ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

     ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည် လျှင်(၈၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူ ကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

    ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

တောင်ပေါ်ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ၍ မိသားစုဝင်ငွေများ နှစ်စဉ်ရရှိ

    တောင်ပေါ်ခရမ်းချဉ်သီးဟု လူသိများသည့် ခရမ်းချဉ်သီးသည် အအေးပို့သည့် တောင်ပေါ် ဒေသဖြစ်သည့် အမြင့်ပေ ( ၃၀၀၀ ) ကျော်တွင်သာ အသီးတင်ပြီး အပင်သည် လူတစ်ရပ်ကျော်မြင့်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ ယင်းတောင်ပေါ်ခရမ်းချဉ်သီးသည် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မိုးကုတ်နှင့် ဗန်းမော်ဒေသများတွင် တွေ့ရလေ့ရှိပါသည်။

       တောင်ပေါ်ခရမ်းချဉ်သီးသည် အမျှင်ဓါတ်၊ ပရိုတင်းဓါတ်၊ သတ္တုဓါတ်နှင့် ဗီတာမင်ဓါတ်များပါဝင်သည့်အတွက် ခန္ဓာကိုအတွက် လိုအပ်သည့် အဟာရများကို ကောင်းစွာ ထောက်ပံ့ပေးပြီး ချဉ်စူးသည့် အရသာရှိသည့်အတွက် မီးဖုတ် ( သို့မဟုတ် ) ပြုတ်၍ ငါးပိအနည်းငယ်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်များဖြင့် သမအောင်ရောမွှေကာ စားသုံးကြပြီး ရာသီစာ တောင်ပေါ်ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် နှစ်စဉ် မိသားစုဝင်ငွေရရှိသည့် အသီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အတွင်းတွင် တောင်ပေါ်ခရမ်းချဉ်သီး အကြီးနှစ်လုံးလျင် ( ၁၅၀၀ ) ကျပ်၊ အသေး တစ်လုံးလျင် ( ၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ခဝဲသီးဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် ခဝဲသီးနှံကိုလည်း တောင်သူများမှာ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလာကြ ကြောင်း၊ ခဝဲစိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ယခုလို မိုးတွင်းဖြစ်သော ဇွန်နှင့် ဇူလိုင်လများတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ ခဝဲသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ခဝဲရှည်မျိုးနှင့် ခဝဲပုမျိုး ဟူ၍ နှစ်မျိုးရှိကြောင်း၊ ခဝဲပုမျိုးသည် မြန်မာမျိုးဖြစ်ပြီး ၊ ခဝဲရှည်မျိုးသည် ထိုင်ဝမ်မျိုး ဖြစ်ကြောင်း အများဆုံးစိုက်ပျိုးသောမျိုးမှာ ထိုင်ဝမ်မျိုးများဖြစ်ကြောင်း၊ မြို့နယ်အတွင်းစိုက်ပျိုးသော ရွာများမှာ ပင်းတလည်၊ ကျောက်ခုံရွာများဖြစ်ပြီး ခဝဲစိုက်ပျိုးမှုအနေဖြင့် စင်ခံစိုက်ပျိုးကြကြောင်း၊ တစ်ဧကမျိုး အသုံးပြုမှုအနေဖြင့် (၅)ထုပ်မှ (၆) ထုပ်ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် (၆၀၀၀/ ၇၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မျိုးသွင်းအားစု တိုင်၊ ဝါးများအပါအဝင် စုစုပေါင်း တစ်ဧက ကုန်ကျစရိတ် (၁၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာ တွင် ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း တစ်ဧကလျှင် ခဝဲပိဿာ (၁၅၀၀) ခန့် ထွက်ရှိကြောင်း၊ ခဝဲသီး တစ်ပိဿာလျှင် လက်ကားဈေး (၂၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ ခဝဲသီးကို လူတိုင်း ကြိုက်နှစ်သက်ကြပြီး ခဝဲဟင်းချို၊ ခဝဲသီးကြာဇံကြော်၊ ခဝဲသီး အတို့အမြှုပ်ဖြင့် စားသုံးကြကြောင်း၊ ခဝဲသီးစားသုံးခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းညိုပေးခြင်း၊ အရိုးပွရောဂါကို ကာကွယ်ပေးခြင်းနှင့် နှလုံးကိုကျန်းမာစေကြောင်း လေ့လာသိရှိရပါသည်။ ခဝဲစိုက် ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး စီးပွားဖြစ် ဝင်ငွေတိုးကြောင်း တစ်ဧကကုန်ကျ စရိတ်နုတ်ပြီး (၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ခဝဲဈေး ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းကြောင်း၊ ခဝဲဈေးနှုန်းများ ဆက်လက် ကောင်းမွန်ပါက တောင်သူများ စိုက်ပျိုးရကျိုးနပ် ကြောင်း ခဝဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၌ နနွင်းများအောင်မြင်ဖြစ်ထွန်း”

