ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သွင်းအားစုမြေဩဇာဈေးနှုန်းများကျဆင်းလာမှုကြောင့် တောင်သူအရင်းအနှီးစိုက်ထုတ်ရမှု လျော့နည်းလာနိုင်

    ကော့ကရိတ်မြို့နယ်တွင် ဓာတ်မြေဩဇာဈေးနှုန်းအနည်းငယ်ကျဆင်း၍ ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။   ယခင်တစ်ပတ် (ဇွန်လ၊ ပထမအပတ်) တွင် ဓာတ်မြေဩဇာ (၁၅-၁၅-၁၅) ယိုးဒယားတစ်အိတ်လျှင် ကျပ်၁၅၀၀၀၀၊ ယခုတစ်ပတ် (ဇွန်လ၊ ဒုတိယအပတ်) ဈေးနှုန်းမှာ ကျပ်၁၃၀၀၀၀၊ ယခင်တစ်ပတ်တွင် ဓာတ်မြေဩဇာ (၂၀-၁၂-၁၂) ဩဘာတစ်အိတ်လျှင် ကျပ်၁၃၀၀၀၀၊ ယခုဈေးနှုန်းမှာ ကျပ်၁၁၀၀၀၀၊ ယခင်တစ်ပတ်တွင် သဘာဝနတ်ဩဇာတစ်အိတ်လျှင် ကျပ်၃၃၀၀၀၊ ယခုဈေးနှုန်းမှာ ကျပ်၃၃၀၀၀၊ ယခင်တစ်ပတ်တွင် တီစူပါ (သံကွင်း) တစ်အိတ်လျှင် ကျပ်၁၃၅၀၀၀၊ ယခုဈေးနှုန်းမှာ  ကျပ်၁၁၀၀၀၀ဖြစ်ပြီး ယခင်တစ်ပတ်တွင် ပိုတက်စီယမ်တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀၊ ယခုဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

      ပိုးသတ်ဆေးဈေးနှုန်းမှာ တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်နေသည့်ဈေးနှုန်းမှာ ပိုးသတ်ဆေး (မာလာမြိုင်ဆိုင်ဖာ) ၁၀၀cc ပုလင်းတစ်လုံးလျှင် ကျပ်၃၅၀၀၊ မြန်မာ့ဩဘာ စိုင်ကလုံ၁၀၀cc ပုလင်းတစ်လုံးလျှင် ကျပ်၈၀၀၀၊ မြန်မာ့ဩဘာ တော်ပီဒို ၂၅၀cc ပုလင်းတစ်လုံးလျှင် ကျပ်၁၃၀၀၀၊ မြန်မာ့ဩဘာ တော်ပီဒို ၁၀၀cc ပုလင်းတစ်လုံးလျှင် ကျပ်၇၀၀၀ရှိကြောင်း စုံစမ်းသိရှိရပါသည်။

  စိုက်ပျိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုမြေဩဇာပိုးသတ်ဆေးဈေးနှုန်းများဈေးကျဆင်းမှုကြောင့် တောင်သူများအတွက် အရင်းအနှီးစိုက်ထုတ်ရမှုလျော့နည်းကာ တစ်ဧကကုန်ကျစရိတ်အပေါ်  အကျိုးအမြတ်ပိုမိုရရှိနိုင်လာကြောင်း သိရပါသည်။

           DOCA(ကရင်)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

  ပို့ကုန်အနေဖြင့် (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃)ရက်နေ့အထိ စီးကရက်အရေအတွက်အားဖြင့် တန်(၉၈.၆၅၆)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၁၁)၊  နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၅)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၂၆) တင် ပို့နိုင်ခဲ့ပါကြောင်း၊ (၃.၆.၂၀၂၃ မှ ၉.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၈) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃) ရက်နေ့အထိ ဆံပင် အရေအတွက်အားဖြင့် တန် (၄.၂၃၀)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆)တင်သွင်းနိုင်ခဲ့ပြီး ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၂၀၈) လျော့နည်းတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များမှ ‌ရွှေဘို၊ ရေဦး၊ မုံရွာနှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။ စပါး/ဆန်ဈေးနှုန်းတက်ရခြင်းမှာ တောင်သူလက်ကျန်နည်းပါးနေပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးနှုန်းမြင့်ရခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ်(၂၉၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၉၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်(၂၄၀၀၀၀၀)၊  ဧရာမင်း (ဆန်)   ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၉၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၉၃၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ်၂၂၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၉၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၆၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၇၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇွန်လ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၃၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၇၅၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၇၉၄၀၀)အိတ်၊ တန်အားဖြင့် (၃၉၇၀) စီးထွက်ခဲ့ပြီး၊ ယခု ဇွန်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၃၇၀၊ မကွေးသို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၆၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၆၈၉၀၀)အိတ်၊ တန်အားဖြင့် (၃၄၄၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၀၅၀၀) ၊တန်အားဖြင့် (၅၂၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

