ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖေဖော်ဝါရီလ ဒုတိယပတ်၌ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

     မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၈၂၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၆၅) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၇၄၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၈၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၆၄၀) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်ဖေဖော်ဝါရီလ ပထမပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၈၀) ကျပ်၊  ဓာတ်ဆီ (95) တစ်လီတာလျှင် (၈၅) ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၃၀) ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅) ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကံမမြို့နယ်ဆောင်းမြေပဲသီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ကျေးရွာများဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့် ကျေးရွာများမှ ထွက်ရှိသည့် သီးနှံများအနက် ဆောင်းမြေပဲသီးနှံများ စတင်‌ ပေါ်ထွက်လျက် ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ()ပိဿာလျှင် ကျပ်(၆၂၀၀-၆၃၀၀) ဈေးဖြင့် ယခင်အပတ် ကျပ်(၆၀၀၀မှ၆၁၀၀)ဈေးထက် (၁၀၀ မှ၂၀၀)ဈေးအမြင့်ဖြင့် တစ်နေ့လျှင် ပိဿာ (၈၀၀ မှ ၁၁၀၀)ဝန်းကျင်ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်‌ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်ကိုထိုက်သူအောင်ထံမှ သိရပါသည်။

     ကံမမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းမြေပဲသီးနှံများကို လျာထားဧက (၄၆၃၁)ဧက၊ စိုက်ပျိုးပြီးဧက(၅၂၃၇)ဧကဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ထိ ရိတ်သိမ်း ဧက(၄၄၉)ဧက၊ အထွက်နှုန်း(၆၈.၁၂)တင်း၊ အထွက်တင်း (၃၀၅၈၆)တင်း ဖြစ်ကြောင်း ကုလားပဲ သီးနှံ စိုက်ပျိုးပြီးဧက(၈၀၉၇)ဧကဖြစ်ပြီး ဇန်နဝါရီလ(၃၁)ရက်နေ့ထိ ရိတ်သိမ်းဧက(၄၀)ဧက၊ အထွက်နှုန်း(၁၆.၉၈)တင်း၊ အထွက်တင်း(၆၇၉)တင်း ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရပါသည်။

DOCA(မကွေး)

 

“ကျောက်ဆည်ခရိုင်တွင် ဆောင်းမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိ”

    ကျောက်ဆည်ခရိုင်မှာ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်ပြီး စားဖိုဆောင်သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများကိုလည်းစိုက်ပျိုးကြပါသည်။ဆောင်းမြေပဲကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၁၁၅၆)ဧကစိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်ထိ ဆောင်းမြေပဲရိတ်ဧက (၃၃)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၃၀၀၀၀)ကျပ်ကုန်ကျခဲ့ကြောင်း၊ ဆောင်းမြေပဲအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၄၀)တင်းခန့်ထွက်ရှိကြောင်း၊ မြေပဲစျေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် မြေပဲတောင့်တစ်တင်းလျှင် (၃၆၀၀၀)ကျပ်၊ မြေပဲဆံ(၁)ပိဿာလျှင် (၅၆၅၀)ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် မြေပဲတောင့်တစ်တင်းလျှင် (၂၇၀၀၀)ကျပ်၊ မြေပဲဆံ(၁)ပိဿာလျှင် (၆၂၀၀)ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ မြေပဲစျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီးပါက (၅၅၀၀၀၀)ကျော်ခန့်အမြတ်ရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မိတ္ထီလာကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

     မိတ္ထီလာကုန်စည်ဒိုင်တွင်ဖြစ်ပေါ်လျက်ရှိသော ဆီထွက်သီးနှံစျေးနှုန်းများမှာ    ဖေဖော်ဝါရီလ ပထမပတ်၌ နှမ်း (ညို) တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀-၁၁၅၀၀၀) ကျပ်၊ နေကြာစေ့တစ်တင်းလျှင် (၄၀၀၀-၄၁၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၂၉၅၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၃၀) ကျပ်ဖြင့်ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်တွင် နှမ်းညို(သစ်)တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်  (၁၀၀၀၀-၁၀၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ယခုလ ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ကုန်ချောဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။

