀၀၊၅၅၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀၊၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ရှမ်းပြည်နယ်တောင်ပိုင်းမှ ဂျူးဖူး

    ရှမ်းတောင်ဈေးကွက်ထဲသို့ ဂျူးဖူးများဝင်ရောက်လျက်ရှိပါသည်။ ဂျူးဖူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယနှင့် တီကျစ်တွင် အများဆုံးစိုက်ပျိုးကြသည်။ ဂျူးဖူးမှာ ကြက်သွန်မျိုးရင်းတစ်မျိုးဖြစ်ပြီး ထိပ်ဖျားမှာ အဖူးလေးများနှင့် အပွင့်လေးများရှိပါသည်။ အရိုးတံစိမ်းစိမ်းရှည်လေးရှိပါသည်။ အရင်းနားလေးများမှာ ဖြူပြီး လှီးဖြတ်သည့်အခါ မွှန်သည်ဟုခံစားရပါသည်။ အရသာမှာ အတော်လေးချိုပါသည်။ ရှမ်းပြည်နယ်၏ ဒေသထွက်ရာသီသီးနှံတစ်မျိုးဖြစ်ကာ ရှမ်းဒေသအစားစားဖြစ်သော ဟင်းထုပ်၊ ဝက်သားချဉ်၊ ငါးထမင်းနယ်တို့နှင့် တွဲဖက်စားသောက်ရာတွင်လည်း အလွန်လိုက်ဖက်ပါသည်။ ဂျူးဖူးကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ အစာခြေစနစ်ကောင်းမွန်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အရိုးများကြံ့ခိုင်စေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ အမြင်အာရုံကျန်းမာစေခြင်းနှင့် ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ စိုက်ပျိုးသူတောင်သူများကိုပေးသော ဗဟုသုတအနေဖြင့် ဂျူးဖူးပင်မှာ ဂျပန်ပိုးတောင်မာနှင့် ခါကြက်ဥ(မုန်လာဥနီ)မှ ကျရောက်တတ်သော “သံချေးရောဂါ” ကို ကာကွယ်ဟန့်တားနိုင်သောကြောင့် စိုက်ခင်း၏ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးပေးကြပါသည်။ ဥယျာဉ်ခြံပိုင်ရှင်တော်တော်များတွင်လည်း ဂျူးဖူးပင်ကို ပန်းသီးပင်စိုက်ပျိုးမှုကြားထဲတွင်ညှပ်၍ စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် ပန်းသီးပင်တွင် ဖြစ်လေ့ရှိသည့် “အကြေးခွံရောဂါ” ကိုကာကွယ်ရာလည်း အကူအညီဖြစ်စေပါသည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် ဂျူးဖူးကို အစည်းသေး(၁၀)စည်းပါ တစ်ထုံးလျှင် ၃၀၀ဝိ/ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။ ယခုချိန်တွင် ဂျူးဖူးသည် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက်ကြောင့် စားသုံးရန်အကောင်းဆုံးဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

နယ်အဝယ်မရှိသည့် ပြည်မန်ကျည်းသီးမှည့်

     ယခုအပတ်၊ ပြည်မန်ကျည်းပွဲရုံများတွင် နယ်အဝင်လုံးဝမရှိတော့ဘဲ ဒေသတွင်း အရောင်းအဝယ်သာရှိနေကာ ယနေ့လက်လီသမားတို့အဝယ်ကြောင့် ပိဿာချိန်(၂၀၀)ကျော်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ မန်ကျည်းမှည့်ဈေးများမှာ အစေ့ပါတစ်ပိဿာလျှင် (၁၀၀၀-၁၁၀၀) ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀) တို့ဖြင့် လက်ကားရောင်းချလျက်ရှိပြီး လက်လီဈေးမှာ အစေ့ပါတစ်ပိဿာလျှင် (၁၃၀၀-၁၄၀၀) ကျပ်၊ အစေ့မပါတစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စပါးဈေးနှုန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှစတင်၍ မိုးစပါးပေါ်ချိန်တွင် မှော်ဘီစပါးဈေးနှင့် ကရင်မစပါးဈေးမှာ မှော်ဘီတင်း(၁၀၀)လျှင် (၁၁၀၀၀၀၀)ကျပ်၊ ကရင်မတင်း(၁၀၀)လျှင် (၉၀၀၀၀၀)ကျပ်၊ မှော်ဘီဆန်(၁၀၈)ပေါင်ပါ တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နိုဝင်ဘာလတွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၂၉၀၀၀၀)ကျပ်၊ ကရင်မစပါးတင်း(၁၀၀)လျှင် (၁၂၀၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စပါးဈေးငြိမ်နေရာမှ မတ်လတွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၅၀၀၀၀၀)ကျပ်၊ ကရင်မတင်း(၁၀၀)လျှင် (၁၄၂၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၅၈၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဧပြီလနှင့် မေလတွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်၊ ကရင်မစပါးတင်း(၁၀၀) လျှင် (၁၅၅၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ခဲ့ပါသည်။ ယခုဇွန်လ၊ ဒုတိယအပတ်တွင် မှော်ဘီစပါးတင်း(၁၀၀)လျှင် (၁၇၅၀၀၀၀)ကျပ်၊ ကရင်မစပါးတင်း(၁၀၀)လျှင် (၁၇၀၀၀၀၀)ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၆၃၀၀၀)ကျပ်စသည့် ဈေးနှုန်းမြင့်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်ရှိ သီးနှံဈေးနှုန်းသုံးသပ်ချက်

