ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂန့်ဂေါမြို့မစည်ပင်သာယာဈေး၌ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်း

    ဂန့်ဂေါခရိုင်၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိ ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူးရွာတို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများအား ကုန်သည်များ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချနေသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင်ကျပ် (၁၃၅၀၀၀)၊ ဝန်ကြီးဧရာမင်း(၁)အိတ်လျှင် ကျပ် (၁၃၀၀၀၀)၊မနောသုခ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲရောဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နေကြာဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊  စားဖိုဆောင်သုံးသီးနှံများမှာ ကြက်ဥ(၁၀)လုံးလျှင် ကျပ် (၃၂၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင်  ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ချင်း(ဂျင်း)တက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၈၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကန်စွန်းရွက်(၁)စီးလျှင် ကျပ်(၁၅၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)(၁)ပိဿာလျှင်  ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးမုတ်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀) တို့ဖြစ်ကြောင်း မြို့မစည်ပင်ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟုတင်စားရလောက်အောင် ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကိုဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့်စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြ၍ ဆန်လိုတိုင်းဒေသကြီးဖြစ်ရာ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ ပြည်နယ်များမှတင်သွင်းရပါသည်။

    မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဧရာပဒေသာစပါးဈေးမှာ(၁)တင်းလျှင် ကျပ်(၃၆၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ် လျှင်ကျပ်(၉၈၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁) အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ သရက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၆၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၀၀၀၀)၊ အောင်လံခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၃၀၀၀)၊ ဆန် (ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ချောက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပါ ပြည်(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဆန် (ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၈၀၀၀)၊ ဂန့်ဂေါခရိုင်မှ ဆန် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဆန်(ဧရာပဒေသ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း (တတိယပတ်အထိ) အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှဆန်စီးဝင်မှုမှာ  စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၂၄၉၈၀)အိတ်၊ မန္တလေးတိုင်းမှ (၃၆၀)အိတ်၊ ရန်ကုန်တိုင်းမှ (၁၁၇၀)အိတ်၊ ပဲခူးတိုင်းမှ(၂၄၂၄) အိတ်နှင့် ရခိုင်ပြည်နယ်မှ (၂၀၀၀)အိတ်၊ စုစုပေါင်း(၃၀၉၃၄)အိတ်၊ (၁၅၄၇)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန်(၆၂၀၀၀)အိတ်၊ (၃၁၀၀)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်း

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ခရမ်းချဉ်သီး၊ အာလူး၊ မုန်ညှင်းများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကော်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀)၊ ငရုတ်သီးစိမ်း(၁) ပိဿာလျှင် ကျပ်(၆၅၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ ပန်းမုန်လာပွင့်(၁)ပွင့်လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ မုန်းညှင်းထုပ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၈၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၅၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၅၀)ဖြစ်ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံနှင့် အသားငါးဈေးနှုန်းဈေးကွက်အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးသီးနှံဈေးနှုန်းများမှာ ဧရာပဒေသာဆန်(၁) အိတ်လျှင် ကျပ်(၉၅၀၀၀-၁၅၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၈၀၀၀၀-၉၀၀၀၀)ဖြစ်ပြီး စက်တင်ဘာလ(ဒုတိယပတ်)တွင် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၅၀၀၀၀)၊ မနောသုခဆန်(၁)အိတ်လျှင် ကျပ်(၈၅၀၀၀-၉၀၀၀၀)ဖြစ်ကြောင်း ယခုအပတ်တွင် ဈေးအနည်းငယ်ငြိမ်နေကြောင်း ရောင်းချနေသောဆန်ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

    ကြက်သွန်နီများကို ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှထွက်ရှိသော ကြက်သွန်နီများကိုဝယ်ယူရောင်းချကြောင်းနှင့် စက်တင်ဘာလ (ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၃၀၀)ဖြစ်ပြီး စားဖိုဆောင်သီးနှံကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင် ကျပ်(၈၈၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်ခြောက်(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ ဆားကြမ်း(၁)ပိဿာလျှင် ကျပ်(၅၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်ကြောင်း၊   ယခင်အပတ်ထက် ဈေးအနည်းငယ်ငြိမ်နေကြောင်း၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁) ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀) ရောင်းချရကြောင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှသိရှိရပါသည်။ အသားများကို သတ်မှတ်ထားသောရည်ညွှန်းဈေးအတိုင်း ရောင်းချရကြောင်းလည်း ဈေးသည်ထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့ပေါ်၌ ဖြစ်ပေါ်လျက်ရှိသော ရေထွက်ပစ္စည်းဈေးနှုန်းဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်၌ ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၆၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀-၂၈၀၀၀)၊ ငါးနီတူးခြောက်(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀-၂၅၀၀၀)၊ ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၂၀၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၄၈၀၀၀-၅၅၀၀၀)၊ ငါးရံ့ပြား(၁)ပိဿာလျှင် ကျပ် (၅၅၀၀၀-၆၈၀၀၀)၊ ရခိုင်ငါးကွင်းရှပ်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀-၈၅၀၀၀)ထိဖြစ်ကြောင်း ပုစွန်ခြောက်သည် ဆားအပေါ့/ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