                                                                                      

ယခုအပတ်တွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းလက်လီဈေးနှုန်းအပေါ်အခြေခံ၍ ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့စဉ်ချိတ်ဆက်၍ အရောင်းဆိုင်များအားလုံး၏ တစ်လီတာရောင်းဈေးနှုန်းများကို နေ့စဉ်တင်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမပတ်တွင် ရောင်းချခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၇၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၂၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၉၀)ကျပ်ဖြစ်ကြောင်းသိရသည်။

     ယခု ဇွန်လဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၆၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၂၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၉၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိသောကြောင့် ဇွန်လပထမအပတ်နှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်တွင် ပထမပတ်အောက် ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၅)ကျပ် စသည်ဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၅၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထတစ်ပြည်လျှင် ၃၂၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ကျပ်နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်နှင့် ဆလပ်ရွက်တစ်စီးလျှင် ၂၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၂၈၀ကျပ်၊ အသေးတစ်လုံးလျှင် ၂၀၀ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် ၃၅၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ အသားငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်) တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၄၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သနပ်ဖက်ရွက်

   သနပ်ဖက်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် သောက်သုံးနေသည့် ဆေးပေါ့လိပ်၏ လိပ်ထားသည့် သစ်ရွက်ဖြစ်သည်။ သနပ်ဖက်ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံ ကိုလိုနီခေတ်လက်အောက်ကျရောက်သည့် အချိန်တွင် စတင်လုပ်ကိုင်လာသည်ဟု သိရပါသည်။ သနပ်ဖက် လုပ်ငန်းသည် ရှမ်းပြည်နယ်၏ အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပြီး တော၊တောင်များကို ရှင်းလင်းပြီး သနပ်ဖက်ပင်များကို စိုက်ပျိုးကြသည်။သနပ်ပင်တစ်ခြံလျှင် အပင်ရေ ၅၀ မှ ၄၀၀၀ အထိ စိုက်ပျိုးကြသည်။ရေမဝပ်သော တောင်ခါးပန်းများတွင် စိုက်ပျိုးကြပြီး ပြာသို၊ တပို့တွဲလများတွင် မြေရှင်း မီးရှို့၍ ကဆုန်လတွင် မြေဆွကာ မျိုးကြဲကြသည်။ အပင်ပေါက်ကလေးများ နှစ်တောင်ထွာခန့် ရှိသောအခါ နုတ်၍ မူလပင်မြစ်ရှည်တစ်ခုသာထား၍ ဘေးသို့ဖြာထွက်နေသော အမြစ်များ ဖြတ်တောက်ပြီးလျှင် တစ်ပင်နှင့်တစ်ပင် ၂ ပေခန့် ခြား၍ စိုက်ပျိုးကြသည်။ သနပ်ပင်များ စိုက်ပျိုးရာတွင် မြေဩဇာထည့်ပေးခြင်း၊ မြေဆွပေးခြင်း၊ ပေါင်းပင် မြက်ပင်များ နုတ်ပေးခြင်းတို့ကို ပြုလုပ်နိုင်လျှင် အပင်ပိုသန်ကြောင်း သိရှိရပါသည်။

     အပင်များ အပေါ်တက်၍ အကိုင်းအခက်များ ဝေဖြာလာသောအခါ ပင်မကိုင်းကြီး နှစ်ကိုင်း၊ သုံးကိုင်းသာချန်၍ ကျန်ကိုင်းများကို ရှင်းပေးရပြီး အရွက်များပိုးမစားစေရန် ပိုးသတ်ဆေး အကြိမ်ကြိမ်ဖျန်းပေးရသည်။ အပင်ဖြစ်ထွန်းလျှင် သုံးနှစ်သားမှစ၍ အရွက်များ ခူးရပြီး စိုက်ပျိုးသည့် မြေမ ကောင်းလျှင် လေးနှစ်သားမှ အရွက်များ ခူးဆွတ်ရကြောင်း သိရှိရပါသည်။ သနပ်ပင်တစ်ပင်လျှင် အရွက်ရေ ၃၀ မှ၄၀အထိ ထွက်သည်။ သနပ်ဖက်ကို ဝါဆို၊ ဝါခေါင်၊ တောင်သလင်းလများတွင် ခူးရပြီး တစ်နှစ်လျှင် လေးကြိမ်ခူးရကြောင်း သိရှိရပါသည်။

