ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုးမြို့ရှိ ခြံထွက်ဘူးသီးဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ခြံထွက်ဘူးသီးများကိုလည်း ပေါများစွာရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

   ဘူးသီးကို အတို့အမြှပ်ဖြစ်လည်းကောင်း၊ ဘူးသီးအချဉ်ဟင်းပြုလုပ်၍လည်းကောင်း၊ ကြက် ကာလသားဟင်းချက်ရာတွင်ရော၍လည်းကောင်း၊ ဘူးသီးဟင်းခါးအဖြစ်လည်းကောင်း မျိုးစုံပြလုပ် စားသုံးနိုင်သလို၊ ဘူးသီးခြောက်ပြုလုပ်ပြီး ကြာရှည်အထားခံနိုင်အောင်ပြုလုပ်၍လည်း စားသုံးကြ ကြောင်း သိရှိရသည်။ ဘူးသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ဘူးသီးကို မြို့တွင်းရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများမှ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့တွင်ဖြစ်ပေါ်နေသော ငရုတ်သီးခြောက်ဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)နှင့် မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ငရုတ်သီးခြောက်များကိုလည်း ပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   ငရုတ်သီးခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်အရှည်(အညှာပါ) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အရှည်(အညှာမပါ) တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ငရုတ်သီး ခြောက်အပု(အညှာပါ) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အပု (အညှာမပါ) တစ်ပိဿာလျှင် (၂၃0၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ ငရုတ်သီးခြောက်ကို ရန်ကုန်၊ မန္တလေးနှင့် အောင်ပန်းမှ ယူ၍ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့ရှိ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြပါ သည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ် အစားအလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၆၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ဂွေးချိုသီး ဈေးနှုန်းမှာ ဂွေးချိုသီး (၂၂)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကီလိုမာလကာသီးဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီး အသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့တွင်ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်းဈေးနှုန်းများ

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသီးအရွက်များ၊ ဒေသထွက် သီးနှံများအပြင် ငရုတ်သီးစိမ်းများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ကချင်ငရုတ်သီး တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀)ကျပ်၊ ကုလားအော်သီး(ပင်နံသီး) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ငရူတ်သီးစိမ်းကို မြို့ထဲရှိရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူ များနှင့် လားရှိုးမြို့အနီးနားရှိစိုက်ပျိုးရေးလုပ်ကိုင်သူများမှ လာရောက်ရောင်းချကြပြီး၊ တောင်ကြီး၊ အောင်ပန်းမှတစ်ဆင့်ယူ၍လည်း ရောင်းချကြကြောင်း သိရှိရသည်။

DOCA(ရှမ်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

         ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀-၂၀၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီးအကြီး တစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့မှ ကင်ပွန်းချဉ်ဈေးနှုန်း

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကိုရောင်းချလျက်ရှိရာ  ကင်ပွန်းချဉ်များကိုလည်း ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ကင်ပွန်းချဉ်ဈေးနှုန်းများမှာ (၁)စည်းလျှင် (၁၀၀၀) ကျပ် မှ (၁၅၀၀) ကျပ်အထိ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကင်ပွန်းချဉ်ကို အနီးနားရှိရွာများမှ လာရောက်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါ သည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ကို ပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်း လျားသီး(၂၅)ကျပ်သားလျှင် (၈၀၀/-)ကျပ်၊ ၁ပိသာလျှင် (၃၂၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့ရှိ ပဲပင်ပေါက်နှင့်ပဲပြားဈေးနှုန်း

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ပဲပင်ပါက်နှင့် ပဲပြားများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ပဲပင်ပေါက်ဈေးနှုန်းမှာ  တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၅၀၀) ကျပ်အထိရှိပြီး၊ ပဲပြား ဈေးနှုန်းမှာ ပဲပြားတစ်တုံးလျှင် (၁၀၀၀ မှ ၁၅၀၀) ကျပ်ထိ ရောင်းချကြောင်းသိရသည်။ ပဲပင်ပေါက် နှင့်ပဲပြားကို မြို့ထဲရှိရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများမှ လာရောက် ရောင်းချကြကြောင်းလည်း သိရှိရသည်။

 DOCA(ရှမ်း)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

         မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါ သည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေး သစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည်  မြန်မာ ဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေ သော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀)ကျပ်ဖြစ်ပြီး ပူစီနံ ဈေးနှုန်းမှာ တစ်စည်းလျှင် (၂၅၀)ကျပ်မှ (၃၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ပိန်းဥ နှင့် ပီလောပီနံဥကို  ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၄၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၆၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စက်တင် ဘာလ နောက်ဆုံးပတ်တွင် ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း   သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း