ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စောင်များ တွင်ကျယ်စွာရက်လုပ်လျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင် အမှတ်(၁၅)ရပ်ကွက်ရှိ လက်ရက်ကန်းလုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ ချည်ထည်စောင်များနှင့် ပတ်သက် ပြီး ဆွေးနွေးမေးမြန်းခဲ့ပါသည်။

     ပခုက္ကူမြို့နယ်တွင် ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါ သည်။ ယခုအချိန်တွင် စက်ရက်ကန်းများပါ သုံးစွဲမှုများပြားလာ၍ လက်ရက်ကန်း ရက်လုပ်မှုများ လျော့နည်းသွားကြောင်းလည်း သိရှိရပါသည်။ ရက်လုပ်ခဲ့သောအထည်များမှာ  ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိူး၊ လက်သုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ဝါဒစောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုးစောင်များကို အဓိက ရက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါတွင် လက်ရက်ကန်း များအပြင် စက်ရက်ကန်းများကိုပါ အသုံးပြုလာကြပြီး  အများစုမှာ အနံလွန်ခေါက်ချိုးစောင်များကို ရက်လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။

    အနံလွန်ခေါက်ချိုးစောင် လက်ရက်ကန်းတစ်တန်းတွင် တိုင်ချည်ထုပ်(၁၄)ထုပ်၊ တစ်ထုပ် လျှင်(၁၈)လိမ်ပါဝင်ပြီး တစ်လိမ်လျှင် နှစ်ခင်ပါဝင်ကြောင်း၊ ဖောက်ချည်တွင် ဖောက်ချည်ထုပ်(၅) ထုပ်၊ တစ်ထုပ်လျှင် အလိမ်(၂၀)၊ တစ်လိမ်လျှင် သုံးခင် အသုံးပြုရကြောင်း၊ အသုံးပြုသောချည်များ မှာ ဗမာချည်ခွန်ချည်ဖြစ်ပြီး တိုင်ချည်ထုပ် တစ်ထုပ်ဈေးနှုန်းမှာ ကျပ်(၃၃၅၀၀)၊ ဖောက်ချည်မှာ (၁၀)ချည်ကို အသုံးပြုရပြီး တစ်ထုပ်လျှင် ကျပ်(၃၅၅၀၀) ပေးရကြောင်း၊ ချည်ထုပ်များ ဆေးဆိုးခမှာ အရောင်အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင် ကျပ်(၃၀၀၀- ၅၀၀၀- ၅၅၀၀)၊ ချည်စာနင်းခမှာ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ ချည်ချခမှာ (၁၀)တွဲလျှင် ကျပ်(၃၀၀၀)၊ ယက်ဖောက်ယက်ခမှာ တစ်တွဲလျှင် ကျပ်(၁၇၀၀)၊ ရက်ကန်းလုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၁၅၀၀)ပေးရကြောင်း၊ ရက်ကန်း တစ်စင်၏ အထွက်နှုန်းမှာ အနည်းဆုံး(၅၆)ထည်၊ အများဆုံး(၅၇)ထည် ထွက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင် တစ်ဦးထံမှသိရှိရပါသည်။

     အနံလွန်ခေါက်ချိုးစောင် တစ်ထည်၏ဈေးနှုန်းမှာ  ကျပ်(၁၈၀၀၀ မှ ၂၅၀၀၀)ဖြစ်ပြီး ထွက်ရှိ လာသော အထည်များကို မိမိတို့ ဒေသတွင်းသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦးမြို့နယ်များမှ ဟိုတယ်လုပ်ငန်းရှင်များကလည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ရက်ကန်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့ပေါ်ရှိ အိမ်သုံးဆေးဝါး ဈေးကွက်အခြေအနေ

   ရေစကြိုမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decogen (၁၀) လုံးပါ (၁)ကတ်လျှင် ကျပ်(၁၈၀၀)၊ Civit အလုံး (၁၀၀)ပါ (၁)ဘူးလျှင်  ကျပ်(၃၅၀၀)၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၀၀၀)၊ Amoxicillin (၁၀)လုံးပါ (၁)ကတ် လျှင် ကျပ်(၆၀၀)၊ Enorvon-C (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Burmeton အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၂၈၀၀)၊ Cetrine (၁၀)လုံးပါ (၁)ကတ်လျှင်ကျပ်(၂၀၀)၊ ဓာတ်ဆား MPF (၁)ထုပ် လျှင် ကျပ်(၃၅၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၂၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၇၀၀)၊ Vitahome (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၁၈၀၀)၊ Supradyn (၃၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၅၀၀)၊ SaRa (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၅၀၀)၊ Flemex (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၅၀၀)၊ Solumux (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Woods (၁)ဘူးလျှင် ကျပ်(၅၄၀၀)၊ Alexal (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၈၀၀)၊ Mixagrip (၆)လုံးပါ (၁)ကတ်လျှင်  ကျပ်(၁၂၀၀)၊ Vitamin-C 100 mg (၁)လုံးလျှင်ကျပ် (၂၅)၊ Vitamin-D  400 IU (၁၅)လုံးလျှင် ကျပ်(၃၅၀၀)၊ Vitamin-D  1000 IU (၁၀)လုံးလျှင် ကျပ်   (၅၅၀၀)၊ Vitamin-K   (၁၀)လုံးလျှင် ကျပ်(၉၀၀၀)၊ Vitamin-K2   (၁၀၀)လုံးလျှင် ကျပ်(၁၅၀၀၀)၊ Zinc (၁)လုံးလျှင် ကျပ် (၁၀၀)၊ Becozinc (၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ Zincovit (၁၅)လုံးလျှင် ကျပ်(၃၅၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ယခုအချိန်အခါသည် မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါး များအား အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့် ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၁.၆.၂၀၂၃ )

