ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထွက်လှိုင်၊ အရောင်သွက် အရည်အသွေးလှနေသည့် ရှမ်း(တောင်) ပဲပန်း ဈေးကွက်

             ပဲပန်းကို အေးမြသော ဒေသများဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော၊ အောင်ပန်း၊ ပင်းတယဒေသများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြင်ဦးလွင်ဒေသနှင့် ချင်းတောင်တန်း အချို့နေရာများတွင် စီးပွားဖြစ်စိုက်ပျိုးသော အရေးပါသည့် အဓိက ကုန်သွယ်ရေးပန်းတစ်မျိုးဖြစ် ကြောင်း လေ့လာသိရှိရပါသည်။ ပဲပန်းကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလမှ မတ်လအထိ အထွက်လှိုင်၍ ဈေးကွက်အဝင်ကောင်းကာ အရောင်းသွက်နေကြောင်း သိရှိရပါသည်။

         ပဲပန်းရောင်စုံအပွင့်များကို စိတ်ကြိုက်စုစည်း၍ ဘုရားပန်းကပ်ခြင်း၊ အခမ်းအနားနှင့် ဧည့်ခန်းများတွင် အလှဆင်ခြင်းတွင် အသုံးပြုကြပြီး ပဲပန်း၏လှပမှုဖြင့် စိတ်ကြည်နူးမှုရရှိနိုင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ပဲပန်းရိုးတံတစ်တံလျှင်လက်လီဈေးနှုန်းမှာ(၅၅၀-၁၀၀၀)ကျပ်နှင့် လက်ကားဈေးနှုန်းမှာ ပဲပန်းရိုးတံတစ်တံလျှင် (၁၅၀၀-၂၀၀၀)ကျပ်ထိ ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

           ပဲပန်းများကို အစီးလိုက်ထုပ်ပိုးပြီး စက္ကူပုံးများဖြင့်ထည့်၍ ရန်ကုန်၊ မန္တလေးဒေသစုံသို့တင်ပို့ပြီး ဂျပန်၊ စင်္ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့လည်း လေကြောင်းဖြင့် တင်ပို့ကြပါသည်။

         ပဲပန်းစိုက်တောင်သူအစုအဖွဲ့များအနေဖြင့် စီးပွားဖြစ် တွက်ခြေကိုက်သောပန်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ပေါ်ဦးပေါ်ဖျား စတော်ဘယ်ရီသီးလေးများ

         စတော်ဘယ်ရီပင်ကို သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ မှ ၆၀၀၀ အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကို ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြကြောင်း၊ တောင်ပေါ်ဒေသ နေရာအများအပြားတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလာကြကြောင်း သိရပါသည်။

            စတော်ဘယ်ရီပင်များကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒေသသီးခေါ် အလုံးသေးအသီးများသာမက ခပ်ပြားပြားသဏ္ဌာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီး ချိုသောဂျပန်သီးများကိုလည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထွက်ရှိလာသော စတော်ဘယ်ရီသီးများကို ဒီဇင်ဘာလမှစတင်ပြီး မေလအထိ ခူးဆွတ်ကြကြောင်း သိရသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှပိဿာ ၃၀၀၀ မှ ၄၀၀၀ ခန့်အထိထွက်ရှိပြီး စတင်ခူးဆွတ်ချိန်မှ ရက်ပေါင်း ၆၀ ခန့် နေ့စဉ်ပုံမှန်ခူးဆွတ်နိုင်သော်လည်း ငါးရက်တစ်ကြိမ်ခူးဆွတ်ပါက ပိုမိုကောင်းမွန်ကြောင်း သိရသည်။

            ယခုအခါ စတင်ထွက်ပေါ်လျက်ရှိသည့် ပေါ်ဦးပေါ်ဖျား ဂျပန်သီးများကို တစ်ပိဿာခန့်ရှိသည့် တစ်ခြင်းလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ခန့် အထိရောင်းချပြီး ဒေသတွင်းရှိ စတော်ဘယ်ရီယိုလုပ်ငန်းများနှင့် မိရိုးဖလာ စတော်ဘယ်ရီဝိုင်စိမ်သော လုပ်ငန်းများသို့လည်း လက်လီ/ လက်ကား ဈေးနှုန်းများဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့ ၊မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ပဲတောင့်ရှည်သီးနှင့် ခဆော့သီးဈေးနှုန်း

                                စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများရောင်းချလျက်ရှိရာယခုအခါပဲတောင့်ရှည်သီးပင်နှင့်ခဆော့ပင်များကိုနေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်းစိုက်ပျိုး၍ရောင်းချလျက်ရှိကြောင်းသိရသည်။ပဲတောင့်ရှည်သီးနှင့်ခဆော့သီးများကိုကြော်စား၊ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြ ကြောင်းသိရသည်။

                ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပဲတောင့်ရှည်သီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပဲတောင့်ရှည်သီး()စည်းလျှင် (၄၀၀)ကျပ်၊ ()စည်းလျှင် (၁၀၀၀)ကျပ် နှင့်ခဆော့သီးများကို နို့ဆီဘူး()ဘူးလျှင် (၈၀၀)ကျပ်နှင့် ()ပြည်လျှင်(၆၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲစောင်းလျားသီး၊ ရုံးပတေသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ရုံးပတေသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားပင်၊ ရုံးပတေသီးပင်နှင့် ခရမ်းကြွပ်သီးပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ရောင်းချ လျက်ရှိကြောင်းသိရသည်။ ပဲစောင်းလျားသီး၊ ရုံးပတေသီးနှင့် ခရမ်းကြွပ်သီးများကို သုပ်စား၊ ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

            ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပဲစောင်းလျားသီး၊ ရုံးပတေသီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာ များမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပဲစောင်းလျားသီး()တောင့်ပါ ()စည်းလျှင် (၅၀၀)ကျပ်၊ ()စည်းလျှင် (၁၃၀၀)ကျပ်၊ ရုံးပတေသီး()ပိဿာလျှင် (၄၈၀၀)ကျပ်၊(၅၀)ကျပ်သားလျှင် (၂၄၀၀) ကျပ်၊(၂၅)ကျပ်သားလျှင်(၁၂၀၀)ကျပ်၊ ခရမ်းကြွပ်သီး()ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် နွေပဲသီး ဈေးနှုန်း အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးကြပြီး ရာသီစာသီးနှံများနှင့် စားဖို ဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

              ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နွေပဲသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ နွေပဲသီးပင်သည် အသီးရော အရွက်ပါ စားသုံးနိုင်သောအပင် ဖြစ်ကြောင်း၊  နွေပဲသီးသည် ဆောင်းရာသီးနှင့် နွေရာသီတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ နွေပဲသီးတွင် ()မျိုးရှိပြီး အဖြူရောင်နွေပဲသီးနှင့် အစိမ်းရောင်နွေပဲသီးတို့ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိသည့် နွေပဲသီး(၂၅)ကျပ်သားလျှင် (၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ()ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြို့မဈေးရှိ ကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ကြီးမြို့တွင် အရောင်းသွက်လျက်ရှိသော  Tiramisu Cake

         မြန်မာနိုင်ငံရှိ လူငယ်များကြား ရေပန်းစားနေသည့် အီတလီနိုင်ငံရဲ့ အချိုပွဲတစ်မျိုးမှာ Tiramisu (တီရာမိဆု) ဖြစ်ပါသည်။ အီတလီဘာသာနဲ့ Tiramisu အဓိပ္ပာယ်ကတော့ "ငါ့ကို လန်းဆန်းသွားအောင် လုပ်ပေးပါ" (Pick me up)ဟု ဆိုပါသည်။ မူလအရသာသည် ခရင်မ်ပေါ်တွင် ကိုကိုးမှုန့်ဖြူးထားသည့် နူးညံ့အိစက် ခါးသက်ချိုဆိမ့်သော အရသာမျိုး ဖြစ်ပါသည်။

          Tiramisu မှာပါဝင်သည့် ပစ္စည်းတွေကတော့ ကိတ်မုန့်ခြောက်၊ ဘီစကစ်မု့န်များ အရမ်းနူးညံ့ပြီး အဆီအနှစ်ပြည့်ဝတဲ့ အီတလီချိစ် တစ်မျိုး၊ ကိတ်မု့န်ခြောက်နှင့် ဘီစကစ်များ နှစ်ရန်အတွက် ပြင်းရှရှကော်ဖီခါးနှင့် ကိတ်ရဲ့အပေါ်ဆုံးမှာ ဖြူးပေးရန်အတွက် ကိုကိုးမှုန့်တို့ ဖြစ်ပါသည်။

           ကော်ဖီရဲ့ ခါးသက်သက်အရသာ၊ နူးညံ့အိစက်လှတဲ့ ချိစ်ရဲ့ အဆိမ့်အရသာနှင့် အချိုအရသာ ၃ခုကို ပေါင်းစပ်ထားတာကြောင့် ချိုအီသွားတာမျိုး မဟုတ်ဘဲ အရမ်းကိုစားကောင်းလှပါသည်။ ယခုအခါ Tiramisu ကို မူလအရသာအပြင် တီထွင်ဆန်းသစ်ပြီး အရသာအမျိုးမျိုးဖြင့် ဈေးကွက် အတွင်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ တောင်ကြီးမြို့တွင် Tiramisu Cake ကို အသုံးပြုသည့် ပါဝင်ပစ္စည်းများအပေါ်မူတည်၍ တစ်တုံးလျှင် (၆၀၀၀/-) မှ (၁၅၀၀၀/-)ထိ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)အတွင်း ဆန်များ စီးဝင်မှု အခြေအနေ

