ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)၌ ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀ကျပ်မှ ၃၈၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)တစ်စည်းလျှင် ၅၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ) လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၃၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

      ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အာလူးဈေးနှုန်းမှာ ဈေးအနည်းငယ်တက်နေပြီး မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ ဈေးအနည်းငယ်ကျဆင်းနေပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံနှင့် အသား/ငါး ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ပထမအပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၅၀၀၀-၁၃၀၀၀၀)၊ မနော သုခဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၉၀၀၀၀)ဖြစ်ပြီး၊  (ဒုတိယအပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၅၀၀၀-၁၃၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၉၀၀၀၀)ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ဆန်ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

   ကြက်သွန်နီ (1)ပိဿာလျှင် ကျပ်(၃၀00)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့များမှထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူ ရောင်းချကြကြောင်းနှင့် စာဖိုးဆောင်သီးနှံကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ မန်ကျည်းသီးမှည့်(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ဆားကြမ်း(၁)ပိဿာလျှင် ကျပ် (၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၇၀)၊ ဂျင်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ အသား/ ငါးဈေးနှုန်း များမှာ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁) ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ရောင်းချကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၏ ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမအပတ်)နှင့်(ဒုတိယအပတ်) စက်သုံးဆီစျေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမအပတ်)နှင့်(ဒုတိယအပတ်) စက်သုံးဆီစျေးနှုန်း များမှာ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၃၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၂၄၀)ဖြစ်၍ ကျပ်(၉၅)စျေးလျော့နည်းခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၅၅)ဖြစ်၍ ကျပ်(၂၀)စျေးလျော့နည်းခဲ့ကြောင်း၊ ဓါတ်ဆီ (92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၉၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၂၅)ဖြစ်၍ ကျပ် (၃၅)စျေးမြင့်တက်ခဲ့ကြောင်း၊ ဓါတ်ဆီ(95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၉၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၂၅)ဖြစ်၍ ကျပ်(၃၅)စျေးမြင့်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ်၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်‌ဆေးစျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာများမှာ အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)၊ အာမို(၁၅:၁၅:၁၅) တစ်အိတ်လျှင် ကျပ်(၁၃၇၀၀၀)၊ ရွှေကောမက်(၂၀:၁၂:၁၂) တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ယူရီးယား(50)kg တစ်အိတ်လျှင် ကျပ် (၇၇၀၀၀)၊ ပန်းဖူး(ပုလဲ)တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ MC(၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ် (၁၃၇၀၀၀)၊ တက်တိုး (၁၅:၇:၈)တစ်အိတ်လျှင် ကျပ်(၇၆၀၀၀)၊ ရွှေပုလဲ(မြင်းကျား)တစ်အိတ်လျှင် ကျပ်(၆၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ပိုးသတ်ဆေးများအနေဖြင့် ပရိုမက်တင်(500 Cc) တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ ဆလက်ပက်စ် (500 Cc) တစ်ဘူးလျှင် ကျပ်(၂၁၅၀၀)၊ အီရာပရိုသရင် (500 Cc) တစ်ဘူးလျှင် ကျပ်(၂၄၅၀၀)၊ ဖိုစ်တင်း (500 Cc) တစ်ဘူးလျှင် ကျပ်(၁၇၅၀၀)၊ အဆီဖိတ် (250)g တစ်ထုပ်လျှင် ကျပ်(၉၀၀၀)၊ ဇိုင်ကလုံး (250 Cc)တစ်ဘူးလျှင် ကျပ်(၉၀၀၀)နှင့် မက်ဆိုက်ပါ(250 Cc)တစ်ဘူးလျှင် ကျပ် (၈၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ၂၀၂၂ခုနှစ် ကာလတူဈေးထက် ၂၀၂၃နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

     ယခင်နှစ် အောက်တိုဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

      ယခင်နှစ် အောက်တိုဘာလ (တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

      ယခင်နှစ် အောက်တိုဘာလ(တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

     ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၁၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၉၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

      ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

     ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၄၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၂၀၀၀ဖြင်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခွဲခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

    ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၄၉၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်ပိဿာလျှင် ကျပ်၆၇၀၀၊ ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၃၅၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြစ်၍ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၂၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

      ယခင်နှစ် အောက်တိုဘာလ (တတိယပတ်) တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၁၀၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၁၁၆၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ (တတိယပတ်) တွင် တစ်တင်းလျှင် ကျပ်၉၆၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်မှ သုံးသောင်းကျော်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း/ ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊‌ ရွှေကောမတ်(၂၀:၁၂:၁၂) တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်)တစ်အိတ်လျှင် (၁၀၀,၀၀၀) ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၇,၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ(သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံကွင်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ်လျှင် (၁၄၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း)တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၁,၅၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၇,၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄,၀၀၀)ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/ စားသေတစ်ဘူးလျှင် (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉,၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

  ယခုအောက်တိုဘာလ တတိယအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၇,၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံကွင်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၆,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၀,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၁,၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၉,၅၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄,၀၀၀)ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/ စားသေတစ်ဘူးလျှင် (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉,၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအပတ်တွင် ဓာတ်မြေဩဇာများသည့် ယူရီးယားဓာတ်မြေဩဇာ၊ ပုလဲဓာတ်မြေဩဇာ၊ တီစူပါဈေးနှုန်းများကျဆင်းနေပြီး ကျွဲနက်(၁၅:၁၅:၁၅)၊ MC နှင့် ဇာမဏီဓာတ်မြေဩဇာဈေးနှုန်းများတက်နေပါကြောင်း၊ ပိုးသတ်ဆေးများဖြစ်သည့် ရွှေတောနစ်မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး၊ ဒါနာဒင်မှာ ဈေးနှုန်းအနည်းငယ်တက်နေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက် ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအနည်းငယ်ကျဆင်းနေကြောင်းသိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၈,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၄၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၃,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၇၀၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      အောက်တိုဘာလ (ဒုတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၃၀၀၊ မန္တလေးသို့ အိတ်ရေ ၁၈,၃၀၀၊ မကွေးသို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၅၃,၆၀၀) အိတ်၊ တန်အားဖြင့် (၂,၆၈၀)တန်စီးထွက်ခဲ့ပြီး ယခုအောက်တိုဘာလ (တတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆,၆၀၀၊ မန္တလေးသို့ အိတ်ရေ ၁၈,၂၀၀၊ မကွေးသို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၅၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၂,၅၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၄၅,၈၀၀) အိတ်၊ တန်အားဖြင့် (၂,၂၉၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ(၇,၈၀၀)အိတ်၊ တန်အားဖြင့် (၃၉၀) တန်လျော့နည်း၍ စီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                          

                                     

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၈.၁၀.၂၀၂၃ )

    ၁၈.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၈.၁၀.၂၀၂၃ )

    ၁၈.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၁၀.၂၀၂၃ )

     ၁၈.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း