ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင် ရောင်းချနေသောသစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသောသစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀-၁၅၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊  ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၃၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး(၁)ဖီးလျှင် (၁၀၀၀-၁၅၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၃၀၀၀- ၄၀၀၀)ကျပ်၊  နဂါးမောက်သီး(၁)လုံးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ တည်သီး(၁)လုံးလျှင် (၇၀၀-၁၀၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် နာနတ်သီး(၁)လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောက်ဖရုံသီးပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့် အကျိုးရလဒ်

    ကန့်ဘလူမြို့နယ်၏ ဒေသအနှံ့အပြားတွင် ကျောက်ဖရုံသီးပင်များကို မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရသည်။ ကျောက်ဖရုံသီးပင်ကို စင်ခံပြီးစိုက်ပျိုးနိုင်သည့်အပြင် မြေလွှတ်ပြီးလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ကျောက်ဖရုံပင်မှာ တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အသီးမှာ တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင်ရောနှောနေတတ်ပါသည်။

     အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ ကျောက်ဖရုံသီးသည် ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်ပြီး ရေဓာတ်၊ အမျှင်ဓာတ်၊ ကယ်လိုရီ၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင် C၊ ဇင့်ဓာတ်၊ ဗီတာမင် B တို့ပါဝင်သောကြောင့်  ဆီးချို၊ ကျောက်ကပ်နှင့် နှလုံးရောဂါသမားများစားသုံးလျှင် ပိုသင့်တော်ပါသည်။ ကျောက်ဖရုံသီးကိုစားသုံးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာ၌ အထောက်အကူပေးနိုင်ကြောင်းသိရသည်။ ကျောက်ဖရုံသီးကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်ကြသလို သကြားဖြင့် ကျောက်ဖရုံယိုအဖြစ် ယိုထိုး၍လည်း စီးပွားဖြစ်ရောင်းချကြပါသည်။

     ယခုအခါ ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီလက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ပြောပြချက်အရ ကျောက်ဖရုံသီးအလုံးသေး(၁)လုံးလျှင် ၁၅၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချရပြီး ကျောက်ဖရုံသီးတစ်စိတ်လျှင် ၅၀၀ကျပ်ဖြင့်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

   မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကြက်သွန်နီများတင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)၏ ကြက်သွန်နီလက်ကားဒိုင်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အလတ်စတစ်ပိဿာလျှင် ကျပ်၂၆၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၁၀၀) ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

   မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၁၀၀-၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၇၀၀-၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၂၃၀၀-၂၄၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်သေးဘဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ စက်တင်ဘာလတတိယပတ်အတွင်း ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

     “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

        ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၅၀၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၄၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၇၈၀၀၀ ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့အိတ်ရေ ၅၀၀ အိတ်၊ မြစ်ကြီးနားသို့ အိတ်ရေ၅၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၀၀၀ အိတ်၊ တန်အားဖြင့် (၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၂၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၂၀၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၂၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်သီး(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော်သီး (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေးသီး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

          ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက်  (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း စက်တင်ဘာလအတွင်း ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

     ကန့်ဘလူပွဲရုံများအနေဖြင့်  ဩဂုတ်လနှင့်စက်တင်ဘာလ လဆန်းပိုင်းတို့တွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပြောင်း (၇၅)တင်း/(၇.၂၆)တန် ဈေးနှုန်းမှာ (၁၇၀၀၀)ကျပ်၊ မြေပဲအတောင့် (၃၀၀) တင်း/(၂၈.၀၆)တန် ဈေးနှုန်းမှာ (၃၀၀၀၀)ကျပ် ၊ မြေပဲလုံးဆန် (၈၀၀)ပိသာ တစ်ပိသာလျှင် ဈေးနှုန်း မှာ(၆၈၀၀)ကျပ်၊ ပဲတီစိမ်း (၉)တင်း/(၀.၈၂)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၆၀၀၀) ဈေးရှိပါ သည်။ မတ်ပဲ (၃၄)တင်း/(၃.၁၂၅)တန် ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင်(၈၀၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။      ကုလားပဲအမျိုးအစား (၄)မျိုးရှိရာ (929)အမျိုးအစားပဲမှာ(၄၅)တင်း/ (၄.၂၁)တန် ဝင်ရောက်ပြီး ဈေးနှုန်းမှာ (၈၂၀၀၀)ကျပ်၊ (v2)အမျိုးအစားပဲမှာ (၄၅)တင်း/ (၄.၂၁)တန်၊ ဈေးနှုန်းမှာ(၈၃၀၀၀)ကျပ်၊ ၊ ပဲစဉ်းငုံ (၆)တင်း/ (၀.၅၅)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၁၂၅၀၀၀)ကျပ်၊ ပဲဇီးကွက် (၁၂၅)တင်း/ (၂၀.၄၆)တန် ရှိပြီး ဈေးနှုန်းမှာ(၆၀၀၀)ကျပ်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ နေကြာ (၄၈)တင်း/(၂.၁၁)တန် ဈေးနှုန်းမှာ (၄၃၀၀၀)ကျပ်၊ ဖြစ်ပြီး အဝင်/အထွက်နည်းသော အချို့သီးနှံများသည် တောင်သူများမျိုးကျန်များ ထုတ်ရောင်းကြခြင်းဖြစ်၍  အနည်းငယ်သာ အဝင်/အထွက်ရှိကြောင်းနှင့်   မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

စက်တင်ဘာလ တတိယပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၉၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၅၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၃ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၄၃၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၅၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၆၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ် နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၄၅)ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာလျှင်(၄၅)ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိပြီး ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၃၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၃၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးကျလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၁၈၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်း အိတ်ရေ ၅၀၆၀၀၊ တန်အားဖြင့် ၂၅၃၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀၅၀၀၊မန္တလေးသို့ အိတ်ရေ ၂၄၁၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၅၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၂၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၂၆၀၀၊ တန်အားဖြင့် ၃၁၃၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၂၀၀၀၊ တန်အားဖြင့် ၆၀၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း