ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

​​​​​​​ မအိုမနာမသေအပင်

 ‌     ဆေးနည်းပေါင်းစုံ ကျန်းမာရေးဗဟုသုတ ဖော်ပြချက်သီရှိရခြင်းဖြစ်ပါသည်။ သစ်ပင်လိမ္မာ ကျွမ်းကျင် ပညာရှင်၏ အဆိုရ  မအိုမနာမသေချင်လျှင် မအိုမနာမသေသော ဆေးပင်ကို သုံးစွဲရမည်ဟု ဆိုသည်။ ယင်းဆေးပင်များမှာ အုန်းနှဲ့ပင်၊ ငုပင်နှင့် ဆင်တုံးမနွယ်ပင်တို့ဖြစ်သည်။အုန်းနှဲ့ပင်၏ အခေါက်ကို နေလှန်းအတုံး ကလေးများတုံး၍ ကွမ်းယာ၊ဆေးလိပ်တို့တွင်ထည့်သုံးကြသည်ကို ငယ်ငယ်ကမြင်ဖူးကြမည် သည့်ကြမည်ထင်ပါသည်။ ရှေးလူကြီးများအဆိုအရ  အုန်းနှဲ့ပင်ရှိရာ အနီးအနားတွင်  ရေတွင်းတူက ရေချိုထွက်သည်ဟူ၍ ဆုံးမကြားဖူးနားဝရှိခဲ့ဖူးပါသည်။ အုန်းနှဲ့ပင်သည် (၁၂)ရာသီလုံးရင့်ရော် အိုမင်းအရွက်ကြွေခြင်းမရှိသည့် အပင်မျိုးဖြစ်သည်။ ထိုကြောင့် အုန်းနှဲ့ပင်ကို မအိုသောအပင်ဟုခေါ်သည်။ ငုပင်သည် မနာသောအပင်ဖြစ်သည်။ငုပင်၏ အခေါက်ကိုခွာယူလျှင် ၎င်းငုပင်သည်နွမ်းခြင်းပရှိပေ။အပူညှင်းလေအား ရှိလေဖြစ်ကာ လန်းဆန်းစိုပြေသော သတ္တိရှိသည်။ ငုပင်က နာအောင်ညှင်းလေ မနာလေအပင်ဖြစ်သည်။ မသေသောအပင်က ဆင်တုံးမနွယ်ပင်ဖြစ် သည်။ မြေ၊ရေ မထိတွေ့ရေစေပကမူ သေသည်ဟူ၍ မရှိချေ။ အဖြူ၊အဝါ၊အနက် သုံးမျိုးတွင်  အနက်မျိုးသည် အကောင်းဆုံးဖြစ်သည်။အစွမ်းသတ္တိကောင်းဆေးပင် (၃) မျိုး အညီအမျှစီယူ၍ ပျားရည်စစ်စစ်နှင့်တေပြီး စားအကျိုးများသည့်ဟု ဆိုကြသည်။ ချွဲကြပ်ခြင်း၊ မောဟိုက်ခြင်း၊ လေဖြတ်ခြင်း၊ ထုံခြင်း၊ ကိုယ်တပိုင်းတခြင်းသေခြင်း၊ ဆီးရှိလျှက်ဆီမဆင်းခြင်း၊ ဓါတ်ချုပ် စမြင်းခံခြင်း၊ လေငန်းအမျိုးမျိုးတို့အတွက် ပျောက်ကင်းစေပြီးကျန်းမာ အသက်ရှည်သည်ဟု လေ့လာသိရှိရသည်။ ၎င်းဆေးတွင်နနွင်းခါးစစ်စစ် ထပ်မံရောစပ်က ဆီချိုးရောဂါနှင့် ကျောက်ကပ်အားမရှိ၍ သွေးအညစ်အကြေးများပြီး ပွေးကွက်ယား ကွက်ထွက်သူ ဝေဒနာရှင် များလည် သက်သာပျောက်ကင်းနိုင်ကြောင်းလဲသိရှိရသည်။ မည်သို့ဆိုစေကာမူ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသည့်အတိုင်း သစ်ပင်ပန်းပင်တို့၏  အစွမ်းထက်မူကို သိရှိစေရန်သာ လေ့လာတင်ပြ ခြင်းဖြစ်ပါသည်။

DOCA (မန္တလေး)