    ပြည်ဈေးကွက်တွင် ယခင်နှစ်၌ မိုးစပါး (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၁၅၀၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် (၁၈၀၀၀၀၀) ကျပ်ဈေးရှိပါသည်။ နွေစပါးတင်း (၁၀၀) လျှင် ယခင်နှစ်တွင် (၆၉၀၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်နွေစပါးပေါ်ချိန်တွင် (၁၄၇၀၀၀၀) ကျပ်ရှိပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ဧည့်မထ (အဟောင်း) တစ်အိတ်လျှင် ယခင်နှစ်တွင် (၃၉၅၀၀) ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်မူ (၆၅၀၀၀-၆၂၀၀၀) ကျပ်ရှိခဲ့၍ ဧည့်မထအသစ်မှာ ယခင်နှစ်ပေါ်ချိန်တွင် (၂၅၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် (၅၅၀၀၀) ကျပ်ဈေးနှုန်းရှိပါသည်။

    စပါး/ဆန်ဈေးနှုန်းမှာ ယခင်နှစ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်တွင် ဈေးမြင့်တက်နေရခြင်းမှာ မိုးစပါးလက်ကျန်နည်းပါးရခြင်း၊ စိုက်ပျိုးချိန်တွင် သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် လျော့၍သုံးစွဲခဲ့ရခြင်းကြောင့် အထွက်နှုန်းများလျော့နည်းရခြင်းနှင့် သယ်ယူစရိတ်မြင့်တက်လာခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိပါသည်။

   ကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိသာလျှင် (၁၃၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိသာလျှင် (၂၂၅၀-၂၄၀၀) ကျပ်ဈေးရှိပါသည်။ ယခုနှစ်စိုက်ချိန်တွင် သွင်းအားစုဈေးကြီးမြင့်နေခြင်းနှင့် ပြည်ဈေးကွက်သို့ မကွေးတိုင်းမှ အများဆုံးဝင်ရောက်သည့်အတွက် သယ်ယူခနှုန်းထားများမြင့်တက်လာခြင်းတို့ကြောင့် ယခင်နှစ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိသာလျှင် (၃၉၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိသာလျှင် (၇၅၀၀-၅၅၀၀) ကျပ်ဈေးနှုန်းရှိနေပြီး ပြည်ဈေးကွက်သို့ကြက်သွန်ဖြူ (ကြူကုတ်) မှာ တရုတ်မှ အဝင်နည်းလာခြင်း၊ ရှမ်းစများမှာလည်း တောင်ကြီးမှ အဝင်ပါးနေခြင်းဖြစ်ပြီး ဒေသတွင်းဝယ်လိုအားကောင်းနေသည့်အတွက် ဈေးကောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  ငရုတ်သီးခြောက်ဈေးနှုန်းနေဖြင့် ယခင်နှစ်တွင် တစ်ပိသာလျှင် (၈၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိသာလျှင် (၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခင်နှစ်၏ ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ကွာဟနေရခြင်းမှာ ယခုနှစ်တွင် အချို့တောင်သူများအနေဖြင့် အရင်းအနှီးများသောကြောင့် ဆက်လက်မစိုက်ပျိုးတော့ခြင်း၊ သွင်းအားစုနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းနှင့် ရာသီဥတုဒဏ်ကြောင့်နှင့် အထွက်နှုန်းနည်းခြင်းများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း