ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၁၀.၂၀၂၃ )

    ၂၆.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၆.၁၀.၂၀၂၃ )

၂၆.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၆.၁၀.၂၀၂၃ )

     ၂၆.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၁၁ ) ရက်နေ့မှ အောက်တိုဘာလ (၁၇) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ  ပြည်မှ ဩဇာသီးအလုံးကြီး  ၆၀လုံးပါ တစ်သေတ္တာလျှင် ကျပ်၁၀၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၊ အောင်ပန်းမှ ထောပတ်သီးအလုံးကြီး ၄၅လုံးပါ တစ်သေတ္တာလျှင် ကျပ်၁၅၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၇၀၀၀၊ မန္တလေးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၊ တိုက်ကြီးမှ ပီလောပီနံအလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး ၂၀လုံးပါ တစ်ဖာလျှင် ကျပ်၁၂၀၀၀၊ ရှမ်းပြည်(မြောက်ပိုင်း)မှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၄၅၀၀၀၊ အလုံးသေးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၀၀၀၀၊ ဘိုကလေးမှ ဌက်ပျောသီး (ဖီးကြမ်း) အလုံးကြီးတစ်ဖီးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၁၀၀၀၊ ကျောက်ဆည်၊ ပြည်မှ ရွှေဌက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၀၀၀၊ အလုံးသေး(၁) ဖီးလျှင် ကျပ်၄၅၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူဌက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၅၅၀၀၊ အလုံးသေး(၁) ဖီးလျှင် ကျပ်၄၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးဒိုင်၏ ဈေးကွက်ဈေးနှုန်း

  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုစွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများအား  နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများကို ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ကြက်အရှင်အိမ်မွေးကြက် ၁ပိဿာလျှင် (၁၂၅၀၀/၁၃၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၂၀၀/၅၃၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင်(၇၅၀၀/၉၀၀၀) ကျပ်၊ ဘဲအရှင် ၁ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် (၁၆-၁၀-၂၀၂၃)ရက်နေ့တွင် ‌တစ်ရက်လျှင် ကုန်ချိန် (၆၇၄၀၀)ပိဿာခန့်အဝင်ရှိနေကြောင်းနှင့် ဒုတိယအပတ်ထက် အဝင်များလာခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များသို့ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

ပုစွန်တောင်ဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးကွက်အခြေအနေ

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ရက်နေ့တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ စားအုန်းဆီ၁ပိဿာလျှင် (၄၄၅၀ - ၄၆၀၀) ကျပ်၊ ပဲဆီ(ရိုးရိုး) ၁ပိဿာလျှင် (၁၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ ၁ပိဿာလျှင် (၃၀၀၀-၃၄၀၀ -၃၈၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ) တစ်လုံး ၁ပိဿာလျှင် (၉၀၀ဝ-၁၃၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) ၁ပိဿာလျှင် (၉၀၀ဝ -၁၂၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၈၈၀၀) ကျပ်၊ အာလူး ၁ပိဿာလျှင် (၂၆၀၀)ကျပ်၊ နနွင်းမှုန့် ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ နနွင်းတက် ၁ပိဿာလျှင် (၆၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား/ရိုးရိုးဆား ၁ထုပ်လျှင် (၅၀၀)ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု) ၁ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ပိဿာလျှင်(၈၈၀၀) ကျပ်၊ ပဲဝါလေး ၁ပိဿာလျှင် (40၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ပိဿာလျှင် (၆၄၀၀)ကျပ်၊ ချင်း ၁ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပုစွန်ခြောက်(ကြီး) ၁ပိဿာလျှင် (၉၀၀၀၀) ကျပ်၊ ပုစွန်ခြောက်(လတ်) ၁ပိဿာလျှင် (၇၅၀၀၀) ကျပ်၊ ပုစွန်ခြောက်(သေး) ၁ပိဿာလျှင် (၅၅၀၀၀) ကျပ်နှင့် ငါးကျည်းခြောက် ၁ပိဿာလျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ထို့အတူ အသားငါးဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀ - ၁၇၀၀၀) ကျပ်၊ ဘဲသား ၁ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ ဗမာကြက် ၁ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၂၀၀၀-၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၇၀၀၀-၇၅၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   အလားတူ ဆန်‌ကြမ်း/ချောအမျိုးအစားအလိုက် (ထိပ်စ၊ လတ်စ၊ နိမ့်စ)များတွင် ဧည့်မထ  ၁အိတ်လျှင် (၆၆၀၀၀-၇၁၀၀၀-၇၅၅၀၀ကျပ်)၊ မနောသုခ ၁အိတ်လျှင် (၇၅၅၀၀-၈၀၀၀၀-၈၅၀၀၀ကျပ်)အထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၃၀၀၀၀-၁၃၅၀၀၀- ၁၄၂၀၀၀ကျပ်) အထိ၊ ပေါ်ဆန်း(ရိုးရိုး) ၁အိတ်လျှင် (၁၀၀၀၀၀-၁၀၂၅၀၀-၁၀၆၀၀၀)ကျပ်အထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်ဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

                                                 

                            

