ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်ပိုမိုရရှိ၍ ဈေးကောင်းရနေသော မွန်ပြည်နယ်ဒေသထွက် ကျွဲကောသီး

    မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့နယ်ရှိ မြို့နယ်အားလုံး၌ ကျွဲကောသီးခြံစိုက်ပျိုးကြသည်။ ၎င်းတို့အနက် အများဆုံးထွက်ရှိသောမြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ရေး၊ ခေါစာမြို့နယ်တို့ဖြစ်ပါသည်။ ကျွဲကောသီး(အဖြူရောင်)နှင့် ကျွဲကောသီး(ပန်းရောင်)ဟူ၍(၂)မျိုးရှိသည်။ ကျွဲကောသီးသည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့၌ လှိုင်လှိုင်ပေါပြီး အသီးထွက်ကောင်းသောအချိန်ဖြစ်၍ ၎င်းကိုခူးဆွတ်ရောင်းချကြသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးတို့မှာ အထွက်နှုန်းနှင့် ရောင်းအားကောင်းပြီး   စားသုံးသူတို့လည်းအကြိုက်တွေ့၍   ပိုမိုစားသုံးကြသည်။ မွန်ပြည်နယ်အတွင်း ကျွဲကောသီးအရောင်းနေရာများတွင် မော်လမြိုင်မြို့၊ မော်မော်သစ်သီးဆိုင်နှင့် စိန်သုံးလုံးသစ်သီးဆိုင်တို့၌ အရွယ်အစားအလိုက် ရွေးချယ်ဝယ်ယူနိုင်သည်။ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးသည် နာမည်ကြီးသည်။ ကျွဲကောသီးကို ခူးဆွတ်ပြီး နောက်ထပ် ၂၀ရက်နေ့မှ ၂၅ရက်နေ့အတွင်း ထားရှိနိုင်သည်။

ကျွဲကောသီးစိုက်ဧကနှင့်ထွက်ရှိမှု

     စိုက်ပျိုးမှုအပေါ်လည်း ခြံရှင်များအနေဖြင့် ကျေနပ်ဖွယ်အထွက်နှုန်းများလည်းရရှိပါသည်။ ဈေးကွက်ချဲ့ထွင်မှုအားကောင်းလာသည်နှင့်အမျှ ကျွဲကောပင်စိုက်ခြံပိုင်ရှင်၊ ဥယျာဉ်ပိုင်ရှင်များအတွက် တွက်ခြေကိုက်သည်။ မွန်ပြည်နယ်အတွင်း ကျွဲကောသီးစိုက်ပျိုးဧကနှင့် အထွက်နှုန်းရရှိခြင်းကို ဘဏ္ဍာနှစ်အလိုက် ဖော်ပြလိုက်ပါသည်-

စဉ်

ခုနှစ်

စိုက်ဧက

ရိတ်ဧက

နှုန်း

အထွက်

၂၀၂၀-၂၀၂၁

၂၈၃၁

၁၉၉၆

၅၆၄၀.၀၃

၁၁၂၅၇၄၉၅

၂၀၂၁-၂၀၂၂

၂၈၂၂

၂၀၈၉

၅၃၇၈.၄၃

၁၁၂၃၅၅၄၃

၂၀၂၂-၂၀၂၃

၃၂၂၈

၂၁၆၇

၅၅၇၈.၇၆

၁၂၀၈၉၁၇၃

ကျွဲကောသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          ကျွဲကောသီး (အဖြူရောင်) ဆိုလျှင် အသီး၏အရွယ်အစားအသေး/ အကြီးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။ ၎င်းမှာ အသေးတစ်လုံးလျှင် ကျပ်(၅၀၀)မှ ကျပ်(၁၀၀၀) အတွင်း၊ အလတ်တစ်လုံးလျှင် ကျပ်( ၁၅၀၀)မှ ကျပ်(၂၅၀၀)အတွင်း၊ အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်အတွင်းရှိသည်။ လတ်တလောတွင် မော်လမြိုင်ထွက် ကျွဲကောသီးများအားလုံးမှာ ဈေးမြင့်တက်နေပြီး ယခင်နှစ်တွင် ၁၅၀၀ကျပ်သာရှိခဲ့သော ကျွဲကောသီးမှာလည်း တစ်လုံးလျှင် ၃၀၀၀ကျပ်ခန့်ပေါက်ဈေးရှိနေကြောင်းကိုလည်း ကျွဲကောခြံပိုင်ရှင်များထံမှသိရသည်။ မွန်ပြည်နယ်၊ မော်လမြိုင်ထွက် ကျွဲကောသီးဈေးမှာ ယခင်နှစ်ထက် နှစ်ဆနီးပါးဈေးမြင့်တက်လျက်ရှိကြောင်း မော်လမြိုင်မြို့၊ အခြေစိုက်ကျွဲကောသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။

