ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၂/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၆.၂၀၂၃ )

    ၂၇.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့မှ ငါးပိဈေးကွက်

     မြန်မာလူမျိုးများအနေဖြင့် ထမင်းဝိုင်းတွင် ငါးပိရည်ကျို၊ ငါးပိကြော်၊ ငါးပိထောင်း စသည်တို့သည် မပါမရှိဖြစ်ပါသည်။ ငါးပိကို ငါးပိပြုလုပ်သည့် ငါးအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပါသည်။

     တောင်ငူမြို့ ညောင်ပင်ဈေးတွင် ငါးအစုံငါးပိ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ငါးတံခွန်/ ငါးဖောင်ရိုးငါးပိ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ငါးဇင်ရိုင်းငါးပိ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ငါးပြင်မငါးပိ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ငါးရံ့ငါးပိ တစ်ပိဿာ လျှင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ ဝက်ကျွေးငါးပိ (ငါးပိအကြေ) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

    စိမ်းစားငါးပိ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ငါးပိမှထွက်သော ငံပြာရည်ကို တစ်လီတာ ဘူးတစ်ဘူးလျှင် ၄၀၀ ကျပ်၊ ၁၀ ဘူးယူလျှင် ၃၅၀၀ ကျပ်၊ ၆၀၀ မီလီလီတာ ဘူးတစ်ဘူးလျှင် ၂၅၀ ကျပ်၊ ၁၀ ဘူးယူလျှင် ၂၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ငါးပိကို ရာသီမရွေး အမြဲရောင်းရလျက်ရှိကြောင်း၊ ယခုအပတ်တွင် ငါးပိဈေးနှုန်း အနည်းငယ်မြင့်တက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ညောင်ပင်လေးဈေးမှ ရာသီပေါ် ဟင်းချက်စရာအသီးများ

     တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ရာသီပေါ် အသီးအနှံများ ရောင်းချလျက်ရှိရာ ပဲသီး (ခေါ်)ပဲတောင့်ရှည်သီး (၁၅)တောင့်ပါ အစည်းသေးတစ်စည်းလျှင် ၅၀၀ ကျပ်၊ အစည်းသေး (၅) စည်းပါ အထုံးကြီးတစ်ထုံးလျှင် ၂၀၀၀ ကျပ်နှင့် အတိုအရှည် မျှစည်းထားသော ပဲသီးတစ်ထုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

       ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးမှာ တစ်တောင့်လျှင် ၂၀၀ ကျပ်၊ ၁၀ တောင့်ပါ အစည်းတစ် စည်းလျှင် ၁၈၀၀ ကျပ်နှင့် အတိုအရှည် ၁၀ တောင့်ပါ  အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

