ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချင်းတောင်ဒေသမှ စီးဝင်လာသည့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အနည်းငယ် မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့သည် ချင်းတောင်ဒေသ၏ တံခါးဝပေါက်ဟု လူသိများကြပါသည်။ ယခုအခါ ချင်းတောင်မှတင်ပို့လာသည့် ခရမ်းချဉ်သီး၊ အာလူသီး၊ ဂေါ်ရခါးသီး၊ ပန်းမုန်လာပွင့်၊ ဂေါ်ဖီထုပ်၊ တောင်ပေါ်ခရမ်းခါးသီး၊ ဗိုလ်စားပဲသီး၊ ဂျင်း၊ များ လုံလောက်စွာရရှိသဖြင့် ကလေးမြို့အနေဖြင့် သင့်တင့်သော စျေးဖြင့်သာ ဝယ်ယူစားသုံးနေရပါသည်။ ချင်းတောင်ဒေသမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အနည်းငယ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချမှုဈေးနှုန်းများအနေဖြင့် ခရမ်းချဉ်သီး ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ အာလူးသီး ( ၁ ) ပိဿာလျင် ( ၇၀၀၀ ) ကျပ်၊ ဂေါ်ရခါးသီး ( ၁ ) ပိဿာလျင် ( ၅၀၀၀ ) ကျပ်၊ ပန်းမုန်လာပွင့် ( ၁ ) ပိဿာလျင် ( ၁၀၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် ( ၁ ) ပိဿာလျင် ( ၅၀၀၀ ) ကျပ်၊ တောင်ပေါ်ခရမ်းခါးသီး ( ၁ ) ပိဿာလျင် ( ၈၀၀၀ ) ကျပ်၊ ဗိုလ်စားပဲသီး ( ၁ ) ပိဿာလျင် ( ၈၀၀၀ ) ကျပ်၊ ချင်း ( ၁ ) ပိဿာလျင် ( ၈၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဇွန်လ စတုတ္ထပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ CP ကြက်သားတစ်ပိဿာလျှင် ( ၂၃၀၀၀ )ကျပ်၊ ဆိတ်သား အသားသန့် ( ၁ ) ပိဿာလျှင် ( ၂၅၀၀၀ ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၂၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ( ၃၀၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅)ကျပ်သားလျှင် ( ၆၅၀၀) ကျပ်၊ ဝက်သား ( ၁ ) ပိဿာလျှင်( ၃၅၀၀၀)ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးကောင်းရရှိနေသော သပြေပန်း ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။ သပြေပန်းကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ လှူပွဲ မင်္ဂလာပွဲ အခမ်းအနား များ တွင် အောင်ပန်းအဖြစ်လည်းကောင်း အသုံးပြုကြပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ် အတွင်း သပြေပန်းအခက် တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး(၁)ငုတ်လျှင်(၄၀၀၀/ ၅၀၀၀) ကျပ် နှင့် သပြေပန်း အငုတ်သေး(၁)ငုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်သွက်လျက် ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ‌တည်ငြိမ်လျက်ရှိသော ဝက်သား ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။ ကျွန်းလှမြို့ ဇွန်လ စတုထ္ထပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီး သန့်) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား)လက်ကား တစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်)လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၄၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်သားရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် တည်ငြိမ်နေသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး အလတ် တစ်လုံး လျှင်(၂၅၀၀) ကျပ်၊ ရွှေဖရုံသီး အသေး တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီးအလုံး(အကြီး) တစ်လုံး လျှင် လက္ကားဈေး(၂၈၀၀)၊ ဘူးသီးအလုံး(အကြီး) တစ်လုံးလျှင် လက်လီဈေး(၃၀၀၀)ကျပ်၊ ဘူးသီး (အလတ်) တစ်လုံးလျှင် လက္ကားဈေး(၂၃၀၀)ကျပ်နှင့် ဘူးသီး (အလတ်)တစ်လုံးလျှင် လက်လီဈေး (၂၅၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်လက္ကားဈေး(၁၈၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင် လက်လီဈေး (၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်း ဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကို လုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးမှာ နှစ်ပေါင်းများစွာ အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ်တို့ကို လုပ်ကိုင်ရောင်းချ လျက်ရှိရာ မုန့်ညှင်းချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန့်ညှင်းချဉ်ကို စားသုံးသူများမှ အရန် ဟင်းတစ်မျိုးအဖြစ် အသုံးပြုသည့်အပြင် မုန့်တီ၊ မုန့်ဟင်းခါး၊ ရေစိမ်ဆိုင်များ နှင့် ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊ မုံညှင်းချဉ် လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။ DOCA(စစ်ကိုင်း)

၃.၇.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၃.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၈၆၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၄.၇.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၇၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၃၀၁၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၃၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၂၆၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့် မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၂၁၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၃၁၄၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၇၃၀ ကျပ်၊ ဒီဇယ်အဆင့်မြင့်ဈေးနှုန်း တစ်လီတာမှာ ၃၃၈၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၄၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၅၄ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၀၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၃၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၃၀၀ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၂၆၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၆၄၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၆၅၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၁၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၉၃၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၀၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၄၇၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၁.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့)၊ (အနောက်) နှင့် ဧရာဝတီတိုင်းမှ ဆန်ဝင်ရောက်မှုမှာ အနည်းငယ်လျှော့နည်းပြီး ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၆.၆.၂၀၂၅) မှ (၁.၇.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှု စာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၁၆၇၈၇) အိတ်၊ ပေါ်ဆန်းမွှေး (၂၇၃၉၃) အိတ်၊ ပေါ်ကျွဲ (၈၇၉၃) အိတ်၊ ဧည့်မထ (၉၇၅၆၅) အိတ်၊ ဆန်ကွဲ (၁၄၅၂၄) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၈၂၃၀) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၆၅၆၈) အိတ်၊ ငစိန် (၁၂၄၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များမှ ဧည့်မထ (၁၈၁၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း