ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့ပေါ်၌ ရောင်းချလျက်ရှိသော စားဖိုးဆောင်အခြေခံစားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ရွှေဈေးနှုန်းများအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ စပါးအဓိကစိုက်ပျိုးထွက်ရှိသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဆန်များဝင်ရောက်လျက်ရှိပြီး စားဖိုဆောင်သုံးသီးနှံများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့ပြင် ရေထွက်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင် မွေးမြူထားသော တီလားဗီးယား၊ ငါးဖန်းမ၊ ငါးများကိုအခြောက်လှန်း၍ ၎င်းငါးများကို ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းလည်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် မကွေးမြို့ပေါ်၌ ရောင်းချလျက်ရှိသော ဆန် ဈေးနှုန်းမှာ ပေါ်ဆန်းဆန်(ရွှေဘို)(၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊  ပေါ်ဆန်းဆန်(ဖျာပုံ)(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဧည့်မထ(၁)အိတ်လျှင် ကျပ်(၉၈၀၀၀)၊  စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နေကြာဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀-၅၂၀၀)၊ အသားငါးဈေးနှုန်းမှာ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ငါးမြစ်ချင်း(အလတ်)(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ဝက်(အသား)(၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အမဲ(အသား)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်(အသား)(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ အာဗြဲခြောက် (အလတ်)(၁)ပိဿာလျှင် ကျပ်(၃၃၀၀၀)၊ အာဗြဲခြောက် အကြီး(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၅၀-၃၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၃၅၀-၄၀၀)၊ စားဖိုဆောင်အခြေခံစားကုန်များမှာ ငရုတ်သီး(အရှည်)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီး(အပု)(၁)ပိဿာလျှင် ကျပ် (၁၉၀၀၀)၊ ကြက်သွန်နီ(ဟောင်း)(၁)ပိဿာလျှင်(၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၉၅၀၀)၊ နနွင်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ ချင်း(၁) ပိဿာလျှင် ကျပ်(၈၅၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ် (၅၀၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ စက်သုံးဆီဈေးနှုန်းမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၆၄၅)၊ Pre ဒီဇယ် (၁)လီတာလျှင် ကျပ်(၂၇၂၀)၊ Ron 92 (၁)လီတာလျှင် ကျပ်(၂၄၃၀)၊ Ron 95 (၁)လီတာလျှင် ကျပ်(၂၅၆၀)၊ 95 Mask (၁၀)ခုပါ (၁)ထုပ်လျှင် ကျပ်(၂၀၀၀)၊  ရိုးရိုး Mask (၅၀)ခုပါ (၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊  ရွှေဈေးနှုန်းမှာ (၁၄)ပဲရည်(၁)ကျပ်သားလျှင် ကျပ် (၃၃၄၀၀၀၀)၊ (၁၅) ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၃၆၀၀၀၀)၊ (၁၆)ပဲရည်(၁)ကျပ်သားလျှင် ကျပ် (၃၅၇၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၎င်းဈေးနှုန်းများမှာ စက်တင်ဘာလ (ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၄၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၀)၊ Pre ဒီဇယ်(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၂၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၀)၊ Ron 92 (၁)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၃၀)၊ Ron 95 (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၄၁၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၅၀)အသီးသီးအနည်းငယ်ဈေးမြင့်တက်လျက်ရှိကာ ရွှေဈေးနှုန်းမှာ ယခင်အပတ်တွင် (၁၄)ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၆၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)၊ ယခင်အပတ်တွင် (၁၅)ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၃၈၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၀၀၀၀)၊ ယခင်အပတ်တွင်(၁၆)ပဲရည်(၁)ကျပ်သားလျှင် ကျပ်(၃၆၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀၀) ဖြင့် ရွှေဈေးနှုန်းများကျဆင်းလျက်ရှိကာ စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်အပတ်တွင် ကျပ်(၆၂၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၀၀-၁၄၀၀)ဈေးအနည်းငယ်ကျဆင်းနေကာ ကျန်ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေပါကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော စက်တင်ဘာလ(တတိယအပတ်)၏ ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ကြက်သွန်နီ (ဆိပ်ဖြူ) ၁၀၀၂၀၀ ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၃၈၀၀၀ ပိဿာ ဝင်ရောက်ခဲ့ပါသည်။လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) အနိမ့်ဈေးမှာ ၁၈၀၅/- ကျပ်မှ ၃၀၀၀/- ကျပ်ထိဖြစ်ခဲ့ပြီး အမြင့်ဈေးမှာ ၂၄၅၀/- ကျပ် မှ ၄၂၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၇၀၀၀/- ကျပ် မှ ၈၄၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ တတိယအပတ်အထိ ကြက်သွန်နီ (သိမ်ဖြူ) ၁၀၅၀၀ ပိဿာရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၂၉၀၀၀ ပိဿာ ဝင်ရောက်ခဲ့ပြီး လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၅၀၀/- ကျပ်မှ ၃၁၀၀/- ကျပ်ထိ ဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာလျှင် ၇၃၀၀/- ကျပ်မှ ၇၆၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ယခင်လဈေးနှုန်းများထက် ယခုလဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘားအံမြို့ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး(သေး) တစ်လုံးလျှင် (၂၅၀၀) ကျပ် နဂါးမောက်သီး(ကြီး) တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ စပျစ်သီး(အလုံးသေး) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ပန်းသီး(ရိုးရိုး) တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ မာလကာသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဆန်းကစ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ သီးမွှေးငှက်ပျော တစ်ဖီးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊ ဩဇာသီး တစ်လုံးလျှင် (၇၀၀) ကျပ်၊ ကြက်မောက်သီးတစ်ကီလိုလျှင် (၈၀၀၀) ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်၊ နာနတ်သီး(ကြီး) တစ်လုံးလျှင် (၃၅၀၀) ကျပ် နာနတ်သီး (သေး)တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ဒူးရင်းသီး(ကြီး)ယိုးဒယား တစ်လုံးလျှင် (၇၀၀၀၀)ကျပ်၊ ဒူးရင်းသီး(သေး)ယိုးဒယား တစ်လုံးလျှင် (၄၀၀၀၀)ကျပ်၊ ကျွဲကောသီး(သေး) တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ကျွဲကောသီး(ကြီး) တစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(ကရင်)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၃၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၃၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

        ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

       အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ သစ်သီးဝလံများကို မင်းဘူးမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ပွင့်ဖြူမြို့၊ သရက်မြို့နှင့် အခြားမြို့များမှလည်း မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ဖရဲသီး (၁)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ စပျစ်သီး(အစေ့လွတ်) (၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ပန်းသစ်တော်သီး (၁)လုံးလျှင် ကျပ်(၃၅၀၀)၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၅၀၀-၁၅၀၀)၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀၀)၊ သခွားမွှေးသီး (၁)လုံးလျှင် ကျပ်(၃၀၀၀)၊ သလဲသီး (၁)လုံးလျှင် ကျပ်(၂၅၀၀)၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၁၅၀၀)၊ လိမ္မော်သီး(အသေး)  (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ငှက်ပျောသီး (ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၅၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းဝယ်သူ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ်လျက်ရှိသည့် အညာဒေသထွက်ပဲကြီးလှော်

       အညာဒေသရှိ အစားအသောက်များထဲတွင် ပဲကြီးလှော်သည်လည်း နာမည်ကြီးသော အစားအသောက်တစ်ခုပင်ဖြစ်ပါသည်။ ပဲကြီးလှော်သည် အညာဒေသတွင်သာမက အခြားဒေသများ တွင်လည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။ မြန်မာလူမျိုးအများစုသည် ရှေးယခင်ကတည်းကပင် ပဲကြီးလှော်များကို လက်ဖက်ရည်ကြမ်းမြည်း၍ စားသောက်ရခြင်းကို လွန်စွာနှစ်သက်ကြ ပါသည်။

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော “ဒေါ်လှခင်” ပဲကြီးလှော်မှာ နာမည်ကြီးလှပြီး တစ်ပိုင်တစ်နိုင်မိသားစုဝင်များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ “ဒေါ်လှခင်” ပဲကြီးလှော်မှာ ကုန်ကြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀) ပေးရပြီး ပိဿာချိန်(၃၀)ခန့်ပါရှိကြောင်း၊ အဖျင်းအမှော်များကို ဖယ်ရှားပြီးလျှင် အချိန်(၂၅)ပိဿာ ခန့်သာ အသားတင်ကျန်ရှိကြောင်း၊  ပဲကြီးကိုလှော်မည်ဆိုပါက ပဲကိုတစ်ညရေစိမ်ပြီး မနက်သို့ ရောက်သောအခါ နေလှန်းပေးရကြောင်း၊ နေလှန်းပြီးပဲကြီးများကိုလှော်သည့်အခါ  ပဲကြီးအချိန် (၂၅) ပိဿာလျှင် ဆား(၂)ပိဿာထည့်၍ လှော်ရကြောင်း၊ လုပ်သားဦးရေမှာ(၇)ဦးရှိပြီး တစ်ဦးလျှင် တစ်နေ့လုပ်အားခ ကျပ်(၅၀၀၀)ခန့် ပေးရကြောင်း၊ တစ်နေ့လျှင်  ပဲကြီးအိတ်(၂)အိတ်ခန့်လှော်ရပြီး ထင်း ကုန်ကျမှုမှာ ကျပ်(၆၀၀၀)ခန့်ရှိကြောင်းသိရှိရပြီး ပဲကြီးလှော်တစ်အိတ်လျှင် အလျော့တွက်၊ ဆား၊ လုပ်သားခ၊ ထင်းဖိုးများ၊ သယ်ယူပို့ဆောင်ခများအပါဝင် ပျမ်းမျှအသားတင်ကုန်ကျစရိတ်မှာ ကျပ်(၂၂၄၀၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

