ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် (စတုတ္ထအကြိမ်) စားအုန်းဆီများရောင်းချလျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းရောင်းချပေးလျက်ရှိပါသည်။

    (၁၁-၁၀-၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်ရှိ ရတနာဘုံကျော်ဘုန်းကြီးကျောင်း၌ အိမ်ထောင်စု(၆၀၀)စုအတွက် စားအုန်းဆီပိဿာ(၆၀၀)ပိဿာကိုလည်းကောင်း၊ (၁၂-၁၀-၂၀၂၃)ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၌ အိမ်ထောင်စု (၆၀၀)စုအတွက် စားအုန်းဆီပိဿာ (၆၀၀)ပိဿာနှင့် ကမ္ဘာကြီးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၄၀၀)စုအတွက် ရွာသစ်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝိုင်းအတွင်း၌  စားအုန်းဆီပိဿာ(၄၀၀)ပိဿာကိုလည်းကောင်း၊ (၁၄-၁၀-၂၀၂၃) ရက်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်းအိမ်ထောင်စု (၁၀၀၀)စုအတွက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ငွေသဲဖြူခန်းမရှေ့၌ စားအုန်းဆီပိဿာ(၁၀၀၀)ပိဿာကိုလည်းကောင်း၊ ချင်တောင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၇၀၀)စုအတွက်  ရွာသစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝိုင်းအတွင်း၌ စားအုန်းဆီပိဿာ(၇၀၀)ပိဿာကိုလည်းကောင်း၊ စုစုပေါင်းစားအုန်းဆီပိဿာ(၃၃၀၀)ပိဿာကို နေ့စဉ် နံနက်(၀၈:၀၀)နာရီအချိန်နှင့် နေ့လယ်(၁၃:၀၀)နာရီအချိန်တို့တွင် ဆီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊အောက်တိုဘာလ တတိယအပတ်တွင် ရွှေလိမ္မော်သီး (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော်သီး (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေးသီး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

           

ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ (ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှု

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၆)ရက်နေ့အထိ (ဒုတိယပတ်)၌ နေ့စဉ်ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ (၃)သိန်းခန့်စီးဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

      အောက်တိုဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၄၀၀မှ ၂၇၅၀)၊ အလတ်စ ကျပ်(၂၃၅၀မှ ၂၅၅၀)၊ အနိမ့်ဈေး ကျပ်( ၁၉၀၀မှ ၂၄၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်အပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၇၅၀)ဈေးဖြစ်၍ ကျပ်(၂၅၀)ဈေးတက်ပြီး အလတ်စ ကျပ်(၁၅၀)နှင့် အသေးစ ကျပ်(၂၀၀)စီဈေးနှုန်းတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူကြက်သွန်နီသည် ယခုအောက်တိုဘာ(ဒုတိယပတ်)တွင် ပြည်ပတင်ပို့မှုနည်းပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်စည်အများဆုံးစီးဆင်းခဲ့ကြောင်းသိရှိရပြီး ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာချိန် (၃)သိန်းခန့်၊ (၁၁၅၃၈)အိတ်၊ တန်ချိန်(၄၉၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)         

 

ပခုက္ကူခရိုင်အတွင်းဖြစ်ပေါ်နေသော မြေပဲဆံဈေးနှုန်းဈေးကွက်နှင့် မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

     ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါ သည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်းအနည်းငယ်ကျ ကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူ မြို့အနောက်ဘက်ရှိရွာများမှ သုံးလမြေပဲများမှာ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် သုံးလမြေပဲ၏  အခွံပါ အတောင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၇၀၀-၃၆၀၀) ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် လက်ကားဈေးမှာ မြေပဲဆံအလုံးအသေး/ အကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင်  (၅၈၀၀ )ကျပ်မှစ၍  (၆၀၀၀ -၆၁၀၀)ကျပ်၊ မြေပဲဆံပြန့်ရှယ် တစ်ပိဿာလျှင် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