     ယခင်နှစ်များတွင် ကျွဲကောသီးအလုံးကြီး အလုံးသန့်တစ်လုံးလျှင် ရောင်းဈေး ၂၀၀၀ကျပ်သာရှိခဲ့ရာမှ ယခုနှစ်တွင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ခန့်ထိရှိနေကြောင်း မော်လမြိုင်မြို့၊ ရခိုင်ကုန်းရပ်ကွက်မှ ကျွဲကောခြံပိုင်ရှင် ဒေါ်ရှီးထံမှသိရပါသည်။ ကျွဲကောသီးသည် အရမ်းပူသောရာသီဥတုကြောင့် အသီးထွက်သည့်အခါ၌ ပိုးကျကာ အားလုံးပုပ်ကုန်ကြောင်း၊ အပူရှိန်လွန်ကဲခြင်းနှင့် အသီးအများအပြားထွက်သောအချိန်တွင် ပိုးများကျရောက်ခြင်းကြောင့်လည်း အသီးဈေးနှုန်းမြင့်လာကြောင်း မော်မော်သစ်သီးရောင်းဝယ်ရေးဆိုင်မှသိရှိရပါသည်။

     မွန်ပြည်နယ်မှထွက်ရှိသော ကျွဲကောသီးများကို ဒေသတွင်းစားသုံးမှုအပြင် အမြို့မြို့အနယ်နယ်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ရန်ကုန်နှင့်မန္တလေးမြို့များသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။

ကျွဲကောသီး၏ အာဟာရ

          မွန်ပြည်နယ်ထွက် ကျွဲကောသီး(အဖြူရောင်)သည် ချိုချဉ်အရသာ၊ ကျွဲကောသီး (ပန်းရောင်)သည် ကျွဲကောသီး(အဖြူရောင်)ထက် အသားပိုမိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။  ကျွဲကောသီးကိုစားသုံးရာတွင် သူ့ချည်းအစိပ်လိုက်အခွံနွှာ၍ စားကြသည့်အပြင် ဖျော်ရည်အဖြစ်လည်းဖျော်သောက်ကြပါသည်။ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အရွယ်အစားအကြီးမားဆုံးအမျိုးအစားဖြစ်သည်။ အချဉ်ဓာတ်ကဲသောကျွဲကောသီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန့်၊ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့နှင့်ရောစပ်၍ စားကြသည်။ ကျွဲကောသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီအလွန်ကြွယ်ဝသောကြောင့် ဝမ်းမှန်သည်၊ ဖျားနာမှုမှကာကွယ်ရန် အထောက်အကူပြု၍ သက်သာစေသောဓာတ်စာအာဟာရဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မွန်)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်းအနည်းငယ်မြင့်တက်

    မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကြက်သွန်နီများတင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ပထမအပတ်တွင် ကြက်သွန်နီလက်ကားဒိုင်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်၂၃၀၀၊ အလတ်စတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်၁၈၀၀ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

      မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၅၀၀-၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၃၀၀-၂၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၂၀၀၀-၂၁၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်ဘဲ ဂိုဒေါင်များတွင်သိုလှောင်ထားသော ကြက်သွန်များကိုသာရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၀,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၀,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၅၅၀ကျပ်မှ ၆၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၂၉၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၅၀၀ကျပ်မှ ၂၆၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၄၀၀ကျပ်မှ ၃၅၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၂၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၇၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၈၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

       ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

      မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်၂၀၂၂နှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၅၀၀ ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၇၉၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ၊ (ပထမပတ်)တွင်  ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ၊ (ပထမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၅၇၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၉၁၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၄၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် ပဲတစ်တင်းလျှင် ကျပ်၈၈၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၂၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၇အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးသောင်းခွဲပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅အိတ်မှ ၁၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၆၆၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၉၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးထောင်ခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃အိတ်မှ ၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ယခင်နှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ်၆၄၀၀၊ တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅အိတ်မှ ၂၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်၉၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်၁၁၀၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၈၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်၉၄၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းမှ နှစ်သောင်းခွဲအထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)

 

