ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်မှာ စိုက်ပျိုးရာသီချိန်မဟုတ်တော့သဖြင့် ပုံမှန်အရောင်းအဝယ်သာရှိနေပြီး ပထမအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် မကွေးမြို့နယ်၌ ဓာတ်မြေဩဇာအာမို(၁၅း၁၅း၁၅)မှာ ဈေးနှုန်းကျဆင်းလျက်ရှိပြီး နတ်မောက်မြို့နယ်၌ ယူရီးယား၊ ရွှေကောမတ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅)မှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

  ယခုအပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ မကွေးမြို့၌ အာမို(၁၅း၁၅း၁၅) (50Kg)(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ MC(၁၅-၁၅-၁၅) (50Kg) (၁)အိတ်လျှင် ကျပ်(၁၃၇၀၀၀)၊ တက်တိုး(၁၅း၇း၈) (50Kg)(၁)အိတ်လျှင် ကျပ်(၇၆၀၀၀)၊ ပရိုမက်တင် (၅၁.၈EC) (500CC)(၁)ဘူးလျှင် ကျပ်(၂၅၀၀၀)၊ ဆလက်ပက်(စ်) (500CC)(၁)ဘူးလျှင် ကျပ်(၂၁၅၀၀)၊ အိရာပရိုသရင်(500CC)(၁)ဘူးလျှင် ကျပ်(၂၄၅၀၀)၊ ဖိုစ်တင်း(EC) (500CC)(၁)ဘူးလျှင် ကျပ်(၁၇၅၀၀)၊ တောင်တွင်းကြီးမြို့၌ ယူရီးယား(50Kg)(၁)အိတ်လျှင် ကျပ်(၈၂၀၀၀)၊ ရွှေကောမတ် (50Kg)(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကွန်ပေါင်း(50Kg)(၁)အိတ်လျှင် ကျပ်(၈၂၀၀၀)၊ ကွန်ပေါင်း(၁၅း၁၅း၁၅)(50Kg)(၁)အိတ်လျှင် ကျပ်(၁၂၃၀၀၀)၊ အာမို(၁၆း၁၆း၁၆) (50Kg)(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဇွန်ဘီ (100g)(၁)ဘူးလျှင် ကျပ်(၉၂၀၀)၊ ကပ္ပတိန်(100g)(၁)ဘူးလျှင် ကျပ် (၉၂၀၀)၊ အာမိုဝါအထူးအားဆေး (500g)(၁)ဘူးလျှင် ကျပ်(၉၀၀၀)၊ ကွင်းစတား (500CC)(၁)ဘူးလျှင် ကျပ်(၂၄၀၀၀)၊ ဖော်ကျွန်းပေါင်းသတ်ဆေး (250CC)(၁)ဘူးလျှင် ကျပ်(၁၄၅၀၀)၊ နတ်မောက်မြို့၌ ကောမတ်(G-46) (50Kg)(၁)အိတ်လျှင် ကျပ်(၇၉၀၀၀)၊ အာမို(၁၀း၁၀း၅) (50Kg)(၁)အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ယူရီးယား(50Kg)(၁)အိတ်လျှင် ကျပ်(၇၉၀၀၀)၊ ရွှေကောမတ် (50Kg)(၁)အိတ်လျှင် ကျပ်(၁၀၈၀၀၀)၊ ကွန်ပေါင်း(သီးနှံစုံ) (40Kg)(၁)အိတ်လျှင် ကျပ်(၇၁၀၀၀)၊ ကွန်ပေါင်း(၁၅း၁၅း၁၅) (50Kg)(၁)အိတ်လျှင် ကျပ်(၁၁၆၀၀၀)၊ အဆီဖိတ်(250g)(၁)ဘူးလျှင် ကျပ်(၉၀၀၀)၊ ဆိုက်ကလုံး (250CC)(၁)ဘူးလျှင် ကျပ်(၉၀၀၀)၊ မက်ဆိုက်ပါ(250CC)(၁)ဘူးလျှင် ကျပ်(၈၀၀၀)၊ မြို့သစ်မြို့၌ ပုလဲ(ပန်းဖူး) (50Kg)(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ကွန်ပေါင်း(၁၀း၁၅း၁၅) (25Kg)(၁)အိတ်လျှင် ကျပ်(၁၃၇၀၀၀)၊ ကွန်ပေါင်း(50Kg)(၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ရွှေပုလဲ(မြင်းကျား) (50Kg) (၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ စိုးထက်(500CC)(၁)ဘူးလျှင် ကျပ်(၁၇၀၀၀)၊ ရွှေမိရမ်(500CC)(၁)ဘူးလျှင် ကျပ်(၂၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှသိရပါသည်။