ဆေးဖက်ဝင် ဖန်ခါးသီး

     ဖန်ခါးပင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ သဘာဝအလျောက် ပေါက်ရောက်တဲ့ အပင်အမျိုးအစားဖြစ်ပါသည်။အပူပိုင်း အရိပ်ရ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်ပြီးအ ခေါက်ထူပါသည်။ ဖန်ခါးသီးသည် အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းဝါရောင်ရှိပါသည်။  ဖန်ခါးသီး များကိုကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ဖန်ခါးသီးသည် နာမည်နှင့်လိုက်အောင် ဖန်လည်းဖန်၊ ခါးလည်းခါးပေမယ့် အနံ့ကတော့ မွှေးပါသည်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို ငပိရည်နှင့် အတို့အမြှုပ်အ ဖြစ်စားကြသလို ကြက်သွန်ဖြူ၊ ဆား မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားကြပြီး အခြားနည်းတွေနဲ့လည်း ဆေးဖြစ်ဝါးဖြစ်စားကြကြောင်း၊ ဖန်ခါးပင်ရဲ့ အသီး၊ အမြစ်နဲ့ အခေါက် တို့ကို အသုံးပြုခြင်းအားဖြင့်  ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုနိုင်ပါသည်။ ဖန်ခါး သီးသည် အစာခြေစနစ် ကောင်းမွန်စေခြင်း ဆီချိုရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ သွားနှင့်ခံ တွင်းကိုကျန်းမာစေခြင်း၊ သွေးတွင်းကိုယ်လက်စထရောကို ထိန်းညှိနိုင်ပြီး ကိုယ်လက်နာကျင် ကိုက်ခဲခြင်းများကို သက်သာစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ယခုအခါ ကန့်ဘလူမြို့ ဈေးကွက်အတွင်း ဖန်ခါးသီး()ပြည်လျှင်(၃၈၀၀)ကျပ်၊ နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇီးဖြူသီးနှင့် ဇီးဖြူသီးခြောက်ဈေးနှုန်းအခြေအနေ

   ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအစိုနှင့် ဇီးဖြူသီးအခြောက် ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

     ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ယခုအခါ ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးအစိမ်း နို့ဆီဘူး()ဘူးလျှင်(၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀) ကျပ်၊ဇီးဖြူသီးအခြောက်()ဘူးလျှင် (၁၅၀၀)ကျပ်၊ ()ပြည်လျှင် (၁၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုလားပဲချောင်းနှင့် စလေဘီဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကုလားပဲချောင်းနှင့် စလေဘီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ရောင်းချလျက်ရှိသောကုလား ပဲချောင်းနှင့်စလေဘီ ဈေးနှုန်းများမှာ စလေဘီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေဘီ(၅၀)ကျပ် သားလျှင်(၆၀၀၀)ကျပ်နှင့် စလေဘီ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ကုလားပဲချောင်း() ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ ကုလားပဲချောင်း (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲချောင်းနှင့် စလေဘီများကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးအတွင်းရှိ ငါးဖယ်ဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ် ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၇၀၀၀)ကျပ်နှင့် ငါးဖယ် ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးရှိ ငှက်ပျောဖူးနှင့်ငှက်ပျောအူဈေးနှုန်း

       ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အရွက်မှ အပင်၊ နောက်ဆုံးစွန့် ပစ္စည်းဖြစ်သည်အထိ အသုံးဝင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ ပေါ်နှင့် ဒေသအတွင်းကျေးရွာများတွင် မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြပြီး ငှက်ပျောဖူးနှင့် ငှက်ပျောအူများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း၊ ငှက်ပျောဖူးများကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ငှက်ပျောအူများ ကိုမုန့်ဟင်းခါးရောင်းချသည့်ဆိုင်များမှလည်း ဝယ်ယူကြကြောင်း၊၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင် ငှက်ပျောဖူး()ဖူးလျှင် (၁၀၀၀)ကျပ်နှင့် ငှက်ပျောအူ အကြီး() တုံးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောအူ အသေး()တုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