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅) တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်)တစ်အိတ်လျှင် (၁၀၀,၀၀၀)ကျပ်၊ တီစူပါ၄၆%(သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၂,၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ(သြဘာ) တစ်အိတ်လျှင် (၁၆၂,၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်၊ အာမို (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ်လျှင် (၁၄၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း)တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၂,၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၇,၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၃,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄,၀၀၀)ကျပ်၊ သန်းဒါးတစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေတစ်ဘူးလျှင် (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉,၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်၊‌ ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား(ရွှေတောင်)တစ်အိတ်လျှင် (၁၀၀,၀၀၀) ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်)တစ်အိတ်လျှင် (၇၈,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀) ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ(သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၀,၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) တစ်အိတ်လျှင် (၁၄၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း)တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (၁)ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ)(၁)ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တားတစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီတစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဘူးလျှင် (၁၂,၀၀၀) ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) တစ်ဘူးလျှင် (၄၇,၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါတစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ အီမာတစ်ဘူးလျှင် (၃၄,၀၀၀)ကျပ်၊ သန်းဒါး တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာတစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေတစ်ဘူးလျှင် (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်တစ်ဘူးလျှင် (၂၉,၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ယခုအပတ်တွင် ဓာတ်မြေဩဇာများသည့် ပန်းဖူး(သစ်)(တရုတ်)၊ မျှားကမ္ဘာ(တရုတ်)၊ နိုက်ထိုဖောစကာ(သြဘာ)တို့မှာ ဈေးအနည်းငယ်ကျဆင်းနေပြီး မျှားကမ္ဘာ(တရုတ်) ဈေးအနည်းငယ်တက်နေပါကြောင်း၊  ပိုးသတ်ဆေးများဖြစ်သည့် မိုရယ်မုန်(ဩဘာ)မှာ ဈေးအနည်းငယ်ကျဆင်းနေပြီး အစီဖိတ်(ဩဘာ) ဈေးနှုန်းမှာ အနည်းငယ်တက်နေပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ အောက်တိုဘာလ ပထမပတ်အတွင်း ရောင်းချနေသောစက်သုံးဆီဈေးနှုန်းများ

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၇၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၅၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၃၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

   ယခုအောက်တိုဘာလ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၀၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၉၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၇၅) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်စက်တင်ဘာလ စတုတ္ထအပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၇၅)ကျပ်၊  ဓာတ်ဆီ(95) တစ်လီတာလျှင် (၁၈၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၅၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် မုံရွာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး ကန့်ဘလူခရိုင်တွင် ဈေးအနည်းငယ်ကျဆင်းနေကြောင်းနှင့်  ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်းသိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မှော်ဘီ (၂)ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀လျှင် ကျပ်၂,၂၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၃၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၄၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၈,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၄၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၂,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၇၂၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ စက်တင်ဘာလ (နောက်ဆုံးပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄,၆၀၀၊ မကွေး သို အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၆၃,၆၀၀) အိတ်၊ တန်အားဖြင့် (၃,၁၈၀) စီးထွက်ခဲ့ပြီး ယခုအောက်တိုဘာလ (ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄,၆၀၀၊ မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၆၃,၆၀၀) အိတ်၊ တန်အားဖြင့် (၃,၁၈၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင်လည်း ယခင်ပတ်အတိုင်း စီးထွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                          

                            

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၃၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

         ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ မှ အောက်တိုဘာလ ၁၅  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

     ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

       အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် အောင်လံမြို့နယ်၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့တစ်ဖက်ကမ်းရှိ သရက်မြို့နယ်တို့၌ နှမ်းသီးနှံအသစ်များရိတ်သိမ်းချိန်ရာသီဖြစ်၍ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၂၇-၉-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၂၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၃-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၂၀၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀-၁၀၀၀၀) ဈေးလျော့နည်းခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၉၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးလျော့နည်းခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်၍  ကျပ်(၁၀၀၀၀)ဈေးလျော့နည်းလာခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင်  ယခင်အပတ်တွင် ကျပ်(၂၇၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၇၀၀၀၀)ဖြစ်၍  ကျပ်(၅၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့နည်းခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်များဖြင့် နှမ်းနက်(စမုံ)(၄၈၀၀)အိတ်၊ နှမ်းနီ(၄၃၀)အိတ်၊ နှမ်းဖြူ(၂၈၀)အိတ်၊ နှမ်းပြာ(၃၅၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရပါသည်။

 ပဲမျိုးစုံဈေးကွက်အနေဖြင့် ပဲတီစိမ်း (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၅၀၀၀-၅၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်တက်လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်လာခဲ့ကြောင်းသိရပါသည်။ မတ်ပဲမှာ ယခင်အပတ်တွင် ကျပ်(၈၃၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၀၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးလျော့နည်းလာခဲ့ကြောင်း၊ ကုလားပဲ(H-L)(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၃၀၀၀)၊ ပဲကြီး(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း(၂၂၀၀)အိတ်၊ မတ်ပဲ (၃၀၀)အိတ်၊ ကုလားပဲ(H-L)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ပဲကြီး(၃၇၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၂၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့နည်းလာခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၅၅၀)အိတ်၊ မြေပဲတောင့်အစို တင်း(၅၃၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့နယ်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၌ အများပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်ကုန်သည်များပါဝင်ကာ (၃၀-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အနောက်ရပ်၊ မြောက်ပိုင်းရပ်ကွက်၊ အလင်းရောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ပြည်သူများအား ဈေးနှုန်းချိုသာစွာဆန်များရောင်းချပေးခဲ့ပါသည်။

      ထိုသို့ရောင်းချပေးရာ အိမ်ထောင်စု(၁)စုလျှင် ဧည့်မထဆန်(၁)ပြည်နှုန်းစီလျှင် ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် အိမ်ထောင်စု(၂၉၄)စုအား ဆန်များရောင်းချပေးနေမှုကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

       ဆက်လက်၍ တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ကျန်ရပ်ကွက်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)

           

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း