ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၅.၉.၂၀၂၃ မှ ၂၇.၉.၂၀၂၃ အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်) ရှယ် ၁ ပိဿာလျှင် ၇၃၀၀/- ကျပ်မှ ၇၅၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၂၁၅/- ကျပ်မှ ၅၃၉၅/- ကျပ်ထိ လည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၆၆၀/- ကျပ်မှ ၅၈၄၅/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၅၈၅၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း၊ ငရုတ်သီး ဆင်ဖြူကျွန်း (ပု) ၁ ပိဿာလျှင် ၁၄၀၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး ၁ပိဿာလျှင် ၁၁၅၀/- ကျပ်မှ ၁၂၅၀/- ထိလည်းကောင်း၊ မန်ကျည်းသီး အသား ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၄၀၀/- ကျပ်ထိလည်းကောင်း၊ သကြား(ပြည်တွင်း) ၁ ပိဿာလျှင် ၃၆၂၀/- ကျပ်မှ ၃၆၃၀/- ကျပ်ထိလည်းကောင်း၊ အာလူး(တရုတ်) ၁၉၅၀/- ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၅၀၀/- ကျပ်မှ ၃၀၀၀/- ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိကြက်သွန်နီဈေးနှုန်းများ

     ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၆)ရက်မှ (၂၂)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိတ်ဖြူ၊မုံရွာ ဒေသတို့မှ ကြက်သွန်နီ(၆၉၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့် ပြန်လည် စီးထွက်မှုရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ်၂၉၀၀ ၊ အကြီးမှာ ကျပ် ၂၉၅၀၊ ရှယ်မှာ ကျပ် ၃၀၀၀ ရှိကြောင်းနှင့် မုံရွာကြက်သွန်နီ (အသစ်) ‌အချော တစ်ပိဿာ ၂၆၀၀၊ အသန့် မှာ တစ်ပိဿာ ကျပ်၂၉၀၀ ၊ အကြီးမှာ ကျပ် ၂၉၅၀၊ ရှယ်မှာ ကျပ် ၃၀၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်နေ့မှ စက်တင်ဘာလ(၂၆) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ၂၅ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ ၊  ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံး ၆၀ လုံးပါ အလုံးကြီး ကျပ် ၁၄၀၀၀၊ ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံး ၃၀ လုံးပါ အလုံးလတ် ကျပ် ၄၅၀၀ ၊ အလုံးသေး ကျပ် ၃၅၀၀ ၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ ၊  တိုက်ကြီးနှင့် ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၅၀၀၀ ၊ အလုံးလတ် ကျပ်  ၄၀၀၀၊ အလုံး သေး ကျပ် ၃၅၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ရှမ်းပြည်(မြောက်ပိုင်း) မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၅၀၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀၀၊ ကျုံပျော်၊ ရွှေတောင်မှ သင်္ဘောသီး အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ ကျောက်ဆည်၊ ပြည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ တောင်ငူ၊ ကျောက်ဆည် မှ တောင်ငူဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်းဈေး

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး လကုန်ပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၆၆၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၈၆၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၀၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၆၆၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်နှင့် ယခင်နှစ်ကာလတူ၏ အစေ့ထုတ်ပြောင်း တစ်တင်းဈေးနှုန်းမှာ တူညီကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၅၂၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၅၇၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၃၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၉၀၀၀ကျပ်မှ၁၀၀၀၀ကျပ် ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

       စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်၊ ဟက်ကာ(၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၀၀၀)ကျပ် ၊ APဇာပြာ (၅၀၀)စီစီ တစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

   “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

    ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၄၀၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၇၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၂၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၈၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့အိတ်ရေ ၅၀၀ အိတ်၊ မြစ်ကြီးနားသို့ အိတ်ရေ၅၀၀ အိတ် စုစုပေါင်းအိတ်ရေ ၁၀၀၀ အိတ်၊ တန်အားဖြင့် (၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

         

ဈေးအနည်းငယ်ပိုလာသည့် မြေပဲလုံးဆံ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ စက်တင်ဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ဖြူ)များ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ၊ လကုန်ပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/(၁၇)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၂၀၀)တင်း/(၉၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်  ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)နှင့် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၇၂၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(နီ )တစ်တင်းလျှင်(၃၂၀ဝိ/-)နှင့် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင်(၁၆၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင်ယခင်နှစ်ထက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၂၇၂၀ဝိ/-) ဈေးပို ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ စားသုံးဆီဈေးနှုန်းအခြေအနေ

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး စက်တင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင်လည်း စားအုန်းဆီ တစ်ပိဿာ (၅၀၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် စက်တင်ဘာလနောက်ဆုံးပတ်၌ ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် စက်တင်ဘာလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၄၄၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၅၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၆၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၃၀၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၄၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၄၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၃၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၃၅)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၇၅)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း