ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန်သာယာဈေးတွင်ရောင်းချလျက်ရှိသောငါးဈေးကွက်

      မုံရွာမြို့ကန်သာယာဈေး၌ မုံရွာမြို့နယ်၊ မြောင်မြို့နယ်၊ ရွှေဘိုနှင့် ရန်ကုန်ငါးဒိုင်များမှ ငါးမျိုးစုံ လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိပါသည်။ ကန်သာယာဈေးသည် နေ့စဉ်နံနက်(၂:၀၀)နာရီမှ ညနေ(၇:၀၀)နာရီအချိန်ထိ ရောင်းချလျက် ရှိပါသည်။ ကန်သာယာဈေး၌ရောင်းချလျက်ရှိသော ငါးအမျိုးအစားနှင့်ဈေးနှုန်းများမှာ ကကတစ်ငါး တစ်ပိဿာ(၅၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာ(၆၀၀၀)ကျပ်၊ ငါးမြွေထိုး တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာ(၆၀၀၀)ကျပ်၊ ဟင်းငံတစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာ (၉၀၀၀) ကျပ်၊ ငါးကြင်းမျက်စံနီတစ်ပိဿာ(၆၅၀၀)ကျပ်၊ ငါးပြေမတစ်ပိဿာ(၈၀၀၀)ကျပ်၊ တီလားဗီးယား တစ်ပိဿာ(၇၀၀၀)ကျပ်၊ ငါးလူးတစ်ပိဿာ(၁၁၀၀၀)ကျပ်၊ နိုင်လွန်ငါးတစ်ပိဿာ(၁၁၀၀၀)ကျပ်၊ ငါးအိုးကပ်တစ်ပိဿာ(၆၀၀၀)ကျပ်၊ ငါးပိုးတစ်ပိဿာ(၆၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ(၈၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ငါးကျည်းတစ်ပိဿာ(၂၀၀၀၀)ကျပ်၊ ငါးရံ့တစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ငါးပတ်တစ်ပိဿာ(၃၀၀၀၀)ကျပ်၊ ငါးရှဉ့်တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ (၂၆၀၀၀)ကျပ်၊ ငါးသလောက်ဥတစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ကျားပုဇွန်တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ပုဇွန်တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ပင်လယ်ဂဏန်းကြီးတစ်ပိဿာ(၁၅၀၀၀)ကျပ်၊ လယ်ပုဇွန်လုံး တစ်ပိဿာ(၃၀၀၀)ကျပ်၊ လယ်ကြွက်သား တစ်ပိဿာ(၉၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၆.၂၀၂၃ )

    ၂၀.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေး

    တောင်ငူမြို့တွင် အခြေခံလူတန်းစားများအတွက် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံ လူတန်းစားများရာရပ်ကွက်များနှင့် အခြေခံလူတန်းစားအများစုရှိရာ ဈေးများတွင် စားသုံးဆီ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပဲခူးခရိုင်၊ဆီကုန်သည်အသင်းမှ ဈေးကားသည် တောင်ငူမြို့အမှတ်(၁၈)ရပ်ကွက်ရှိ စားသုံးသူပြည်သူများနှင့် မြန်မာ့မီးရထားမှ ဝန်ထမ်းမိသားစုများ အား တောင်ငူဘူတာရှေ့၌ စားသုံးဆီ ၅၅၀ ပိဿာအားလည်းကောင်း၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား မိုးသောက်ကြွယ်ဘုရား ပရဝုဏ်အတွင်း၌ စားသုံးဆီပိဿာ ၅၅၀ ပိဿာအားလည်းကောင်း လူတစ်ဦးလျှင် တစ်ပိဿာနှုန်း၊ တစ်ပိဿာလျှင် (၅၀ ကျပ်သားဘူးခွံ ၂ ဘူးအပါ) ၄၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။  