     သနပ်ဖက်ကို ဆေးလိပ်လိပ်ရာတွင် အရွက်အစိမ်းတိုင်း အသုံးမပြုရကြောင်းလည်း သိရှိရပါသည်။ ပထမဦးစွာ အရွက်မှောက်၍ အကြောကလေးများကို တစ်ရွက်ချင်းသင်ပေးရသည်။အကြော သင်ပြီးသားဖက်များကို  မြေလုံမီးဖိုရှည်ကြီးပေါ်၌ တင်ထားသော အပတ်ဝိုင်းထားသည့် ဒယ်ပြားထဲ ထည့်၍ လှော်ရသည်။ တစ်ဖိုတွင် ၁၀ ဒယ်မှ ၁၂ ဒယ်အထိရှိပြီး တစ်ဒယ်တွင် ဖက်ရွက်၁၅ ရွက်ခန့်စီ ကာ အပေါ်မှ သဲထုပ်ဖိ၍ လှော်ရသည်။ လှော်ပြီးသားဖက်ရွက်များကို အကြီးအသေးခွဲခြားပြီး သေသေချာချာ ကျကျနနထုပ်ပိုးပြီးပါက ပွဲရုံများသို့ သနပ်ဖက် တစ်ပိဿာချိန်လျှင် ဖက်ရွက်အ သေးကျပ် ၆၀၀၀ နှင့် ဖက်ရွက်အကြီး ကျပ် ၇၀၀၀ ရောင်းချရကြောင်း သိရပါသည်။ တစ်နှစ်လျှင် သနပ်ဖက် ပိဿာချိန် ၁၂၀၀ ခန့်အထိ ထွက်ရှိကြောင်းလည်းသိရပါသည်။ သနပ်ဖက်ကို  မြန်မာနိုင်ငံအနှံအပြားရှိ ဆေးပေါ့လိပ်လုပ်ကိုင်သည့်မြို့များသို့ ပြန်လည်ရောင်းချပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ တောင်ကြီး၊ ရပ်စောက်၊ ပင်းတယစသည့် မြို့နယ်များတွင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပဲမှို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

    ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ တောင်သူအချို့မှာ ပဲမှိုတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိကြောင်း သိရှိရပါသည်။ တန်ခူးလတွင် မတ်ပဲပင်များကိုရိတ်သိမ်း၍ အသီးများကိုခြွေပြီး ရရှိလာသောအရိုးနှင့်အပင်များကို စုပုံထားရှိကာ မိုးရာသီတွင် မိုးများများရွာသွန်းခြင်းကြောင့် အစိုဓာတ်ဖြင့် ပဲပင်မှ မှိုအစို့အညှောက်ပေါက်လာပြီး ပဲမှိုများရရှိသည်။

   အဆိုပါ ပဲမှိုများကို (၂) ရက်တစ်ကြိမ်ခူးဆွတ်ပြီး တစ်ခါခူးလျှင် (၃) ပိဿာရရှိကြောင်း၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးများတွင် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ အဆိုပါ ပဲမှိုစိုက်ခြင်းလုပ်ငန်းသည် တစ်နေ့လျှင် ဝင်ငွေ ကျပ် (၂၀၀၀၀) ကျော်ခန့်ရရှိပြီး အလုပ်အကိုင်မပျက်ဝင်ငွေများရရှိသဖြင့် တောင်သူများအနေဖြင့် တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)

ခရဲသီး(ခ)ဖရဲသီး စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ

   ခရဲသီး(ခ)ဖရဲသီးသည် (၁)နှစ်မှာ (၁)ခါသာ စိုက်ပျိုး၍ ရသော ရာသီစာဖြစ်ပါသည်။ ခရဲသီး စိုက်ရာတွင် ရေဝပ်သောနေရာမှလွဲ၍ မြေအမျိုးအစားမရွေးစိုက်၍ရကြောင်း၊ ကုန်းမြေများကို အဓိကထား၍ စိုက်ကြကြောင်း၊ ခရဲသီးများကို တပေါင်းလတွင် စ၍စိုက်ကြပြီး ကဆုန်လများတွင် ခူးဆွတ်ကြကြောင်း၊ ခရဲစိုက်ပျိုးရာတွင် ကျင်းတူး၍ စိုက်ပျိုးရကြောင်း၊ အပင်ခြား (၅)တောင်ပတ်လည် ထား၍ (၁)ကျင်းကို ခရဲမျိုးစေ့ (၃)စေ့မှ (၅)စေ့ထိ စိုက်ပျိုးကြောင်း သိရှိရပါသည်။

