ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အသီးကောင်း၍ စားသုံးသူများသော မော်လမြိုင် ကျွဲကော်သီး ဈေးနှုန်း

      မွန်ပြည်နယ်၊ မြို့နယ်များမှ ထွက်ရှိသော ကျွဲကောသီးမှာ ယခုနှစ်တွင် အသီးထွက်ကောင်း၍ ဈေးကောင်းများ ရရှိသည်။ တစ်နှစ်ပတ်လုံးအသီးမပြတ်ဘဲ ထွက်ရှိမှု လည်းတွေ့ရသည်။ ကျွဲကောခြံရှင်များမှ တဆင့် လက်ကား/ လက်လီ အဝယ်သူများက ခြံအရောက်ဝယ်ယူမှုများရှိသည်။ ဒေသထွက်ကုန်လည်းဖြစ်သည့် မွန်ပြည်နယ် ကျွဲကောသီးကို စားသုံးသူများပြားသည်။

   လူကြိုက်များသော မော်လမြိုင်ကျွဲကောသီး ပန်းရောင်သီးနှင့် အဖြူသီးတို့၏ ၂၀၂၅ ဩဂုတ်လ(တတိယပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသော ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီးပန်းရောင်(အကြီး) တစ်လုံးလျှင်ကျပ် ၄၀၀၀၊ ကျွဲကောသီးပန်းရောင် (အလတ်) တစ်လုံးလျှင် ကျပ် ၃၀၀၀၊ ကျွဲကောသီးပန်းရောင်(အငယ်) တစ်လုံးလျှင် ကျပ် ၂၀၀၀  ဖြစ်ပြီး ကျွဲကောသီးအဖြူ(အကြီး)တစ်လုံးလျှင် ကျပ်၃၀၀၀၊ ကျွဲကောသီးအဖြူ(အလတ်)တစ်လုံးလျှင် ကျပ် ၂၀၀၀၊ ကျွဲကောသီးအဖြူ (အငယ်)တစ်လုံးလျှင် ကျပ်၁၀၀၀ ဖြစ်ကြေင်း မော်လမြိုင်မြို့၏ မော်မော်သစ်သိးအရောင်းဆိုင်မှ သိရှိရသည်။

DOCA (မွန်)

မိတ္ထီလာ ဈေးကွက်အတွင်း ချင်းဈေးအနည်းငယ်ကျ

  ချင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြရာ တောင်ပေါ်‌ဒေသများတွင်အများ ဆုံးစိုက်ပျိုး ကြပါသည်။ ချင်း(ဂျင်း) ကို ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေးများဖော်စပ်ရာတွင်အသုံး ပြုကြပါ သည်။ ချင်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ် စိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်ချင်းစိုက်ဧက (၂၆၃)ဧကစိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရသိရပါသည်။

  ချင်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာထွက်ရှိ သဖြင့် ဈေးကွက်တွင် ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ နာမ့်ဆန်မှအဝင်များကြောင်း၊ မိတ္ထီလာ ဈေးကွက်အတွင်းသို့ တစ်လလျှင်ကုန်ချိန်ပိဿာ(၂၅၀၀၀)မှ(၆၀၀၀၀)ခန့် ထိဝင်ရောက်လျက်ရှိ ကြောင်း၊ ချင်းဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး အနှိမ့်စတစ်ပိဿာလျှင်(၂၀၀၀)ကျပ် ၊အလတ်စ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ထိပ်စတစ်ပိဿာလျှင်(၂၇၀၀)ကျပ်ဈေး၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်း ယှဉ်လျှင်ချင်း တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း၊ ပြည်ပဝယ်လိုအားရှိလျှင် ဈေးနှုန်းမြင့် တက်လာနိုင် ကြောင်း ချင်းပွဲရုံများမှသိရပါသည်။

DOCA(မန္တလေး)

မော်လမြိုင်မြို့၏ ငါးဈေးနှုန်း အခြေအနေ

      မော်လမြိုင်မြို့၊ မြို့မဈေး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၇၈၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀၈၀၀၊ ငါးကြင်းဖြူ (ဗိုက်ခွဲ)တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀မှ ၂၁၂၀၀အတွင်း၊ ပါးထူး တစ်ပိဿာလျှင် ကျပ် ၈၇၀၀၊ ဆလားပီးယား တစ်ပိဿာလျှင် ကျပ်၁၅၃၀၀၀၀၊ ပလာတူး တစ်ပိဿာလျှင် ၈၅၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၈၈၀၀ ငါးနှပ် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ငါးပျက် တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀နှင့် ပုဇွန် အသေးအကြီးဈေးနှုန်းအားဖြင့် ကျပ် ၂၀၀၀၀ မှ ကျပ် ၅၀၀၀၀ ခန့်ထိ ဖြစ်ကြောင်း သိရသည်။ ၎င်းဈေးနှုန်းဖြင့် ငါး‌ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ငါးဈေးနှုန်းမှာ ယခင်လ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ငါးဈေးနှုန်းများမှာ  တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့် အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မိတ္ထီလာ ဈေးကွက်တွင် အာလူးဈေးအနည်းငယ်ကျဆင်း

