ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း R2E2သရက်သီးအမှည့် အရောင်းသွက်ပြီး ဈေးကောင်းရရှိ

ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြား ဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန် အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ရောင်း ချလျက်ရှိသည့် R2E2သရက်သီးမှည့် ဈေးနှုန်းများမှာ R2E2သရက်သီးမှည့် အကြီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း ရောင်းချလျက် ရှိသည့် R2E2 သရက်သီးမှည့် ဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် သရက်ခြံပိုင်ရှင်ထံမှ သတင်း ရရှိသည်။ DOCA(စစ်ကိုင်း)

ပတ္တမြားငမောက်သရက်သီးများ အရောင်းသွက်

သရက်သီး ရာသီချိန်ကုန်တော့မည် ဖြစ်သော်လည်း ရင်ကွဲသရက်နှင့် ပတ္တမြားငမောက် သရက်သီးများမှာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ပတ္တမြားငမောက် သရက်သီးများသည် အလုံး အရွယ်အစားကြီးပြီး အသားထူသောကြောင့် လူကြိုက်များသည်။ ပတ္တမြားငမောက် သရက် မျိုးများကို မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက် ဒေသများရှိ ကျေးရွာများမှ စိုက်ပျိုး၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဈေးတို့တွင် လာရောက် ရောင်းချလျက်ရှိရာ ဇွန်လ စတုတ္ထ ပတ်တွင် ဖြစ်ပေါ်နေသော ပတ္တမြားငမောက်သရက်သီးဈေးနှုန်းများအနေဖြင့် ( ၁ )လုံးလျှင် ( ၅၀၀ ) ကျပ်၊ ( ၁ ) ပိဿာလျှင် ( ၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်နေကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော အသီးအနှံများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဈေးတို့တွင် ဇွန်လ စတုတ္ထပတ်တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် မုန့်ညှင်း ဖြူ( ၂၅)ကျပ်သားလျှင် ( ၂၀၀၀)ကျပ်၊ ငရုတ်ပွ ( ၂၀)ကျပ်သားလျှင် ( ၂၅၀၀) ကျပ်၊ ကိုက်လန် ( ၁) စည်းလျှင် ( ၅၀၀)ကျပ်၊ သခွားသီး ( ၁၀ )ကျပ်သား ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ခံသီး ( ၁ )ဘူးလျှင် ( ၇၀၀)ကျပ်၊ ဇီးဖြူသီး ( ၁ ) ဘူးလျှင် ( ၈၀၀)ကျပ် တစာင်းခါးတစ်စည်း ( ၂၅ )ကျပ်သား လျှင် ( ၂၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် မွေးမြူရေးကြက်သားနှင့် အာလူး ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်သားဈေးနှုန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး ဈေးကွက်များမှ ဒေသတွင်းရှိ မွေးမြူရေးခြံများသို့ ဝင်ရောက် ဝယ်ယူခဲ့မှု ကြောင့် ခြံဖမ်းဈေးနှုန်း မြင့်တက်မှုရှိခဲ့ပါသည်။ ဒေသတွင်းသုံးစွဲမှုတွင်လည်း ပွဲတော်ရက်ကာလ အတွင်း သုံးစွဲမှုမြင့်တက်ခဲ့သဖြင့် ကြိုတင်မှာ ယူခဲ့မှုအနေအထားများကြောင့် ဈေးနှုန်းမြင့်တက် မှုရှိခဲ့ပါသည်။ လက်ကားဒိုင်(အကောင်လိုက်) ရောင်းဈေးနှုန်း (၁၃၄၀၀)ကျပ်မှ (၁၄၁၀၀)ကျပ် ဖြစ်ခဲ့ သဖြင့် လက်လီ(ခုတ်သား)ဈေးနှုန်း(၈၀၀)ကျပ်မြင့်တက်မှုရှိခဲ့ပါသည်။ ဒေသတွင်းဈေးကွက်များသို့ အောင်ပန်းဈေးကွက်များမှသာ ဝင်ရောက်မှုရှိနေပါသည်။ ဈေးကွက်များသို့ ပုံမှန်ဝင်‌ရောက်မှု ရှိသော်လည်း ဒေသတွင်းစိုက်ပျိုးထွက် ရှိမှုများမှ စားဖိုဆောင် သီးနှံများ ထွက်ရှိနေမှုကြောင့် အာလူးသုံးစွဲမှုလျော့ကျခဲ့ပါသည်။ အောင်ပန်းဈေးကွက်အနီးရှိ စိုက်ပျိုး မှုများမှ ထွက်ရှိမှုအားကောင်းနေသဖြင့် သီးနှံပွဲရုံ များမှ ဝယ်ယူရသည့် ဈေးနှုန်း နိမ့်ကျလာမှုနှင့်အတူ ဒေသတွင်းလက်လီဈေးနှုန်းများတွင်လည်း ကျဆင်းမှုရှိလာခဲ့ပါသည်။ အာလူးဈေးနှုန်း အနည်းငယ် ထပ်မံကျဆင်းနိုင် သည်ဟုလည်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေး ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြိတ်ခွဲထုတ်လုပ်မှုအများဆုံးရှိနေသော မိုးစပါး (ဟောင်း)မနောသုခ ၁၄ ပိဿာ တစ်တင်းလျှင် (၂၁၀၀၀)ကျပ်ရှိနေပြီး၊ မနောသုခ ဆန်စက်ကျ တစ်အိတ်(၆၇၀၀၀)ကျပ်မှ (၇၀၀၀၀)ကျပ်အတွင်း ဈေးနှုန်းဖြစ်ပေါ်လျက် ရှိပါသည်။ ဈေးကွက် များအတွင်း ဝယ်ယူသုံးစွဲမှုပိုမိုလာသည့် ဧရာမင်းနှင့် မဂျမ်းတောဆန်များ တစ်အိတ် လျှင် (၁၃၀၀၀၀) ကျပ်ဈေးနှုန်းရှိနေပြီး၊ ထိုင်းနှံကောက်(အဟောင်း) တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောက်းချနေမှုများကိုလည်း တွေ့ရပါသည်။ ဒေသတွင်း ဈေးကွက်များတွင် မနောသုခဆန် မိုး(ဟောင်း)အား (၁)နှစ် ဟောင်း၊ (၂)နှစ် ဟောင်း အနေအထားမျိုးဖြင့် ရောင်းချနေမှုများကိုတွေ့ရပြီး၊ ရေတာ ရှည်မှ (မှင်ဘို)၊ ရန်ကုန်မှ (အောင်မြတ်ကျော်) တံဆိပ်အမျိုးအစာများ ရောင်းအား ကောင်းမွန်နေသည်ကို တွေ့ရှိရ ပါသည်။ မိုးစပါး(ဟောင်း)ဈေးနှုန်းတည်ငြိမ်နေပြီး၊ အောက်တိုဘာဒုတိယပတ်ခန့်တွင် မိုးစပါး(သစ်) ပြန်လည်ထွက်ရှိလာမည် ဖြစ်သဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို အများဆုံတွေ့ရှိနေရမည် ဖြစ်ပါသည်။ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်လာမှုကြောင့် ပေါ်ဆန်းမွှေး (ရွှေဘို) ပိုမိုဝင်ရောက်လာမှုကို တွေ့ရပြီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဧရာဝတီပေါ်ဆန်း အရည်အသွေး ပိုမိုကောင်းမွန်မှု ရှိလာသည်ကို တွေ့ရပါသည်။ ရွှေဘိုမှ ‌ပေါ်ဆန်းဝင်ရောက်မှုတွင် ဘုရင်မ၊ မွန်မွန်၊ တိုးတိုး တံဆိပ်များ လူသုံးများခဲ့ပြီး၊ ဧရာဝ တီမှ ဝင်ရောက်လာသည့် ပေါ်ဆန်းမွှေးနှင့် ကျားပျံတို့ကိုလည်း သုံးစွဲမှု ပိုမိုလာသည်ကို တွေ့ရပါသည်။ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောကဲ့သို့ အထူးဧည့်မထအုပ်စုဝင် ဆန် များကိုလည်း ဝယ်ယူသုံးစွဲမှုများလာသဖြင့် ပေါ်ဆန်းမွှေးသုံးစွဲမှု