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံ မျိုးစုံကိုရာသီအလိုက်စိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်း တောင်သူများ အများဆုံးစိုက်ပျိုးလာကြပါသည်။မြို့နယ်အတွင်း နနွင်းစိုက်ဧက(၉၈၅)ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း၊ မေလနှင့်ဇွန်လများ တွင်စတင်စိုက်ပျိုးလျှက်ရှိပြီး (၁)ဧက မျိုးအနေဖြင့် နနွင်းတက်(၁၅)တင်းစိုက်ပျိုးရပြီး နနွင်းဂေါင်း စိုက်ပျိုးမှုတွင်(၃၀-၃၅)တင်း စိုက်ပျိုးရကြောင်း၊ နနွင်းတက်မျိုး(၁)တင်းလျှင် (၁၅၀၀၀/-)ကျပ်စျေးရှိပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ တောင်သူများမှာ နနွင်းခင်းများအတွင်း နှမ်းများလည်းသီးညှပ်စိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ သိုတန်၊ဒါးရဲကောင်းနှင့် စပယ်တောကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ နနွင်းစိုက်ပျိုးမှု ကို ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် နနွင်းတက်အစို (၂၅) တင်းလျှင်(၅၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် နနွင်းအစိုတင်း (၃၂၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ နနွင်းတစ်တင်းလျှင်(၂၀၀၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ရသောကြောင့် သိန်း(၄၀)ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် နနွင်းများထွက်ရှိခြင်း မရှိသေးကြောင်း ၊ နနွင်းများကို ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယခုလက်ရှိ နနွင်းတက်စျေးနှုန်း အနေဖြင့် နနွင်းတက်အခြောက်(၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ်၊နနွင်းမှုန့်(၁)ဗူးလျှင် (၂၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ထွက်ရှိချိန်တွင် ပွဲစားများမှ အခင်းထဲသို့ တိုက်ရိုက်လာရောက် ဝယ်ယူလျှက်ရှိပြီး ပွဲစားများမှနနွင်းများကို ရေနွေးဖျောကာ အခြောက်လှမ်း၍ ပွဲရုံများသို့တင်ပို့ ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး”

