ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒူးရင်းယို စျေးနှုန်း‌စျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒူးရင်းသီးကို စီးပွားဖြစ်စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိပြီး အရသာမကောင်း‌သောဒူးရင်းသီးများနှင့် ပျက်စီးသွားသောဒူးရင်းသီးများကို လေလွင့်ဆုံးရှုံးမှုမရှိ စေရန် ဒူးရင်းသီး‌ကောင်းများရော၍ ယိုထိုးနည်းအသုံးပြု၍ ဒူးရင်းယို ပြုလုပ်ရောင်းချလျက်ရှိ ပါသည်။ ဒူးရင်းယိုဟာ စျေးကွက်တွင် လူကြိုက်များသလို စျေးကောင်းရရှိသောကြောင့် ရန်ကုန်နှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဒူးရင်းယိုတစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ခန့်ထိစျေးရရှိနေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်ဒေသရှိ ငရုတ်သီးနှင့် ငရုတ်သီးခြောက်စျေးနှုန်းစျေးကွက်

ငရုတ်သီးကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တနင်္သာရီတိုင်း၊ မြိတ် ခရိုင်တွင်လည်း စိုက်ပျိုးလျက်ရှိသည်။ ဒေသတွင်း စားသုံးရန်အတွက်စိုက်ပျိုးလျက်ရှိပြီး အခြား တိုင်းနှင့် ပြည်နယ်များမှလည်းမှာယူ၍ ရောင်းချလျက်ရှိသည်။ ငရုတ်သီးသည် နေရောင်ခြည် ကောင်းစွာကြိုက်သောကြောင့် အပူပိုင်းဒေသဖြစ်သောနေရာများတွင် ကောင်းစွာ စိုက်ပျိုးနိုင်သည်။ ငရုတ်သီးများကို ငရုတ်သီးခြောက်နှင့်ငရုတ်သီးအမှုန့်များ ပြုလုပ်ပြီး စျေးကွက်တွင် စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ ယနေ့မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ် ခန့် ရှိနေပြီး ငရုတ်သီးခြောက်စျေးနှုန်းမှာ ၂၀၀၀၀ကျပ်ခန့်နှင့် ငရုတ်သီးအမှုန့်တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

သီဟိုဠ်စေ့စျေးနှုန်းစျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ သီဟိုဠ်နှင့် ရာဘာစသော‌ ဒေသထွက်ကုနများထွက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများတွင် သီဟိုဠ်အခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိသည်။ ၂၀၂၂ နောက်ပိုင်းတွင် ကွမ်းသီးနှင့် ဒူရင်းပင်များ အစားထိုးစိုက်ပျိုးလာခြင်းကြောင့်နှင့် ရာသီဥတုမမှန်ခြင်းများကြောင့် သီဟိုဠ်ပင် စိုက်ပျိုးမှုနည်းလာပြီး အထွက်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ မိုးရာသီဖြစ်သော ဇူလိုင်လတွင် သီဟိုဠ်စေ့မထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လစျေးနှုန်းအရ သီဟိုဠ်စေ့အချော တစ်ပိဿာလျှင် ၅၅၀၀၀ကျပ် မှ ၆၀၀၀၀ ကျပ်ထိရှိပြီး သီဟိုဠ်စေ့အချော(အကျိုးအပဲ့ပါ) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ် မှ ၅၀၀၀၀ ကျပ်ထိ စျေးနှုန်း ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ဇွန်လစတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၄၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၁၃)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၈၄)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၂၈၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဇွန်လ စတုထ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၃၁၆)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၃၈၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၉၃၃)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၅၅၉)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသော ကြောင့် ယခင်အပတ် နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေး ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးပြီး မိမိတို့မိသားစု စားသုံးပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချသည့်အတွက် ယခင်ကဈေးနှုန်း ချိုသာခဲ့ သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘို ကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဇွန်လ တတိယပတ်အပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချ လျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ခရမ်းချဉ်သီး(ဒေသသီး) လက္ကား တစ်ပိဿာ လျှင်(၃၈၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု စတုထ္ထပတ်အပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချ လျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင် (၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် ခရမ်းချဉ်သီး(ဒေသသီး) လက္ကား တစ်ပိဿာ လျှင်(၄၈၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ဖြင့်နှိုင်းယှည်ကြည့်မည်ဆိုပါက အနည်းငယ်မြင့်တက်လျက် ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ ဈေးနှုန်း