      ခဝဲသီးမှာ အလုံး သုံးလုံးလေးလုံးပါသည့် အစည်းတစ်စည်းလျှင် ၂၀၀ ကျပ်နှင့် (၃)စည်း လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ နောက်အပတ်များတွင် အသီးများလည်း လှိုင်လှိုင်ပေါ်လာမည်ဖြစ်သဖြင့် ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်လေးဈေးမှ ကုန်စိမ်းရောင်းချသူများ၏ ပြော ပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ(၁၄)ရက်နေ့မှ ဇွန်လ (၂၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၇၀၀ မှ ၂၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၄၀၀ မှ ၂၇၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၆၀၀ မှ ၃၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀၀ မှ ၂၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၅၀၀ မှ ၆၆၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၆၈၀၀ မှ ၆၉၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၆၀၀၀ မှ ၇၅၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၃၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၈၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက် သတ္တပတ် အတွင်း သံပုရာသီးအလုံးပေါင်း(၂၃၉၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၅၂၁၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၅၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၉၀၀)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၃၃၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၁၅၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၃၂၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ(၁၄) ရက်နေ့ မှ ဇွန်လ(၂၀) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀ ၊ အလုံးလတ် ကျပ် ၃၅၀၀၊ အလုံးသေး ကျပ် ၂၅၀၀၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ်  ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ ကျိုက်ကော်မှ နာနတ်သီး အလုံးကြီး ကျပ် ၁၈၀၀ ၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ ၊ တိုက်ကြီးမှ သရက်သီး (စိန်တလုံး) အလုံးကြီး ကျပ် ၂၆၀၊ အလုံးလတ် ကျပ် ၂၀၀၊ အလုံးသေး  ကျပ် ၁၅၀ ၊ မအူပင်မှ သရက်သီး (မချစ်စု) အလုံးကြီး ကျပ် ၇၀၀ ၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး  ကျပ် ၂၀၀ ၊ မအူပင်မှ သရက်သီး (ရင်ကွဲ) အလုံးကြီး ကျပ် ၂၅၀ ၊ အလုံးလတ် ကျပ် ၁၅၀၊ အလုံးသေး  ကျပ် ၁၀၀ ၊ တိုက်ကြီးမှ ပိန္နဲသီး (ကိုင်းဆက်) အလုံးကြီး ကျပ် ၂၅၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ခြင်း အလုံးကြီး ကျပ် ၂၃၀၀၀ ၊အလုံးလတ် ကျပ် ၁၈၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၀ ၊ ကလောမှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၃၅၀၀၀၊ အလုံးသေး ကျပ် ၂၅၀၀၀ ၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၅၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၈.၆.၂၀၂၃ မှ ၁၄.၆.၂၀၂၃ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၅၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၈၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၈၀၀ ကျပ်အထိဖြစ်ပြီး ၁၅.၆.၂၀၂၃ မှ ၂၁.၆.၂၀၂၃ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၁၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၉၅၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၈၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ် အထိဖြစ်၍ ကြက်သွန်နီဈေးနှုန်းမှာ အတက်အကျဖြစ်နေပြီး ကြက်သွန်ဖြူ ဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဝါးမျှစ်အကြောင်းသိကောင်းစရာ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဝါးမျှစ်ဆွတ်ခူးသော ရာသီကျရောက်နေသည့် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် မျှစ်နုလေးများထွက်ပေါ်လာသည့်အချိန်ဖြစ်ပါသည်။ မျှစ်သည် မိုးရာသီတွင်ပေါ်ထွက်ပြီး လူကြိုက်များသောအစားအစာဖြစ်ပါသည်။ မျှစ်နုကိုချိုး၍ မျှစ်စပ်လုပ်စားကြသည့်အပြင် ပြုတ်၍လည်းစားကြပါသည်။ မျှစ်စပ်ကို ယခုအချိန်တွင် ဈေးကွက်ထဲ၌ ရောင်းချသဖြင့် စားသုံးသူများသည် ပေါ်ဦးပေါ်ဖျားဝယ်ယူ၍စားသုံးကြပါသည်။ ဆေးပင်သုတေသနပြုချက်အရ ဝါးပင်မှ ဝါးရွက်သည် သွေးအတွင်းရှိ ကိုလက်ထရောကိုကျစေကာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများအတွက်လည်း အထူးကောင်းမွန်စေပါသည်။ မျှစ်သည် ပရိုတင်းဓာတ်ကြွယ်ဝသည့်အပြင် ကယ်လိုရီပါဝင်မှုနည်းခြင်း၊ သကြားဓာတ်ပါဝင်မှုနည်းခြင်းနှင့် အဆီဓာတ်ပါဝင်မှုနည်းပါးသည့်ဂုဏ်သတ္တိလည်းရှိပါသည်။

    ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များလှိုင်လှိုင်ထွက်ပေါ်လေ့ရှိသဖြင့် မျှစ်အစိမ်းနှင့်မျှစ်စပ်များကို လွိုင်ကော်မြို့၊ ဈေးကွက်သို့ ရှားတောမြို့၊ ဘောလခဲမြို့မှ အများဆုံးတင်သွင်း၍ ရောင်းချကြပါသည်။ လွိုင်ကော်မြို့၊ ဈေးကွက်မှတစ်ဆင့် ရန်ကုန်သို့တင်ပို့ရောင်းချသည့်အပြင် မျှစ်ချဉ်၊ မျှစ်ခြောက်များပြုလုပ်၍လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုဇွန်လ၊ နောက်ဆုံးအပတ်တွင် မျှစ်စပ်များကို တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိသည်ကိုတွေ့ရပါသည်။

DOCA(ကယား)

 

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

     ၂၀၂၃ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၈၅၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၁၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် ၈၀၀၀ကျပ် ၊ ငရုတ်သီးခြောက်အမျိုးအစားအလိုက် ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ၊ အာလူး တစ်ပိဿာလျှင် ၂၈၀၀ ကျပ် ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ ကျပ် နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၄၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၈၀ ကျပ်၊ အသေးတစ်လုံး ၂၄၀၊ ဘဲဥကြီး တစ်လုံး ၃၅၀ ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၂၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်  ၊ အမဲသား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ထိ ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀၀၀ ကျပ် ငါးရံ့ခြောက်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ် ၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၃၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း