   ပဲခူးခရိုင်မှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့ အခြေခံလူတန်းစားများသို့ ဆီပိဿာ ၃၃၀၀ ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရည်ညွှန်းဈေးပေါ်အခြေခံ၍ ဈေးနှုန်းမှာ အနည်းငယ် အပြောင်းအလဲရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ဖြူးမြို့တွင် ကြက်သွန်နီနှင့်အာလူးဈေးအနည်းငယ်ကျပြီး ကြက်သွန်ဖြူ၊ မြေပဲဆံ၊ ကုလားပဲဈေးတက်

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှ ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်မှ ဇွန်လ(တတိယပတ်)တွင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပြီး ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ် ဧည့်မထ(မိုး) တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က  တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

     ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်နှင့် အကြီး ၂၇၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

    ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၅၅၀၀ ကျပ်နှင့် အကြီး ၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်နှင့် အကြီး ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

    ငရုတ်ခြောက် အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်နှင့် အသေး ၂၅၀၀ ကျပ်ရှိပါ သည်။

      ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ် ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၈၈၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ကြက်သားဈေးကျပြီး ပုဇွန်ဆိတ်ဈေးအနည်းငယ်တက်

      တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ရင်အုပ်သီးသန့် တစ်ပိဿာ လျှင် ၂၅၀၀၀ ကျပ် ရှိရာမှ ဇွန်လ(တတိယပတ်)တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ စီပီကြက် အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

     ဝက်သား(ရေလွတ်သား) သုံးထပ်သား)မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၉၀၀၀ ဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ငါးကြင်း အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာ လျှင် ၁၂၀၀၀ ကျပ်၊ ငါးကြင်းဖြူ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါ သည်။

    ငါးရံ့ အကောင်သေး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ အကောင်လတ် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် အကောင်ကြီး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ငါးခူမှာ အကောင်သေး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အကောင်လတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်နှင့် အကောင်ကြီး တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်က အတိုင်းဈေးနှုန်းတည်ငြိမ်နေပါသည်။

   ပုဇွန်ဆိတ်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတက်ပြီး ပုဇွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းစက်မှုဇုန်ရှိ အသေးစား စားသောက်ကုန်လုပ်ငန်းအကြောင်း တစေ့တစောင်း

        စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် Global Distribution Partner လုပ်ငန်းသည် အသင့်စား စားသောက်ကုန်ဖြစ်သော ရှမ်းခေါက်ဆွဲသုပ်၊ ဆီချက်ခေါက်ဆွဲနှင့် တို့ဟူးနွေး တို့ကို ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည်။ လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလက မတည်ရင်းနှီးငွေ ကျပ်သိန်း(၅၀၀)ခန့် ဖြင့် စတင်ခဲ့သည်။ စက်ရုံ၌ ကုန်ကြမ်းဆန်ခေါက်ဆွဲခြောက်များအား ကိုယ်တိုင်ပြုလုပ်ပြီး၊ ပဲငါးပိကို သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော်အား မန္တလေးမြို့မှလည်းကောင်း ဝယ်ယူကြောင်း သိရသည်။