DOCA(မကွေး)

 

 

                                     

မကွေးကုန်စည်ဒိုင်၌ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော နှမ်းနှင့် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့တို့အပြင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်းသိရသည်။

    မကွေးကုန်စည်ဒိုင်တွင်၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)၌ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၂၆၉၀၀)ဖြစ်ပြီး (၁)ရက်လျှင် (၄၅)ပိဿာဝင် အိတ်ဖြင့် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၉၉၅၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၂၄၀)ခန့်၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၁၁၇၀၀၀) ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၁၀၂၀၀၀)ဖြစ်ပြီး (၁)ရက် လျှင် အိတ်ရေ (၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး)(၁)တင်းလျှင် ကျပ်(၁၀၆၉၅၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၁၂၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု (ဒုတိယပတ်)တွင် နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၅၃၀)၊ နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၁၃၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ် (၁၃၀)ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး နှမ်းနက်(ရိုးရိုး)မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရသည်။ အောက်တိုဘာလ(ဒုတိယပတ်)၌ မကွေးမြို့မှ မန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် နှမ်း(၅၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၁၈၂၄)အိတ်၊ စုစုပေါင်းနှမ်း (၆၈၂၄)အိတ်တင်ပို့ခဲ့ကြောင်းသိရသည်။

     ပဲဈေးနှုန်းများမှာလည်း အောက်တိုဘာလ (ဒုတိယပတ်)၌ ပဲတီစီမ်း(၁)တင်းလျှင် ကျပ် (၆၁၀၀၀)ဖြစ်ပြီး (၁)ရက်လျှင်(၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ (၈၁)အိတ်ခန့်၊ ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၉၂၄၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၂၈၀)အိတ်ခန့်၊ ကုလားပဲ(929)(၁)တင်းလျှင် ကျပ် (၉၃၂၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၁၂၀)အိတ်ခန့်၊ ပဲကြီးဖြူ (၁)တင်းလျှင် ကျပ်(၉၆၉၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၁၀၀)အိတ်ခန့်၊ ပဲကြီးမဲ(၁)တင်းလျှင် ကျပ်(၈၄၉၃၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀)အိတ်ခန့်၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၃၀၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀) အိတ်ခန့်၊ မြေပဲလုံးဆံဖြူ(၁)တင်းလျှင် ကျပ်(၉၂၄၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၃၀၀)အိတ်ခန့်၊ မြေပဲလုံးဆံနီ(၁)တင်းလျှင် ကျပ်(၁၀၉၂၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ (၈၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု(ဒုတိယပတ်)တွင် ပဲတီစိမ်းမှာ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ကုလားပဲ(HL)ကျပ်(၄၀)၊ ကုလားပဲ(929)ကျပ်(၂၀)၊ မြေပဲလုံးဆံနီ ကျပ်(၈၀၀) အသီးသီးဈေးလျော့နည်းခဲ့ပြီး ပဲကြီးဖြူ၊ ပဲကြီးမဲ၊ မတ်ပဲ၊ မြေပဲလုံးဆံဖြူတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရသည်။ မကွေးမြို့မှ မန္တလေးမြို့သို့ အောက်တိုဘာလ(ဒုတိယပတ်)၌ တင်ပို့မှုအနေဖြင့် မြေပဲ(၂၀၀၀)အိတ်၊ ကုလားပဲ(၂၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၅၀၀)အိတ်၊ ကုလားပဲ (၁၀၀၀) အိတ်၊ ပဲတီစိမ်း(၁၀၀)အိတ်၊ စုစုပေါင်း(၅၆၀၀)အိတ်တင်ပို့ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ သရက်ခရိုင်၊ အောင်လံခရိုင်နှင့် ပခုက္ကူခရိုင်တို့တွင် ဆန်ဈေးနှုန်းများကျဆင်းလျက်ရှိ

      မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်များအနက် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း သရက်ခရိုင်၌ ဆန်(ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ)၊ အောင်လံခရိုင်၌ (ရတနာတိုး)နှင့် ပခုက္ကူခရိုင်၌ (ပေါ်ဆန်းမွှေး)ဈေးနှုန်းများမှာ ကျဆင်းနေပြီး သရက်ခရိုင်၌ (မနောသုခ)၌ ဈေးအနည်းငယ်တက်နေကြောင်းသိရသည်။

     ယခုရက်အပတ်အတွင်းဖြစ်ပေါ်နေသော စပါးဈေးမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ် (၃၁၀၀၀)၊ ဧရာပဒေသာ(ကုန်ဇောင်း) (၁)တင်းလျှင် ကျပ်(၃၅၀၀၀)၊ မနောသုခ(၁)တင်းလျှင် ကျပ် (၂၁၀၀၀)၊ ဧည့်မထနွေ(သစ်) (၁)တင်းလျှင် ကျပ်(၁၉၅၀၀)ဖြစ်ပြီး မကွေးခရိုင်မှ ဆန်(ပေါ်ဆန်း မွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၄၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၃၁၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၈၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၂၀၀၀)၊ မင်းဘူးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၂၅၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဆန်(မနောသုခ)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ သရက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၁၅၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဆန်(မနောသုခ)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၉၀၀၀)၊ အောင်လံခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၂၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၁၀၀၀)၊ ဆန်(ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၂၀၀၀)၊ ချောက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၈၀၀၀)၊ ဆန်(ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၇၀၀၀)၊ ဂန့်ဂေါခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဆန် (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ယခင်အပတ်တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၈၅၄၀)အိတ်၊ ပဲခူးတိုင်းမှ ဆန်(၂၄၅)အိတ်၊ ရန်ကုန်တိုင်းမှ (၃၇၇)အိတ်၊ ရခိုင်ပြည်နယ်မှ (၁၀၀)အိတ်၊ စုစုပေါင်း (၉၂၆၂)အိတ်၊ (၄၆၃)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန်(၂၇၀၀၀)အိတ်၊ (၁၃၅၀)တန်စီးဝင်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ဧရာဝတီတိုင်းမှ ဆန်(၇၉၇၃)အိတ်၊ ပဲခူးတိုင်းမှ ဆန်(၂၄၉၅)အိတ်၊ ရန်ကုန်တိုင်းမှ (၃၅၀)အိတ်၊ မန္တလေးတိုင်းမှ (၃၄၀)အိတ်၊ ရခိုင်ပြည်နယ်မှ (၅၅၀)အိတ်၊ စုစုပေါင်း(၁၁၇၀၈)အိတ်၊ (၅၈၅)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန်(၃၁၀၀၀)အိတ်၊ (၁၅၅၀)တန်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် မကွေးမြို့သို့ ကုန်လမ်းခရီးဖြင့် (၂၄၄၆)အိတ်၊ (၁၂၂)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် (၄၀၀၀)အိတ်၊ (၂၀၀)တန်ပိုမိုစီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

 

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ဆီးပန်းသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၃၀၀မှ ၅၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၃၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀မှ ၃၅၀၀)ကျပ်ထိ၊  နဂါးမောက်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်ထိ၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ အောက်တိုဘာလ တတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်” ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး အောက်တိုဘာလ တတိယအပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 ငါးဈေးနှုန်းတို့ကို အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း၌ မြေအောက်ရေတင်စနစ်ဖြင့် ရုံးပတီသီးစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ရုံးပတီသီးကိုစိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကို ရာသီမရွေးစိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် (၁)လကျော်လျှင် အသီးများစတင်ခူးဆွတ်ရပါသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် စားအကောင်းဆုံးအချိန်မှာ ပန်းပွင့်ပွင့်ပြီး (၅/၆)ရက်ခန့်ဖြစ်သည့်အတွက် အပွင့်ပွင့်ပြီး (၇)ရက်နေလျှင် စတင်ခူးဆွတ်ရပါသည်။