ပြည်ခရိုင်တွင် မိုးစပါးများစတင်ထွက်ပေါ်

     ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မိုးစပါး ၇၄၆၄၂ ဧက စိုက်ပျိုးပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ၁၉၇ဧကရိတ်သိမ်းပြီး ဖြစ်ပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ဧက စိုက်ပျိုးပြီး ၁၈၀ ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ ရွှေတောင်မြို့နယ်စိုက်ဧက ၅၈၁၆၃ ဧကတွင် ၂၅၇ ဧက ရိတ်သိမ်းပြီး ပန်းတောင်းမြို့နယ်စိုက်ဧက ၅၈၁၆၃ ဧကတွင်  ၂၅၁၂ ဧကရိတ်သိမ်းပြီး ဖြစ်ပါသည်။ ပြည်ခရိုင်တွင် တစ်ဧကအထွက်နှုန်း အနေဖြင့် ၈၃တင်းခန့် ထွက်ရှိကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် မိုးစပါး(အသစ်) ၄၆ပေါင် တင်း(၁၀၀)လျှင် အစိုဓါတ် ၂၀% တွင် ၁၄၈၀၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိပြီး ဆန်သစ်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်ဈေးဖြင့် ဈေးဖွင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိအခြေခံစားကုန်ဈေးနှုန်းများ

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပြည်ခရိုင်၊ ပြည်မြို့ရှိ အခြေခံစားကုန်များဖြစ်သည့် ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ် ၊  ဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊ စားဖိုဆောင်သုံး သီးနှံများဖြစ်သည့် ငရုတ်သီးခြောက် တစ်ပိဿာလျှင် (အရှည်၊ အပု) ၁၈၀၀၀ ကျပ် ၊  ကြက်သွန်နီ တစ်ပိဿာလျှင် ၃၄၀၀ ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ ရှမ်းတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၆၅၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၂၈၀၀ ကျပ်နှင့် မန်ကျည်းမှည့် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သားငါးဈေးများအနေဖြင့် အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ဆိတ်သား ဈေးတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဖြင့် ရောင်း ချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် စားသုံးဆီ ဆန်ဈေးများမှာ အတက်အကျမရှိပဲ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီမှာ ယခင်အောက်တိုဘာ ဒုတိယအပတ်က ၃၄၀၀ကျပ်မှ ယခုအောက်တိုဘာ တတိယအပတ်တွင် ၃၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေတို့ကို  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ် ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေတို့ကို နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မြင်းခြံ၊ ပျော်ဘွယ်ဒေသတို့မှ ကြက်သွန်နီ (၆၄၈၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင် နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ကြက်သွန်နီဈေးနှုန်းအနေဖြင့် ဆိတ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ် ၂၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၈၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၂၀၀၊ မြင်းခြံကြက်သွန်နီ (အသစ်) ‌အချောတစ်ပိဿာလျှင် ၁၅၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၂၀၀ရှိကြောင်းနှင့် ပျော်ဘွယ်ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၅၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၆၀၀နှင့် ရှယ်တစ်ပိဿာလျှင် ကျပ်၂၉၀၀ဈေးတို့ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

သီတင်းကျွတ်အကြို “အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းဖွင့်ပွဲအခမ်းအနား (ရန်ကုန်)”

  (၁၄-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သော သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

     ဝန်ကြီးချုပ်က ယနေ့ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးကြသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အသီးသီးနှင့် သမဝါယမအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပူးပေါင်းဆောင်ရွက်ကြပါသောပညာရှင်များနှင့် လုပ်ငန်းရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်မေတ္တာပို့သပြီး ယနေ့ကျင်းပမည့် သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသောလုပ်ငန်းများအနက် လုပ်ငန်းရှင် (၇၄)ဦး၏ထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းတွေ့ရှိ ရောင်းဝယ်နိုင်ရန်အတွက် ဈေးကွက်တစ်ခုကိုဖန်တီးဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်ပွဲတော်ကိုကြိုဆိုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာ၌ သတ္တမအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သောပြပွဲလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြသရောင်းချခြင်းအားဖြင့် ပြည်တွင်း/ ပြည်ပဈေးကွက်ရရှိစေရုံမျှမက မြန်မာ့လက်မှုထည်လုပ်ငန်းများမှာလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး လက်မှုထည်ကဏ္ဍဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ယနေ့ပြပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်မှုထည်ပစ္စည်းများ၊ အသေးစားထုတ်ကုန်အမယ်အမျိုးမျိုးကို တစ်နေရာတည်းတွင် မြင်ရခြင်း၊ လေ့လာရခြင်း၊ လုပ်ငန်းရှင်၊ ပညာရှင်အချင်းချင်း မိတ်ဆက်ရခြင်း၊ အမြင်ချင်းဖလှယ်နိုင်ခြင်း၊ အခြားသော MSMEs လုပ်ငန်းများကသိရှိပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းတို့မှာ ပြပွဲ၊ ဈေးရောင်းပွဲတော်မှ ဆင့်ပွားရရှိသော အနှစ်သာရတစ်မျိုးပင်ဖြစ်ပါကြောင်း၊ အသေးစားစက်မှု/ လက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ အစီအစဉ်များသည် အကျိုးသက်ရောက်မှုအားကြီးမားစေမည်ဖြစ်သည့်အတွက် စုစည်းညီညွတ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်သည်ဟု ပြောကြားလိုကြောင်း၊ ယခုကဲ့သို့ကောင်းမွန်ပြီး အကျိုးကျေးဇူးများစေသည့် ပြပွဲ၊ ဈေးရောင်းပွဲများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ကြပါဟုလည်း တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း