         ကုန်ကြမ်း ဆန်ခေါက်ဆွဲကို ရွှေရှမ်းဆန်ခေါက်ဆွဲစက်အမည်ဖြင့် လုပ်ငန်းခွဲခြား၍ သီးသန့် ပြုလုပ်သည်။ ဆန်ခေါက်ဆွဲပြုလုပ်သည့် ဆန်(လတ်)အမျိုးအစားမှာ သုခနှင့် ဧရာပဒေသာ ဆန်များ ဖြစ်သည်။ တစ်ရက်လျှင်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် (၄)အိတ်ခန့် အမှုန့်ကြိတ်ခြင်း၊ ရေဖြင့် ရောနှော ကာ အနှစ်ချခြင်း၊ နန်းပြားဆွဲခြင်း၊ နန်းမျှင်ဆွဲခြင်းများကို ခေတ်မီစက်များဖြင့် ဆောင်ရွက်ခြင်းဖြင့် ဆန်ခေါက်ဆွဲအခြောက် ပိဿာ(၈၀)ခန့်ထွက်ရှိပြီး Global Distribution Partner လုပ်ငန်းသို့ ကုန်ကြမ်းမုန့်ဖတ်ခြောက်များ လွှဲပြောင်းပေးပို့သည်။ Global Distribution Partner လုပ်ငန်း၏ ကုန်ချောတစ်ရက်ထုတ်လုပ်နိုင်မှု ပမာဏမှာ ရှမ်းအိုးစည်အသင့်စား ရှမ်းခေါက်ဆွဲသုပ်၊ ရွှေမန်းသား အသင့်စားဆီချက်ခေါက်ဆွဲနှင့် တို့ဟူးနွေး အထုပ်(၁၀၀)ပါ ဂျပ်ဖာ ၂၇ဖာမှ ၃၀ဖာထိ ထုတ်လုပ်နိုင် ကြောင်းသိရသည်။ ရှမ်းအိုးစည်အသင့်စား ရှမ်းခေါက်ဆွဲသုပ်၊ ရွှေမန်းသားအသင့် စားဆီချက် ခေါက်ဆွဲနှင့် တို့ဟူးနွေးတို့၏ ဈေးနှုန်းမှာ အထုပ်(၁၀၀)လျှင် ဖောက်သည်ဈေး ၆၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရသည်။ ထွက်ရှိကုန်ချောများကို မန္တလေးမြို့မှတစ်ဆင့် မြန်မာပြည်အနှံ့သို့  ကိုယ်စားလှယ်များဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရသည်။ အလုပ်သမား(၂၅)ဦးခန့်အား အလုပ် အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပြီး၊ လုပ်သားခအနေဖြင့် (၃)လအစမ်းခန့်အား တစ်ဦး တစ်လ လျှင် ကျပ်(၁)သိန်း၊ (၃)လကျော်ပါက ကျပ်(၁)သိန်းခွဲမှ ကျပ်(၁)သိန်း(၆)သောင်းထိ ပေးချေကြောင်း သိရသည်။

       ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်သည်ဟုဆိုသော ယခုကာလတွင် ခေတ်မီသော လူသား တိုင်း  ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း သီချင်းပါ စာသားအတိုင်း ခေတ်မီမီ ကမ္ဘာကြီးကိုရှု့မြင်သူ များပြားနေသည်မှာ အားလုံးအသိပင်ဖြစ်သည်။လူသားတို့၏ အခြေခံလိုအပ်ချက်ဖြစ်သော စားရေး၌ အချိန်ပေးနိုင်သူ နည်းပါးလာသည်တွေ့ရသည်။ ထို့အတွက် အသင့်စားသောက်နိုင်သော အစားအစာ များဖြစ်သည့် ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်မျိုးစုံ၊ အသင့်စားခေါက်ဆွဲ/ မုန့်ဟင်းခါး စသည့်တို့ကို စားသုံးမှုပုံစံပြောင်းလာကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ Global Distribution Partner လုပ်ငန်းမှ ထုတ်လုပ်သည့်  အသင့်စား ရှမ်းခေါက်ဆွဲ/ဆီချက်ခေါက်ဆွဲ/ တို့ဟူးနွေးတို့သည် အနာဂတ်တွင် ဈေးကွက်ဝေစု ပိုမိုရရှိကာ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။         

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းကျဆင်း

        တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က  တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် တက်ပြီး ခရမ်းသီး(အညို)မှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ် နေပါသည်။

       ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

      မုံလာဥနီမှာ တစ်ပိဿာလျှင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ မုံလာဥဖြူမှာလည်း တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိနှင့် မုန်ညင်းဖြူမှာ တစ်ပိဿာ လျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိရှိပါသည်။

     ကန်စွန်းရွက်မှာ တစ်စည်း ၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တက်