    ပုစွန်ခြောက်များကို ရခိုင်ပြည်မှဝယ်ယူ၍ ငါးခြောက်များကိုမူ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ စက်သုံးဆီစျေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားစျေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) စက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၃၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၈၀)ဖြစ်၍  ကျပ်(၅၀) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၄၃၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၄၉၀)ဖြစ်၍ ကျပ်(၅၅)ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၈၀)ဖြစ်၍ ကျပ်(၁၈၀)ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၇၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၈၅)ဖြစ်၍ ကျပ်(၁၁၀) စျေးနှုန်းအသီးသီးမြင့်တက်လျက်ရှိပြီး စက်သုံးဆီလက်ကျန်အနေဖြင့် နေ့စဉ် လည်ပတ်ရောင်းချနိုင်ရန်အလို့ငှာ ကျန်ရှိနေကြောင်းနှင့် စက်သုံးဆီစျေးနှုန်းအနည်းငယ်မြင့်တက်လာသဖြင့် ဆိုင်များအနေဖြင့် နေ့စဉ် ရောင်းချရသည့်အရေအတွက်ထက် အနည်းငယ်ရောင်းအားကျလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကန်သာစျေး၌ ရောင်းချလျက်ရှိသော ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

      မကွေးမြို့တွင် ရန်ပယ်စျေး၊ မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး ကန်သာစျေးသို့ မြင်းခင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ထို့ပြင် မကွေးမြို့၊ ကန်သာစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင်မွေးမြူထားသော တီလာဗီးယား၊ ငါးဖန်းမငါးများကိုအခြောက်လှန်း၍ ၎င်းငါးများကို ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

   မကွေးမြို့၊ ကန်သာစျေး၌ ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသောကုန်စျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ပုစွန်ခြောက်အလတ် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ပုစွန်ခြောက်အသေး(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင်ကျပ်(၁၇၀၀၀)၊ ငါးကွန်းရှပ်(၁)ပိဿာလျှင်ကျပ်(၄၃၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးမဲလုံး (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးကြီးခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးဖန်းဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၇၀၀၀)၊ ငါးဖောင်ရိုးခြောက်(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀-၃၂၀၀၀)၊ ငါးခူငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

   ယခုအခါ မိုးရာသီကာလဖြစ်သည့်အတွက် ရာသီတုပ်ကွေးရောဂါများ အများအပြားဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါသည်။ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ စက်တင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်)တို့တွင် စျေးနှုန်းအတက်အကျရှိကြောင်းသိရှိရပါသည်။

   မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံးအားဆေးများ၏စျေးနှုန်းများမှာ Decolgen (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၅၅၀)၊ Civit အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ်(၂၈၅၀)၊ Paracetamol (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၄၀၀)၊ Biogesic (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၀၀၀)၊ Amoxicillin အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ် (၅၇၀၀)၊ Burmeton အလုံး(၁၀၀) ပါ တစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Cetrine(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၀၀)၊ Enervon-C (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Oramin-G(၅)လုံးပါ တစ်ကတ်လျှင် ကျပ်(၃၃၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၄၃၅၀)၊ Vitahome (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၁၈၅၀)၊ Supradyn (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၉၅၀)၊ SaRa (၁၀)လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၀၀)၊ Vitacee (၁၅)လုံးပါ တစ်ကတ်လျှင် ကျပ် (၄၆၀၀)၊ Flemex (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ် (၃၈၀၀)၊ Solmux (၄) လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၅၀)၊ Woods (၁၅)လုံးပါ တစ်ကတ်လျှင် ကျပ် (၈၈၀၀)၊ Alexal(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၁၅၀)၊ Mixagrip (၄)လုံးပါ တစ်ကတ်လျှင် ကျပ်(၇၅၀)၊ ဓာတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၃၅၀)တို့ဖြင့် အသီးသီး‌စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၁၃)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ သည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် ၈၀၀ မှ ၂၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၃၈၀၀ မှ ၄၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၄၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၃၀၀ မှ ၈၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၄၅၀၀ မှ ၆၀၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၈၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်းနှင့် တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၂၃၉၁၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၂၈၅၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၅၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၇၅၄၀)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၅၇၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၄၉၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (၈၂၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၅၃၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ(၁၃) ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀ ၊ အလုံးလတ် ကျပ် ၅၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ ၊  ပြည်မှ ဩဇာသီး တစ်သေတ္တာ အလုံးကြီး ၆၀ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ၂၄ လုံးပါ ကျပ် ၂၅၀၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၀ ၊ တိုက်ကြီး၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၅၀ ၊ ဝမ်းတွင်း၊ ကျောက်ဆည်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ်  ၅၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၀၀၀ ၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ ပြည်၊ ကျောက်ဆည် မှ ရွှေငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ ရှမ်းပြည်(မြောက်ပိုင်း) မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၅၅၀၀၀၊ အလုံးသေး ကျပ် ၃၉၀၀၀၊  သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ ရေး၊ ပဲခူးမှ ဒူးရင်းသီး အလုံးကြီး ကျပ် ၂၀၀၀၀ ၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီး (၁)ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း