     ယခုဖေဖော်ဝါရီလ ပထမပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းများမှာ ကုလားပဲ (V2) နှင့် ပဲစဉ်းငုံသီးနှံများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုလားပဲ (V2) တစ်တင်းလျှင် (၉၇၀၀၀) ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၁၃၂၀၀၀)ကျပ်စျေးနှုန်းဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်အတွင်း ကုလားပဲ (V2) တစ်တင်းလျှင် (၈၈၀၀၀-၉၀၀၀၀) ကျပ်၊ ပဲစဉ်းငုံအသစ်တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်စျေးနှုန်းရှိခဲ့ရာ ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ကုလားပဲများမှာ ဒေသတွင်းသုံးစွဲမှုများလာခြင်းကြောင့် ကုလားပဲ (V2)စျေးနှုန်းမှာ တစ်တင်းလျှင် (၇၀၀၀) ကျပ်ခန့်မြင့်တက်ခဲ့ပြီး ပဲစဉ်းငုံမှာ ရာသီချိန်ဖြစ်သော်လည်း ပြည်ပလိုအပ်ချက်များရှိသဖြင့် ပဲစဉ်းငုံတစ်တင်းလျှင် (၂၇၀၀၀) ကျပ်ခန့်စျေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

    ယခုဖေဖော်ဝါရီလ ပထမပတ်အတွင်း ဝါတစ်ပိဿာလျှင် (၃၀၀၀-၃၂၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၉၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်အတွင်း ဝါတစ်ပိဿာလျှင် (၃၀၀၀ -၃၃၀၀)ကျပ်၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၉၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ငရုတ်သစ်ဈေးနှုန်းမှာ ဈေးငြိမ်နေပြီး၊ ဝါသီးနှံမှာ ဝါအရည်အသွေးကျဆင်းသောကြောင့် ဝါတစ်ပိဿာလျှင် (၁၀၀)ကျပ်ဈေးနှုန်းကျလာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၅.၂.၂၀၂၄ )

   ၁၅.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၅.၂.၂၀၂၄ )

    ၁၅.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၂.၂၀၂၄ )

       ၁၅.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကံမမြို့နယ်ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ပဲတီစိမ်းသီးနှံမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် (၃၀) ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၀၃၅၀၀၀-၁၀၅၀၀၀)ဖြင့် သီးနှံအည်အသွေးပေါ်မူတည်၍  တစ်နေ့လျှင် အိတ်ရေ (၂၀ မှ ၃၀) ဝန်းကျင်ခန့် ဝင်ရောက်ပြီး အ‌ရောင်းအဝယ်အေးလျက်ရှိကြောင်း ဆောင်းမတ်ပဲသီးနှံများမှာလည်း ဖေဖော်ဝါရီလ(ပထမပတ်)တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၃၇၅၀၀မှ၁၆၅၀၀၀)ဖြင့် အတက်ဈေးကျပ်(၉၀၀၀)ဖြင့် တစ်နေ့လျှင်အိတ်ရေ (၁၀၀ မှ ၁၃၀) ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်‌ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်ကိုထိုက်သူအောင်ထံမှ သိရပါသည်။

     ကံမမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံများကို လျာထားဧက (၆၈၂၃)ဧက၊ စိုက်ပျိုးပြီးဧက(၃၉၅၉)ဧကဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ထိ ရိတ်သိမ်း ဧက(၄၈၆)ဧက၊ အထွက်နှုန်း(၁၂.၂၃)တင်း၊ အထွက်တင်း(၅၉၄၄)တင်း ဖြစ်ကြောင်း  ဆောင်းမတ်ပဲ သီးနှံလျာထားဧက(၇၂၀၉)ဧက၊ စိုက်ပျိုးပြီးဧက(၂၂၅၃၇)ဧကဖြစ်ပြီး ဇန်နဝါရီလ(၃၁) ရက်နေ့ အထိ ရိတ်သိမ်းပြီးဧက(၁၀၁၅၇)ဧက၊ အထွက်နှုန်း(၁၄.၈၉)တင်း၊ အထွက်တင်း(၁၅၁၂၃၈) တင်းဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု

     မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများမှာ ဖေဖော်ဝါရီလ (ပထမ ပတ်)အတွင်း နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ် (၂၂၀၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၃၆၀)ကို လည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၂၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၉၀)ကိုလည်းကောင်း၊ ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၉၅၀၀၀-၉၉၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၂၉၀)အိတ်ကိုလည်းကောင်း၊ ကုလား ပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၉၅၀၀၀-၉၈၀၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၂၀၀)အိတ်ကို လည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၀၃၀၀၀-၁၀၆၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၈၀) အိတ် ကိုလည်းကောင်း၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၂၃၀၀၀-၁၂၈၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ် (၃၈၀၀) အိတ် ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၇၅၀၀၀-၇၉၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ် (၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၇၇၀၀၀-၇၈၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၇၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၆၅၀၀၀-၆၆၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၂၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၂၅၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၇၀)အိတ်ကိုလည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

       မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၉၀၀-၆၉၅၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၄၅၀)အိတ်ကို လည်းကောင်း၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၁၈၀) အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ်(၂၇၀၀၀-၂၉၀၀၀)ဖြင့် (၃၈၀၀)တင်း ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် မတ်ပဲ၊ ပဲစဉ်းငုံနီ၊ ပဲတီစိမ်းတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းကို မန္တလေးမြို့သို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအ‌ရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမကွေးကုန်စည်ဒိုင်သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်‌‌ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကုလားပဲ(HL)၊ ကုလားပဲ(929)၊ မတ်ပဲ၊ ပဲစဉ်း ငုံနီတို့မှာ အရောင်း အဝယ်အများဆုံး ဖြစ်ကြောင်း၊  ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၉၅၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ် (၉၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စျေးမြင့်ခဲ့ကြောင်း၊  ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ် (၉၅၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀)စျေးမြင့်ခဲ့ကြောင်း၊  ကုလားပဲ (HL)နှင့် ကုလားပဲ (929)မှာ (၁)ပတ်အတွင်း အိတ်ပေါင်း(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  မန္တလေးမှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

    မတ်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၀၅၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ် (၉၆၀၀၀) ဖြစ်၍ ကျပ်(၉၀၀၀)စျေးနှုန်းမြင့်ခဲ့ကြောင်း၊ (၁)ပတ်အတွင်း အိတ်ပေါင်း (၄၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးမှအများဆုံးဝယ်ယူလျက်ရှိကြောင်း၊  ပဲစဉ်းငုံနီ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၂၆၀၀၀-၁၂၇၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ်(၁၂၂၃၀၀-၁၂၂၅၀၀)ဖြစ်၍ ကျပ်(၃၇၀၀-၄၅၀၀) စျေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ (၁)ပတ်အတွင်း အိတ်ပေါင်း (၆၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မှအများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

     (၈.၂.၂၀၂၄)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများမှာ နှမ်းနက်စမုံ (၁၅)ပိဿာ (၁) တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာ (၁) တင်းလျှင် ကျပ် (၁၃၁၀၀၀)၊ နှမ်းနီ (မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ကျပ် (၁၁၃၀၀၀-၁၁၄၀၀၀)၊ နှမ်းညိုကြား (၁၅)ပိဿာ (၁) တင်းလျှင် ကျပ် (၁၀၇၀၀၀)၊ နှမ်းနီ (နယ်စ) (၁၅)ပိဿာ (၁) တင်းလျှင် ကျပ် (၁၁၀၀၀၀-၁၁၁၀၀၀)၊ ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၇၂၀၀၀-၇၃၀၀၀)၊ ပဲနောက်(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၆၃၀၀၀)၊ ကုလားပဲ(929)(၁၉)ပိဿာ (၁)တင်း လျှင် ကျပ်(၉၆၀၀၀)၊ ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ ပဲကြီးဖြူ (သေး) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၉၅၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)၊ ပဲကြီးမဲ(ချင်း) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်း လျှင် ကျပ် (၁၂၆၀၀၀-၁၂၇၀၀၀)၊ မတ်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)၊ စားတော်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀-၈၂၀၀)၊ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ် (၆၈၀၀-၆၉၀၀)၊ မြေပဲဆံ(အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၅၂၀၀-၅၄၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း