ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်း အောက်တိုဘာလတွင် ဈေးကောင်းရ

     မွန်ပြည်နယ် အတွင်း ကွမ်းသီးဈေးနှုန်းကို ယခင်လထက် မြင့်တက်ဖြစ်ပေါ်နေ သည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်)၊ (၁)ပိဿာလျှင် ၇၇၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်)၊ (၁)ပိဿာလျှင် ၈၁၀၀ ကျပ်၊ ရေးသီး (အသန့်) ၊ (၁)ပိဿာလျှင် ၈၉၀၀ ကျပ်ဖြစ်သည်။

    အဆိုပါ ကွမ်းသီးဈေးနှုန်းများမှာ ယခင် (စက်တင်ဘာလ)တွင်  မော်လမြိုင် အညိုသီး (အသန့်) ၊ (၁)ပိဿာလျှင် ၃၀၀၀ ကျပ် ဖြစ်ခဲ့ရာမှ ယခုလ (အောက်တိုဘာလ)တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း  ကွမ်းသီးရောင်းဝယ်သူများမှ သိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူခရိုင်တွင် အာလူးသီးနှင့်ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးနှင့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ အာလူးသီးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)၊ အလုံးလှ(၁)ပိဿာလျှင် ကျပ်(၇၀၀၀)နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၆၅၀၀)ဖြင့်ရောင်းချကြောင်း၊ အာလူးသီးနှင့် ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆန်ဈေး အနည်းငယ်အေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၁၆၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၇၀၀)တင်း/ (၁၀၇)တန်ဖြစ်ကြောင်း၊ ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန်တစ်တင်းလျှင် (၃၂၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၂၈၈၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆန်များ အဝင်များ၍ ဈေးအနည်းငယ်ကျပြီး ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲလုံးဆန်များအား ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်များနှင့် စားသုံးရန်အတွက် ဆီကြိတ်ခွဲရန်ဝယ်ယူသူများရှိသဖြင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။
အောက်တိုဘာလ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၇၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး 500cc တစ်ဘူးလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ်ဓာတ်မြေဩဇာ၊ MC တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ စက်တင်ဘာလ၊ တတိယအပတ်မှ အောက်တိုဘာလ၊ တတိယအပတ်ထိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း၊ ယခုအပတ်တွင် ရွှေဘိုမြို့၌ မိုးစပါးများစိုက်ပျိုးထားချိန်ဖြစ်၍ ပုံမှန်ထက် ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

ဆေးဖက်ဝင် နဂါးမောက်သီး ဈေးနှုန်းဈေးကွက် ကောင်းမွန်လျက်ရှိ

            မြန်မာနိုင်ငံတွင် နဂါးမောက်ခြံစိုက်ပျိုးခြင်းအား ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ နတ်ကန်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးနှစ်မျိုးစိုက်ပျိုးကြကြောင်း၊ နဂါးမောက်သီးများမှာ ကဆုန်လတွင် စတင်ဖူးပွင့်ပြီး နယုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း၊ တစ်နှစ်တွင် (၄)ကြိမ်အထိ အသီးရရှိကြောင်း သိရှိရသည်။ နဂါးမောက်ပင်များသည် (၁)ဧကလျှင် အပင် (၂၀၀)ကျော် စိုက်ပျိုးနိုင်ပြီး (၂)နှစ်သားမှစ၍ အသီးများစတင်ရရှိပြီး တစ်ဧကလျှင် (၁၀၀) ကီလိုကျော်အထိရရှိကြောင်း သိရှိရပါသည်။

               ပဲခူးဈေးမှ အသီးရောင်းချသူများသည် နဂါးမောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ခြံဈေးအနေဖြင့် ၂၀၂၄ခုနှစ် ‌အောက်တိုဘာလတတိယအပတ်တွင် တစ်ကီလိုလျှင် (၁၈၀၀)၊ (၁၅၀၀)၊ (၁၀၀၀)ကျပ်ဖြင့် အလုံးအရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လူကြိုက်များသည့် အသီးအနှံဖြစ်သည့်အတွက် ဈေးနှုန်းဈေးကွက် ကောင်းမွန်လျက်ရှိကြောင်း  နဂါးမောက်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တစ်ပိုင်တစ်နိုင်ပဲပင်ပေါက်

