ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ ( ၂၅ ) ရက်နေ့ မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံး ၃၀ လုံးပါ အလုံးကြီး ကျပ် ၃၀၀၀၊ အောင်ပန်း မှ ထောပတ်သီး တစ်သေတ္တာ အလုံး ၄၅ လုံးပါ အလုံးကြီး ကျပ် ၁၈၀၀၀၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ အောင်ပန်းမှ လိမ္မော်သီး အလုံးကြီး ကျပ် ၄၅၀၊ အလုံးသေး ကျပ် ၂၅၀၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၀၊ မန္တလေးမှ သင်္ဘောသီး အလုံးကြီး ကျပ် ၂၀၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀၊ ရှမ်းပြည်(မြောက်ပိုင်း)မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၄၀၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၀၊ ဘိုကလေးမှ ငှက်ပျောသီး (ဖီးကြမ်း) တစ်ဖီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀ ၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၄၅၀၀ ၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၇၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၃၅၀၀ ၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(211) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀၊အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀ ၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံး ၁၈ လုံး ပါ အလုံးကြီး ကျပ် ၁၈၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံး ၂၄ လုံး ပါ အလုံးကြီး ကျပ် ၁၅၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံး ၃၀ လုံး ပါ အလုံးကြီး ကျပ် ၁၀၀၀၀၊ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်/ဘဲဈေးဒိုင် ဈေးကွက်စုံစမ်းခြင်း

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့  နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင် ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာ ကြက်အရှင် အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၅၀၀/၁၃၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၁၀၀/၅၂၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင်(၇၅၀၀/၉၀၀၀) ကျပ်၊ ဘဲအရှင် ၁ ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ဘဲ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့်  (၃၀.၁၀.၂၀၂၃) ရက်နေ့တွင်‌တစ်ရက်လျှင် ကုန်ချိန် (၆၈၉၀၀) ပိဿာခန့် အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ကုန်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂၆.၁၀.၂၀၂၃ မှ ၁.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ရေထွက်စားသောက်ပစ္စည်းဈေးနှုန်းများမှ ပုစွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန် (ရှယ်) ၁ ပိဿာလျှင် ၇၅၀၀၀/- ကျပ်မှ ၈၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံရွှေပုစွန် (ရိုးရိုး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၅၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ ပိဿာလျှင် ၄၃၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရှယ်) ၁ ပိဿာလျှင် ၅၅၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရိုးရိုး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျည်းကျပ်တိုက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးကျည်းကျပ်တိုက် (သေး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိရှိခဲ့ပြီး ရေငံငါးခြောက်ဈေးနှုန်းများအနေဖြင့် ငါးကွမ်းရှပ် ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၃၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးတံခွန် (လုံး) ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၁၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ ပိဿာလျှင်မှ ၃၀၀၀၀/- ကျပ်မှ ၃၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမြီးတံသွယ် ၁ ပိဿာလျှင် ၄၀၀၀/- ကျပ်မှ ၄၅၀၀ ကျပ်ထိ အသီးသီးဖြစ်ပေါ်ခဲ့ပြီး ရေထွက်စားသောက်ကုန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၂၆.၁၀.၂၀၂၃ မှ ၁.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ ပိဿာလျှင် အမြင့်ဈေး ၁၅၀၀၀/- ကျပ်မှ အနိမ့်ဈေး ၁၀၂၀၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ကုန်း) ၅၃၉၀/- ကျပ်မှ ၅၅၇၀/- ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၅၆၆၀/- ကျပ်မှ ၅၈၄၅/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၅၈၀၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၁၆၀၀၀/- ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ ပိဿာလျှင် ၆၀၀၀/- ကျပ်မှ ၇၀၀၀/- ကျပ်ထိလည်းကောင်း၊ မန်ကျဉ်းသီး (ကပ်ပွင့်-သစ်) ၁ ပိဿာလျှင် ၁၁၅၀/- ကျပ်မှ ၁၂၅၀/- ကျပ်ထိလည်းကောင်း၊ မန်ကျဉ်းသီး (အသား-သစ်) ၁ ပိဿာလျှင် ၁၉၀၀/- ကျပ်မှ ၂၅၀၀/- ကျပ်ထိ လည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ ပိဿာလျှင် ၃၁၀၀/- ကျပ်မှ ၃၂၀၀/- ကျပ်ထိလည်းကောင်း၊ ကြံသကာ (သစ်) ၁ ပိဿာလျှင် ၄၀၀၀/- ဖြင့် လည်းကောင်း၊  သကြား (ပြည်တွင်း) ၁ ပိဿာလျှင် ၃၇၃၀/- ကျပ်မှ ၃၇၆၀/- ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ ပိဿာလျှင် ၃၇၀၀/- ကျပ်မှ ၃၈၀၀/- ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ ပိဿာလျှင် ၄၂၀၀/- ကျပ်မှ ၄၃၀၀/- ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ ပိဿာလျှင် ၃၀၀၀/- ကျပ်မှ ၃၃၀၀/- ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၆၀၀/- ကျပ်မှ ၃၇၀၀/- ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ထန်းလျက်(ညောင်ဦး) မှာအနည်းငယ်ဈေးတက်၍ ကြက်သွန်ဖြူ(ကြူကုတ်)၊ အာလူး (တရုတ်)နှင့် ကြက်သွန်နီ (ဆိတ်ဖြူ)တို့မှာ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး   အခြားအခြေခံစားသောက်ကုန်များမှာ ဈေးနှုန်း အနည်းငယ်သာ အတက်အကျ ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရန်ကုန်)        

 

 

 

ရာသီစာ ဂွေးချိုသီး စျေးကွက်

   ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်စျေးအတွင်းရှိ သစ်သီးဆိုင်များတွင် ဂွေးချိုသီးများ  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ဂွေးချိုသီးတွင် ကယ်လ်စီယမ်ပါဝင်သည့်အတွက် အရိုးများ သန်စွမ်းကျန်းမာ‌စေခြင်း၊ ဗီတာမင်စီပါဝင်သည့်အတွက် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေခြင်း၊ သံဓာတ်ပါဝင်မှု မြှင့်မားသည့်အတွက် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိစေပါသည်။ ဂွေးချိုသီးတွင် အမျှင်ဓာတ်ပါဝင်မှုမြင့်မားသည့်အတွက် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းကင်းစေပြီး  ကျန်မားရေးအတွက်များစွာ အထောက်အကူ ဖြစ်စေ၍ စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။ ဘားအံမြို့ရှိ ဈေးများတွင် ဂွေးချိုသီး အရွယ်အစားအလိုက် ဈေးနှုန်းများမှာ အလုံးကြီး(၁)လုံးလျှင် ၁၅၀ ကျပ် အလုံး (၁၀၀)လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလုံးသေး (၁)လုံးလျှင် ၁၀၀ ကျပ် အလုံး (၁၀၀)လျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၁၁.၂၀၂၃ )

    ၅.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၁၁.၂၀၂၃ )

   ၄.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Palm Oil Wholesale Reference Price announced that Ks 4,560 per Viss

      The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

          According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,560 per Viss for the period from 6 November 2023 to 12 November 2023.

         If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

         The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၃.၁၁.၂၀၂၃ )

   ၃.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း