ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ရဲ့သပြေငုတ်ဈေးနှုန်းဈေးကွက်

    သပြေငုတ်သည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်၊ အနီရောင်အဆင်းရှိပြီး လူကြိုက်များ၍ မြန်မာလူမျိုးတို့သည် သပြေငုတ်ကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေငုန်ပင်များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း  ပန်းရောင်းချသူများထံမှ သိရသည်။

   အဆိုပါသပြေငုတ်ကြီး(၁)ငုတ်လျှင် (၆၀၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

    အစိမ်းရောင်ရင့်ရင့်ပန်းဂေါ်ဖီစိမ်းသည် အဟာရဓါတ်ကြွယ်ဝပြီး အစာချေဖျက်ခြင်း၊ နှလုံးနှင့် သွေးကျောများစနစ်၊ ကိုယ်ခံအားစနစ် ကင်ဆာကာကွယ်နိုင်တဲ့ ဓါတ်သတ္တိတို့ အများအပြား ပါဝင်ပါသည်။ ဆိုဓီယမ်းနှင့် ကယ်လိုဒီပါဝင်မှု နည်းပါးပြီး အဆီလုံးဝမပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သောကြောင့် ပုသိမ်မြို့နယ်အတွင်း ရောင်းအားကောင်းလျက်ရှိသော ကြောင့် ကုန်စိမ်းသည်များက ရန်ကုန်မှာ မှာယူရောင်းချကြောင်း သိရသည်။

    ပုသိမ်မြို့တွင် ပန်း‌ဂေါ်ဖီပွင့် စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၂၀ဝိ/-နှင့် ၁၃၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၅၀ဝိ/- နှင့် ၁၈၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့၏ ဂေါ်ဖီထုပ်ဈေးကွက်

    ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး စားသုံးသူများကြိုက်နှစ်သက်သည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို လူအများစုက ဟင်းချိုချက်ခြင်း၊ အသား တစ်မျိုးမျိုးဖြင့် အစိမ်းကြော်၍စားသုံးခြင်း၊ အသုပ်ထဲထည့်၍စားသုံးခြင်း၊ အကြော်စုံများနှင့်တွဲဖက် စားသုံးခြင်းနှင့် တို့စရာအဖြစ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ် အစားအစာမဟုတ်ပဲ တစ်နှစ်ပတ်လုံးဝယ်ယူစားသုံး၍ရရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။

    ပုသိမ်မြို့အတွင်းရှိဈေးကွက်များတွင် ဂေါ်ဖီထုပ်ရောင်းချသော ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပုသိမ်မြို့ရှိ ကင်မွန်းချဉ်ရွက်ဈေးနှုန်းဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ လယ်ယာမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကင်ပွန်းရွက်ကို စားကြပေမယ့် အသီးနဲ့ အခေါက်ကိုတော့ ဆံသားနဲ့ အရေပြား ကျန်းမာရေးအတွက် အသုံးပြုကြပါသည် နုတဲ့အချိန်မှာ ပန်းရောင်ရင့်ရင့်လေး ရှိပြီး ရင့်လာတဲ့အခါ အစိမ်းရောင် ပြောင်းလာပါတယ်။ ချဉ်တဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့ ဟင်းလျာ တစ်မျိုး ပါ၊နွေရာသီတွင်ဟင်ချိုလေးချက်သောက်ရင်ထမင်းစားမြိန်ပါသည်။ပုစွန်လေးနဲ့ကြော်စားရင်လည်းကောင်းပါသည်။

     ထို့အပြင် ကင်ပွန်းချဉ်ရွက်များကို အစည်းလေးများစည်း၍ရောင်းချရာ (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်၊ ဖြင့် ရရှိ၍ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ရှိကန်စွန်းရွက်ဈေးနှုန်းဈေးကွက်

   ပုသိမ်မြို့ရှိ ကန်စွန်းရွက်များကို စိုက်ပျိုးကြပြီး ကန်စွန်းရွက်များကို ပုသိမ်မြို့မဈေးတွင် ရောင်းချ၍ ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသည် နောက်တစ်ခုကတော့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားပေးရပါသည်။

