ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဟိုပန်သခွား

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မန်ပိုင်ကျေးရွာရှိ တောင်သူများသည် ယခုမိုးရာသီတွင်စီးပွားဖြစ်သခွားများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းသခွားသီးများကို စိုက်ပျိုးသည့်အခါတွင် တစ်ပတ်လျှင်တစ်ကြိမ် ရေဖြန်း၍ သော်လည်းကောင်း/ ဆေးဖြန်း၍သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

      သခွားသီးများကို တစ်လုံးလျှင် မြန်မာငွေကျပ် (၃၀၀) ဖြင့်  ဈေးပတ်ဈေးသည်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ထိုဈေးပတ်ဈေးသည်များသည်၎င်းသခွားသီးများကို ဟိုပန်မြို့ နှင့်နီးစပ်သော နမ့်တစ်မြို့၊ ချင်းရွှေဟော်မြို့၊ လောက်ကိုင်မြို့ အစရှိသောနီးစပ်ရာမြို့များသို့ တဆင့်ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။ တဆင့်ပြန်လည်ရောင်းချရာတွင်လည်း တစ်လုံးလျှင် တရုတ်ငွေ (၂) ယွမ် မြန်မာငွေဖြင့် ကျပ် (၉၅၀) ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA( ရှမ်း)

မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ ဆန်ဈေးနှုန်းများနှင့် စီးဝင်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီးသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာလ(၄) ရက်နေ့အတွင်း သရက်ခရိုင်၌ ဆန်(ဧရာပဒေသာနှင့် မနောသုခ)မှာ ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များဖြစ်သော အောင်လံခရိုင်၌ (ပေါ်ဆန်းမွှေး၊ ဧရာပဒေသာနှင့် မနောသုခ)၊  ချောက်ခရိုင်တွင် (ဧရာပဒေသာ)၊ ပခုက္ကူခရိုင်၌ (ဧရာပဒေသာ)ဈေးနှုန်းများမှာ ကျဆင်းနေကြောင်းသိရပါသည်။

    ယခုရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နေသောဧရာပဒေသာစပါးဈေးမှာ (၁)တင်းလျှင် ကျပ် (၃၆၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၈၀၀၀)၊ ဆန်(ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   မင်းဘူးခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဆန် (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   သရက်ခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    အောင်လံခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၂၀၀၀)၊ ဆန် (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၁၀၀၀)၊ ဆန်(ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   ချောက်ခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   ပခုက္ကူခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၉၀၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   ဂန့်ဂေါခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဆန်(ဧရာ ပဒေသ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၀၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာလ(၄)ရက်နေ့အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှဆန်စီးဝင်မှုမှာ  စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၅၉၁၅) အိတ်၊ ပဲခူးတိုင်းမှ (၂၆၇၁)အိတ်နှင့် ရခိုင်ပြည်နယ်မှ (၆၀၀)အိတ်၊ စုစုပေါင်း(၉၁၈၆)အိတ်၊ (၄၅၉)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန် (၃၅၅၀၀)အိတ်၊ (၁၇၇၅)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အတွင်း မင်းဘူးမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ပွင့်ဖြူမြို့၊ သရက်မြို့နှင့်အခြားမြို့များမှ သစ်သီးဝလံများကိုမှာယူရောင်းချကြကြောင်းသိရပါသည်။

      ယခုရက်သတ္တပတ်အတွင်း ရောင်းချနေသောဈေးနှုန်းများမှာ ဖရဲသီး(၁)လုံးလျှင် ကျပ် (၂၅၀၀-၃၀၀၀)၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ စပျစ်သီး(အစေ့လွတ်) (၁) ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ ပန်းသီး(၁)လုံးလျှင် ကျပ် (၅၀၀-၁၅၀၀)၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀၀)၊ သခွားမွှေးသီး(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ သလဲသီး(၁)လုံးလျှင် ကျပ်(၂၅၀၀)၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ လိမ္မော်သီး(အသေး) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)နှင့် ငှက်ပျောသီး (ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၅၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းဝယ်နေကြသော ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အတွင်း မင်းလှမြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဥယျာဉ်ကျေးရွာ၊ ပန်းတော်ပြင်ကျေးရွာ၊ မလွန်ကျေးရွာနှင့် မိကျောင်းရဲ၊ တောင်တွင်းကြီး၊ သရက်၊ မင်းဘူး၊ မကွေးမြို့တို့မှ ကုန်စည်များအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

     ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဇီယာဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀)၊ ‌ပေါ်ဆန်း(ဖျာပုံ) (၁)ပြည်လျှင် ကျပ်(၅၁၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၆၅၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၆၇၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ မျှင်ငါးပိ (၁)ပိဿာလျှင် ကျပ်(၆၄၀၀)၊ ကြက်သွန်နီ(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(ရှည်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ် (၁၆၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မုန့်ညှင်း(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၁၅၀၀-၁၇၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ချဉ်‌ပေါင်ရွက်(၁)စည်းလျှင် ကျပ် (၅၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၁၅၀)၊ ပြောင်းဖူး(သကြား) (၁)ဖူးလျှင် ကျပ် (၄၀၀)၊ ပြောင်းဖူး(ရိုးရိုး)(၁)ဖူးလျှင် ကျပ်(၃၅၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ မောင်မခေါ်ပဲ(၁)ပြည်လျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၈၀၀-၄၀၀၀)နှင့် ငုံးဥ(၁၀)လုံးလျှင် ကျပ်(၆၀၀)ဖြစ်ကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေနေ

    ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၄၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MPE) (50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၃၀၀၀) ရှိခဲ့ပါသည်။

   ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ် တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၂၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၇၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ မြင်းပျံ (50)kg တစ်အိတ်လျှင် (၉၂၀၀၀)ကျပ်၊  တီဆူပါ (may) တစ်လီတာ (၄၅၀၀၀)ကျပ် ရှိခဲ့ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် စက်တင်ဘာလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး တာချီလိတ်ဒေသရှိ ဘိလပ်မြေဈေးနှုန်းမှာလည်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ဓာတ်မြေဩဇာဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA( ရှမ်း)

 

မကွေးမြို့ပေါ်၌ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဆန်များဝင်ရောက်လျက်ရှိပြီး စားဖိုဆောင်သုံးသီးနှံများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

     (၂၈-၉-၂၀၂၃)ရက်နေ့မှ (၄-၁၀-၂၀၂၃)ရက်နေ့အတွင်း မကွေးမြို့ပေါ်ရှိ စည်ပင်သာယာဈေးများတွင်ရောင်းချနေသော ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းဆန် (ဖျာပုံ) (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊  ပေါ်ဆန်းဆန် (ရွှေဘို)(၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊ ဧရာပဒေသာ(ကုန်းဇောင်း)(၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဧည့်မထ(၁)အိတ်လျှင် ကျပ်(၉၈၀၀၀)၊ စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နေကြာဆီ(ရိုးရိုး)(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ(၁) ပိဿာလျှင် ကျပ်(၅၂၀၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(မွေးမြူရေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးမြစ်ချင်း(အလတ်)(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ဝက်(အသား)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲ(အသား)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်(အသား)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ် (၃၇၀)ဖြစ်ကြောင်းသိရသည်။

   စားဖိုဆောင်အခြေခံစားကုန်များမှာ ငရုတ်သီးခြောက်(အရှည်)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(အပု)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်း(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၈၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း(၁) ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၆၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၎င်းဈေးနှုန်းများကို အလတ်စနှုန်းထားများဖြင့်ကောက်ယူထားကာ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် စားအုန်းဆီ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးမှည့်၊ မြေပဲဆံ၊ ကုလားပဲခြမ်းတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းကာ ကျန်အခြေခံစားသောက်ကုန်များမှာ သိသိသာသာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(မကွေး)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၇၀၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၉၅၀ ကျပ်၊ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၉၅၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၀၅၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၇၀၀ ကျပ် စသဖြင့် ရောင်းဝယ်ဖြစ်ခဲ့ပါသည်။

          ကျိုင်းတုံမြို့တွင် စက်တင်ဘာလ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၁၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၃၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၄၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၃၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် စက်တင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်နှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာပြီး ကြက်သွန်ဖြူ(ကြူကုတ်)၊ (ရှမ်းစ)၊ အာလူး၊ ချင်းနှင့် စားအုန်းဆီ ဈေးနှုန်းတို့မှာ အနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

DOCA( ရှမ်း)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

     မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

  ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀-၈၀၀၀)၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀-၉၀၀၀)၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀-၇၀၀၀)၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀- ၈၅၀၀)၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀- ၁၅၀၀)၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀-၁၅၀၀)၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)ကြား၊ တည်သီး (၁)လုံးလျှင် ကျပ်(၈၀၀-၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀- ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀-၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀-၁၅၀၀)၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၇၀၀၀)၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀-၁၅၀၀)၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀-၃၀၀)၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀-၂၅၀၀)၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀-၁၂၀၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                     

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)မှ ကျပ်(၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)မှ ကျပ်(၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)မှ ကျပ်(၄၅၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀) မှ ကျပ်(၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီပွဲရုံလက်ကားဈေး(ကြီး/လတ်/သေး)တစ်ပိဿာလျှင် ကျပ် (၂၅၀၀-၂၀၀၀-၁၅၀၀) နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေးတစ်ပိဿာလျှင် ကျပ် (၂၈၀၀-၂၂၀၀-၁၈၀၀) နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက (၁၂၀၀၀)ခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ ထွက်ရှိသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း