ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာ များမှဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၈၅၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၆၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမ ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း  သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

          ကန့်ဘလူမြို့ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီး နှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၆၇၀၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၀၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၂၅၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့်ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင် သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

                                               

ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၄၅)ပေပါ(သို့) (၄၉၅၀)ပိဿာရောက် ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

ရာသီစာသီးမွှေးငှက်ပျောသီးစျေးကွက်

   မန္တလေးစျေးကွက်အတွင်း  ရာသီစာသီးမွှေးငှက်‌ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျောသီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရ ပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ရခိုင်၊ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။မတ္တရာမြို့နယ်တွင်စိုက်ပျိုးသည့်ငှက်ပျောသီးမှာအခွံထူပြီး၊ အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊ အချိုဓါတ်များကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများကို ဘုရားပွဲနှင့်မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင်အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့် ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံး အရွယ်အစားအလိုက်စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင်ငှက်ပျော သီးနှင့်ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိပြီး၊ ရာသီစာ သီးမွှေးငှက်ပျောသီးမှာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိုးနှောင်းရာသီ မန္တလေးသံပုရာသီးပေါက်စျေး

   မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊  စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ် တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ  မိုး‌နှောင်းရာသီအချိန်တွင်   ဝင်ရောက်မှုများပြားလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တို ဘာလ ဒုတိယပတ်အတွင်း   ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ   သံပုရာသီး ၁၀ လုံး လျှင် ၁၂၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေး တို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါ သည်။  မိုးနှောင်းရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့် သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်လျော့ကျသွားကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်ရှိ သစ်အယ်သီးပေါက်စျေးများ

   စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများ အောက်တိုဘာလဒုတိယပတ်အတွင်း ဝင်ရောက်မှုများပြား လျက် ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်း အတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ် အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

သီတင်းကျွတ်ကာလပန်းကုံးမျိုးစုံစျေးကွက်

   မန္တလေးမြို့၊သီရိမာလာပန်းစျေးကွက်တွင် သီတင်းကျွတ်ကာလအချိန်ဖြစ်၍ ပန်းကုံးမျိုးစုံ ဝင်ရောက်မှုများပြားပြီး အရောင်းသွက်လှျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေး တိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက် မှုများပြီး၊အရောင်းသွက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံးလက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်း အပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၅၀ဝိ/-နှင့် ၁၈၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊သနပ်ခါးပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ဝါတွင်း ကာလအတွင်း ပန်းကုံးမျိုးစုံအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်း၌ စားအုန်းဆီသင်္ဘောဝင်ရောက်ခဲ့မှု

           စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှတင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ(သဲကွင်း)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းသို့ (၁၁.၁၀.၂၀၂၅)ရက်နေ့တွင် MT AU VIRGO သင်္ဘောဖြင့် ROS ဆီကန်သို့ (၅၀၀.၈၇၄)တန် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အရောင်းသွက်သည့် ပန်းစျေးကွက်

   စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ကြီး ဒေသတို့ မှထွက်ရှိသည့်ပန်းများ ဝင်ရောက်လျှက်ရှိပြီး၊ သီတင်းကျွတ်ကာလတွင် အရောင်းသွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီး လက်လီပေါက်စျေးနှုန်းများမှာ ဂန္ဓာမာပန်းကြွေဖြူ တစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင် အမျိုးအစားအလိုက် ဂန္ဓာမာပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- သစ်ခွပန်း ၄၀၀ဝိ/-နှင့် ၆၀၀ဝိ/-စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

စျေးငြိမ်လျက်ရှိသော ထန်းလျက်စျေးကွက်

   မန္တလေးမြို့စျေးကွက်အတွင်းသို့ တံတားဦးမြို့နယ်၊ကေျာက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ ဝင်ရောက်လျက်ရှိပြီး၊ ထန်းလျက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်လျှက်ရှိကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ် နေ သည့် ထန်းလျက်တစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက် (လုံးသေး) ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ အုန်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်  ၁၀၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-၊ ဆီးထန်းလျက် ၈၀၀ဝိ/- နှင့် ၉၀၀ဝိ/-၊နှမ်းထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း