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်မှ ယခုဇွန်လ(တတိယပတ်)တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

        ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၈၀၀ ကျပ်ဖြင့်  ဈေးနှုန်းအနည်းတည်ငြိမ်ပါသည်။

       ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်၊ အကြီး ၆၅၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၆၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၈၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်၊ အကြီး ၇၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

      အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်နှင့် တရုတ်အာလူး ၃၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၆၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်၊ တရုတ်အာလူး ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပါသည်။

      ငရုတ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ငရုတ်သီး ခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိနှင့် ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ယခင်အပတ်က မြေပဲဆံအဖြူ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၈၂၀၀ ကျပ်အထိ၊ မြေပဲဆံအနီ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် မြေပဲဆံအဖြူ ၈၃၀၀ ကျပ်၊ မြေပဲဆံအနီ ၇၆၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၆၀၀ ကျပ်မှ ၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကြောင်းနှင့် အခြေခံစားသောက်ကုန်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဝက်လက်မြို့နယ်၏ ဇွန်လ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၃၅၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၇၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ဇွန်လ(ပထမပတ်)၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁) အိတ် လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၂၂၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၃၀၀ဝိ/-) ကျပ် ရှိခဲ့သဖြင့်  ဇွန်လ(ပထမပတ်)နှင့် ဇွန်လ(ဒုတိယပတ်) စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ဇွန်လ(ဒုတိယပတ်)၌ ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်ဈေးနှုန်းမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပြီး  ဧရာမင်းစပါးဈေးနှုန်းမှာ (၁၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်‌ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၄၀၀ဝိ/-) ကျပ် မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အုတ်တွင်းမြို့နယ်တွင် နွေစပါးများရိတ်သိမ်းပြီးစီး

        တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊နွေစပါးရာသီ၌ နွေစပါး ၁၉၁၂၁ ဧက စိုက်ပျိုးခဲ့ရာ ယခုအခါ အားလုံးနီးပါး ရိတ်သိမ်းပြီးစီးပြီး ဖြစ်ပါသည်။ ထိုင်းနှံကောက်အမျိုးအစားကို အများဆုံး စိုက်ပျိုးကြပါသည်။

       သက်ဆိုင်ရာဌာနမှ ရရှိသော စာရင်းဇယားများအရ အထွက်နှုန်းမှာ ၉၈.၅ တင်းနှုန်းရှိ ကြောင်း သိရသဖြင့် အုတ်တွင်းမြို့နယ်တွင် နွေစပါးအထွက်တင်း ၁၈၈၀၀၀၀ ကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိပါသည်။

      နွေစပါးပေါ်ခါစက ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကွင်းဈေး ၁၅၂၀၀၀၀ ကျပ်၊ ဆန်စက် အရောက်ဈေး ၁၅၆၀၀၀၀ ကျပ်ရှိခဲ့ပြီး ယနေ့ကာလပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ၁၆၅၀၀၀၀ ကျပ် ဖြစ်ပါသည်။ မိုးစပါးလက်ကျန် ကာလပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀ ဖြစ်ပါ သည်။

     အုတ်တွင်းမြို့နယ်အတွင်း မိုးစပါးထွက်ရှိမှုမှာ ၆၂၅၀၀၀၀ တင်းရှိသဖြင့် ယခုထွက်ရှိသည့် နွေစပါးနှင့်ဆိုလျှင် အုတ်တွင်းမြို့နယ်တွင် စပါး တင်း ၈၁၃၀၀၀၀ ခန့် ရှိပါသည်။ အုတ်တွင်း မြို့နယ်အတွင်း မျိုးစပါး၊ အလေအလွှင့်နှင့် စားသုံးမှုမှာ ၃၀၃၀၀၀၀ တင်းခန့်ရှိသဖြင့် အုတ်တွင်းမြို့နယ်သည် ယခုနှစ်အတွင်း စပါးတင်း ၅၁၀၀၀၀၀ ပိုလျှံကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း