   အာလူးကို ရှမ်းပြည်တောင်ပေါ်‌ဒေသများအပြင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြပါသည်။ အာလူးသည် အာဟာရတန်ဖိုးအမြင့်မားဆုံးပါဝင်သော စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်သည်။ အာလူးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိတောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုး ကြကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ် အာလူး (မိုး)စိုက်ဧက (၁၂၅)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရသိရပါသည်။

   မိတ္ထီလာခရိုင်တွင် ဒေသတွင်းမှအနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်အတွင်း အာလူးကို ရှမ်းပြည်နယ် ဟဲဟိုး၊အောင်ပန်း၊သိမ်ကုန်း၊ တောင်နီ၊ သံသေ၊ ဆင်တဲ ၊နောင်တရားမြို့များမှ တစ်လ လျှင် ကုန်ချိန် ပိဿာ(၆၅၀၀၀)မှပိဿာ(၁၀၀၀၀၀) ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုဩဂုတ်လ ပထမပတ်တွင် ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်ဈေးရှိပြီး ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အာလူးအဝင်များလာခြင်းကြောင့်ဖြစ်သည်ဟုအာလူးပွဲရုံများမှ သိရပါသည်။

DOCA(မန္တလေး)

ဇူလိုင်လဆန်းတွင် ဈေးကောင်းရနေသည့် မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်း

     မွန်ပြည်နယ်ဒေသတွင် ယခုလ(ဩဂုတ်လ) မိုးရာသီသည် ကွမ်းသီးစတင်သီးချိန် ကာလဖြစ်သည်။ ကွမ်းသီးကိုအနုနှင့် ကွမ်းသီးအရင့်(၂)ဟူ၍ ခွဲခြား၍ အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနုကို ဈေးကောင်းပေးဝယ်လျက် အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနု များကို ကွမ်းယာအစားထိုး (ကွမ်းပေါင်း)ပြုလုပ်၍ ထုတ်ကုန်အဖြစ် ထုတ်လုပ်မှု အဆင့်ဆင့်ဖြင့် ပေါင်းခံ၍ ကွမ်းသီးနုပေါင်းအဖြစ် တင်ပို့ရောင်းချကြသည်။ ကွမ်းသီး အရင့်(အမှည့်)ကို ကွမ်းယာဆိုင်များ၌ ကွမ်းသီးကိုအသုံးပြုခြင်းလည်းကောင်း၊ ဒေသတွင်း စားသုံးခြင်းလည်းကောင်း ကွမ်းယာစားသုံးသူများအတွက်  ကွမ်းသီးခြမ်း ပြုလုပ်၍လည်းကောင်း စားသုံးကြခြင်းနှင့်၎င်းကွမ်းသီး အရောင်းအဝယ်ဖြစ်လျက်တွေ့ ရှိရသည်။

          အဆိုပါကွမ်းသီးဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)အတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ မော်လမြိုင်အညိုသီး(အခြောက်) (အသန့်) တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ မော်လမြိုင်ပါးပုတ်သီး(အခြောက်) (အသန့်) တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၄၅၀၀ကျပ် နှင့် ကွမ်းသီးနု တစ်ပိဿာဈေးနှုန်းမှာ ၅၂၀၀ ကျပ်မှ ၅၅၀၀ ကျပ်ခန့် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

       မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက် များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက် ရောင်းချကြပါသည်။ ဗုံလုံသီး (ခေါ် ) ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြော်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည် သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၉၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၈၀၀)ကျပ် ဖြစ်ပြီး ပဲတောင့်ရှည်စျေးနှုန်းမှာ တစ်ပိဿာလျှင် ၃၀၀၀- ၃၅၀၀ ကျပ်ထိ ရောင်းချလျက်ရှိပြီး ဩဂုတ်လ တတိယပတ်တွင်  ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီးတစ်တောင့်လျှင် (၁၂၀၀) ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၁၀၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင် (၉၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည်စျေးနှုန်းမှာ တစ်ပိဿာလျှင် ၃၂၀၀- ၃၇၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သည့်  ပဲဖြူပြားဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲဖြူပြားများ ကို ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချ ကြပါသည်။

       ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ပဲဖြူပြားဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲဖြူပြားကို ရေစိမ်ပြီးအခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖို များ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာ(၁၄၀)ကျော်နှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကုလားပဲ(929)()တင်းလျှင် ကျပ်(၈၄၃၀၀)၊ ကုလားပဲ ဟော်လန်()တင်းလျှင် ကျပ်(၈၅၅၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၆၅၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၇၅၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၇၃၀၀)၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၇၅၅၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲကြီးဖြူ ကျပ်(၁၅၀၀၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၅၀)၊ မြေပဲအောက်ကျဆီဆံ ကျပ်(၂၀၀)ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တစ်ပတ် အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ မြေပဲဆံအိတ်ရေ(၂၀၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲ အိတ်ရေ(၂၀၀၀)၊ ပဲစဉ်းငုံအိတ်ရေ(၂၀၀၀)၊ ပဲကြီး အိတ်ရေ (၁၀၀၀)၊ မြေပဲဆံအိတ်ရေ(၂၀၀၀)တင်ပို့ ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲပုတ်စေ့ဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲပုတ်များကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ် တွင် ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး  ဈေးငြိမ်နေကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့် သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲနီလေးဈေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီလေးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီလေးများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ဒုတိယအပတ် တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ ()ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၆၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး(၁)ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း