      ရှမ်းပြည်နယ်တွင် ဒေသတွင်းဆန်ထွက်ရှိမှုမှာ (၉၂၅၃၄၁)တန် ဖြစ်ပြီး သုံးစွဲမှုမှာ (၉၀၁၁၈၉)တန်၊ ပိုလျှံမှုမှာ (၂၄၁၅၁)တန် ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် ဆန်ဖူလုံမှုရှိပြီး ဆန်လိုအပ်မှုမရှိသော်လည်း ပြည်နယ်အတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ရွှေ့ပြောင်းလုပ်သားပြည်သူများအနေဖြင့်  ဒေသမှထွက်ရှိသော ဆန်ကို စားသုံးမှုနည်းပါးပြီး အခြားတိုင်းဒေသကြီးများမှ ဆန်များကို ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

        အခြား တိုင်းဒေသကြီးများမှ ရှမ်းပြည်နယ်အတွင်းသို့ ဆန်များစီးဝင်မှုအခြေအနေများအား ကလောမြို့နယ်၊ နမ့်ပန်တက်စစ်ဆေးရေးဂိတ်တွင် စာရင်းကောက်ယူပြုစုလျက်ရှိပါသည်။ ရှမ်းပြည်နယ် အတွင်းသို့ အများဆုံးစီးဝင်လျက်ရှိသော ဆန်အမျိုးအစားများမှာ ဧည့်မထ၊ ငစိန်၊ ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်း ဆန်များဖြစ်ပါသည်။

       ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)အတွင်း ဆန်များ စီးဝင်မှု အခြေအနေမှာ ပဲခူးတိုင်းဒေသကြီး မှ (၃၇) တန်၊ မန္တလေးတိုင်းဒေသကြီး မှ (၆၆)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ (၁၁) တန်၊ စုစုပေါင်း(၁၁၄) တန် ဖြစ်ပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ စီးဝင်လာသော ဆန်များအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသများသို့ ဆက်လက်သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် အုန်းသီးဈေးနှုန်းအခြေအနေ

             အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အသားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကိုအသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။အုန်းသီးသည် မြန်မာလူမျိုးတို့၏ဘာသာရေးဆိုင်ရာပွဲများ၊အလှူပွဲမင်္ဂလာဆောင်နှင့်နတ်ပွဲများတွင်မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

           ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ဒုတိယပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင်အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူ မြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ၃၀၀၀) ကျပ်အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိဈေးသည်တစ်ဦး၏ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူ မြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှဝယ်ယူကြကြောင်း၊အုန်းသီးအသုံးပြုမှုများပြားကာဝင်ရောက်သမျှအရောင်းသွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သောက်ရေသန့်ဈေးနှုန်းများ

                   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့် ထုတ်လုပ်သည့် စက်ရုံများရှိပြီး သောက်ရေသန့်အမျိုးမျိုးသည် လူကြီး/လူငယ်အများစု နေ့စဉ် သောက်သုံးနေသော ကုန်စည်ဖြစ်သောကြောင့် သောက်ရေသန့်များ ထုတ်လုပ်ရာတွင် သန့်ရှင်းသောထုတ်လုပ်မှုနှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေးကို သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများက စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

              ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော သောက်ရေသန့်များမှာ ကောင်းသာ KBU သောက်ရေသန့်၊ ယောနသန်သောက်ရေသန့် ၊ မြတ်နန်းဦး သောက်ရေသန့် ထုတ်လုပ်သော လုပ်ငန်းများရှိပြီး ၂၀ လီတာဝင် ရေဘူးကြီးများကို((၁)ဘူးလျှင် (၁၀၀၀)ကျပ်၊ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချလျက်ရှိပြီး  ဒေသတွင်းထုတ်လုပ်သော သောက်ရေသန့်ဘူး(၁)လီတာဘူး(၁)ဘူးလျှင် (၆၀၀)ကျပ်၊ ရန်ကုန်မှ ဝင်ရောက်လျက်ရှိသော ကုန်အမှတ်တံဆိပ်ပါ သောက်ရေသန့်ဘူး(၁)လီတာဘူး(၁)ဘူးလျှင် (၁၀၀၀  ကျပ်မှ ၁၂၀၀)ကျပ်)အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော မုန့်တီ၊ မုန့်ဟင်းခါးမုန့်ဖက်ဈေးနှုန်း

                ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး )မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း၊ (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း