ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းမြို့နယ် မှထွက်ရှိသော မိုးထောင်နှင့် အောက်ဆွဲ ငရုတ်ရောင်းဝယ်မှု ဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နေကြာနှင့် အခြားသော သီးနှံစုံစိုက်ပျိုးကြပြီး စိုက်ပျိုးရေးကောင်းမွန်သော နယ်မြေဒေသဖြစ်၍ ငရုတ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိသည်ကို တွေ့ကြရသည်။ ညောင်တုန်းမြို့နယ်တွင် အစိုက်များသော ငရုတ်အမျိုးအစားများမှာ မိုးထောင်ငရုတ် အမှည့်၊ အစိမ်း၊ အောက်ဆွဲငရုတ်အမှည့်၊ အစိမ်း၊ မိုးထောင်(ညောင်တုန်း) အစပ်ပျင်း အမျိုအစားကိုစိုက်ပျိုးကြောင်း လေ့လာတွေ့ရှိရသည်။

    တောင်သူများငရုတ် စိုက်ပျိုးထွက်ရှိမှုအနေဖြင့် မိုးထောင်(အမှည့်/အစို) တစ်ဧက ပျမ်းမျှ (၄၀၀၀) ပိဿာခန့်၊ အောက်ဆွဲ (အမှည့်/အစို) တစ်ဧကပျမ်းမျှ (၅၀၀၀)ပိဿာခန့်ထွက်ရှိကြောင်းသိရပြီး၊ နှစ်စဉ် အောက်တိုဘာလမှာ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် ရက်(၉၀)ကြာတွင် စတင်ခူးဆွတ်ကြကြောင်း၊ ယခု ၂၀၂၄ခုနှစ် မတ်လ လဆန်းပိုင်းက ကာလပေါက်ဈေးအနေဖြင့် မိုးထောင် တစ်ပိဿာ (၂၅၀၀-၃၀၀၀)ကျပ်နှင့် အောက်ဆွဲ ၁ပိဿာ (၁၈၀၀-၂၀၀၀)ကျပ် ရောင်းဝယ်လျက်ရှိသည်။ ထွက်ရှိသော ငရုတ်များကို ပြည်တွင်းဈေးကွက်အနေဖြင့် သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြသည်။ မြို့နယ်အတွင်း အအေးခန်းကားများဖြင့် ဝယ်ယူနေသော အဝယ်ဒိုင်များသို့ ရောင်းချကြောင်းနေကြောင်းကို ငရုတ်စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရပါသည်။

DOCA(ဧရာဝတီ)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၅.၃.၂၀၂၄ )

   ၂၅.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၂၅.၃.၂၀၂၄)

    ၂၅.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မင်းလှမြို့နယ်၏ စပါး/ဆန်ဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ  နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်ရှိခဲ့ပြီး မတ်လ ဒုတိယပတ်တွင်လည်း (၁၈၄၀၀၀၀) ကျပ်ရှိနေသဖြင့် ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

      ဆန်ဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခဆန်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မတ်လ ဒုတိယပတ်တွင် ဆန်တစ်အိတ်လျှင် (၈၃၀၀၀) ကျပ်ရှိခဲ့သဖြင့် (၂၀၀၀/)ကျပ်ခန့်ကျဆင်းသွားကြောင်း၊ မင်းလှမြို့မှ  ရန်ကုန်သို့ တစ်ရက်ကြာလျှင် ဆန်ကား (၄)စီးခန့် မင်းလှမြို့မှ ပြည်ဘက်သို့ ဆန်ကား(၃)စီးခန့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ်အတွင်းရှိ စပါး/ဆန်ဈေးနှုန်း/ဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ခုနှစ်၊ မတ်လ ပထမပတ်တွင်ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်းမှာ ဆင်းသုခ စပါးတင်း (၁၀၀) လျှင် ၂၁၀၀၀၀၀ကျပ်၊ ကရင်မစပါးတင်း (၁၀၀) လျှင် ၂၃၀၀၀၀၀ကျပ်ပေါက်ဈေးနှုန်းရှိနေပြီး ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခဆန်တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ဆန်လတ် (ဆန်ကွဲကြီး) တစ်အိတ်လျှင် ၅၈၀၀၀ကျပ်၊ ဖွဲနု(၆၀)ပေါင်တစ်အိတ်လျှင် ၁၅၀၀၀ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် ၂၅၀ကျပ်၊ ပွိုင့် (၄၆)ပေါင်ပါတစ်အိတ်လျှင် ၁၃၅၀၀ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၃.၂၀၂၄ )

၂၅.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွေတောင်ဒေသထွက် ရုံးပတီသီး

     ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်အုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးများကိုစိုက်ပျိုးထားရှိပြီး မျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ပါသည်။ ရုံးပတီသီးကို နတ်တော်လတွင် စတင် စိုက်ပျိုးပြီး တပေါင်းလတွင် အသီးများစတင်ခူးဆွတ်ရပါသည်။ ရုံးပတီပင်သည် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်၍ အေးသောရာသီဥတုကို မနှစ်သက်ပါ။ ရုံးပတီသီးကို ပန်းပွင့်ပြီး တစ်ပတ်ခန့်ကြာလျှင် ခူးဆွတ်ရပြီး တစ်ရက်ခြားတစ်ခါခူးဆွတ်ပေးရပါသည်။ ရာသီဥတုပူပြင်းပါက အရင့်မြန်သောကြောင့် နေ့စဉ်ခူးဆွတ်ပေးရပြီး တစ်ခါခူးဆွတ်လျှင် အသီးတောင့် (၃၀၀၀)ခန့်ရရှိပါသည်။ ယခု၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်၌ ဈေးကွက်များ၌ ရုံးပတီသီး(၁၀)တောင့်ကို ၂၀၀ကျပ်ဖြင့်ရောင်းချနေပြီး ရန်ကုန်မြို့သို့လည်းတင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးများတွင် ပေါ်ဦးပေါ်ဖျား ညောင်ဖူးများရောင်းချလျက်ရှိ

   ပြည်မြို့ရှိဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ညောင်ဖူးများကို ဈေးကွက်တင်ရောင်းချကြောင်းသိရပါသည်။ ညောင်ဖူးဆိုသည်မှာ ယခုကဲ့သို့သော နွေဦးရာသီ ညောင်ရွက်အဟောင်းများကြွေပြီး ရွက်နုများဝေချိန်၌ အရွက်နုလေးများကို ခူး၍ပြုတ်ပြီး ညောင်ဖူးအဖြစ်ရောင်းချကြပါသည်။ ထိုသို့ရောင်းချသောညောင်ဖူးများမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ လူအများကဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရကြပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်၌ ဈေးကွက်များတွင်ရောင်းချသော ညောင်ဖူးဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် လက်လီရောင်းချကြပါသည်။ ပြည်မြို့ရှိဈေးများသို့ လာရောက်ရောင်းချသောညောင်ဖူးများမှာ ပြည်မြို့အနီးကျေးရွာများမှ လာရောက်ရောင်းချကြသဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

လူကြိုက်များသော ကျောက်စိမ်းဖရဲသီးဈေးကွက်

     ပြည်ခရိုင်၊ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ နှစ်စဉ်စိုက်ပျိုးလေ့ရှိသော ကျောက်စိမ်းဖရဲသီးများမှာ ရောင်းအားကောင်းလျက်ရှိပါသည်။ ၎င်းဖရဲသီးများကို ရန်ကုန်တိုင်းသို့ အများဆုံးတင်ပို့ရောင်းချကြပြီး အောင်လံ၊ မကွေး၊ တောင်တွင်းနှင့် ဧရာဝတီတစ်ဖက်ကမ်းရှိ ပန်းတောင်း၊ ဥသျှစ်ပင်၊ ကံမ၊ သရက်၊ မင်းဘူးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် စိုက်ပျိုးသူများပြားလာပြီး မန္တလေးတိုင်းမှဝင်ရောက်လာသော ဂျပန်မျိုး ထိုင်ဝမ်ဖရဲသီးများကြောင့် ဈေးကွက်၌ ယှဉ်ပြိုင်ရောင်းချရသည့်အတွက် ယခင်နှစ်များထက် အကျိုးအမြတ်နည်းပါးကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်၌ ဈေးကွက်တွင်ရောင်းချသော ဖရဲသီးဈေးနှုန်းများမှာ ကျောက်စိမ်းဖရဲသီးအလုံးချောတစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၂၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ထိုင်ဝမ်(ဂျပန်မျိုး) ဖရဲသီးတစ်လုံးလျှင် ၅၀၀၀ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀-၄၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ပုစွန်ခြောက်ဈေးကွက်

    ပြည်ဈေးကွက်တွင် ရောင်းချနေသော ပုစွန်ခြောက်များအနက် ရခိုင်ဘက်မှလာသော ပုစွန်ခြောက်များရှိသည့်အပြင် ပုသိမ်ဘက်မှလာသော ပုစွန်ခြောက်များလည်းရှိကြောင်းသိရှိရပါသည်။ ပုစွန်ခြောက်သည် ရာသီမရွေးပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ပစ္စည်းဖြစ်ပါသည်။ ပုစွန်ခြောက်ဝင်ရောက်သည့်ဒေသနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ပုစွန်ခြောက်အကောင်ကြီး ရှယ်တစ်ပိဿာလျှင် ၁၀၀၀၀၀ကျပ်၊ အလတ်စားတစ်ပိဿာလျှင် ၈၀၀၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် (၇၀၀၀၀-၆၀၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ပုစွန်ခြောက်အသေးအမှုန့်ဈေးနှုန်းမှာမူ တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း