            ပဲပင်ပေါက်ဆိုသည်နှင့် ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်ကို စီးပွားဖြစ်ဖောက်ကြသလို တစ်ပိုင်တစ်နိုင် အိမ်တွင်းတွင် ကိုယ်တိုင်ဖောက်၍ ရောင်းချသူများလည်းရှိကြသည်။  ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်  ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးသုံးကြကြောင်း သိရှိရသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲ၊ ဇကာ သို့မဟုတ် ခြင်းတောင်းနှင့် သဲ (သို့မဟုတ်) ပြာတို့သာလိုအပ်သောကြောင့် ကုန်ကျစရိတ်နည်းပါး၍ အမြတ်အစွန်းများသော အစားအစာတစ်ခုဖြစ်ပေသည်။ ၂၀၂၄ခုနှစ် သြဂုတ်လတတိယအပတ်တွင် ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်းတစ်ပြည်လျှင် ဈေးနှုန်းအနေဖြင့် (၄၇၀၀-၅၀၀၀)ကျပ်ကြားဝယ်ယူရပြီး ပဲတီစိမ်းတစ်ပြည်ဖောက်ရာတွင် ပဲပင်ပေါက် ၃ပိဿာ ရရှိပြီး ပဲပင်ပေါက် ၁ပိဿာကို ၄၅၀၀ကျပ် ရရှိသောကြောင့် ပဲတီစိမ်းတစ်ပြည်ကို ပဲပင်ပေါက်ဖောက်ရာတွင် အမြတ်အစွန်းအနေဖြင့် ၈၅၀၀ ကျပ် အမြတ်အစွန်းရရှိသောကြောင့် အိမ်ထောင်ရှင်မများအနေဖြင့် လုပ်ရလွယ်ကူပြီး ရက်တိုတိုနှင့် အမြတ်အစွန်းရသောပဲပင်ပေါက်ကို တစ်ပိုင်တစ်နိုင်ဖောက်၍လည်း‌ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အိမ်တွင်းစီးပွားဖြစ် ယင်းကျစ်လုပ်ငန်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံမြေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်းများဖြစ်သည့်  အသေးစားစက်မှု/ လက်မှုလုပ်ငန်းများလည်း လုပ်ကိုင်ကြပါသည်။  ထိုလုပ်ငန်းများအထဲမှ ဟင်္သာတမြို့၊နတ်မော်တိုက်နယ်၊ ကျုံတွမ်(ရွာမ)ကျေးရွာတွင် ယင်းကျစ်လုပ်ငန်းကို အိမ်တိုင်းစေ့နီးပါး တစ်ုင်တစ်ပိုင်လုပ်ကိုင်ကြရာ (၂၁.၁၀.၂၀၂၄)ရက်နေ့တွင် ကျုံတွမ်(ရွာမ)ကျေးရွာရှိ ဒေါ်ဝင်းဝင်းခိုင် ယင်းကျစ်ထုတ်လုပ်သည့်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်မှ သွားရောက်တွေ့ဆုံ၍ လုပ်ငန်းအခြေအနေများကိုကွင်းဆင်းလေ့လာခဲ့ပါသည်။ ယင်းကျစ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းရေဝါးများကို  ဧရာဝတီတိုင်းဒေသကြီးအတွင်း  တောင်ရိုး‌ဒေသများမှ ဝယ်ယူပါသည်။ ကုန်ကြမ်းအဖြစ်သုံးရသော  ရေဝါးများကို တစ်လုံးလျှင် ၈၀၀ ကျပ်ဖြင့် အလုံး(၂၅)ပါ တစ်စည်းလျှင် (၂၀၀၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး မိမိတို့ဒေသအရောက်ဈေးဖြစ်ကြောင်း သိရှိရပါသည်။ ရေဝါး ၂၅ လုံးပါ (၄)စည်း အလုံး (၁၀၀)လျှင်  ၉ တောင် ၆တောင် ဆိုဒ် ယင်း(၃)ချပ် ရရှိပြီး လုပ်သား (၂)ဦး အသုံးပြုရပါသည်။ ယင်းအကြမ်း ၉ တောင် ၆တောင် (၁)ချပ်လျှင် ၄၅၀၀၀/- ကျပ်၊ အလှကျစ်ယင်း ၉ တောင် ၆ တောင် (၁)ချပ်လျှင် ၁၂၀၀၀၀/-ကျပ်အထိ ရရှိပြီး လုပ်ငန်းရှင်အနေဖြင့် ရေဝါး အလုံး(၁၀၀) ကုန်လျှင် ဝင်ငွေ  ၁၃၅၀၀၀/- ကျပ်မှ ၃၀၀၀၀၀/- ကျပ် ဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ကျန်ရှိသောဝါးစများကို ငါးထောင်ယင်းအဖြစ်လည်း ပြုလုပ်ကြပါသည်။ ကုန်ကျစရိတ်အဖြစ် ယင်း(၃)ချပ်ပြီးလျှင် ရေဝါး ၁၀၀ လုံး (၈၀၀၀၀) ကျပ် နှင့် လုပ်သားခ (၂)ဦး ၂၀၀၀၀ ကျပ်နှုန်း၊ ယင်းချပ်တွင် အသုံးပြုရသော ကြိုးဖိုး ၅၀၀၀/-ကျပ် စုစုပေါင်း (၁၀၅၀၀၀/-) ကျပ် ကုန်ကျပြီး၊ ယင်း(၃)ချပ် ရောင်းရပါက အမြတ်ငွေ ၃၀၀၀၀/- ကျပ် ဝင်ငွေရရှိပါသည်။ အလှကျစ်ယင်းရောင်းရပါက ဝင်ငွေပိုမိုရရှိပြီး ထွက်ရှိလာသောယင်းချပ်နှင့် ငါးထောင်ယင်းများကို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်ရိုးဒေသများသို့ အဝေးပြေးကားဂိတ်များမှတစ်ဆင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။ ယင်းသည် တောသဘာဝ လူသုံးများသောပစ္စည်းဖြစ်၍ တစ်နှစ်ပတ်လုံး ရာသီမရွေး လုပ်ကိုင်ရသောလုပ်ငန်းဖြစ်သည့်အတွက်  ပုံမှန်ဝင်ငွေကောင်းသည်ဟု လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်ဒေသထွက် ပီလောပီနံများ ဈေးကောင်းရကာအဝယ်လိုက်

    ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားပီလောပီနံဥကို ဘားအံမြို့အနီး တစ်ဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ဒေသခံ တောင်သူများသည် ‌ပီလောပီနံဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ပီလောပီနံသည် လူသားတို့နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီးနိုင်ငံခြား ဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံတစ်ခုဖြစ်သည်။

      ပီလောပီနံဥကို ပြုတ်၍စားစား၊ ပြန်ပေါင်းလုပ်၍စားစား  အရသာရှိလှပါသည်။ ပီလောပီနံမှ အမျှင်ဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေသလို အကျိုးပြုကိုလက်စထရောနဲ့ပရိုတင်းတို့လည်း ပါဝင်ပါသည်။

     ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ‌ပီလောပီနံဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်း တို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် အဝယ်လိုက်ကာရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက်ပိန်းဥဈေးနှုန်းအခြေအနေ

     ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ပေါ်ဦးပေါ်ဖျားအချိန်တွင် ပိန်းဥများအဝယ်လိုက်ကာ တစ်ပတ်လျှင် ပိဿာချိန် ၁၀၀ကျော် ဝင်ရောက်မှုရှိကြောင်း သိရသည်။

    ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက်ဖြင့် အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

     ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၉၀၀၀၊ ၁၀၀၀၀) ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာတော့ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှုန်းတို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

၂၀၂၄ခုနှစ် အောက်တိုဘာလ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

     ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းသီးနှံမှာ အဟောင်းလက်ကျန်မရှိတော့ဘဲ အသစ်မှာအစိုဓာတ်လွတ်လျှင် အမြင့်ဈေး(၁၂၃၀)ကျပ် ဈေးပေါက်နေပြီး စီးဆင်းမှုမှာယခင်အပတ်တိုင်းပုံမှန်ဖြစ်နေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင်ထူး ၁-၉၅၀၀ကျပ်၊ ထူး ၂-၁၁၅၀၀ကျပ်၊ ထူး ၃-၁၁၇၀၀ကျပ်၊ ထူး ၄-၁၂၅၀၀ကျပ်၊ ထူး ၅-၁၃၀၀၀ကျပ်၊ ထူးလွန်-၁၃၅၀၀ကျပ် နှင့် ဥတစ်လုံးမှာ ၂၅၀၀၀ကျပ်ဖြင့် ဈေးပေါက်နေပြီး တောင်သူလက်ကျန်မှာမရှိတော့ဘဲ ပွဲစားငယ်များထံမှ ဈေးကွက်ဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာပုံမှန်ဖြစ်နေပြီး ထူး ၅ နှင့် ထူးလွန်မှာ တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် ဈေးတက်လာပါသည်။

   အာလူးသီးနှံမှာ မျက်နီ S2-၇၀၀၀ကျပ်၊ S1-၆၅၀၀ကျပ်၊ OK-၆၀၀၀ကျပ်၊ ဆွဲသီး-၄၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ် ဈေးရှိနေပြီး စိုက်ခင်းများရေမြုပ်ကုန်သဖြင့် အာလူးအသစ်များဝင် ရောက်မှုမရှိဘဲ ဈေးမြင့်တက်လာကာ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါသည်။

   ချင်းသီးနှံမှာချင်းဥမမြေနီအကြီးစမှာတစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှင့် အလတ်စမှာ (၃၅၀၀) ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ပြည်တွင်းဈေးကွက်သာရှိသဖြင့် ဈေးအေးနေပြီး ပုံ မှန်သာစီးဆင်းနေပါသည်။

      ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၂၀၀၀-၂၅၀၀ကျပ်၊ ပန်းမုန်လာ ၂၅၀၀-၃၀၀၀ကျပ်၊ ခရမ်းချဉ် ဂွတ်ရှယ်သီး ၆၀၀၀ကျပ်၊ ဘိုစားပဲ ၁၂၀၀၀ကျပ်၊ မုန်လာဥနီ ၃၀၀၀-၃၅၀၀ကျပ်၊ ဖရုံသီး ၁၈၀၀ကျပ်၊ ရွှေပဲ ၁၈၀၀၀-၂၀၀၀၀ကျပ်၊ ငရုတ်ပွ ၁၂၀၀၀-၁၅၀၀၀ကျပ်၊ ခရမ်းသီး ၄၀၀၀-၅၀၀၀ကျပ်၊ မုန်ညှင်း ၇၀၀၀ကျပ် အသီးသီးဈေးပေါက်နေကြပြီး သီးနှံများရေနစ်ပျက်စီးမှုများကြောင့် ဈေးကွက်အဝင် နည်းပါးကာ အခါရက်များတွင်လည်း ဝယ်လိုအားကောင်းနေသဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်၍ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်သာဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

                                                                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း