ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၁၀.၂၀၂၃ )

    ၂၅.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်  ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်(၂၀၂၂ ခုနှစ်) အောက်တိုဘာလ၊(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်(၂၀၂၃ ခုနှစ်) အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၃၀,၀၀၀)ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၂၅၅၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၆၀,၀၀၀)ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၉,၀၀၀) ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၆၅၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၆၁၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၉၂၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၈၈၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၈၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၃၀,၀၀၀)ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၈,၀၀၀)ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၆၀,၀၀၀)ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၈၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၇၀၀) ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ) ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၃၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်(၁,၀၀၀)ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ၊ (စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၉၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်(၁၅,၀၀၀)မှ ကျပ်(၂၀,၀၀၀)အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ်(၈၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်) တစ်အိတ် (၉၀,၀၀၀)ကျပ်၊ တီစူပါ ၄၆% (သံကွင်း(တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၇,၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၆,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၇၀,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (၁)ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူး (၁၇,၅၀၀) ကျပ်၊ ဘက်တား တစ်ထုပ် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ တစ်ထုပ် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူး (၁၁,၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူး (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဘူး (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူး (၄၉,၅၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူး (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူး (၂၉,၀၀၀)ကျပ်၊ အီမာ တစ်ဘူး (၃၄,၀၀၀) ကျပ်၊ သန်းဒါး တစ်ဘူး (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူး (၂,၀၀၀)ကျပ်၊ ထိသေစားသေ တစ်ဘူး (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့် တစ်ဘူး (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိ ရသည်။

ယခု အောက်တိုဘာလ စတုတ္တပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅)တစ်အိတ်(၈၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၇,၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်(၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၄,၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၆,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၇၀,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (၁)ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူး (၁၇,၅၀၀) ကျပ်၊ ဘက်တား တစ်ထုပ် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ တစ်ထုပ် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူး (၁၁,၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူး (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဘူး (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူး (၄၉,၅၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူး (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါ တစ်ဘူး (၂၉,၀၀၀)ကျပ်၊ အီမာ တစ်ဘူး (၃၄,၀၀၀)ကျပ်၊ သန်းဒါး တစ်ဘူး (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူး (၂,၀၀၀)ကျပ်၊ ထိသေစားသေ တစ်ဘူး (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့် တစ်ဘူး (၂၉,၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက ဈေးနှုန်းများ ပြောင်းလဲမှုမရှိကြောင်း လေ့လာသိရှိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကန့်ဘလူခရိုင်တွင် နွေစပါး/ဆန်ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀ လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၈,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၄၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၂၃,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ အောက်တိုဘာလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ ၁၆,၆၀၀ အိတ်၊ မန္တလေးသို့ ၁၈,၂၀၀ အိတ်၊ မကွေးသို့ အိတ် ၁,၀၀၀၊ နေပြည်တော်သို့ ၄,၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ ၂,၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ ၂,၅၀၀ အိတ်၊ ကချင်သို့ (၅၀၀)အိတ်၊ စုစုပေါင်းအိတ်(၄၅,၈၀၀)၊ တန်အားဖြင့် (၂,၂၉၀)တန် စီးထွက်ခဲ့ပြီး၊ ယခု အောက်တိုဘာလ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ ၁၇,၅၀၀ အိတ်၊ မန္တလေးသို့ ၁၇,၅၀၀ အိတ်၊ မကွေးသို့ ၁,၂၀၀ အိတ်၊ နေပြည်တော်သို့ ၃,၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ် ၂,၀၀၀၊ ရှမ်း(မြောက်)သို့ အိတ် ၂,၀၀၀၊ ကချင်သို့ (၅၀၀)အိတ်၊ စုစုပေါင်းအိတ် (၄၄,၂၀၀)အိတ်၊ တန်အားဖြင့် (၂,၂၁၀)တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် (၁,၆၀၀)အိတ်၊ တန်အားဖြင့် (၈၀)တန် လျော့နည်းစီးထွက်ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                                      

DOCA(စစ်ကိုင်း)

အောက်တိုဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲလုံးဆံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ ဖြူ)များမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၆၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင်(၈၈၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျင် (၈၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၈၀၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ နေ့စဉ်နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၌ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို စစ်နယ်မြေမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လွတ်လပ်စွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ရောင်းချပေးသည့် အခြေခံ စားသောက်ကုန် တန်ဘိုးအရေအတွက်အားဖြင့် ကြက်ဥ(၅)လုံး (၁၀၀ဝိ/-)ကျပ်နှုန်းဖြင့် ကြက်ဥ (၁၅၀၀)လုံး၊ ငါးခြစ်(၂၀)သား (၂၅ဝဝိ/-)ကျပ်နှုန်းဖြင့် ပိဿာချိန် (၆၀)၊ ဆီ (၅၀)သားဘူး (၁)ဘူးလျှင် (၂၅၀ဝိ/-)ကျပ်နှုန်းဖြင့် ဆီ(၄၀၀)ဘူး၊ ရွှေဘိုပေါ်ဆန်းတစ်ပြည်(၅၀၀ဝိ/-)ကျပ်နှုန်းဖြင့် ပြည်(၆၀)၊ ရွှေဝါထွန်း ဆန်(၁)ပြည်လျှင် (၂၅၀ဝိ/-)ကျပ်နှုန်းဖြင့် ပြည်(၄၀၀)တို့ကို ဈေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများမှ စနစ်တကျ တန်းစီ၍ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်း ရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို အပတ်စဉ် ရောင်းချပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် နံနက်(၇:၀၀)နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့် ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၁၁၀၀)ပိဿာအား ရောင်းချပေးခဲ့ပြီး ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ငုံးဥ (၂၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၆၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၈၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၉၀၀၀)ကျပ်မှ (၉၅၀၀)ကျပ်အထိ၊ ချင်းတက် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၅၀၀၀) ကျပ်အထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်အထိ၊ အာလူး တစ်ပိဿာလျှင် (၂၂၀၀)ကျပ် မှ (၂၅၀၀)ကျပ်အထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၂၂၀၀)ကျပ်အထိ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀)ကျပ်၊ အသေးတစ်လုံး (၂၅၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀)ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၇၂၀၀) ကျပ်မှ  (၈၀၀၀)ကျပ်အထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ် အထိ၊ အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရ ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်း များ နှိုင်းယှဉ်လျှင် အခြားအခြေခံစား ကုန်ဈေးနှုန်းများကွာဟမှု မရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာသည့် အစေ့ထုတ်ပြောင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၆၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၄၅)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၇၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူအောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း