ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၆.၂.၂၀၂၄ )

   ၂၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၆.၂.၂၀၂၄ )

    ၂၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၂.၂၀၂၄ )

    ၂၆.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်တွင်းထုတ် လော်ပန်ဘီစကစ်လုပ်ငန်း

     အမှတ်(၁၂၃)၊ ဘုရင့်နောင်လမ်း၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ အင်းစိန်မြို့နယ်တွင်တည်ရှိသော လော်ပန်ဘီစကစ်စက်ရုံသို့သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းအကြောင်းမေးမြန်းခဲ့ရာ စက်ရုံမန်နေဂျာ ဦးဇော်မင်းထိုက်က လော်ပန်ဘီစကစ်လုပ်ငန်းကို ၂၀၁၄ခုနှစ်မှစတင်၍ ဝန်ထမ်း ကျား(၇၄)ဦး၊ မ(၆၉)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁၄၃)ဦးဖြင့် လုပ်ကိုင်ခဲ့ပါသည်။ ထုတ်လုပ်မှုအနေဖြင့် (၁)ရက်လျှင် အမှတ်တံဆိပ်(၂)မျိုးသာထုတ်လုပ်ပြီး စက်ရုံမှထုတ်လုပ်သော အမျိုးအစားများမှာ ရွှေပင်ငွေပင်-နို့မြေပဲကွတ်ကီး၊ လျှာလည်လည်-လီမွန်ရေခဲညှပ်ကွတ်ကီး၊ ဆိမ့်ဆိမ့်လေး-အာလူးဘီစကစ်၊ အာစရိ-Green Tea Cookie၊ လော်ပန်-စပါယ်ရှယ်ကွတ်ကီး၊ ၁၂၃-ဘီစကစ်၊ ကခ-ဘီစကစ်၊ ABC-ဘီစကစ် စသောအမှတ်တံဆိပ်(၈)မျိုးထုတ်လုပ်ပြီး ပါဝင်ပစ္စည်းအမျိုးအစားများမှာ ဂျုံ၊ ဆီ၊ သကြား၊ နို့မှုန့်၊ ချောကလက်၊ ကိုကိုးပေါင်ဒါများအဓိကပါဝင်ပါသည်။ ရွှေပင်ငွေပင်၊ လျှာလည်လည်နှင့် ဆိမ့်ဆိမ့်လေးဘီစကစ်များမှာ ဈေးကွက်အတွင်း ပိုမိုအရောင်းသွက်ပြီး ၁၂၃၊ ကခ၊ ABC အမှတ်တံဆိပ် လေဖောင်းမုန့်များသည် ကလေးများအတွက် အဓိကထုပ်လုပ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချနေသော ပြည်တွင်းထုတ်ဘီစကစ်တစ်မျိုးဖြစ်ပြီး ဈေးကွက်အနေဖြင့် မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိတညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၂၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။

    ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၇၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၄၀၀ မှ ၂၇၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၄၀၀၀ မှ ၄၃၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၄၂၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၃၀၀ မှ ၂၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၁၅၀၀၀ မှ ၁၇၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၉၀၀၀ မှ ၉၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၂၀၀ မှ ၄၅၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၅၀ မှ ၃၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၄၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀၀၀ မှ ၅၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။

     တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၈၉၀၃၅၀ )ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၃၄၁၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၀၁၁၄)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၄၉၇၅)ကျော်၊ ဂေါ်ဖီထုပ် ပေါင်း (၆၅၈၆၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၆၂၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၁၂၅၅၅) ကျော်၊ ဖရဲသီးလုံးပေါင်း(၃၆၅၅၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

 

         

