ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းလှမြို့နယ်၏ စပါး/ဆန်ဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်တွင် (၁၉၃၂၀၀၀)ကျပ်ဈေးနှုန်းသို့မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အရောင်းအဝယ်မရှိဘဲ ဈေးအေးလျက်ရှိကြောင်း သိရှိရပါသည်။

     ဆန်ဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခဆန်အဟောင်းတစ်အိတ်လျှင် (၈၃၀၀၀/) ကျပ်မှ (၈၅၀၀၀/)ကျပ်၊ ဆန်အသစ်တစ်အိတ်လျှင် (၇၃၀၀၀/) ကျပ်မှ (၇၅၀၀၀/) ကျပ်ထိရှိခဲ့ပြီး မင်းလှမြို့မှ  ရန်ကုန်သို့ တစ်ရက်လျှင် ဆန်ကား (၄)စီးခန့်၊ မင်းလှမြို့မှ ပြည်ဘက်သို့ ဆန်ကား(၃)စီးခန့်တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် ရေလိုက်မတ်ပဲတို့လှိုင်လှိုင်ပေါ်

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်မှ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်သည် လက်ပံတန်းမြို့နယ်၊ တော်လသကျေးရွာရှိ တောင်သူဦးမောင်မြင့်ထံသို့ (၁၄-၂-၂၀၂၄) ရက်နေ့တွင်သွားရောက်၍ မေးမြန်းကွင်းဆင်းခဲ့ရာ မတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်ထက်သာလွန်၍ထွက်ရှိပြီး အကျိုးအမြတ်များစွာရရှိ‌နေကြောင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ရေလိုက်မတ်ပဲတို့လှိုင်လှိုင်ထွက်ရှိနေပြီး ဈေးနှုန်းမှာ ပေါ်စအချိန်မှစတင်ပြီး ယခုအချိန်ထိ ဈေးကောင်းရရှိနေကြကြောင်းသိရှိရပါသည်။

     ရေလိုက်မတ်ပဲများကိုစိုက်ပျိုးရာ ကိုင်းမြေများသည် မြစ်မခမြစ်ရေကြီး/ရေလျှံဖြစ်ပေါ်ပါက နုန်းတင်မြေနုများပေါ်တွင်စိုက်ပျိုးသော မတ်ပဲများမှာ သန်စွမ်းပြီး အထွက်နှုန်းကောင်းကြကာ ရေကြီးရေလျှံမဖြစ်ပေါ်သောနှစ်များတွင် နုန်းတင်မြေနုမဖြစ်ပေါ်သဖြင့် မတ်ပဲများမှာ အပင်သန်စွမ်းပြီး ပုံမှန်ထွက်ရှိကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ ၁၅တင်းနှုန်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရေကြီး/ ရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် အထွက်နှုန်းမှာ ၂၅တင်းနှုန်းနှင့်အထက်ထွက်ရှိကြောင်းသိရှိရပါသည်။