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ လက္ကား အကြီး(၁)လုံးလျှင်(၅၃၀)ကျပ်၊ ကြက်ဥ လက်လီ အကြီး(၁)လုံး လျှင် (၅၅၀) ကျပ်၊ ကြက်ဥ လက္ကား အလတ် (၁)လုံးလျှင်(၄၈၀)ကျပ်၊ ကြက်ဥ လက်လီ အလတ်(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ လက္ကား အသေး(၁)လုံးလျှင်(၃၈၀)ကျပ်၊ ကြက်ဥ လက်လီ အသေး(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် ဘဲဥ လက္ကား (၁)လုံးလျှင် (၆၃၀) ကျပ်၊ ဘဲဥ လက်လီ(၁)လုံးလျှင် (၆၅၀)ကျပ် နှင့် ငုံးဥ လက္ကားဈေး(၁၀)လုံးလျှင် (၉၅၀)ကျပ်၊ ငုံးဥ လက်လီဈေး (၁)လုံးလျှင် (၁၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။ DOCA( စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ကြက်သား ဈေးနှုန်း

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူပြီး ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္အပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး(၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၃၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း မှ ကင်းမုံသီး နှင့် ပဲသီးတောင့်ရှည် ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုး ပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီး စိုက်ပျိုးကြကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပိတောက်မြိုင် ဈေး၊ သစ်ရာမြိုင်ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး လက္ကား တစ်ပြည်လျှင်(၁၈၀၀)ကျပ်၊ ကင်းမုံသီး လက်လီ တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီ(၄)ဘူးလျှင် (၁၀၀၀)ကျပ်၊ ကင်းမုံသီးနို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် ကင်းမုံသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် ဈေးနှုန်း ဖြင့် လည်းကောင်း ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး လက္ကားဈေး(၁၀)စီး တစ်ထုံးလျှင် (၃၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီဈေး(၇)တောင့်ပါ ၁စီးလျှင်(၄၀၀)ကျပ်၊ (၃)စီးလျှင် (၁၀၀၀) ကျပ်နှင့် ပဲတောင့် ရှည်သီး(၇)တောင့်ပါ ၂စီးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကုန်စိမ်း ဈေးသည်များထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ဒေသထွက် ဂျုံခမောက်နှင့် ဝါးခမောက်များ အရောင်းသွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းစုပေါင်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဒေသထွက်ကုန်များ၊ အသား/ ငါး၊ ဟင်းသီးဟင်းရွက်များ၊ လူ့အသုံးအဆောင်ပစ္စည်းများနှင့် ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သည့် ဒေသထွက် လက်မှုပစ္စည်းများ လာရောက် ရောင်းချလျက် ရှိပါ သည်။ ဒေသထွက် လက်မှုပစ္စည်းများထဲမှ ဂျုံခမောက်နှင့် ဝါးခမောက်များ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ ဂျုံခမောက်ဈေးနှုန်းများအနေဖြင့် အသေး( ၁ )လုံးလျှင် ( ၄၅၀၀ ) ကျပ်၊ အကြီး ( ၁ )လုံးလျှင် (၆၀၀၀) ကျပ်နှင့် အကြီး ( ၁ )လုံးလျှင် ( ၇၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဝါး ခမောက် ( ၁ ) လုံးလျှင် (၅၀၀၀)ကျပ်မှ ( ၉၀၀၀) ကျပ်ထိ ဖြင့် ဈေးနှုန်းအသီးသီးနှင့် ရောင်းချလျက် ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ကွမ်းသီးနှင့်ကွမ်းရွက်ဈေးများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ )ပိဿာလျှင်( ၂၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့ ( ၁ ) ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်) ( ၁ )ပိဿာလျှင် ( ၁၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ ) ပိဿာလျှင် ( ၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့စား ( ၁) ပိဿာလျှင် ( ၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၂၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း သိရ သည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း