ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၆.၂၀၂၃ )

    ၁၆.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ကျိုက်လတ်မြို့MSMEsလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ

       ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့MSMEsလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်အသင်းနှင့် မြို့နယ်တာဝန်ခံရုံးတွင်တွေ့ဆုံခဲ့ကြပါသည်။

        ထိုသို့ဆွေးနွေးရာတွင်ရောင်းဝယ်ဖောက်ကားမှုအခြေအနေ၊ ဈေးနှုန်းအခြေအနေ၊ ဖြစ်ပေါ်နေသောအခက်အခဲများအား ဆွေးနွေးကြရာ ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်တစ်ဦးမှ ဆွေးနွေးရာတွင်  ကုန်ကြမ်းဝယ်ယူရာတွင် ယခင်နှစ်ကုန်ကြမ်းဝယ်ဈေးမှာ (၁၀၀၀၀နှင့်၈၀၀၀)ကျပ်ဈေးဖြင့်ဝယ်ယူခဲ့ပြီး  ယခုနှစ်တွင်(၁၅၀၀၀နှင့်၂၀၀၀၀)ကျပ်ဈေးရှိကြောင်း၊ ယခင်နှစ်(ငါးခွဲခ-အလုပ်သမားခ)၅၀၀၀ကျပ်  ပေးရပြီး ယခုနှစ်အလုပ်သမားခ (၁၀၀၀၀)ကျပ်ပေးရကြောင်း ကုန်ကြမ်းဝယ်ယူရာတွင် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မအူပင်မြို့များမှ ဝယ်ယူရပြီး ကုန်ကြမ်းအချိန်(၁၀)ကို ကုန်ချော(၁)ပိဿာထွက်ရှိကြောင်း၊   ယခင်နှစ်က ငါးရံ့ခြောက်(၅)ကျပ်သား တစ်ဘူးကို(၅၀၀၀)ကျပ်ဖြစ်ပြီး၊ ယခုနှစ်(၆၀၀၀) ကျပ် ဖြစ်ကြောင်းယခင်နှစ်(၁၀)ကျပ်သားတစ်ဘူးကို(၁၀၀၀၀)ကျပ်ဖြစ်ပြီးယခုအခါ (၁၀)ကျပ်သားတစ်ဘူးကို (၁၂၀၀၀) ကျပ်ဖြင့်ရောင်းရပါကြောင်း ၊ယခင်နှစ်များလို ရောင်းအားမကောင်းပါကြောင်း တက်ရောက်လာသူလုပ် ငန်းရှင်မှဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံမှလည်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်  ကျစရိတ်များ လျော့နိုင်သမျှလျော့အောင်ကြိုးစားထုတ်လုပ်နိုင်ရေးနှင့် တွက်ချေကိုက်သောလုပ်ငန်းများဖြစ်စေရေးကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါရှိနိုင်ရေးတို့အတွက် မိမိတို့ဌာနအနေဖြင့်လုပ်ငန်းရှင် များ၏လိုအပ်ချက်များအား ကူညီဆောင်ရွက်သွားဖြစ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

 

ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသော စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ ဈေးနှုန်းများ

      ကယားပြည်နယ်သည် အဓိကအားဖြင့် စိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်တစ်ခုဖြစ်ပြီး တောင်ယာလုပ်ငန်းကို အဓိကထား၍ ဦးစားပေးလုပ်ကိုင်ကြပါသည်။ စပါး၊ပဲ၊ပြောင်း၊နှမ်း တို့ကို ရာသီအချိန်အခါလိုက် စိုက်ပျိုးထုတ်လုပ်ကာ အခြားပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာများကို ရန်ကုန်၊မန္တလေး မှ အဓိကမှာယူတင်သွင်း ကြပါသည်။