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ဧကအနေဖြင့် (၅၁၁)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးနှောင်းဝါကို ဩဂုတ်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး ဝါစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းဘေးစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် အိန္ဒိယ ရာကာမျိုးများဖြစ်သော (၃၃၃)လုံး၊ (၆၆၆) လုံးနှင့် (၉၉၉)မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးအသုံး ပြုမှုအနေဖြင့် တစ်ဧကလျှင် ဝါမျိုးစေ့ (၁၂)ပိဿာမှ (၁၃)ပိဿာ အသုံးပြု စိုက်ပျိုးကြကြောင်း၊ ဝါမျိုးစေ့ တစ်ပိဿာလျှင် (၂၅၀၀/-)မှ (၃၀၀၀/-)ကျပ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၄၅၀၀၀၀/- မှ ၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု အားကောင်းသောကြောင့် ဝါစိုက်ပျိုးမှုတွင် ဝါပင်များအောင်မြင်စွာ ပေါက်ရောက်ရှင်သန်နေပြီဖြစ်ကြောင်း၊ မိုးနှောင်း ချည်မျှင်ရှည်ဝါ အများဆုံး စိုက်ပျိုးသော ရွာများမှာ မြိုင်ကုန်းရွာ၊ ဒိုင်းရွာ၊ မြနဒီရွာနှင့် မှက္ခရာရွာများတွင် အများဆုံးစိုက်ပျိုး ကြကြောင်း၊ မိုးနှောင်းချည်မျှင်ရှည်ဝါများကို နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလများတွင် ထွက်ပေါ် မည်ဖြစ်ကြောင်း၊ ဝါထွက်ပေါ်ချိန်တွင်လည်း အထွက်နှုန်းအနေဖြင့် ပိဿာ(၄၀၀ မှ ၅၀၀) အထိ ထွက်ရှိနိုင်မှာဖြစ်ကြောင်း၊ ယခုလက်ရှိ ဝါရောင်းချမှု ဈေးနှုန်းအနေဖြင့် ဝါတစ်ပိဿာလျှင် (၃၂၀၀/- မှ ၃၃၀၀/-)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၇၅၀၀/- မှ ၈၀၀၀/-)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၂၀၀/- မှ ၁၃၀၀/-)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဝါထွက်ပေါ်ချိန်တွင်လည်း တောင်သူ များမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ပွဲစားများမှလည်း ဝါထွက်ရှိရာ ဒေသများ သို့ လာရောက်ဝယ်ယူ လျက်ရှိကြောင်း၊ ပွဲရုံများမှတစ်ဆင့် ဝါစက်ရုံ၊ ဝါပွဲရုံများနှင့် မန္တလေးစက်မှုဇုံ (၁)နှင့် ချည်မျှင်စက်ရုံများ၊ ယက်ကန်းစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ချည်မျှင်ချည်ဝါ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း၊ ယခုလက်ရှိ ဝါပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၂၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သောကြောင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၈၃၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်း၊ ဝါအရည် အသွေးကောင်းမွန်ပြီး ဈေးကောင်းရရှိရန်အတွက် တောင်သူများမှ ဝါသီးနှံကို ရင့်မှည့်သော အချိန်၊ ဝါပေါက်အားကောင်းချိန်မှသာ ကောက်ယူရောင်းချမှသာ အရည်အသွေးပြည့်မီသော ဝါများရရှိမည် ဖြစ်ကြောင်း၊ တောင်သူများမှ ဝါများကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များ ရရှိနိုင်ပါက အကျိုးအမြတ်ပိုမိုခံစားရနိုင်မည်ဖြစ်ကြောင်းကို ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက် အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူခရိုင်၌ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေ

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၁၅.၈.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၅၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၁၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၇၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၃၉၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၂၄၈ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၃၁၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၉၂၈ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၆၂၃ ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းသွားကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

“ကြက်သွန်ပျိုးများ စတင်ပျိုးထောင်လျက်ရှိ”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် မိုး၊ ဆောင်း ကြက်သွန်များ စိုက်ပျိုးရန်အတွက် ဇူလိုင်တတိယအပတ်နှင့် ဩဂုတ်လဆန်းပိုင်းများတွင် ကြက်သွန်ပျိုးများ စတင်ပျိုးထောင်လျက်ရှိကြောင်း၊ မိုးကြက်သွန်ကို စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ကြက်သွန်ပျိုးတစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ထွန်ယက် ခြင်း၊ ရေသွင်း၊ ရေထုတ်ခြင်း၊ မြေဩဇာပက်ခြင်း၊ ဆေးဖျန်းခနှင့် မျိုးဖိုးအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးများကိုသာ အများဆုံး စိုက်ပျိုး ရန်အတွက် ပျိုးထောင်ကြကြောင်း၊ မျိုးစေ့(၁)ပြည်လျှင် (၅၀၀၀၀/-)ကျပ်ဖြင့် ဝယ်ယူပျိုးထောင်ရ ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် (၂)ပြည်ပျိုးထောင်ရကြောင်း၊ ကြက်သွန်ပျိုး ထောင် သက်တမ်း (၁)လခွဲ(၂)လ အကြာတွင် စတင်စိုက်ပျိုးနိုင်ကြောင်း၊ ကြက်သွန်ဧက အများကြီးစိုက်သော တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် အကုန်အကျများသော်လည်း ကြက်သွန်များပေါ်ဦးပေါ်စတွင် ဈေးနှုန်းများကောင်းမွန်ရန် မျှော်လင့်ကြောင်း ကြက်သွန်အများဆုံး စိုက်ပျိုးသော ကသဲကုန်း ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပန်းမုံလာများ ဈေးကောင်းရလျက်ရှိ”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် ပန်းမုံလာသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ပန်းမုံလာများကို စတင်ဘာလ၊ အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး၊ တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၅) ထုပ်ကို ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲခန့် ရလျှင် စိုက်ခင်းထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ပျိုးပင်အရေအတွက် တစ်သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း၊ ပန်းမုံလာပင်များသည် ရာသီဥတုဒဏ်နှင့် ပိုးမွှားအန္တရာယ်ကျ ရောက်ပါက ပျက်စီးမှုလွယ် သည့် သီးနှံဖြစ်သည့်အတွက် နေ့စဉ်ကြည့်ရှုပြီး အထူးဂရုစိုက်ရသည့် သီးနှံဖြစ်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်သည့် အချိန်အထိ ပိုးသတ်ဆေး (၃)ကြိမ်ခန့် ဖြန်းပေး ရကြောင်း၊ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၉၀၀၀၀၀/- မှ ၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပန်းမုံလာများအား စတင်စိုက်ပျိုးပြီး (၂)လ၊ (၂)လခွဲခန့် အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကလျှင် ပန်းမုံလာ(၆၀၀၀-၆၅၀၀) ပွင့်ခန့် ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် ပွဲစားများမှ ပန်းမုံလာတစ်ပွင့်လျှင် (၇၀၀/- မှ ၈၀၀/-)ကျပ်နှုန်းဖြင့် အပွင့်အသေး/အကြီးပေါ် မူတည်၍ စိုက်ခင်းထဲအရောက် ဝယ်ယူကြကြောင်း၊ ဈေးများအတွင်း၌လည်း ပန်းမုံလာတစ်ပွင့်လျှင် (၁၀၀၀/- မှ ၁၅၀၀/-)ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ပန်းမုံလာတစ်ဧကလျှင် (၃၀၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ပန်းမုံလာသီးနှံအား စိုက်ပျိုးသင့်ကြောင်း ရေးသား တင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

