ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူဒေသထွက် သရက်သီးစိမ်း (ခေါ်) သရက်ကင်းများ ဈေးကောင်းရလျက်ရှိနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အညာဒေသ၌ ယခုမတ်လပိုင်းတွင် သရက်သီးစိမ်း (ခေါ်)သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ် စားသုံးသောကြောင့် သရက်ကင်း ဈေးကောင်းရရှိကာ ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။ 

     ယခုအချိန်တွင် ကုန်စိမ်းဈေးကွက်သို့ သရက်သီးစိမ်း(ခေါ်) သရက်ကင်းဈေးမှာ အသီးအနေ အထားပေါ်မူတည်၍ သရက်ကင်း(၁၀)ကျပ်သားလျှင် ၁၀၀၀ကျပ်ဖြင့် လက်လီရောင်းချရကြောင်း၊ သရက်ကင်း(၁)ပိဿာလျှင် (၉၀၀၀-၁၀၀၀၀)ကျပ်နှုန်းဖြင့်  ပွဲစားများက ခြံအရောက်လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း၊ စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု စသည်ဖြင့် သရက်အမျိုးခွဲအစုံ စိုက်ပျိုးကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၂၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၁၁၂၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ် လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၇၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက် ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့် ဆိုင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ စတော်ဘယ်ရီသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စတော်ဘယ်ရီသီးများ ရောင်းချလျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

    ၂၀၂၅ ခုနှစ် ၊ မတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော စတော်ဘယ်ရီသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ အလုံးလှ (၁) ပိဿာလျှင် ၁၈၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၄၅၀၀ကျပ်၊ အလုံးအသေး(၁)ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးသည် အရောင်အသွေးလှပမှုရှိကာ စားသုံးသူများကို ဆွဲဆောင်လျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးကို အဖျော်ရည်ဆိုင်များ၊ ရွှေရင်အေးဆိုင်များမှလည်း  ဝယ်ယူအသုံးပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးများသည် ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့ နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

    ၂၀၂၅ ခုနှစ် ၊ မတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ(၁)ဖီးလျှင် ၂၅၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးစားသုံးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုသည့်အတွက် လူကြီးလူငယ်မရွေး စားသုံးကြ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော အာလူးသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကား ကုန်သည်များမှ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော အာလူးသီးဈေးနှုန်းများမှာ အာလူးသီးအလုံးကြီး(၁)ပိဿာ လျှင် ၄၅၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း ၊ လုပ်ငန်းရှင်များ ထံမှသိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော တီလားဗီးယားငါးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လစတုတ္ထပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသောငါးဈေးနှုန်းများမှာ တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ တီလားဗီးယားငါး အသေး(၁) ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဆူးပုတ်ရွက်(၁)စည်းလျှင် ၂၅၀ကျပ်၊ (၅)စည်းလျှင် ၁၀၀၀ကျပ်၊ ဆူးပုတ်ရွက်များကို ကန့်ဘလူမြို့ ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း အကြော်ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ငါးကြင်းဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လစတုတ္ထပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသောငါးဈေးနှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင်(၁) ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်း(ချင်း) တက်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥ၊ဘဲဥဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လစတုတ္ထပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ ကြက်ဥအလုံးကြီး(၁)လုံးလျှင် ၄၅၀ကျပ်၊ အလုံးသေး(၁) လုံးလျှင် ၄၂၀ကျပ်၊ ဘဲဥ(၁)လုံးလျှင်၇၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း