      ၂၀၂၃ခုနှစ်၊ မေလအတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယူရီးယား (အာမို) တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ယူရီးယား(ဩဘာ)တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ တီစူပါ (သံကွင်း) တရုတ် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ပုလဲရွှေတောင်(တရုတ်) တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ရွှေကောမတ်(မြန်မာ့ဩဘာ) တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ပိုတက်(ဂျာမနီ) တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ကွန်ပေါင်း(အာမို)တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ကွန်ပေါင်း(ဩဘာ)တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅)ကောမတ် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊  အာမို (၁၆း၁၆း၁၆) တရုတ် တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယူရီးယား (အာမို)တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ယူရီးယား(ဩဘာ)တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ တီစူပါ(သံကွင်း)တရုတ် တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ပုလဲရွှေတောင်(တရုတ်) တစ်အိတ်လျှင် ၈၈၀၀၀ကျပ် ၊ ရွှေကောမတ် (မြန်မာ့ဩဘာ) တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ပိုတက်(ဂျာမနီ) တစ်အိတ်၁၂၀၀၀၀ကျပ်၊ ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် (၁၃၇၀၀၀)ကျပ်၊ ကွန်ပေါင်း(ဩဘာ) တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅) ကောမတ် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊  အာမို(၁၆း၁၆း၁၆)တရုတ် တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။          

   ယခင်မေလနှင့် ယခုဇွန်လ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ယူရီးယား(အာမို)တစ်အိတ်လျှင် ၅၀၀၀ ကျပ်၊ ပုလဲရွှေတောင်(တရုတ်) တစ်အိတ်လျှင် ၃၀၀၀ ကျပ်၊ ကွန်ပေါင်း(အာမို) တစ်အိတ်လျှင် ၂၀၀၀ ကျပ်ခန့်၊ ဈေးနှုန်းမြင့်တက်လျက် ရှိပါသည်။ဈေးနှုန်း မြင့်တက်ရခြင်းမှာ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်နေသောကြောင့်ဖြစ်သည်ဟု ဓာတ်မြေဩဇာရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

မိုးမြေပဲစိုက်ပျိုးခြင်း

     ကယားပြည်နယ်၊လွိုင်ကော်မြို့အတွင်းရှိ ကျေးရွာများတွင် မေလအတွင်း၌ ရွာသွန်းခဲ့ သောမိုးကြောင့် မိုးမျှော်နေသောတောင်သူများမှာ မိုးမြေပဲများကို စတင်စိုက်ပျိုးနိုင်ခဲ့ကြသည်။ မြေပဲသီးနှံသည် ရေမြေဒေသရာသီ ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးမှာ ဖြစ်ထွန်း နိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ ဒေသနှင့်ကိုက်ညီဖြစ်ထွန်းသည့်  မျိုးကိုရွေးချယ်အသုံးပြု ရန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့်အထက်ရှိသည့် မျိုးကိုစိုက်ပျိုးသင့်သည်။ အထွက် နှုန်းကောင်းမွန်သည့် မျိုးများကို သုတေသနပြု ထုတ်ဝေထားသည်။ ဆင်းပဒေသာ-၆၊ ဆင်းပ ဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ မျိုးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြောင်း သိရပါ သည်။ ယခုအခါ ဆင်းပဒေသာ-၁၂နှင့်ဆင်းပဒေသာ-၁၃ စသည့် အခြားမျိုးသစ်များကိုလည်း စိုက်ပျိုးနိုင်ပြီးဖြစ်ပါသည်။ မိုးရာသီတွင် ပထမမိုးရွာပြီးနောက် ချက်ချင်းမြေပဲကို စိုက်ပျိုးနိုင် သည်။

   ဆည်ရေသောက်ဒေသတွင် ဧပြီလမှစ၍ စိုက်ပျိုးလျက် ရှိကြပါသည်။ မိုးမြေပဲသီးနှံကို  နှစ်စဉ်မေလနှင့်ဇွန်လများတွင် မြေပဲသီးနှံကို စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်   ရိတ်သိမ်းထွက်ပေါ်နိုင်သည်။ တောင်သူများမှာ  မိမိတို့၏မြေယာဖြစ်ထွန်းမှု၊  ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များဖျက်ဆီးစားသောက်မှု အခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးကြသည်။  နေရာဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံစေ့ ၄၊ ၅ စေ့နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍စိုက်ပျိုးမှုများ လည်းရှိ သည်။ ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကိုလည်း မြေပဲစိုက်တန်း လေးတန်းလျှင် ပဲစင်းငုံတစ်တန်းဖြင့် သီးညှပ်ထည့်သွင်းစိုက်ပျိုးကြသည်။ အစစအရာရာ ဈေးနှုန်းများမြင့်တက်နေပြီး စိုက်ပျိုးမှုတွင် လည်း ထည့်သွင်းရသည့်သွင်းအားစုဈေးနှုန်းများကြီးမားသည့်အတွက်  ရာသီဥတုကောင်းမွန်စေရန်နှင့် သီးနှံပေါ်ချိန်မှာလည်း ဈေးနှုန်းဈေးကွက်များ ကောင်းရန်မျှော်လင့်ကြောင်း ချိကယ် ကျေးရွာ မြေပဲစိုက်တောင်သူတစ်ဦးကပြောသည်။ ၂၀၂၂ ခုနှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်း အနေဖြင့် ပဲဆံတစ်ပြည်လျှင် ကျပ် ၅၀ဝ၀၊ အတောင့်တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ဝန်းကျင် သာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မျိုးပဲဆန်တစ်ပြည်လျှင် ကျပ် ၇၀ဝ၀၊ အတောင့် တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ ဝန်းကျင်များရှိကြောင်း  ချိကယ်ကျေးရွာမှ ‌မြေပဲစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(ကယား)