သီဟိုဠ်အခွံခွာ အစေ့ထုတ်ရောင်းချခြင်းလုပ်ငန်း

      ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၄၇၁)၊ အောင်မင်္ဂလာ၊ တပ်ကြီးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ လုပ်ငန်းရှင် ဒေါ်မိုးသူဇာ၏ သီဟိုဠ်အခွံခွာ အစေ့ထုတ်လုပ်ငန်းသို့ သွားရောက်မေးမြန်းခဲ့ရာ ၂၀၁၈ခုနှစ်မှစ၍  သီဟိုဠ်အခွံခွာ အစေ့ထုတ်လုပ်ငန်းကို တစ်နိုင်တစ်ပိုင်စီးပွားရေးအဖြစ် လုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ ဖေဖေါ်ဝါရီလမှ ဧပြီလအထိ သီဟိုဠ်စေ့ထွက်ချိန်တွင် သီဟိုဠ်ခြံများမှ မိမိထံသို့ သီဟိုဠ်တစ်ပိဿာလျှင် ယခုပေါက်ဈေးနှုန်းမှာ (၄၈၀၀)ကျပ်မှ (၅၀၀၀)ကျပ်ဖြင့် လာရောက်ရောင်းချသော သီဟိုဠ်စေ့ပိဿာချိန် (၅၀၀)ခန့်ကို အမျိုးသမီးလုပ်သား(၁၅)ဦး၊ အမျိုးသား (၁၅)ဦးဖြင့် နေလှန်းခြင်းကို (၃)ရက်တိုင်တိုင်ဆောင်ရွက်ခဲ့ပြီးနောက် ရေနွေးဖြင့် (၁၀)နာရီအကြာပြုတ်ရပြီး နောက်ထပ် (၃)ရက်တိုင်တိုင်ထပ်မံနေလှန်းရကြောင်း၊ အခွံခွာ၊ အမှေးပါးခွာ၍ ရရှိသောအစေ့များကို ရန်ကုန်မြို့တွင်းနှင့် ဘုရင့်နောင်ပွဲရုံဈေးကွက်သို့ တစ်ပိဿာလျှင် ကျပ် (၃၂၅၀၀)ဖြင့် လက်ကားရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

   ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများ ဝယ်ယူမှု အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ရန်ကုန် တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှ (၁၃.၂.၂၀၂၄ မှ ၁၇.၂.၂၀၂၄) ထိ  တစ်ပိဿာလျှင် (၆၁၁၈) ကျပ် ဈေးနှုန်းဖြင့် ဆီပေပါအလုံးရေ စုစုပေါင်း ၄၆၀၁ လုံး ထုတ်ပေးနေ့မှု အခြေအနေတို့ကို ခရိုင်ဦးစီးမှူးဦးလှစိုးမှ (၁၇.၂.၂၀၂၄) ရက်နေ့ တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” (၁၃.၂.၂၀၂၄ မှ ၁၇.၂.၂၀၂၄ အထိ)

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၃.၂.၂၀၂၄)ရက်နေ့မှ (၁၇.၂.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၂)ခုနှင့် စားအုန်းဆီတန်ချိန် (၅၂၁၈.၅၇၆)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ ဆောင်းသီးနှံ ကုန်းပဲ၊ ပဲတီစိမ်းများ စတင်ထွက်ပေါ်ခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများ၊ ခရမ်းမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူလယ်သမားများက သီးနှံဝင်ငွေ တိုးပွားစေရန်၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန် အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံ၊ ပဲတီစိမ်းစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၂၀၂၃-၂၀၂၄ခုနှစ်၊ စိုက်ဧက (၁၀၅၀၁၇)အား လျာထားစိုက်ပျိုးရာမှာ ရာနှုန်းပြည့်ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါသည်။

   ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုး မြေ ကောင်းမွန်မှုတို့ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြပြီး နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ပဲတီစိမ်းသီးနှံကို အဓိကအားထားစိုက်ပျိုးခဲ့ရာ ယခုအခါတွင် ခရမ်းမြို့နယ်ရှိ ကျေးရွာအချို့မှ လယ်ကန်သင်းရိုးပေါ်တွင် စိုက်ပျိုးထားသော ပဲတီစိမ်း ကုန်းပဲများမှာလည်း မြို့နယ်၏ အနောက်ခြမ်းကျေးရွာများဖြစ်သော မောင်းမ၊ ကမာမတ်၊ ပိန်းကန်၊ ကြူတော၊ မင်းစံ ကျေးရွာများတွင် စတင်ထွက်ပေါ်လျက်ရှိပြီး ၎င်းပဲတီစိမ်းများအား ၅.၁.၂၀၂၄ ရက်နေ့မှ စတင်ဝယ်ယူလျက်ရှိရာ ပဲတီစိမ်းတစ်တင်းလျှင် အဖွင့်ဈေးမှာ (၉၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရပါသည်။

   ယခုနှစ်ကုန်းပဲ၊ ပဲတီစိမ်းတစ်တင်း၏ အဖွင့်ဈေးမှာ ယခင်နှစ်ကုန်းပဲ၊ ပဲတီစိမ်း စတင်ထွက်ရှိချိန် အဖွင့်ဈေးပဲတစ်တင်းလျှင် (၅၅၀၀၀)ကျပ်နှင့် နှိုင်းယှဉ်ကြည့်ပါက ယခင်နှစ်ထက် ယခုနှစ်က ဈေးပိုလာသဖြင့် ဆောင်းသီးနှံကုန်းပဲ၊ ပဲတီစိမ်းစိုက်တောင်သူများမှာ သီးနှံဝင်ငွေ ပိုမိုတိုးပွားရရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Palm Oil Wholesale Reference Price announced that Ks 5,180 per Viss

     The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

     According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,180 per Viss for the period from 26 February 2024 to 3 March 2024.

     If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

     The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း