   ထို့အပြင်၂၀၂၅ ခုနှစ်၊ ဧပြီလ ကန်စွန်းရွက်(၁)စည်းလျှင်(၂၀၀)ကျပ်၊ ကန်စွန်းရွက်(၃)စည်းလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကန်စွန်းရွက်များကို  အိမ်ရှင်မများဟင်းချက်ရာတွင်လည်း ကောင်း၊စားသောက်ဆိုင်များနှင့် အထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြသဖြင့်ကန်စွန်း ရွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။    

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီး စင်ထိုးစိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး နို့ဆီတစ်ဘူးလျှင်(၃၀၀)ကျပ်နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကြံသကာဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု  ခရိုင်းစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံအထွက်နှုန်းများ၊ သီးနှံဈေးနှုန်းများ၊ တစ်ဧကုန်ကျစရိတ်များနှင့် ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

    ယခု ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်တွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၈၀၀ကျပ် ၊ (၅၀)ကျပ် သားလျှင် ၃၀၀၀ ကျပ်နှင့် (၂၅)ကျပ်သားလျှင် ၁၅၀၀ကျပ်တို့ဖြင့်ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ဈေးနှုန်းကျဆင်းနေသည့် ကန်စွန်းဥ ဈေးနှုန်း/ ဈေးကွက်

   ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ကန်စွန်းဉများကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊ ကန်စွန်းဉများမှ ရွှေဝါကန်စွန်း၊ ခါကြက်ကန်စွန်းနှင့် ငချိတ်ကန်စွန်းဟူ၍ အမျိုးမျိုးရှိကြောင်း၊ ကန်စွန်းဉများကို စားသုံးသူများသာမက တစ်ဆင့်ပြန်လည်ရောင်းချမည့်ဈေးသည်များ၊  ကန်စွန်းဉပြုတ်ရောင်းချမည့် ခေါင်းရွက်ဗျက်ထိုးဈေးသည်မှလည်း ဝယ်ယူရောင်းချကြောင်းနှင့် ကန်စွန်းဉများကို အလှူအတန်းပွဲများတွင် ပူတင်းသော်လည်းကောင်း၊ ကန်စွန်းယိုအဖြစ်လည်း အချိုပွဲအဖြစ်အသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ကန်စွန်းဥဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၂၀၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-) ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ရှိ ဈေးများတွင် ကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ ဈေးများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်နီ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်နီ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ သမံသာရွာ၊ မင်းကျီရွာနှင့် ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချကြသည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ကြက်သွန်နီအမျိုးအစားများမှာ ရွှေဖလားမျိုးနှင့် မြစ်သားမျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ကြက်သွန်နီ (အသစ်)များလှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများကျဆင်းနေသည့်အပြင် ယခုအချိန်တွင် ကြက်သွန်နီ (အသစ်)များမှာ ရေကုန်ပြီးခြောက်သွေ့၍ လှောင်ထားနိုင်သည့်အနေအထားရှိသည့်အတွက် စားသုံးသူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများမှ လှောင်ထားရန်အတွက်သော်လည်းကောင်း၊ အခါကြီးရက်ကြီးဖြစ်သည့် သင်္ကြန်တွင် ဘုန်းကြီးကျောင်းလှူရန်အတွက်သော်လည်းကောင်း၊ မိဘ ဆွေမျိုးများ ကန်တော့ရန်အတွက် ကြိုတင်၍ စုထားကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ (ပထမပတ်) တွင် ရောင်းချသည့် ကြက်သွန်နီ (အသစ်) ဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-)ကျပ်ထိ ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

   

ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်မြင့်တက်

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ခရမ်းချဉ်သီးများကို မန္တလေးမြို့နှင့် ရေဦးမြို့များမှ သယ်ယူရောင်းချကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးမှာအခက်အခဲဖြစ်၍  ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊  ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာ အရွယ်အစား ပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၀၀ဝိ/-)ကျပ်မှ (၁၅၀ဝိ/-) ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း