   ရုံးပတီသီးကို ဝါဆိုလတွင်စိုက်ပျိုးပြီး တော်သလင်းလ၌ အသီးများသီးကာ စတင်ခူးဆွတ်ရောင်းချရပါသည်။ ရုံးပတီသီးကို တစ်ကျင်းလျှင် (၂/၃)ပင်ခန့်စိုက်ပျိုးပြီး အပင်ရေ (၄၀၀/၅၀၀)ခန့် စိုက်ပျိုးပါသည်။ ရုံးပတီသီးကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကာ ရုံးပတီသီးပင်စတင်စိုက်ပျိုးရန်အတွက် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာနှင် ရေသွင်းခြင်း စသည့်စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀) ကျော် ကျပ်(၃၀၀၀၀)ခန့်ကုန်ကျပြီး တစ်ခါခူးဆွတ်လျှင် (၅)ပိဿာမှ (၇)ပိဿာအထိ ပုံမှန်ခူးဆွတ်ရပြီး ၂ရက်ခြားလျှင်တစ်ကြိမ် ခူးဆွတ်ရပါသည်။

  ထို့ကြောင့် ရုံးပတီသီးပင်မှာ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသောသီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သောသီးနှံပင်ဖြစ်ကြောင်းနှင့် ရုံးပတီသီးတစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀)ကျပ်တို့ဖြင့် မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံသို့ပို့ဆောင်ရောင်းချပြီး အရောင်းအဝယ်ဖြစ်၍ မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရုံးပတီသီးစိုက်တောင်သူ မစိုးနှင်းဖြူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများကျဆင်း

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်နှင့် ယခုအပတ် စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့်နှင့်နှမ်းဆီသန့်မှာ (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း   စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အောက်တိုဘာလ တတိယအပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်၌ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၀၃၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

     အောက်တိုဘာလ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၇၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၇၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၄၀)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၄၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၄၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၆၅)ကျပ်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                  

ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ တတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် စပါး/ဆန်ဈေးနှုန်းများတည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ အောက်တိုဘာလ ဒုတိယအပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၆၃၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၄၄၃၀၀အိတ်၊ တန်အားဖြင့် ၂၂၁၅တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၂၀၀၊ စုစုပေါင်းအိတ်ရေ ၄၃၂၀၀အိတ်၊ တန်အားဖြင့် ၂၁၆၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၁၀၀အိတ်၊ တန်အားဖြင့် ၅၅တန်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ အောက်တိုဘာလ  တတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် (၂၀၂၂-၂၀၂၃)ခုနှစ်ထွက်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

သထုံခရိုင်ဦးစီးမှူးမှ ဝဥတုံထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၈.၁၀.၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာရှိ “ဝဥတုံ” ထုတ်လုပ်သည့် လုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံရာတွင် ဝဥ၏ ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေများကို မေးမြန်းခဲ့ရာ ဝဥအစိုများကို ပဲခူးတိုင်းနှင့် ဘီးလင်းမြို့နယ်တို့မှ တစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀) ကျပ်ထိ ပေးဝယ်ရကြောင်း၊ အဆိုပါဝဥများကို ရေဆေး၊ အခွံခွာကာ၊ ကြိတ်၍ ကြိုရကြောင်း၊ ထို့နောက် လေးထောင့်အတုံးပုံရိုက်၍ ဈေးကွက်များသို့ ဖြန့်ဖြူးကြောင်း၊ ထိုသို့ ဖြန့်ဖြူးရာတွင် သထုံမြို့နှင့် မော်လမြိုင်မြို့သို့ ၇၀ ကျပ်သား ဝဥတုံ တစ်တုံးလျှင် (၁၈၀၀-၂၀၀၀) ကျပ် ဖြင့် လက်ကားဖြန့်ဖြူးကြောင်း သိရှိရသည်။

     အဆိုပါ ဝဥတုံများကို ဟင်းချက်စား၍သော်လည်းကောင်း၊ အသုပ်သုပ်စား၍သော်လည်းကောင်း၊ အသားတုကဲ့သို့ သက်သတ်လွတ် ဟင်းလျာများ ပြုလုပ်၍သော်လည်းကောင်း စားသုံးကြသည်။ ဇရစ်ချောင်ကျေးရွာတွင် ဝဥတုံလုပ်ငန်း လုပ်ကိုင်သူ (၆) ဦးခန့်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း