ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် တရုတ်ပဲကြီးဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင် ရောင်းချသည့် တရုတ်ပဲကြီးဈေးနှုန်းမှာ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၁၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါ ယခင်အပတ်၌ တရုတ်ပဲကြီး(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်ရောင်းသည့် ပဲကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၆,၇၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ မေလ ၄

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊မေလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရန်ကုန်အထိုင် ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၇၀၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

              အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲလုံး ရေစိမ်ဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်း သိရှိရပါသည်။ စားတော်ပဲများကို မန္တလေးမြို့မှဝယ်ယူပြီး အစိမ်းသာမက ရေစိမ်၍လည်း ရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲရေစိမ်ဈေးနှုန်းမှာ (၁)ပြည်လျှင် (၃၅၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊  တစ်နေ့လျှင် စားတော်ပဲ(၈)ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များ မှာဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများ ကိုဒေသတွင်းထွက်ရှိသည့် စားတော်ပဲများသာမက မန္တေလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၁၃၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှုန်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် စားတော်ပဲ(၁)ပြည်လျှင်(၂၀ဝိ/-)ကျပ် ဈေးနှုန်းပိုမိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ် ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာ ပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုလာပဲလုံးဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲလုံးများ ကိုဒေသတွင်းအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၈၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင် နှစ်မျိုးရှိပြီး ရောင်းချရသည့် ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ် ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုလားပဲဆံဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင် ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ (၁)ပြည်လျှင် (၇၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၁၈၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည်လျှင် (၇၉၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ကုလားပဲဆံ(၁)ပြည်လျှင် (၁၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်လတ်မြို့ အသင့်စား ငါးရံ့ခြောက်ဖုတ် လုပ်ငန်း MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-မြို့နယ်တာဝန်ခံ ဦးတင်စိန်၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမင်းမင်းဦး တို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျိုက်လတ်မြို့ပေါ်ရှိ “ချယ်ရီ” အသင့်စား ငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့ သွားရောက်ပြီး အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်း မေးမြန်းခဲ့ပါသည်။

     လုပ်ငန်းရှင်မှ ကျိုက်လတ်မြို့ပေါ်တွင် အသင့်စား ငါးရံ့ခြောက်ဖုတ် လုပ်ငန်းလုပ်ကိုင်နေသူ ၁၀ ဦးရှိ၍ မိုးတွင်းအတွက်ပါ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိပြီး နှစ်ပတ်လည် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ၊ ငါးရံ့အစို တစ်ပိဿာလျှင် (၁၂၀၀၀) ၊ (၁၄၀၀၀) ကျပ်ဈေးဖြင့် ဝယ်ယူရပြီး ငါးခွဲလုပ်သားခ၊ နေလှန်းခ၊ မီးဖုတ်ထုသည့် လုပ်အားခ၊ မီးသွေးဖိုး၊ ပဲဆီအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်များ နှုတ်လျှင် တစ်ပိဿာကို ကျပ်ထောင်ဂဏန်း ဝန်းကျင် အကျိုးအမြတ်ရရှိကြောင်း၊ ငါးရံ့ခြောက် တစ်ဆယ်ကျပ်သား တစ်ဘူးလျှင် ၂၆၀၀၀ ကျပ်၊ ငါးကျပ်သား တစ်ဘူးလျှင် ၁၄၀၀၀ ကျပ်၊ နှစ်ကျပ်ခွဲသား တစ်ဘူးလျှင် ၇၀၀၀ ကျပ် ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ကျိုက်လတ်မြို့နယ် ထွက်ကုန်ငါးရံ့ခြောက်များကို ဒေသတွင်းစားသုံးမှုရှိသည့်အပြင် ရန်ကုန်မြို့သို့ ကားနှင့် တင်ပို့ရောင်းချမှုရှိပြီး မြန်မာနိုင်ငံ အနှံ့အပြား အမြန်ချောပို့ဖြင့် ရောင်းချပေးလျက်ရှိသလို ပြည်တွင်းစားသုံးရန်သာမက ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများနှင့် အလည်အပတ်သွားရောက် သူများမှာလည်း အသင့်စားငါးရံ့ခြောက်များကို အများဆုံးမှာယူဝယ်ယူလျက်ရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်ဝေစု ရရှိနိုင်သော MSMEs ထုတ်ကုန်အဖြစ် အလားလာကောင်းများ ရှိနေကြောင်း ဈေးကွက်မှ သိရသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်တွင်းပြည်ပဈေးကွက်ဝင် ငါးရှဉ့်ဈေးကွက်

     ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-မြို့နယ်တာဝန်ခံ ဦးတင်စိန်၊ တိုင်းဒေသကြီးဦးစီးမှူးရုံး သတင်းဌာနခွဲမှ ဦးမင်းမင်းဦးတို့သည် ဧပြီလ ၁ ရက်နေ့ တွင် ကျိုက်လတ်မြို့ပေါ်ရှိ ပြည်တွင်းပြည်ပ ဈေးကွက် ဈေးကွက်ဝယ်လိုအားရှိသော “ရတနာမိုး” ငါးရှဉ့် အဝယ်ဒိုင်သို့ သွားရောက်ခဲ့ပါသည်။

    ငါးရှဉ့်တွင် ပရိုတင်းဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပါဝင်၍ သွေးအားကောင်းစေပြီး ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာ တစ်ခုအဖြစ် ပြည်ပနိုင်ငံများတွင် စားသုံးမှုရှိကြောင်း ၊ ပြည်တွင်းတွင် ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း သိရသည်။ ငါးရှဉ့်မှာ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သော်လည်း ယခုလို နွေရာသီတွင် ငါးရှဉ့် အဝင်နည်း၍ မိုးတွင်းမှာ ငါးရှဉ့်သားပေါက်ရာသီဖြစ်ပြီး ငါးရှဉ့်အဝင်ပို၍ များကြောင်း၊ မိုးတွင်းငါးရှဉ့် လှိုင်လှိုင်ပေါ်ချိန် (၁) ပိဿာကို ကျပ် ၈၀၀၀/ ၁၀၀၀၀ အတွင်းရှိပြီး ယခုလိုနွေရာသီတွင် ငါးရှဉ့် (၁) ပိဿာကို  ကျပ် ၂၅၀၀၀ နှုန်းဖြင့် ဈေးနှုန်း ပိုမိုရရှိကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ငါးရှဉ့်များ ဖမ်းဆီး၍ မြို့ပေါ်အဝယ်ဒိုင်များသို့ လာရောက်ရောင်းချလျက်ရှိရာ ယခုလို နွေရာသီတွင် တစ်နေ့လျှင် ၄ / ၅ ပိဿာခန့် ဝယ်ယူရရှိပြီး မိုးတွင်းကာလများတွင် တစ်နေ့ ပိဿာချိန် ၄၀ / ၅၀ အထိ ဝယ်ယူရရှိကြောင်း ၊ ကျိုက်လတ်မြို့နယ်အတွင်းတွင် ငါးရှဉ့်အဝယ်ဒိုင် ၁၀ ဒိုင်ခန့်ရှိ၍  ဝယ်ယူထားသော ငါးရှဉ့်များကို ရေနှစ်ထပ် ၊ သုံးထပ် လဲလှယ်ပြီး ဖော့ပုံး၊ ပလတ်စတစ်ပုံးများတွင် ငါးရှဉ့် ၁၅ ပိဿာထည့်သွင်းပြီး ရန်ကုန်မြို့ရှိ လှိုင်သာယာ၊အင်းစိန်၊ ကြို့ကုန်း ငါးရှဉ့်အဝယ်ဒိုင်များသို့ တင်ပို့လျှက်ရှိပါသည်။ ရန်ကုန်မှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့ပြီး ပြည်ပဝင်ငွေ ရှာဖွေပေးလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(ဧရာဝတီ)

“ အုန်းခွံဘေးထွက်ပစ္စည်းမှ ဝင်ငွေရနေသော အုန်းဆံကြိုးလုပ်ငန်း”

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုမြို့နယ်တာဝန်ခံ ဦးတင်စိန်၊ ပုသိမ်          သတင်းဌာနခွဲမှ ဦးမင်းမင်းဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျိုက်လတ် မြို့ပေါ်ရှိ ဦးနိုင်လင်း  အုန်းဆံကြိုး လုပ်ငန်းသို့ သွားရောက်၍ အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု​၊ ထုတ်လုပ်မှု ဈေးကွက် အခြေအနေတို့အား လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