     မြေပဲဆံ(၃) လပဲများဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပါသည်။ ပခုက္ကူမြိုနယ်တွင် ဆုံဆီလုပ်ငန်းများမှာ ယခင်ထက် တွင်ကျယ် စွာလုပ်ကိုင်လာကြပါသည်။  မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ခြင်း၊ မြေပဲအပုတ်စေ့များကိုရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံ(ပဲလေး)တစ်ပိဿာကြိတ်လျှင်  ဆီ(၄၀-၄၂)ကျပ်သားထွက်ရှိကြောင်း၊ မြေပဲတစ်စုံကြိတ်လျှင် (၅) ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ  (၂)ပိဿာနှင့် (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် (၇၀၀)ကျပ်ရှိပြီး မြေပဲစုံ(၇)စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ အောက်တိုဘာလ(ဒုတိယပတ်)တွင် မြေပဲဆုံဆီတစ်ပိဿာလျှင် (၁၄၅၀၀)ကျပ်မှ (၁၅၀၀၀) ကျပ်ဖြင့်ရောင်းချနေကြောင်း၊ ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း၊ ယခုသီတင်းကျွတ်ရာသီအချိန်တွင်  ဆုံဆီ အချိန် (၁၀)ပိဿာဝယ်လျှင်  မြေပဲဆံ(၅၀)ကျပ်သားလက်ဆောင်ပေးလျက်ရှိကြောင်း ပခုက္ကူမြို့ နယ်ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

                                     

ကသာမြို့တွင် စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေချထားသည့် စားအုန်းဆီများအား ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကြီးကြပ်၍ စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို  စားအုန်းဆီကုန်သည်များနှင့် ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၇:၃၀)နာရီမှစ၍ ကသာမြို့၊ မြို့တော်ခန်းမတွင် ပြည်သူများသို့ စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ပါသည်။

         ရောင်းချသည့် ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၅၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ရောင်းချနေမှုအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပြီး  ဆက်လက်၍လည်း စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် မူတည်၍ ခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အား ထပ်မံရောင်းချပေးသွားရန် အစီအစဉ်များရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာမြို့နယ်၊ ညောင်ဦးမှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများနှင့် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ် (ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် နေ့စဉ် ပိဿာချိန် (၅၀၀၀၀ မှ ၁၀၀၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး မြို့မစည်ပင်ဈေး၌ လက်လီရောင်းချသောဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊  အလတ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့်ရောင်းချနေ ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသည့် ဓါတ်မြေဩဇာဈေးနှင့်ပိုးသတ်ဆေးဈေးနှုန်းများ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ် တင်ပြလျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ အောက်တိုဘာလ၊ တတိယပတ်တွင် ရွှေဘိုမြို့၌ ရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၄၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၁၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၄၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၇၈၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဘူး လျှင် (၁၃၅၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင်(၃၆၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင်(၂၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ယခင်အပတ်အောက် အာမို၊ကျွဲနက် တံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်နှင့် ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ပြီး  ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်နှင့် အာမို၊ ပုလဲတံဆိပ်ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၀၀ဝိ/-) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူ မြို့မစည်ပင်ဈေး၌ အောက်တိုဘာလ (ဒုတိယပတ်)တွင် ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၌ ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊ မြစ်ခြေရှိနယ်များမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင် ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးကုန်ကျွန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂) ဈေးသည်များ၊ ကိုဗစ်(၁၉)ဈေးရှိ ဈေးသည်များထံမှသိရှိရပါသည်။