     ရေလိုက်မတ်ပဲစိုက်ပျိုးရာတွင် ထွန်ယက်ချိန်မှ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်မှာ ပုံမှန်ထွန်ယက်ခထက် တစ်ဝက်နှုန်းသက်သာပြီး လယ်ယာမြေထွန်ယက်ခြင်းအတွက် (၃၅၀၀၀)ကျပ်၊ (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အသီးအပွင့်အားဆေး) သွင်းအားစုကုန်ကျစရိတ်မှာ (၃၀၀၀၀၀)ကျပ်၊ ပဲနှုတ်ခ  (၇၀၀၀၀)ကျပ်၊ စက်ဖြင့်ချွေလှေ့ခမှာ တစ်တင်းလျှင် (၅၀၀၀/)ကျပ်နှုန်းဖြင့် (၂၅) တင်းထွက်ရှိသည့်အတွက် (၁၂၅၀၀၀)ကျပ်၊ သယ်ယူစရိတ်နှင့် လုပ်သားခ (၃၀၀၀၀) ကျပ်၊ ဆေးဖြန်းခ (၅)ကြိမ် (၂၀၀၀၀)ကျပ်၊ မျိုးတစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်းဖြင့် မျိုး(၃)စိတ် (၃/၄)တင်းအတွက် ကုန်ကျစရိတ်မှာ (၇၀၀၀၀)ကျပ်၊ စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ (၆၅၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ တစ်ဧကလျှင် အထွက်နှုန်း (၂၅)တင်းနှုန်းထွက်ရှိပြီး တစ်တင်းရောင်းဈေးနှုန်းမှာ (၁၀၀၀၀၀) ကျပ်ခန့်ဈေးနှုန်းဖြင့်ရောင်းချရသဖြင့် တစ်ဧကဝင်ငွေ (၂၅၀၀၀၀၀)ကျပ်ရရှိပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၈၅၀၀၀၀)ကျပ်အမြတ်ရရှိကြောင်း တောင်သူထံမှသိရှိရပါသည်။ ရေလိုက်မတ်ပဲသည် အစောဆုံးထွက်ရှိသော မတ်ပဲများဖြစ်ပြီး နှစ်စဉ်ဈေးကောင်းလည်းရရှိကြပါသည်။ ယခင်နှစ် မတ်ပဲတစ်တင်းရောင်းဈေးမှာ ၅၄၀၀၀ကျပ်၊ ယခုနှစ်ရေလိုက်မတ်ပဲတစ်တင်းရောင်းဈေးမှာ ၁၀၀၀၀၀ကျပ်နှင့်အထက်ဖြင့် ရောင်းချရကြောင်းသိရှိရပြီး တောင်သူများလည်းအကျိုးအမြတ်များစွာရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ အာမို (ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင်(၁၃၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၂၅၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀) ကျပ်၊ စူပါဂရိုးပလပ်စ်(၅၀၀)စီစီ တစ်ဘူးလျှင် (၂၁၀၀၀)ကျပ် ၊ အဆီဖိတ် (၅၀၀)ဂရမ် တစ်ထုတ်လျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ဆန်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ  ၁၅ ရက် နေ့အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၅၀၀၀၀၀ ၊ ဧရာမင်းစပါတင်း(၁၀၀)လျှင် ငွေကျပ်၂၇၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ဖေဖော်ဝါရီလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၇၀၀၀၀၀ ၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၂၇၅၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ငွေကျပ် ၂၀၀၀၀၀ နှင့် ၂၄ပြည် ပါ ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ငွေကျပ် ၅၀၀၀၀ နှင့် ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင်  ၅၀၀၀ ကျပ် မြင့်တက်ခဲ့ကြောင်း ၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၂၂၀၀ အိတ်၊ ရန်ကုန်တိုင်းဒေသ ကြီးသို့အိတ်ရေ ၄၅၀၀ အိတ် တန်အားဖြင့် ၃၃၅ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

                   

ပြည်မြို့၏ပေါ်ဦးပေါ်ဖျား မရမ်းသီးဈေးကွက်

    ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မရမ်းသီးများအနည်းငယ်ဝင်ရောက်စပြုနေသည်ကိုတွေ့ရပါသည်။ ပေါ်စအချိန်တွင် မရမ်းသီးများမှာ ရေလောင်း၍စိုက်ပျိုးထားခြင်းကြောင့် ဆီးသီးအရွယ်လောက်ရှိပြီး တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချသော်လည်း ဈေးတိုင်းတွင်မရှိဘဲ ရှိသည့်ဈေးတွင် ဈေးသည်တစ်ဦး/ နှစ်ဦးသာရောင်းချကြပါသည်။ ထိုမရမ်းသီးများမှာ ဥယျာဉ်မရမ်းသီးဖြစ်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ဝင်ရောက်လာသော မရမ်းသီးများမှာ အသေးစားအရွယ်ဖြစ်ပြီး ပြည်မြို့အနီးတဝိုက်ကျေးရွာများရှိ ဥယျာဉ်များတွင်စိုက်ပျိုးသော မရမ်းသီးများဖြစ်ကြောင်းသိရှိရပါသည်။ မရမ်းသီးဈေနှုန်းများမှာ အရွယ်အစားသေးလျှင် သေးသလိုဈေးကောင်းရပြီး ကြီးလျှင် ဈေးနှုန်းအနည်းငယ်လျော့နည်းသဖြင့် ယခုအပတ် ဖေဖော်ဝါရီလလယ်တွင် ဈေးတင်ရောင်းချသော မရမ်းသီးဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါ်ခါစအချိန်ဖြစ်၍ ဈေးသည်ဒိုင်တင်၍ ရောင်းချနိုင်ခြင်းမရှိသလို ဝယ်ယူစားသုံးသူလည်းနည်းနေသော်လည်း ငွေကြေးတတ်နိုင်သူတချို့သာဝယ်ယူစားသုံးကြသဖြင့် မရမ်းသီးဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ မရမ်းသီးဈေးနှုန်းများမြင့်တက်နေသော်လည်း နောက်ပိုင်းကာလာများတွင် လှိုင်လှိုင်ပေါ်လာလျှင် ဈေးနှုန်းများကျဆင်းလာနိုင်မည်ဖြစ်ပြီး ယခင်နှစ်မရမ်းသီးလှိုင်လှိုင်ပေါ်ချိန်ကာလတွင် မရမ်းသီးတစ်ဆယ်ကျပ်သားလျှင် (၄၀၀/၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀/၅၀၀၀) ကျပ်ဖြင့်သာရောင်းချခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုုးစုံဈေးနှုန်းဈေးကွက်

     ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်နှင့် စားတော်ပဲသီးနှံများရောင်းဝယ်လျက်ရှိပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၁၁၁၇၀၀ကျပ်ဖြင့် တစ်ရက်လျှင် ရန်ကုန်အဝယ်အိတ်(၃၀၀)ခန့်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို ၇၃၀၀၀ကျပ်ဖြင့် မန္တလေး အဝယ်တစ်ရက်လျှင် အိတ်၄၀၀ခန့်ရှိပါသည်။ ပဲစင်းငုံတစ်တင်းကို ၁၂၂၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၄၀၀ခန့်ရှိပါသည်။ ကုလားပဲ(HL) တစ်တင်းကို ၉၉၀၀၀ကျပ်၊ မြကြေးမှုန်တစ်တင်းကို ၉၈၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်အဝယ်တစ်ရက်ကို အိတ်၃၀၀ခန့်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ်၃၀၀ခန့် ပဲကြော်သမားများနှင့် မြို့တွင်းအဝယ်ရှိပါသည်။ စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၅၀ခန့်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၈၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၁၀၀ခန့်အဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်သွက်လျက်ရှိကာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ကျန်ပဲဈေးနှုန်းများမှာ ဈေးအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကွမ်းရွက်ဈေးနှုန်းမြင့်တက်

    တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ သစ်သီးဝလံပန်းမန်များနှင့်အတူ ကွမ်းရွက်များကိုလည်း လာရောက်ရောင်းကြပါသည်။ ယခင်နှစ်မိုးရာသီကာလတွင် ကွမ်းနုဝါမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၅၀၀ကျပ်အထိနှင့် မုံရွာကွမ်းမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိခဲ့ပါသည်။

     ယခုအချိန်သည် ကွမ်းရွက်များကြွေပြီး ရွက်နုထွက်ချိန်ဖြစ်သဖြင့် နှစ်စဉ်အလားတူကာလများ၌ ကွမ်းရွက်ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် ကွမ်းရွက်ဈေးနှုန်းများမှာ ကွမ်းနုဝါတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိ၊ မုံရွာကွမ်းမှာ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ကျပ်၁၈၀၀၀အထိဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

      ကွမ်းသီးမှာ ရွေးကွမ်းသီးတစ်ပိဿာလျှင် အသေး ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ အကြီး ၈၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိနှင့် ကွမ်းသီးပြောင်တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိသဖြင့် ယခင်လများအတိုင်း ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ပေါ်ဆန်းဆန်ဈေးနှုန်းအနည်းငယ်တက်ပြီး မတ်ပဲ၊ ပဲတီစိမ်းဈေးကျ

    တောင်ငူမြို့တွင် ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်မှ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။  

      စပါးတင်း၁၀၀လျှင် ၂၄၀၀၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၄၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

      မတ်ပဲ(၃၀ပိဿာဝင်အိတ်)မှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၅၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၄၉၅၀၀ကျပ်၊  ပဲတီစိမ်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ပဲလွန်းဖြူမှာ တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင် စပါးစိုက်ဧကမှာ (၅၀၀၀-၆၀၀၀)အတွင်းသာရှိပြီး မနောသုခ၊ ဆင်းသုခမျိုးများကိုစိုက်ပျိုးကြသည်။ ဒေသထွက်စပါးများကိုကြိတ်ခွဲပြီး ဒေသအတွင်း၌ စားသုံးကြသည့်အပြင် တခြားမြို့ကြီးများမှ စပါးများကိုဝယ်ယူကြိတ်ခွဲ၍ စားသုံးရောင်းချခြင်းများလည်းပြုလုပ်ကြသည်။ စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် တင်း(၁၀၀)ကို ကျပ်(၁၈၅၀၀၀၀) ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။

