ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၆.၁၁.၂၀၂၃)

   ၁၆.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၆.၁၁.၂၀၂၃)

     ၁၆.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၁၁.၂၀၂၃ )

   ၁၆.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဝါသီးနှံများစတင်ထွက်ပေါ်

  ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးလယ်ကာလတွင်စိုက်ပျိုးခဲ့သော ာတစ်စေ့ဝါမျိုးဖြစ်သည့် ဝါသီးနှံများစတင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ ထိုဝါများကို စတင်စိုက်ပျိုးချိန်အခါက မျိုးစေ့တစ်ထုပ်လျှင် ကျပ်၅၀၀၀၀ပေး၍ စိုက်ပျိုးရေးဦးစီးဌာနက ဝယ်ယူစိုက်ပျိုးပြီး တစ်ဧကလျှင် ကျပ် (၄) သိန်းခန့်ကုန်ကျစရိတ်ရှိကာ တစ်ဧကလျှင် ဝါပိဿာချိန် ၅၀၀ခန့်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။ ယခင်နှစ်တွင် တစ်ဧကလျှင် ဝါပိဿာချိန် (၈၀၀)ပိဿာခန့်ထွက်ရှိခဲ့ရာ ဝါတစ်ပိဿာလျှင် ကျပ်၃၀၀၀ခန့်ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် ဝါကုန်ကြမ်းတစ်ပိဿာလျှင် ကျပ်၂၈၀၀ခန့်ဈေးပေး၍ ဒေသတွင်းဝါကြိတ်စက်ရုံများက ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လှိုင်လှိုင်ပေါ်နေသည့် ပြည်ပန်းဂေါ်ဖီဈေးနှုန်းဈေးကွက်

     ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီအဖြူများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်မှစတင်၍ ရောင်းချနေပြီး ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများ၊ မှော်ဇာ၊ ပုတီးကုန်းမြို့နယ်များတွင် ရေလောင်းစိုက်ပျိုးကြပြီး ပြည်စည်ပင်သာယာဈေးကြီးနှင့် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ နိုဝင်ဘာလ ပထမပတ်မှစတင်၍ ပန်းဂေါ်ဖီများလှိုင်လှိုင်ပေါ်လာပြီဖြစ်သောကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ကြပြီး အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ပန်းဂေါ်ဖီအပွင့်ကြီးတစ်ပွင့်လျှင် ကျပ်၁၁၀၀၊ အပွင့်သေးတစ်ပွင့်လျှင် (၄၀၀/၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ထို့ကြောင့် စိုက်ပျိုးသူများအနေဖြင့်လည်း တွက်ခြေကိုက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏သစ်တော်သီးဈေးကွက်

      သစ်တော်သီးသည် မိုးရာသီသစ်သီးဝလံတစ်မျိုးဖြစ်ပြီး ၎င်းကို မြန်မာနိုင်ငံရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိတွေ့ရပါသည်။

    သစ်တော်သီးကို အရောင်အသွေးနှင့်ပုံသဏ္ဌာန်တို့ပေါ်မူတည်ပြီး ယေဘုယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ ခွဲခြားထားသည်။ အာရှသစ်တော်သီးများသည် အရွယ်အစားမကြီးမားဘဲ လုံးဝန်းကာ အပေါ်ယံအခွံတွင် အစက်အပြောက်များပါရှိပါသည်။ ဥရောပသစ်တော်သီးများမှာမူ မှည့်လာသည်နှင့်အမျှ တဖြည်းဖြည်းပျော့ပျောင်းလာပြီး အရည်ရွှမ်းကြသည်။