လျော့ကျလာမှုနှင့် အတူ ဈေးနှုန်းလျော့ကျမှုရှိလာကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ကြက်ဥနှင့် ဘဲဥ ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသတွင်းမှ ထွက်ရှိမှုအားကောင်းနေပြီး၊ ရှမ်း(တောင်)မှ ဝင်ရောက်မှု ပုံမှန်ရှိခဲ့သည်ကိုတွေ့ရပါသည်။ ဒေသတွင်းထွက်ရှိမှုများမှ ရပ်ကွက်/ ကျေးရွာများ အတွင်းရှိ လက်လီဆိုင်များသို့အရောက် ရောင်းချလာမှုကိုတွေ့ရပြီး၊ ရှမ်း(တောင်)မှ ဝင်ရောက်မှုများတွင်လည်း ဈေးကွက်ငယ်များအထိ ရောက်ရှိနေမှုများကြောင့် ကြက်ဥဈေးနှုန်း ကျဆင်းလာမှုကို တွေ့ရပါသည်။ ဒေသတွင်း မွေးမြူရေးခြံများမှ ထွက်ရှိမှုနှင့် မန္တလေးမှ ပုံမှန်ဝင်ရောက်နေမှုများ ရှိနေပါသည်။ ဒေသတွင်းနွေးစပါးရိတ်သိမ်းပြီး၊ စားကျက်များနှင့် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေသော စားကျက်များ သို့ ဘဲရွှေ့ပြောင်းမွေးမြူသူများ ရောက်ရှိလာပြီး၊ ဘဲဥ ထွက်ရှိမှုများမှလည်း ဒေသတွင်း ဈေးကွက်များ သို့ ရောက်ရှိလာပါသည်။ ဘဲဥ ဝင်ရောက်မှု ပုံမှန်ထက် ပိုမိုခဲ့ပြီး၊ သုံးစွဲမှုတွင်လည်း လျော့ကျမှုရှိခဲ့ပါ သည်။ ကြက်ဥ ဈေးနှုန်းလျော့ကျမှုရှိခဲ့သဖြင့် ဈေးနှုန်းတွင် နိမ့်ကျမှု ရှိလာသည်ကိုတွေ့ရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းမှုများ ဖြိုင်ဖြိုင်တွေ့ရှိလာရပြီး၊ မြေပဲစိုက်ခင်းအချို့မှ မြေပဲစတင်ထွက်ရှိလာမှုကို တွေ့ရှိလာရပါသည်။ မြေပဲဆီကြိတ်ခွဲမှုမျာ တွင် မြေပဲဆံ(အဟောင်း)အသုံးပြုမှုကိုသာ တွေ့ရှိနေရဆဲဖြစ်ပြီး ဒေသတွင်းမှပင် ရရှိနေဆဲဖြစ်ပါသည်။ မြေပဲဖြိုင်ဖြိုင်ထွက်ရှိရန် နီးကပ်လာမှုကြောင့် မြေပဲဆံဈေးနှုန်းနိမ့်ကျမှု ရှိလာသည်ကို တွေ့ရပါ သည်။ နှမ်းဈေးနှုန်းတွင်လည်း နိမ့်ကျမှုရှိလာသည်ကို တွေ့ရပါသည်။ ဆီစက်များမှ ဒေသတွင်း ဈေးကွက်လိုအပ်ချက်များအပေါ် ပုံမှန်ကြိတ်ခွဲမှုရှိနေသော်လည်း နှမ်းရိတ်သိမ်းထွက်ရှိလာမှု ကြောင့် နဝလီကြိတ်ခွဲမှုများတွင် ပိုမိုလာခဲ့သည်ကို တွေ့ရှိရပါသည်။ မြေပဲ(ဆီဆံ)ဈေးနှုန်း (၁)ပိဿာ(9200)ကျပ်သို့ လျော့ကျခဲ့သော်လည်း မြေပဲဖတ်ဈေးနှုန်း နိမ့်ကျမှုကြောင့် မြေပဲဆီ ဈေးနှုန်းတွင် နိမ့်ကျမှုမတွေ့ရှိရပါ။ လယ်ဝေး၊ တပ်ကုန်းနှင့် ပုဗ္ဗသီရိ မြို့နယ်တို့တွင် နဝလီကြိတ်ခွဲမှု ပိုမိုလာသည်ကိုသိရှိရပါသည်။ နှမ်းဖြိုင်ဖြိုင်ထွက်ရှိမှုကြောင့် နဝလီကြိတ်ခွဲမှုများတွင် နှမ်းကြိတ် ခွဲမှုပိုမိုခဲ့ပြီး နှမ်းဖက်သုံး စွဲ မှုတွင် ဒေသတွင်းသုံးစွဲမှုအနေအထားသာရှိသဖြင့် နှမ်းဖတ်ဈေးနှုန်း လျော့ကျခဲ့ပါသည်။ မြေပဲဖတ် ဈေးနှုန်းလျော့ကျမှုမရှိသော်လည်း မန္တလေးဈေးကွက်သို့ ပြန်လည် တင်ပို့မှု ရှိလာသည်ကို တွေ့ရပါသည်။ မြေပဲဖတ်ဈေးနှုန်းတွင် (4400) ကျပ်ဖြင့် တည်ငြိမ်မှုရှိသော်လည်း