     ဆန်ဈေးများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(ဒုတိယပတ်)တွင် ဆန်ဝင်ရောက်မှုမှာ ဧရာဝတီ၊ မြောင်းမြ၊ ပုသိမ်မြို့များမှ ဝင်ရောက်မှုများသောကြောင့် အောက်ဘက်ဆန်ဈေးနှုန်းများအနည်းငယ်ကျပြီး ရွှေဘို၊ စလင်း၊ ရှောက်တောဘက်မှလာသော ဆန်များမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရသည်။

    ဒေသထွက်မနောသုခနှင့် ဆင်းသုခမှာ တစ်အိတ်လျှင် ကျပ်(၉၀၀၀၀-၉၂၀၀၀)၊ ဧရာဝတီတိုင်းဘက်မှလာသော မနောသုခအုပ်စုများဖြစ်သည့် ချန်ဧရာတစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ စံပယ်ဦးတစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ စိန်စံပယ်တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ ပွင့်ဖူးသစ်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ချန်သုခ(သစ်) တစ်အိတ်လျှင် ကျပ် (၈၇၀၀၀)၊ ရွှေသမင် (သီးထပ်) တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ပခန်းသုခ(ဟ) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)ရှိပြီး၊ ဇီယာအုပ်စုဖြစ်သည့် မိုးဇီယာတစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ချမ်းငြိမ်းကျော် (ဟ)တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ တိတ်ဝမ်(သ)တစ်အိတ်လျှင် ကျပ်(၉၀၀၀၀) ဈေးရှိပါသည်။ ဧရာဝတီဘက်မှဝင်ရောက်လာသောဆန်များမှာ ရွှေဘို၊ စလင်း၊ ရှောက်တောဘက်မှလာသော ဆန်များထက် အရည်အသွေးအနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသောကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်းသိရှိရပါသည်။

  ဧရာပဒေသာအုပ်စုအနေဖြင့် စလင်းရှောက်တောမှလာသော ဝန်ကြီးပဒေသာရှယ်(သစ်)၊ အမေ့နို့ရည်(သစ်)၊ မိသားစုရှယ်(သစ်) ဆန်များမှာ ဇန်နဝါရီလကုန်ပိုင်းတွင် ကျပ်(၁၆၀၀၀၀-၁၆၅၀၀၀)မှ ယခုဖေဖေါ်ဝါရီလလယ်ပိုင်းတွင် ကျပ်(၁၇၅၀၀၀-၁၇၆၀၀၀)နှင့် ကျပ် (၁၀၀၀၀)ကျော်ဈေးနှုန်းတက်လာသည်ကိုသိရှိရသည်။ ရွှေဘိုပေါ်ဆန်းမွှေးရှယ်(သစ်) တစ်အိတ်လျှင် ကျပ် (၁၇၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ကောက်ညှင်းဆန်ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဈေးငြိမ်နေပြီး ဆန်လတ်ဈေးတစ်အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ဆန်ဝါတစ်အိတ်လျှင် ကျပ်(၆၂၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး  ဈေးနှုန်းများမြင့်တက်နေပါကြောင်း သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ  (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင်  ကျပ် ၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၈၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၃၄၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဖေဖော်ဝါရီလ  (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၃၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၂၀၀ နေပြည်တော်သို့ အိတ်ရေ ၃၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၈၀၀၊ မွန်သို့ အိတ်ရေ ၉၉၀၀၊ ကချင်သို့ အိတ်‌ရေ ၃၉၅၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀  စုစုပေါင်း အိတ်ရေ (၇၀၇၅၀)  အိတ်၊ တန်အား ဖြင့် (၃၅၃၇)  စီးထွက်ခဲ့ပြီး ယခု  ဖေဖော်ဝါရီလ  (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၉၅၀၀ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၀၀၀၊ မွန်သို့ အိတ်ရေ ၆၁၂၀၊ ကချင်သို့ အိတ်‌ရေ ၁၅၈၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀  စုစုပေါင်း အိတ်ရေ (၆၈၂၀၀)  အိတ်၊ တန်အား ဖြင့် (၃၄၁၀) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၅၅၀) အိတ်၊ တန်အားဖြင့် ( ၁၂၇) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း