    ၂၁.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်တွင်းကြီးကုန်စည်ဒိုင်၌ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံစျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် သီးနှံမျိုးစုံ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     တောင်တွင်းကြီးကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ‌ သောဈေးနှုန်းများမှာ နှမ်းနက် စမုံ(၁)တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းပြာ (၁)တင်းလျှင် (၈၉၀၀၀)ကျပ်၊ နှမ်းနီ (၁)တင်းလျှင် (၉၁၆၇၀)ကျပ်၊ နှမ်းဖြူ (၁)တင်းလျှင် (၁၀၃၃၃၀)ကျပ်၊ ပဲစဉ်းငုံနီ (၁)တင်းလျှင် (၁၀၄၅၀၀)ကျပ်၊ မတ်ပဲ (၁)တင်းလျှင် (၇၇၀၀၀)ကျပ်၊ ကုလားပဲ (ဗမာ) (၁)တင်းလျှင် (၈၀၀၀၀)ကျပ်၊ ကုလားပဲ (HL)(၁)တင်းလျှင် (၉၀၀၀၀)ကျပ်၊ ပဲကြီး (၁)တင်းလျှင် (၉၂၀၀၀- ၉၅၀၀၀)ကျပ်၊ မြေပဲတောင့်နီ (၁)ပိဿာလျှင် (၄၇၀၀)ကျပ်၊ မြေပဲတောင့်ဖြူ (၄၅၀၀)ကျပ်၊ လုံးဆံဖြူ (၁)ပိဿာလျှင် (၇၁၀၀)ကျပ်၊ လုံးဆံနီ (၁)ပိဿာလျှင် (၈၃၀၀)ကျပ်၊ စက်ကျဆံနီ (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကုလားပြောင်း (၁)တင်းလျှင် (၃၆၀၀၀)ကျပ်၊ ရွှေနီပြောင်း (၁)တင်းလျှင် (၃၄၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၁၉၀၀-၂၀၀၀)ကျပ်၊ မန်ကျည်းသီး (၁)ပိဿာလျှင် (၄၀၀-၆၀၀)ကျပ်၊ နှမ်းဆီ (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မြေပဲဆီ (၁)ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၆၁၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဝါ (၁)ပိဿာလျှင်(၂၉၀၀-၃၁၀၀)ကျပ်၊ ဧည့်မထဆန် (၁)အိတ်လျှင် (၆၀၀၀၀-၆၈၀၀၀)ကျပ်၊ ဧရာပဒေသာဆန် (၁)အိတ်လျှင် (၇၅၀၀၀-၈၅၀၀၀)ကျပ် စျေးနှုန်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

DOCA(မကွေး)

 

မြင်းခြံမြို့နယ်တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ၂၀၂၃ ခုနှစ်ဇွန်လ ဒုတိယပတ် အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၄၆၀၀)ကျပ်၊ (အသစ်)တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း)တစ်ပြည် လျှင်(၄၀၀၀)ကျပ်၊ (အသစ်)တစ်ပြည်လျှင် (၃၇၀၀)ကျပ်၊ မနောသုခတစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၆၀၀၀)ကျပ်၊ ပဲနီပြား တစ်ပြည်လျှင် (၄၂၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀၊၃၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် ၃၅၀ ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးကြင်းရွှေဝါ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင်(၆၅၀၀၊၇၀၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ကြက်သား (CP) အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရင်ပုံသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ဝက်သားတစ် ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀၊၁၅၀၀၀)ကျပ် ၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်များဖြင့် ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။

        နွေကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင်(၂၃၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၂၀၀၀၊၂၁၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီ တစ်ပိဿာဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင် (၆၅၀၀၊၇၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၆၀၀၀၊၆၅၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ဂျင်းတစ်ပိဿာလျှင် (၅၀၀၀၊၆၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၈၀၀၀၊၂၀၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ လျှင်(၃၀၀၀၊၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၅၀၀၊၁၆၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများ အနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၁၅၀၀)ကျပ်၊ စားအုန်း ဆီတစ်ပိဿာလျှင်(၆၄၀၀)ကျပ်များဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာစျေးကွက်ရှိ ကြက်သွန်နီသီးနှံအခြေအနေ

          မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီစျေးမှာ ရွာစျေးတစ်ပိဿာလျှင် (၁၈၀၀-၂၂၀၀) ကျပ်၊ မြို့ပေါ် စျေးတစ်ပိဿာ (၂၂၀၀-၂၃၀၀) ကျပ်ဖြင့် ယခင်အပတ်စျေးနှင့် ကွာခြားမှုမရှိဘဲ စျေးငြိမ်နေကြောင်း သိရသည်။ ဇွန်လ တတိယပတ်အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ (၁၂) ဘီးကား (၃) စီးဖြင့် အခြားကုန်များ နှင့်ရော၍ ကုန်ချိန်ပိဿာ (၁၀၀၀၀) ခန့်၊ ပဲခူးသို့လည်း (၆) ဘီးကားဖြင့် တစ်ရက် တစ်စီးလျှင် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ (၃၀၀၀၀) ခန့် ၊ မူဆယ်သို့ တွဲကား နှစ်စီးဖြင့် ကုန်ချိန်(၆၄) တန်၊ မြဝတီသို့ (၁၂) ဘီးကား (၆) စီးဖြင့် ကုန်ချိန် (၁၀၂) တန် တင်ပို့ခဲ့ပါသည်။ ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် မိတ္ထီလာ-ရန်ကုန် (၁၁၀) ကျပ်၊ မိတ္ထီလာ-ပဲခူး (၁၁၀) ကျပ်၊ မိတ္ထီလာ-မူဆယ် (၂၀၀) ကျပ်နှင့် မိတ္ထီလာ-မြဝတီ (၁၅၀) ကျပ်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့်ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ္ထီလာမြို့နယ်အတွင်း   (မိတ္ထီလာ-ကျောက်ပန်းတောင်း )ကားလမ်းရှိ စက်သုံးဆီရောင်းချနေသော Farmer ၊ အောင်ကောင်း ပြည့် 1 ၊ နဝရတ်၊ နီလာရီုးမ ၊ Ever Top၊ Petro-K နှင့်Diamond King   စက်သုံးဆီဆိုင်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉   ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ဆီဆိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်ဝမှုရှိ/မရှိ (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့၊ သစ်ရာကောက်နယ်တွင်မိုးမြေပဲ(ပင်ထောင်)နှင့် နှမ်းသီးနှံများ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိ

     ၂၀၂၃ ခုနှစ် မေလအတွင်း အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်ပြီး မုန်တိုင်းမိုးများ ရွာသွန်းချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ သစ်ရာကောက်နယ် အတွင်း မိုးမြေပဲ(ပင်‌ထောင်)နှင့် နှမ်းသီးနှံတို့ကို စိုက်ပျိုးခဲ့ရာ ရာသီဥတု၊ မိုးလေဝသ ကောင်းမွန်မှုတို့ကြောင့် သီးနှံများ အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများမှတစ်ဆင့် သိရှိရသည်။

   ယခင် ၂၀၂၂ ခုနှစ်၊ မိုးဦးကာလတွင် မိုးမြေပဲ(ပင်ထောင်) မျိုးဆံစေ့ တစ်တင်းလျှင် ကျပ် (၈၀၀၀၀-၉၀၀၀၀) ခန့်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ကျပ်(၁၀၀၀၀၀- ၁၃၀၀၀၀) ခန့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း၊ တောင်သူများအနေဖြင့် (၁)ဧကလျှင် မျိုးဆံစေ့၊ ဓါတ်မြေဩဇာ၊ သွင်းအားစု၊ လုပ်သားခ ကုန်ကျစရိတ်များမှာ ကျပ်(၄၀၀၀၀၀-၅၀၀၀၀၀)ခန့် ကုန်ကျခဲ့ပါကြောင်း၊ ရရှိနိုင်သော အကျိုးအမြတ်မှာလည်း သီးနှံအထွက်နှုန်း၊ သီးနှံအရည်အသွေးနှင့် ဈေးနှုန်းဈေးကွက်အပေါ် မူတည်၍ အကျိုးအမြတ်ခံစားရမည်ဖြစ်ပါကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်၊ မိုးဦးကာလတွင် မိုးမြေပဲ(ပင်‌ထောင်) လုံးဆံဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)အထိရရှိပြီး ဆီဆံဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၃၀၀၀) ခန့် ရောင်းချရကြောင်း၊ ဆက်လက်ပြီး ရာသီဥတု၊ မိုးလေဝသများ ကောင်းမွန်မှန်ကန်ပါက မိုးမြေပဲ (ပင်ထောင်)များ စိုက်ပျိုးခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ် ကာမိရုံသာမက အကျိုးအမြတ်များစွာ ခံစားရရှိမည်ဖြစ်ပြီး မြေပဲပင်(သို့မဟုတ်) မြေပဲရိုးများကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် တိရိစ္ဆာန်အစာ ဖူလုံမှုရရှိကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း