    ပခုက္ကူမြိုမဈေး၊ အမှတ်(၂) ဈေးနှင့် ကိုဗစ်(၁၉) ဈေးတို့တွင်ရောင်းဝယ်နေသော ကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနှင့် အခြားသီးနှံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀-၂၄၀၀)၊ ခရမ်းချဉ်သီးဈေးနှုန်းများမှာ ရှမ်းပြည်နယ်မှလာသော အင်းလေးသီးတစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀)၊ ကျောက်ပန်းတောင်းထိုင်ဝမ်သီးတစ်ပိဿာလျှင် အမျိုးအစားကိုလိုက်၍ ကျပ်(၁၅၀၀-၁၆၀၀-၁၇၀၀)၊ ငရုတ်သီးစိမ်း (မိတ္ထီလာသီး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း(ရွှေအပ်သီး) တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ရှမ်းပြည်မှလာသော ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ခဝဲသီးတစ်ပိဿာလျှင် ကျပ် (၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၃၀၀-၄၀၀-၅၀၀-၇၀၀-၈၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ မုန့်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၂၄၀၀-၂၅၀၀)၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်(၇၀၀-၈၀၀-၁၀၀၀)  ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၆၅-၇၀)၊ ဆူးပုပ်ရွက်တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ ကင်းမွန်းချဉ်ရွက် (၁၀)စည်းပါ တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)နှင့် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ သားငါးဈေးမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၉၅၀၀)နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀) စသည်ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး၏ မြေပဲဈေးကွက်နှင့် ရောင်းဝယ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် (၃)လမြေပဲများကို မေလတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြသောကြောင့် မြေပဲများလှိုင်လှိုင်ပေါများနေပြီဖြစ်ပါသည်။ (၆)လမြေပဲမှာလည်း ယခုအချိန်တွင် စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပြီဖြစ်ပါသည်။

  (၃)လမြေပဲပေါ်စအချိန်တွင် မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ကျပ် (၂၃၁၀၀)၊ မြေပဲဆံလုံး (သစ်)တစ်ပိဿာလျှင် ကျပ်(၆၅၀၀-၆၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့သည်။ အောက်တိုဘာလ လဆန်းပိုင်းတွင် မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ကျပ်(၂၆၆၀၀)၊ မြေပဲဆံဈေးမှာလည်း အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင်  ကျပ်(၆၇၀၀-၆၈၀၀)ဖြင့် ဈေးအနည်းငယ်တက်ခဲ့သည်။ ဒုတိယအပတ်တွင် အရောင်းအဝယ်အနည်းငယ်အေးပြီး ပဲဆံဈေးမှာ ကျပ်(၆၁၀၀ - ၆၂၀၀)သို့ ဈေးကျသွားသည်ကိုတွေ့ရှိရသည်။

     အောက်တိုဘာလ (တတိယပတ်)တွင် သတင်းကျွတ်ချိန်ကာလနီးလာသောကြောင့် ဆီများကြိတ်ခွဲတင်ပို့မှုများပြားလာပြီး မြေပဲတောင့်၊ မြေပဲဆံများလည်းဝင်ရောက်မှုများလာပါသည်။ မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ကျပ်(၂၄၅၀၀ - ၂၄၆၀၀)၊ မြေပဲဆံဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် (၅၅၀၀ - ၆၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀ - ၁၅၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)ဖြင့် ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်း၊ ဖားကန့်မြို့များသို့ တစ်နေ့လျှင် ပိဿာ (၁၄၀၀ - ၁၆၀၀)ကြားတင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၁-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၁၇-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၇၅၀၀၀-၃၃၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၇၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၀၀၀၀၀)၊  နှမ်းဖြူမှာ  ယခင်အပတ်တွင် ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၃၈၀၀)အိတ်၊ နှမ်းနီ(၁၉၀)အိတ်၊ နှမ်းဖြူ(၂၇၀)အိတ်၊ နှမ်းပြာ (၄၃၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၁၅၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၆၅၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၁၀၀၀၀၀-၁၀၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၅၀၀၀-၁၀၇၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀-၅၀၀၀) စသည်ဖြင့် ဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၉၂၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၂၅၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၁၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(H-L)(၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၈၅၀)အိတ်၊ ပဲကြီး(၄၂၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၈၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့နည်းခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၆၀၀၀-၁၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀-၂၀၀၀) ဈေးလျော့နည်းခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ (၇၅၀) အိတ်၊ မြေပဲတောင့်အစို တင်း(၄၇၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုအပတ်တွင် အရောင်းအဝယ်အနည်းငယ်နည်းပါးကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း