“ခရမ်းကြွပ်သီး စိုက်ပျိုးဝင်ငွေတိုး”

   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ငရုတ်၊ ကြက်သွန်၊ မြေပဲစသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းကြွပ်သီးပင်ကို ကျောက်ဆည်မြို့နယ်၊ ပေါင်လောင်ကျေးရွာတွင် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်ပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ် စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုအရင် ပျိုးထောင်ပြီး၊ ပျိုးသက် (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ (၂)လ၊ (၃)လခွဲ အကျော်တွင် အသီးများစတင် ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ်ချိန် တွင် ပိဿာ (၂၀-၃၀)ခန့် ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ (၁၅၀)ခန့် အထိ ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ် လုပ်သားခ၊ မျိုး၊ သွင်းအားစု၊ မြေဆီ၊ ပိုးသတ်ဆေး စုစုပေါင်း ကုန်ကျစရိတ် (၉၀၀၀၀၀/- မှ ၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၇၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်း ဝယ်ဖြစ်နေကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) ကျပ် အမြတ်ရရှိကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်၊ စဉ့်ကိုင်နှင့် မန္တလေးမြို့ များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချနေသော မြန်မာ့လက်မှုလက်ရာဝါးနှီးထွက်ပစ္စည်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့လက်မှုပစ္စည်း ထန်းလျှော် နှင့်ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

        ထန်းလျှော်ဖြင့်ရက်လုပ်ထားသည့် ထန်းလျှော်ဖျာ()ချပ်လျှင် အသေး၊ အကြီးပေါ်မူတည်၍ (၂၅၀၀၀မှ ၃၀၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ အခြားအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ထန်းခေါက်ထိုင်ခုံ()တစ်လုံးလျှင် (၁၅၀၀၀)ကျပ်၊ ထန်းလျှော်တောင်းအကြီး ()လုံးလျှင် (၁၀၀၀၀) ကျပ်၊ အသေး()လုံးလျှင် (၅၀၀၀မှ ၇၀၀၀)ကျပ်၊ ဝါးနှီးဖျာအချော()ချပ်လျှင် (၄၀၀၀၀)ကျပ်နှင့် အကြမ်း()ချပ်လျှင် (၂၃၀၀၀မှ ၃၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဝါးနှီးခမောက်အသေးအကြီး ပေါ်မူတည်၍ (၃၀၀၀မှ ၅၀၀၀)ကျပ်၊ ဂျုံခမောက်()ချပ်လျှင် (၄၅၀၀)ကျပ်၊ ဇကော()ချပ်လျှင်  (၆၅၀၀)ကျပ်၊ ဇကာ()ချပ်လျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ပစ္စည်းများမှ ဒေသတွင်းမှ အနည်းငယ်ထွက်ရှိပြီး ရွှေဘိုမြို့နှင့် အခြားဒေသများမှ ဝယ်ယူရောင်းချကြောင်း ဝါးနှီးနှင့် ထန်းလျှော်ထွက်ပစ္စည်း အရောင်းဆိုင်မှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း