     လှော်ပြီးသော ပဲကြီးလှော်များကို ပခုက္ကူဒေသတွင်းသာမက မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး (၁)ပိဿာလျှင်ကျပ်(၁၁၀၀၀)ခန့်ဖြင့် ရောင်းချရကြောင်း၊ တစ်ရက်လျှင် ပဲကြီးလှော် အချိန်(၅၀)ခန့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ပဲကြီးတစ်အိတ်လျှင် အလျော့ တွက်၊ လုပ်သားခ၊ ထင်းဖိုးများ၊ သယ်ယူပို့ဆောင်ခများ အပါအဝင် ပျမ်းမျှကျပ်(၅၀၀၀၀)ခန့် အမြတ်ရရှိကြောင်း သိရှိရပါသည်။

     ပဲကြီးလှော်သည်  အစာချေဖျက်မှုအတွက် အလွန်ကောင်းမွန်ပြီး၊ ပဲကြီးတွင် ကျန်းမာရေးအတွက်  အထောက်အကူပြုသော အမျှင်ဓာတ်များပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးခြင်း၊ ပရိုတိန်းဓာတ်များ မြင့်မားစွာပါဝင်၍ လူကြီး၊ လူငယ်မရွေး စားသုံးကြသောကြောင့် နေရာဒေသမရွေး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့နယ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းပြန်လည်မြင့်တက်

    ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းရွာများတွင် ခရမ်းချဉ်သီးကို မိုးလယ်ကာလတွင် စတင်စိုက်ပျိုး ပြီး မိုးနှောင်းကာလဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဆွတ်ခူးရောင်းချသောကြောင့် ထိုအချိန် မှသာ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါများသောအချိန်ဖြစ်သည်။

   ယခုအခါတွင် ဒေသတွင်းခရမ်းချဉ်သီးဝင်ရောက်မှုနည်းပါးပြီး ရှမ်းပြည်နယ်၊ အင်းလေး၊ တောင်ကြီးနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်မှ ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ အင်းလေးသီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၄၀၀)၊ ကျောက်ပန်းတောင်းသီးတစ်ပိဿာလျှင် ကျပ် (၁၆၀၀-၁၈၀၀)ရှိခဲ့ပြီး ယခု စက်တင်ဘာလ(ဒုတိယပတ်)တွင် အင်းလေးမှလာသော ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)၊ ကျောက်ပန်းတောင်းသီးတစ်ပိဿာလျှင် ကျပ်(၂၄၀၀- ၂၆၀၀) ထိ ဈေးမြင့်တက်လျက်ရှိပါသည်။

    တစ်နေ့လျှင် ပိဿာချိန်(၂၀၀၀-၃၀၀၀)ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သယ်ယူစရိတ် ကြီးမြင့်ခြင်းကြောင့် ခရမ်းချဉ်သီး ဈေးမြင့်တက်လာကြောင်း ရောင်းဝယ်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

စက်တင်ဘာလအတွင်းဇီးကုန်းမြို့နယ်တွင်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၉၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

      ယခင်ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးမှာ ပိဿာ(၂၀)  တစ်တင်းလျှင် (၇၅၅၀၀)ကျပ် သာရှိခဲ့ပြီး တတိယပတ်တွင် တစ်တင်းလျှင် (၇၇၀၀၀)ကျပ်  စတုတ္တပတ်တွင် တစ်တင်း (၇၈၅၀၀) ကျပ် ဖြင့်ရောင်းဝယ်ခဲ့ပါသည်။ ယခု စက်တင်ဘာလ ပထမပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် (၈၃၀၀၀) ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၇၉၀၀၀) ကျပ်ဈေး ပြန်လည်ကျဆင်းခဲ့ပြီး ဈေးအနိမ့်ဖြင့်  အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရပါသည်။ ရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ ပုံမှန်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ်၊ အိတ်(၂၀၀-၃၀၀)အထိ တင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

       ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် လက်ပံတန်းမြို့ (မြို့မ) ဈေးအတွင်းရှိ ငါးဈေးနှုန်းများမှာ   ငါးကြင်းဖြူ တစ်ပိဿာလျှင်  ၁၂၀၀၀ကျပ် မှ ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀  ကျပ် ၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးမြစ်ချင်းခြစ် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရေချို ပုစွန် (လတ်) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ ရေချိုပုစွန် (ကြီး) တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ရေချိုပုစွန် (လတ်) တစ်ပိဿာ ၄၀၀၀၀ကျပ်၊ ရေချို ပုစွန် (သေး) တစ်ပိဿာ ၃၀၀၀၀/  ကျပ်၊ ရေငန်ပုစွန် (သေး) တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ကင်းမွန် ၊ ပြည်ကြီးငါးဈေးနှုန်းများကတော့ ယခုလမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ ကျပ်၊ ဈေးကျဆင်းသွားပါသည်။ ယခုလတွင် ငါးစရစ်ငါးများ ဈေးကွက်တွင်တွေ့ရပြီး ဈေးနှုန်းများကတော့ တစ်ပိဿာ ၂၀၀၀၀/မှ ၂၅၀၀၀ ကျပ်ရှိပြီး ငါးစလဲထိုးမှာ တစ်ပိဿာ ၃၀၀၀၀ ကျပ် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း