     ဖျာပုံခရိုင်သည် အုန်းပင်စိုက်ဧက ၁၉၀၀၀ ခန့်ရှိပြီး ဒေသတွင်းထွက်ရှိသော အုန်းသီးများကို အခွံခွာ၍ ရန်ကုန်၊မန္တလေးနှင့် အခြားမြို့နယ်များသို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ အဝယ်ဒိုင်မှ ဝယ်ယူထားသော အုန်းသီးများကို အခွံခွာရာတွင် ထွက်ရှိလာသော ဘေးထွက်ပစ္စည်းအုန်းခွံများကို ကျိုက်လတ်မြို့ပေါ်ရှိ အုန်းဆံကြိုးလုပ်ငန်းရှင် ဦးနိုင်လင်းမှ တစ်ခွံလျှင် ၃၅ ကျပ်ဖြင့် ဝယ်ယူ၍ ဈေးကွက်တွင် အုန်းဆံကြိုး ပြုလုပ်ရောင်းချရာတွင် အကျိုးအမြတ်ရရှိနေသော အသေးစား MSMEs လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြောင်းပြောကြားပါသည်။

    အုန်းဆံကြိုးပြုလုပ်ရန်အတွက် အုန်းခွံကို စက်ဖြင့် ကြိတ်၍ (၁) ည ရေစိမ်ပြီး အုန်းခွံကို စက်ဖြင့် ပြန်ခြစ်၍ အုန်းခွံကို သန့်ရပါသည်။ သန့်ပြီးသား  အုန်းခွံများကို အရပ်အခေါ် ဗိုင်းတောင်လုပ်စက်ဖြင့် ပြန်ဆွဲ၍ ကြိုးကျစ်ပြီး ရရှိလာသော အုန်းခွံကြိုး ၁ ခင်ကို ၅၀၀ ကျပ် ဈေး၊ အခင်၂၀၀ ပါ ၁စည်းကို ကျပ် ၇၀၀၀၀/၇၅၀၀၀ ဈေးနှုန်းဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့နှင့် အခြားမြို့နယ်များရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၌ ငြမ်းဆင်ရာတွင် သုံးစွဲလျက်ရှိကြောင်း၊ လုပ်သားအင်အား ၇ ဦးခန့်ရှိပြီး တစ်နေ့လျှင် လုပ်အားခ ကျပ် ၅၀၀၀/၁၀၀၀၀ အတွင်းရရှိကြောင်း အုန်းခွံဘေးထွက်ပစ္စည်းများမှ အပိုဝင်ငွေ ရရှိနေသော အုန်းဆံကြိုးလုပ်ငန်းနှင့် ပက်သက်၍ သက်ဆိုင်ရာ ဌာနများတွင် လိုအပ်သော မှတ်ပုံတင်များ ထားရှိရန်နှင့် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သော အခွန်အခများ ရရှိပြီး လုပ်ငန်းရှင်အတွက်လည်း အကျိုးအမြတ်ရရှိ၍ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း များရှိနေသော အသေးစား MSMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့ဌာနမှလည်း သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒု-မြို့နယ်တာဝန်ခံမှလည်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဘိလပ်မြေအမျိုးအစားအလိုက် ဈေးကွက်အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေမှာ ယခုတစ်ပတ် (၃၁-၃-၂၀၂၅) ရက်နေ့မှ (၁-၄-၂၀၂၄) ရက်နေ့အထိ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခဲ့ကြောင်း သိရှိရပြီး ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ရန်ကုန်မှ ပစ္စည်းအဝင်နည်းပါးသဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချကြပြီး ရန်ကုန်အဝင်ဈေးနှုန်းပေါ် မူတည်၍ ဈေးနှုန်းများ အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။

    ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် Alpha အမျိုးအစား ဘိလပ်မြေမှာ မတ်လ နောက်ဆုံးပတ်အတွင်း တစ်အိတ်လျှင်  ၂၅၀၀၀ကျပ်မှ ၁-၄-၂၀၂၅ ရက်နေ့ဈေးမှာ ၂၆၀၀၀ကျပ်ဈေးနှုန်းဖြစ်ပြီး ကွာဟချက် ၁၀၀၀ကျပ် မြင့်တက်လာခဲ့ပါသည်။ Apache ယခင်ဈေး ၂၄၀၀၀ကျပ်မှ ယခုဈေ’ ၂၅၀၀၀ကျပ် ငွေကျပ် ၁၀၀၀ကျပ် မြှင့်တက်၊ ယခင် ဆင်မင်းဈေး ၂၇၀၀၀ကျပ် ယခုဈေး ၂၇၅၀၀၀ကျပ် ဖြစ်၍ ၅၀၀ကျပ် မြင့်တက်လာကြောင်း ဈေးကွက်အတွင်း ရောင်းချဆိုင်များမှ ကွင်းဆင်းချက်အရ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း