ဒညင်းသီးဈေးကွက်

     ရှမ်းပြည်နယ်၊ မိုးဗြဲမြို့မှလည်းကောင်း၊ ကရင်ပြည်နယ်၊ တောင်ငူမှလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှလည်းကောင်း ဒညင်းသီးများ ဝင်ရောက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ဒညင်းသီး ဈေးနှုန်းမှာ ရှယ်သီး အလုံး (၁၀၀) လျှင် ၉၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ သာမန်အရွယ်အစားအကြီးမှာ အလုံး (၁၀၀) လျှင် ၆၅၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ အလတ်မှာ (၁၀၀) လုံးလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိနှင့် အသေး အလုံး (၁၀၀) လျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အခွံပါ ဒညင်းသီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိပြီး အရွယ်အစားစုံ ၆၅လုံးမှ ၇၀လုံးခန့်အထိပါဝင်ပါသည်။ ဈေးကွက်အတွင်း ဒညင်းသီးဝင်ရောက်မှု ပိုမိုများပြားလျက်ရှိပြီး ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

မိတ္ထီလာခရိုင်တွင် ယခင်နှစ်ထက် လယ်ယာထွက်ကုန်သီးနှံများ စျေးကောင်းရလျက်ရှိ

 မိတ္ထီလာခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လဆန်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော လယ်ယထွက်ကုန်သီးနှံဈေးနှုန်းများအရ ယခုနှစ်တွင် မနောသုခဆန်တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင်  (၈၀၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်တစ်ပိဿာလျှင်  (၁၃၀၀၀) ကျပ်၊ ဝါသီးနှံတစ်ပိဿာလျှင်  (၂၈၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်တွင် မနောသုခဆန်တစ်အိတ်လျှင် (၅၅၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင်  (၆၀၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင်  (၃၀၀) ကျပ်မှ (၃၅၀ )ကျပ်ထိ၊ ငရုတ်တစ်ပိဿာလျှင်  (၆၀၀၀) ကျပ်၊ ဝါသီးနှံတစ်ပိဿာလျှင်  (၂၅၀၀) ကျပ်စျေးသာရှိခဲ့ပြီး ယခင်နှစ်နှင့် ယခုနှစ် ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် သီးနှံစျေးနှုန်းများမှာ အသီးသီးမြင့်တက်လာသဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိ၍ ယခုနှစ်၏ မိုးရာသီတွင် သီးနှံများပိုမိုစိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(မန္တလေး)

သရက်မြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ သရက်မြို့၏ မြို့မဈေးတွင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး(အစို)များကို သရက်မြို့၏ ပတ်ဝန်းကျင်ကျေးရွာများနှင့် အခြားစားဖိုဆောင်သီးနှံများကို အောင်လံနှင့် ပြည်မြို့တို့မှ ဝယ်ယူရောင်းချလေ့ရှိကြကြောင်း သိရှိရပါသည်။

   သရက်မြို့၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊  ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၅၈၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီး(စို)တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကုလားအော်သီး (ခေါ်) ပင်နံသီး(စို)တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြစ်ပြီး ဇွန်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၂၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြစ်၍ အတက်ဈေးဖြင့်လည်းကောင်း၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၃၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီး(စို)တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကုလားအော်သီး (ခေါ်) ပင်နံသီး(စို)တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ်(၆၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၃၀၀)ဖြစ်၍ ဒေသထွက်သီးနှံများထွက်ပေါ်လာပါသဖြင့် အကျဈေးဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူ ဒေါ်ဂျမ်းထံမှ သိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း