ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူကုန်စည်ဒိုင်၌ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းဈေးကွက် အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်း စိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာနယ်၊ တမိုက်သာ၊ ပခုက္ကူတောင်ဘက်ကျွန်း၊ ဆူးလေကုန်းရွာများမှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာ ဆူးလေကုန်းကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၁၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၃၁၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ တမိုက်သာကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၁၅၀)၊  အလတ်စ တစ်ပိဿာလျှင် (၃၁၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် (၃၀၀၀)ဖြင့် နေ့စဉ် ကုန်ချိန်(၁၀၀၀၀)ကျော် အရောင်းအဝယ်ဖြစ်နေပြီး မြို့မစည်ပင်သာယာဈေးတွင် ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊  အလတ်စ တစ်ပိဿာလျှင် (၃၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းဝယ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်သို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်းတက်များ ဈေးပြန်လည်မြင့်တက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရှမ်းပြည်နယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်းတက်များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းများသည် ယခင်ကထက်ဈေးတက်နေကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

   ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် အလုံး(အကြီး/အသေး)လိုက်၍ ထိပ်စ တစ် ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၉၀၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀) ရှိ၍ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်ဈေးမြင့်တက်ခဲ့ကြောင်း၊ အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် အလုံး(အကြီး/အသေး)လိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ထိပ်စ တစ်ပိဿာ လျှင် ကျပ်(၃၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၃၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ရှိ၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးမြင့်တက်ခဲ့ကြောင်း၊ ဂျင်းတက်ဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ရှိ၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့်ဈေးမြင့်တက်ခဲ့ကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

                                                                  

ပြည်ကြက်သွန်နီဈေးမြင့်သော်လည်း အရောင်းသွက်

     ပြည်ဈေးကွက်သို့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဆိပ်ဖြူ၊ အောင်လံ၊ ကျောက်ပန်းတောင်းဘက်မှ နိုဝင်ဘာလ ပထမပတ်အတွင်း နေ့စဉ် ပိဿာချိန် တစ်သောင်းခန့်ဝင်ရောက်မှုရှိနေပြီး တစ်ပတ်လျှင် ပိဿာချိန် ခြောက်သောင်းခန့်ဝင်ရောက်မှုရှိနေပါသည်။ အဝင်မှာ ပုံမှန်ထက် တစ်ပတ်လျှင် ပိဿာချိန် တစ်သောင်းခန့်ပိုမိုဝင်ရောက်မှုရှိပြီး အမြင့်ဈေးဖြင့်ဝင်ရောက်ကြောင်းသိရပါသည်။ ဈေးမြင့်ရခြင်းမှာ မိုးစိုက်ကြက်သွန်နီအကုန် ဆောင်းစိုက်ကြက်သွန်နီထွက်ပေါ်တော့မည်ဖြစ်သဖြင့် ပုံမှန်ဈေးနှုန်းအတက်နှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဖြစ်ကြောင်းသိရပြီး ပြည်ဈေးကွက်ဝယ်လက်များအနေဖြင့် ဈေးနှုန်းများအဆမတန်မြင့်တက်လာမည်အထင်နှင့် ဝယ်ယူမှုပိုမိုများပြားလာသောကြောင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေးမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် (၃၅၀၀-၃၆၀၀/၃၇၀၀-၃၈၀၀/၃၉၀၀-၄၀၀၀) နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် (၃၉၀၀-၄၀၀၀/၄၁၀၀-၄၂၀၀/၄၃၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကာ ယခင်အောက်တိုဘာလဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ကျပ်၇၀၀ခန့်ဈေးမြင့်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ယောဒေသ၏ ဒေသထွက်အစားအစာတစ်ခုဖြစ်သည့် တင်းဝါး (ခေါ်) ကောက်ညှင်းကျည်ထောက်