   ခရဲသီးသည် မြေပြင်တွင် သီးသောအသီးဖြစ်၍ အသီးချောစေရန်၊ အသီးဆွတ်ရန်နှင့် ရှာရ လွယ်ကူစေရန်အတွက် အများစုမှာ (၁)ကျင်းလျှင် (၃)စေ့ခန့်သာ စိုက်ပျိုးကြောင်း၊ ခရဲစိုက်သည့် ကျင်းကို (၃)ရက်၊ (၄)ရက်ခြား (၁)ခါ ရေလောင်းပေးရကြောင်း၊ အပင်(၃)လက်မ အရွယ်ရောက်ပါက  (၁)ပင်နှင့် (၁)ပင်ကို မြက်များ၊ ပေါင်းများ မထစေရန် ပေါင်းရှင်း၊ မြက်ရှင်းပေးရကြောင်း၊ ရာသီဉတု ပေါ်မူတည်၍ ရေဖျန်းရာတွင်လည်း ရေဖျန်းပိုက်နှင့် ဖျန်း၍ရကြောင်း၊ အပင်အားဆေးဖျန်းရကြောင်း၊ အသီးကင်းဝင်ပါက အသီးအားဆေးများ ဖျန်းရကြောင်း သိရှိရပါသည်။

   ခရဲသီး စိုက်ပျိုးရာတွင် စိုက်သည့်အချိန်နှင့် အသီးသီးပြီး ခူးဆွတ်၍ရသောအချိန်ထိ အချိန် (၂)လသာ ကြာမြင့်ကြောင်း၊ အသီးစခူးသည့်အချိန်မှစ၍ နေ့တိုင်းခူးဆွတ်ရကြောင်း၊ မခူးဘဲ ထားပါ က အသီးသည် အကြောတင်း၍ ရင့်သွားကြောင်း၊ ရင့်သွားသည့် အသီးများကို ဝါသည် အထိထား၍  အစေ့ကို နေပူလှမ်းကာ နောက်နှစ်အတွက် မျိုးစေ့အဖြစ်ပြန်၍ အသုံးပြုကြောင်း၊ ကျန်သည့် အသီးများကို အချဉ်တည်၍ ခရဲချဉ်အဖြစ်ပြန်၍ ရောင်းချချကြောင်း၊ ကျင်း (၁၀၀)စိုက် လျှင်  ခရဲသီး အလုံးရေ (၄၀၀)ခန့် ထွက်ရှိကြောင်း၊ ခရဲသီးခူးဆွတ်ရာတွင် လုပ်သား (၂)ဦးမှ (၃)ဦး ခူးဆွတ်ရ ကြောင်း သိရှိရပါသည်။

   လက်ရှိအချိန်တွင် ခရဲသီးလက်ကားဈေးနှုန်းမှာ (၁)လုံးလျှင် (၂၀ဝိ/-)ကျပ်ဈေးဖြင့် ရောင်းချကြောင်း၊ အလုံးအကြီးအသေးနှင့် ခရဲသီးထွက်ရှိသည့်ပေါ်မူတည်၍ (၁၀၀ဝိ/-)ဖိုး ဝယ်ယူ လျှင် (၆)လုံးမှ (၇)လုံးထိ ရောင်းချကြောင်း သိရှိရပါသည်။ ခရဲသီးကို မျှစ်ဖြင့် ချက်စား၍ သော်လည်းကောင်း၊ အသားဟင်းများနှင့် ချက်စား၍သော်လည်းကောင်း၊ အတို့အမြုပ်ဖြင့်ပြုလုပ်၍ သော်လည်းကောင်း ၊ အချဉ်တည်၍သော်လည်းကောင်း စားသုံးကြပါသည်။ ခရဲသီး၏ အရသာမှာ ချို၍ အသီးမှာ နူးညံ့သဖြင့် ထမင်းမြိန်စေသော ဟင်းတစ်ခွက်ဖြစ်သည့်အပြင် နွေသီးနှံနှင့် နွေစပါးများ မပေါ်ခင် ကြားကာလတွင် ရောင်းချရသည့်အသီးဖြစ်၍  စိုက်ပျိုးသည့် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရသည့် လုပ်ငန်းဖြစ်သဖြင့် ခရဲသီးများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၆.၂၀၂၃ )

    ၁၈.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၆.၂၀၂၃ )

     ၁၇.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း