နှမ်းဖတ်ဈေးနှုန်းတွင် (500) ကျပ်လျော့ကျပြီး (3000) ကျပ် ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် စားဖိုးဆောင်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြက်သွန်နီ ဈေးကွက်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထားရှိမှုနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသတွင်းဈေးကွက်သို့ ဝင်ရောက်မှုများရှိခဲ့ပါ သည်။ ဈေးကွက်လိုအပ်ချက်ထက် ပိုမိုဝင်ရောက်နေခြင်းကြောင့် ဈေးနှုန်းကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ ကြက်သွန်နီ ဈေးနှုန်းအနေဖြင့်လည်း ပြည်ပတင်ပို့မှုမရှိခြင်းကြောင့် တစ်ပိဿာ လျှင် အနိမ့်ဆုံး(၁၄၀၀)ကျပ်မှ အမြင့်ဆုံး (၂၀၀၀)ကျပ်အတွင်း ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရှိရပါသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပဲခွဲစက်များသို့ ကုန်ကြမ်း တင်ပို့မှုများရှိပြီး မန္တလေးမှ ပြန်လည်ဝင်ရောက်လာသော ကုလားပဲခြမ်းများမှာ ဒေသတွင်းဖူလုံမှုရှိ ပါသည်။ အလားတူ မိတ္ထီလာနှင့် ပျော်ဘွယ် ဒေသတို့မှလည်း ကုလားပဲခြမ်းဝင်ရောက်မှုများ တွေ့ရှိရ ပါသည်။ ယင်းအပြင် ဧပြီလနှင့်မေလများတွင် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများသို့ ကုလားပဲ ခြမ်းများ ထောက်ပံ့လျက်ရှိသဖြင့် ဈေးကွက်၌ ကုလားပဲရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေရှိသဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း တွေ့ရှိရပါသည်။ ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် အောင်ပန်းဈေးကွက်မှ ကြက်သွန်ဖြူဝင်ရောက်နေမှု အများဆုံးတွေ့ရှိရပြီး၊ မန္တလေးဈေးကွက်မှလည်းဝင်ရောက်လျက်ရှိပါသည်။ ဒေသတွင်းကြက်သွန်ဖြူ ထွက်ရှိမှု အနည်းငယ်သာရှိပြီး အောင်ပန်း ဈေးကွက်အတွင်းရှိ သီးနှံပွဲရုံများမှ အိတ်ဆွဲ‌ဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိချိန်တွင် ဒေသတွင်းလက်လီ ရောင်းဈေးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၀၀၀)ကျပ် ဖြစ်ပေါ်မှုကို တွေ့ရှိပါသည်။ ဒေသတွင်း ငရုတ်စိုက်ပျိုးထုတ်လုပ်မှုရှိပြီး မန္တလေးတိုင်းနှင့် ရှမ်း(တောင်)မှ ဝင်ရောက်မှု ရှိနေပါသည်။ ရှမ်း(တောင်)မှ ဝင်ရောက်မှုရှိသော ငရုတ်ခြောက်ဈေးနှုန်းမြင့်မားမှုကိုတွေ့ရှိရပါသည်။ ဒေသတွင်း ငရုတ်စိုစိုက်ပျိုးမှုအားကောင်းပြီး၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ တင်ပို့နိုင်သည် အထိ ထွက်ရှိနေပါသည်။ ဒေသတွင်းစိုက်ပျိုးသည့် ငရုတ်စိုသုံးစွဲမှုပိုများ လာခြင်းကြောင့် ငရုတ် ခြောက် လိုအပ်ချက်နည်းလာပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်ကောင်စီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း