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ယောနယ်ဒေသမှထွက်ရှိသည့် တင်းဝါးများကို ကျောက်ထု၊ ပေါက်၊ ဂန့်ဂေါ၊ ဆောမြို့နယ်များရှိ ရွာများမှပြုလုပ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ တင်းဝါးသည် မြန်မာတို့၏ ရိုးရာအစားအစာတစ်ခုဖြစ်ပြီး မိုးအကုန် ဆောင်းဦးတွင် ပေါ်သောရာသီစာလည်းဖြစ်ပါသည်။ တင်းဝါး(ခေါ်)ကောက်ညှင်းကျည်ထောက်ကို ပြုလုပ်ရာတွင် အဓိကလိုအပ်သောပစ္စည်းများမှာ တင်းဝါး၊ ကောက်ညှင်းဆန်၊ ငချိတ်ကောက်ညှင်းဆန်တို့ဖြစ်ပြီး တင်းဝါးတစ်လုံးလျှင် ကျပ် (၇၀၀)၊ ကောက်ညှင်းဆန်တစ်ပြည်လျှင် ကျပ်(၈၅၀၀-၉၀၀၀)ပေးရပြီး တင်းဝါးကို အရှည်(၁၈)လက်မ ဖြတ်ပြီး အပေါ်ယံအခွံများကို ခွာရကြောင်း၊ ကောက်ညှင်းဆန်ကို ရေဆေးပြီး ပွလာအောင်(၄)နာရီခန့် ရေစိမ်၍သော်လည်းကောင်း၊ ရေနွေးဖြင့်စိမ်၍သော်လည်းကောင်း ပြုလုပ်၍ တင်းဝါး၏အတွင်းထဲသို့ ရေနှင့်ဆေးပြီး ကောက်ညှင်းဆန်များထည့်၍ အပေါ်ယံလက် တစ်ဆစ်ချန်ကာ တင်းဝါး၏အဝကို ငှက်ပျောဖတ်ဖြင့်သော်လည်းကောင်း၊ ကောက်ရိုးများဖြင့်သော် လည်းကောင်းအုပ်ရကြောင်း၊ တင်းဝါးများကိုစောင်းကာ မီးဖိုထားသောသံချောင်းပေါ်တွင် ကောက်ညှင်း ဆန်ကျက်သည်အထိ မီးအေးအေးဖြင့် မိနစ်(၃၀)ခန့်ဖုတ်ရကြောင်း၊ မီးဖုတ်ပြီးရရှိသော ကောက်ညှင်းကျည်ထောက်များကို နေရာဒေသအနှံ့အပြားတွင်တင်ပို့ကြောင်း သိရှိရပါသည်။

     တင်းဝါး(ခေါ်)ကောက်ညှင်းကျည်ထောက်၏ ဈေးနှုန်းမှာ ယခင်ကတစ်လုံးလျှင် ကျပ်(၇၀၀-၈၀၀)ရှိခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် ကောက်ညှင်းတင်းဝါးတစ်လုံးလျှင် ကျပ်(၂၀၀၀)၊ ငချိတ်တင်းဝါးတစ်လုံးလျှင် ကျပ်(၂၅၀၀)ပေးရကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မအူပင်မြို့နယ်တွင် အပတ်စဉ်အလိုက် ဆီဈေးကားဖြင့် လှည့်လည်ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့်ဝန်ထမ်းများသည် (၉-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်ကျုံစုတ်ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဆီ ၁ပိဿာလျှင် ၄၉၅၀ကျပ်နှုန်းဖြင့်ဝယ်ယူနိုင်ရေး တန်းစီစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများလက်ဝယ်အရောက် ဝယ်ယူသုံးစွဲနိုင်ရေးကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းနှင့်အတူ ရောင်းချပေးနေမှုအခြေအနေကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း မအူပင်ခရိုင်မြို့နယ်များအလိုက် ဆီခွဲဝေချထားနိုင်ရေးကိုလည်း စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ ဆီဈေးကားဖြင့် လှည့်လည်ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်ဝန်ထမ်းများသည် (၁၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ သပြုကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ စားသုံးသူပြည်သူများသို့ တန်းစီစနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ဝယ်ယူသုံးစွဲနိုင်ရေး ရောင်းချခြင်းလုပ်ငန်းများအား ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

     ထိုသို့ရောင်းချနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  စားသုံးဆီတစ်ပိဿာ ၄၉၅၀ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့သည်။ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် တစ်ပတ်လျှင် ဆီ (၅)ကြိမ်ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြိုနယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီများကို  စက်တင်ဘာလ (၆) ရက်နေ့မှစတင်၍ မအူပင်ခရိုင်အတွင်းမြို့နယ်များကို ရက်အလိုက်ခွဲခြားပြီး ရောင်းချပေးနေခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ ဆီဈေးကားဖြင့် လှည့်လည်ရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ငပျောကျွန်းကျေးရွာရှိ ပြည်သူများအား စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ တန်းစီစနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ဝယ်ယူသုံးစွဲနိုင်ရေး ဆီရောင်းချခြင်းလုပ်ငန်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။

    ဈေးကားဖြင့်သွားရောက်‌ရောင်းချရာတွင် ညောင်တုန်းမြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ်၂%ထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များ၊ ဈေးများသို့ ဈေးကားဖြင့် တစ်ပတ်အတွင်း မအူပင်မြို့နယ်၌ (၆-၁၁-၂၀၂၃/ ၉-၁၁-၂၀၂၃)ရက်နေ့တို့တွင်လည်းကောင်း၊ ပန်းတနော်မြို့နယ်၌ (၁၀-၁၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊  ညောင်တုန်းမြို့နယ်၌ (၇-၁၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ ဓနုဖြူမြို့နယ်၌ (၈-၁၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ မြို့နယ်အလိုက် တစ်ကြိမ်စီ အလှည့်ကျလှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောအိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့်လည်းကောင်း၊ ဈေးနှုန်းအားဖြင့်  ၄၉၅၀ကျပ်နှုန်းဖြင့်လည်းကောင်း  တန်းတူညီမျှရောင်းချကြစေရန် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၅.၁၁.၂၀၂၃)

   ၁၅.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၅.၁၁.၂၀၂၃)

    ၁၅.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၁၁.၂၀၂၃ )

 ၁၅.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း