     မြန်မာနိုင်ငံတွင် သစ်တော်သီးကို သားရေစာအချိုပွဲအနေဖြင့် စားသုံးလေ့ရှိပါသည်။ အခြားနိုင်ငံများတွင် အချိုပွဲအနေဖြင့်စားသုံးရုံသာမက စည်သွပ်ဘူးများပြုလုပ်ခြင်း၊ ဖျော်ရည်နှင့် သစ်သီးခြောက်များပြုလုပ်ခြင်းဖြင့် ပုံစံမျိုးစုံထုတ်လုပ်ရောင်းချနေကြပါသည်။ သစ်တော်သီးသည် မိုးလယ်မှစ၍ ဆောင်းဦးရာသီစာသစ်သီးဖြစ်သည့်အလျောက် မိုးအေးအေးနှင့် ဆောင်းရာသီတို့းတွင်ဖြစ်တတ်သည့် ချွဲထခြင်း၊ အအေးမိခြင်းတို့အတွက် ချိုချိုချဉ်ချဉ်အရသာရှိသည့် သစ်တော်သီးကိုစားသုံးခြင်းဖြင့် ဘေးဥပဒ်လုံးဝမရှိနိုင်ကြောင်းသိရှိရပါသည်။ ပြည်ဒေသရှိ ဈေးကွက်များတွင် ရောင်းချနေသောသစ်တော်သီးဈေးနှုန်းများအနေဖြင့် အလတ်စားတစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့်  ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏မုန်လာဥဖြူဈေးကွက်

     ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မုန်လာဥဖြူများပေါ်ပေါက်လာပြီဖြစ်ပါသည်။ မုန်လာဥဖြူမှာ ဆောင်းရာသီသီးနှံများထဲတွင်ပါဝင်ပြီး မိုးတွင်းအခါတွင် စိုက်ပျိုးနိုင်သော်လည်း ဆောင်းမုန်လာဥကဲ့သို့ မဖွံ့ဖြိုးဘဲ အလုံးမကြီးကြောင်းသိရပါသည်။ မုန်လာဥဖြူသည် သုံးတတ်လျှင် ဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ်ပါသည်။ မုန်လာဥဖြူသည် လူ၏ကျန်းမာရေးကို အထူးကောင်းမွန်စေသည်။ ဆီးကျောက်ကိုကျေစေနိုင်ပြီး အသည်းထဲသို့ဝင်ရောက်မည့် အဆိပ်အတောက်များကိုဖယ်ရှားပေးပါသည်။ အရေပြားရောဂါကိုကာကွယ်ပေး၍ အဆီကျစေပြီး ကင်ဆာရောဂါကိုပါကာကွယ်ပေးသည်။

     ယခုအခါ ပြည်ဈေးကွက်သို့ မုန်လာဥအဖြူများကို ပုတီးကုန်း၊ သဲကုန်း၊ အင်းမနှင့်ဝက်ပုတ်ဘက်တို့မှ ဝင်ရောက်လာပြီး မှော်ဇာဘက်မှလည်း အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ လဆန်းပိုင်းတွင် ရောင်းချသောဈေးနှုန်းများမှာ မုန်လာဥဖြူ ၅လုံးပါတစ်တွဲလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ဖြင့် လက်ကားဝယ်ယူရပြီး လက်လီရောင်းချသူများက ၅လုံးပါတစ်တွဲလျှင် ၆၀၀ကျပ်နှင့် ၇၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဖရဲသီးဈေးကွက်

     ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖရဲသီးများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ ဖရဲသီးကို  ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ ဖရဲသီးကို ပြည်- ရန်ကုန် ကားလမ်းဘေး၊ ပြည်မြို့နယ်အတွင်းရှိ ကားလမ်းဘေးနှင့်ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသောဖရဲသီးများမှာ အနီသီး၊ အဝါသီးဟူ၍ (၂)မျိုးရှိပြီး အနီသီးကို အများဆုံးရောင်းချကြောင်းသိရပါသည်။ ဖရဲသီးကို အလုံးအကြီး/ အသေးလိုက်၍ ရောင်းချသည့်အပြင် အစိတ်များစိတ်၍လည်းရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသောဖရဲသီးဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ဖရဲသီးမှာ လူကြိုက်များပြီး စားသုံးမှုများသောကြောင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဂျူးမြစ်ဈေးကွက်

     ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယဘက်တို့မှ ဝင်ရောက်မှုရှိနေသော ဂျူးမြစ်မှာ ၁၀ရက်ခြားတစ်ခါ ဝင်ရောက်မှုရှိနေပြီး လမ်းခရီးအကွာအဝေးကြောင့် ရေခဲပုံးများထဲတွင်ထည့်၍ သယ်ယူရောင်းချကြောင်းသိရပါသည်။ ရေခဲပုံးတစ်ပုံးတွင် ဂျူးမြစ်ပိဿာချိန် ၃၀ပိဿာပါဝင်ပြီး တစ်ခါဝင်လျှင် ပြည်ဈေးကွက်သို့ ရေခဲပုံး (၅)ပုံးခန့်ဝင်ရောက်မှုရှိနေပါသည်။ ဂျူးမြစ်ကို ပြည်ခရိုင်အတွင်း ဘူးသီး၊ ဂေါ်ရခါးသီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငါးခေါင်းတို့နှင့်ရော၍ အချဉ်ဟင်းချက်စားကြပြီး မြေပဲ၊ ပဲပုပ်၊ အသားတု၊ ငရုတ်သီးစိမ်းမှုန့်တို့နှင့်ရော၍ အကြွပ်ကြော်၍စားကြကာ သက်သက်လွတ်သမားများ အများဆုံးစားသုံးကြကြောင်းသိရပါသည်။ အချိုကြိုက်သူများမှာ ထမင်းသုပ်နှင့်တို့၍ စားကြကြောင်းလည်းသိရပါသည်။

    ဂျူးမြစ်တွင် အက်ဆစ်ဓာတ်နှင့် အမျှင်ဓာတ်ပမာဏမြင့်မားစွာပါဝင်သဖြင့် အယ်ဇိုင်းမားနှင့် အိုမင်းရင့်ရော်ခြင်းတို့ကိုကာကွယ်ပေးခြင်း၊ သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ ဘက်တီးရီးယားဗိုင်းရပ်စ်နှင့်မှိုရောဂါများ၊ အရိုးပါး၊ အဆုတ်နှင့်အူလမ်းကြောင်းကင်ဆာရောဂါများကိုပါ ကာကွယ်ပေးနိုင်ကြောင်းသိရပါသည်။ ပြည်ဈေးကွက်ရှိ မြို့ပေါ်ဈေးများတွင် ဂျူးမြစ်ကို အေးမြသောဆောင်းရာသီတွင် ပိုမိုဝင်ရောက်မှုရှိပြီး လက်ဆတ်သည့်အမြစ်များမှာ ဖြူဖွေးလျက်ရှိပြီး ပူပြင်းသောနွေရာသီ၌ ဝင်ရောက်မှုရှိသော်လည်း အမြစ်တိုကာ မဲညစ်ညစ်အရောင်သန်းလျက်ရှိကြောင်းသိရပါသည်။ ယခုကာလဈေးနှုန်းများမှာ ရှမ်းပြည်နယ်မှ တစ်ပိဿာလျှင် ကျပ်၄၀၀၀ခန့် လက်ကားဝယ်ယူကာ လက်လီ(၁၀)ကျပ်သားလျှင် ကျပ် (၅၀၀-၆၀၀) ခန့်ဖြင့် ပြန်လည်ရောင်းချမှုရှိနေကြောင်းသိရပါသည်။ ရှားပါးချိန်နွေရာသီတွင် ၁၀ကျပ်သားလျှင် ကျပ်၁၀၀၀ခန့်ထိဈေးရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် (သတ္တမအကြိမ်) စားအုန်းဆီများ ရောင်းချလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် တိုင်းဒေကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကိုသက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်း၊ သိုလှောင်၊  ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

    ဆိပ်ဖြူမြို့နယ်အတွင်း ရောင်းချရာ၌ (၄.၁၁.၂၀၂၃)ရက်နေ့တွင် ရတနာပုံဘုန်းကြီးကျောင်း ဝိုင်း၌ အလယ်ပိုင်းရပ်ကွက်ရှိ ပြည်သူ(၅၀၀)ဦးအတွက် စားအုန်းဆီ (၅၀၀)ပိဿာ၊ (၅.၁၁.၂၀၂၃) ရက်နေ့တွင် ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝိုင်း၌ ကိုးတောင့်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၅၀၀)စုအတွက် စားအုန်းဆီ (၅၀၀)ပိဿာ၊ (၈.၁၁.၂၀၂၃)ရက်နေ့တွင် ကမ္ဘာကြီးကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီ (၄၀၀)ပိဿာ၊ (၉.၁၁.၂၀၂၃)ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၈၀၀)စုအတွက် စားအုန်းဆီ (၈၀၀)ပိဿာ၊ စုစုပေါင်း အိမ်ထောင်စု(၂၂၀၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာအား နေ့စဉ် နေလယ်(၁၄:၀၀)နာရီ အချိန်တွင် ဆီတစ်ပိဿာလျှင် ကျပ်(၅၃၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့်ကျ တန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း