​​​​​​​ သစ္စာပန်းဈေးကွက်

    သစ္စာပန်းကို အေးတဲ့တောင်ပေါ်ဒေသတွေမှာ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီဥတု ပူပြင်းတဲ့မြေပြန့် ဒေသတွေမှာတော့ ဆောင်းရာသီကျမှ စိုက်လေ့ရှိကြပါတယ်။ မန္တလေး ဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသထွက် ပန်းများဝင်ရောက်လျှက်ရှိပါသည်။ သစ္စာပန်းမှာ ပန်းအရောင်အမျိုးမျိုး ရှိပါသည်။ ဈေးကွက်အတွင်းတွင်  သစ္စာပန်းအရောင် ခြောက်မျိုးလောက်ရှိကြောင်းသိရှိရပါသည်။  အဖြူရောင်၊ အနီရောင်၊ အဝါရောင်၊အုတ်ကျိုးရောင်၊ ပန်းရောင်တို့ကို  လူကြိုက်များပါသည်။မကြာခင် ဝါတွင်း ကာလရောက်ရှိတော့မည်ဖြစ်၍ သစ္စာပန်းများလှိုင်လှိုင်ဝင်ရောက်လျှက်ရှိပါသည်။သစ္စာပန်းဥတွေကို တစ်ဥနဲ့တစ်ဥ (၉) လက်မခြားပြီး တြိဂံပုံ ခြားစိုက်ပျိုးရပါသည်။ အပင်တွေ မယိမ်းယိုင်စေဖို့ အပင် ခြေရင်းကို မြေဖို့ပေးရပါသည်။ ယူရီးယား (ပုလဲ) မြေဩဇာကို အလွန်အကျွံသုံးစွဲလျှင် အပွင့် အထား မခံတာ၊ ကြွေလွယ်တာတွေ ဖြစ်တတ်ပါသည်။ သတိထားသုံးစွဲပါ။အရွက်(၇) ရွက်ထွက် လာတာနဲ့ တစ်ပြိုင်နက် အဖူးတံပါ တစ်ပါတည်း ထွက်လာမည်ဖြစ်ပါသည်။ အဖူးတံရဲ့ အောက်ဆုံး အဖူးပွင့်ဖတ် တွေကနေစပြီး အရောင်သမ်းလာတာနဲ့ တစ်ပြိုင်နက် ပန်းတွေကို မြေကြီးကနေ (၄) လက်မ ခန့် ခွာပြီး ဖြတ်ခူးရသည်။ သစ္စာပန်းတွေသည် ဥတစ်ဥကနေ ပန်းခိုင်တစ်ခိုင် ရရှိနိုင်ပါသည်။ ပန်းပွင့်ကောင်း များများရရှိဖို့ ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါသည်။ ယခု ဇူလိုင်လဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား သစ္စာပန်းများဈေးကောင်းလျှက်ရှိပြီး သစ္စာပန်း (၅)ပင်ပါ တစ်စည်းလျှင်  (၂၅၀၀-၃၀၀၀ ) ကျပ် ဈေးနှုန်း ဖြင့် ရောင်းချလျှက်ရှိကြောင်း မြို့ဟောင်းဈေးရှိ ပန်းပျိုးစုံ အရောင်းဆိုင်မှ သိရှိရပါသည်။

DOCA (မန္တလေး)

ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးပင်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှီ ကြောင်းသိရသည်။ ကင်းပုံသီးနှင့်ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာ များမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀)ကျပ်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းမှာ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး အကြီး() တောင့်လျှင်(၇၀၀)ကျပ်၊ အလတ်()တောင့်လျှင်(၄၀၀)ကျပ်၊ အသေး()တောင့်လျှင် (၃၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

​​​​​​​ မြတ်လေးပန်းနှင့်ပျိုးပင်ဈေးကွက်

   ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ပါဝင်သည်။ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလဖြစ်သည်။ မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က အလွန်မွှေးလှသော မြတ်လေးပန်းအား ဝါဆို၏ရာသီပန်းအဖြစ် သတ်မှတ်ထားကြသည်။ ပန်းအဘိဓာန်တွင် မြတ်လေးပန်းကို ဇွဲသတ္တိရှိခြင်းအစွမ်းနှင့်ယှဉ်တွဲထားသည်ကို တွေ့ရပါသည်။ မြတ်လေးပင်သည် ချုံနှင့်နွယ် မျိုးဝင်ဖြစ်သည်။မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ်သည်။ မြတ်လေးပန်း၏ ထူးခြားချက်မှာ အပွင့်ကို ဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့် အချိန်ထိ ပင်ယံထက်တွင်တည်ပါသည်။ မြတ်လေးပင်မှာ အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့် အနီရောင်ဟူ၍ အရောင်လေးမျိုးရှိပြီး အဖြူ၊ အနီစပ်နှင့်အနီရောင်တို့မှာ ပုံသဏ္ဌာန် ထင်ရှားသည်။ အဖြူရောင်မြတ်လေးပင်သည် နူးညံ့သောနွယ်ပင်မျိုးဖြစ်သည်။ အပွင့်သည် အဖြူရောင် ရှိ၍ အနည်းငယ် ပျော့ပျောင်းသည်။    မြတ်လေးပန်းသည် အနံ့ရှူရုံမျှဖြင့် အမူးအမော်ကို ပြေစေသောအာနိသင်ရှိသည်။ ခါတော်မီ မြတ်လေးပန်းတို့ လှိုင်လှိုင်ပွင့်ကြရာ ဝါဆိုလရာသီတွင် မွန်မွန် မြတ်မြတ် ဘုရားလည်းလှူကာ ဆံကေသာထက် အမြတ်တနိုး ပန်ဆင်ကြသည်။ မြို့ဟောင်းဈေးကွက် အတွင်း၌ မြတ်လေးပန် တစ်ကုံးလျှင် (၃၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပြီး မြတ်လေပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀-၃၀၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်းလေ့လာသိရှိရသည်။

DOCA (မန္တလေး)

 

                                                                  

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိ ရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ဘိုစားပဲသီး()ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) ()ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့်ခါကြက်ဥ(တရုတ်)()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း