ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့်အာလူးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလဒုတိယပတ်တွင် ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ ကြက်သွန်နီ (အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀ /၃၀၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀) ကျပ်ဈေးဖြင့် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

      အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇန်နဝါရီလဒုတိယပတ်တွင် (၃၅၀၀) ကျပ် ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး ဖေဖော်ဝါရီလဒုတိယပတ်အတွင်းမှာတော့ အာလူးဈေးနှုန်းမှာ (၂၅၀၀/၃၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါသဖြင့် အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အာလူးသီးများ ဈေးကောင်းရရှိလျက်ရှိ

     ကျောက်မဲမြို့ရှိ စည်ပင်သာယာ ဗဟိုဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးများတွင်ရောင်းချလျက်ရှိသည့် အောင်ပန်းအာလူးမှာ တစ်ပိဿာလျှင် အလုံးကြီး (၄၀၀၀) ကျပ်၊ အလုံးလတ် (၃၈၀၀) ကျပ်ဖြင့်ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဒေသထွက် အာလူးများ ထွက်ပေါ်ချိန်၌လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ ယခင်နှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်သော်လည်း ဒေသထွက်အာလူးများပေါ်ချိန်ဖြစ်သောကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

     ဒေသထွက်အာလူးသစ်များမှာ စတင်ထွက်ပေါ်ချိန်မှစ၍ အောင်ပန်းအာလူးများနည်းတူ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ တစ်ပိဿာလျှင် အလုံးကြီး (၄၀၀၀) ကျပ်၊ အလုံးလတ် (၃၈၀၀) ကျပ်၊ အလုံးသေး (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း အာလူးရောင်းချနေသူလုပ်ငန်းရှင် များထံမှသိရှိရသည်။

     ဒေသထွက်အာလူးများကို တစ်ဆင့်ဝယ်ယူရောင်းချသည့်ဈေးနှုန်းနှင့် စိုက်ပျိုးသူများကိုယ်တိုင် ရောင်းချသော ဈေးနှုန်းများမှာအတူတူဖြစ်ကြောင်းသိရှိရပြီး တစ်ဆင့်ဝယ်ယူသူများမှာစိုက်ပျိုးသူများထံမှ အရပ်ခေါ်ဖောက်သည်ဈေးဖြင့် တစ်ပိဿာလျှင် အမြတ်(၂၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

      ဒေသထွက်အာလူးသစ်များနှင့် အောင်ပန်းအာလူးများမှာ ယခင်ဇန်နဝါရီလမှ ယခုဖေဖော်ဝါရီလအထိ ဈေးနှုန်းများပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၉.၂.၂၀၂၄ )

   ၁၉.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၉.၂.၂၀၂၄ )

     ၁၉.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၂.၂၀၂၄ )

     ၁၉.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့တွင် စားသုံးသူပြည်သူများကို စားအုန်းဆီများ ဈေးနှုန်းသက်သာစွာရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် (၁၅.၂.၂၀၂၄) ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင်  တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လွယ်ကူလျှင်မြန်စွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက်ရည်ရွယ်၍ စားအုန်းဆီ(၁)ပိဿာလျှင် ၆၁၀၀ ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင်(၁)ပိဿာနှုန်း လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး လူဦးရေ (၄၆၂၀)ဦး အတွက် စားအုန်းဆီ ၄၆၂၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(စစ်ကိုင်း)

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယပတ်) အတွင်း နှမ်းနက်(စမုံ)(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ်(၁၇၀၀) ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၃၅၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၀၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၁၀၀)ကိုလည်းကောင်း၊ ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၉၃၀၀၀-၉၉၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၂၇၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၉၃၀၀၀-၉၈၀၀၀)ဖြင့် (၃၀)ပိဿာပါအိတ် (၁၅၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၃၅၀၀-၁၀၄၀၀၀) ဖြင့် (၃၀)ပိဿာပါ အိတ်(၂၇၀) အိတ်ကိုလည်းကောင်း၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၂၃၂၀၀-၁၂၉၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၈၀၀) အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၇၄၀၀၀-၇၉၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ် (၁၂၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၇၀၀၀၀-၇၈၀၀၀)ဖြင့် (၃၀) ပိဿာပါအိတ်(၈၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၆၀၀၀၀-၆၆၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၂၃၀၀၀)ဖြင့် (၃၀)ပိဿာပါ အိတ်(၂၀၀) အိတ်ကိုလည်းကောင်း စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

     မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၉၀၀-၆၉၅၀)ဖြင့် (၃၀)ပိဿာဝင်အိတ်(၄၅၀)အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၁၀၀)အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)ဖြင့် (၃၀၀၀)တင်းကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၃၃၀၀-၃၅၀၀)ဖြင့် ပိဿာ(၁၈၀၀၀)ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ရှိခဲ့ကြောင်း ပဲတီစိမ်း(မိုး)မှာ လက်ကျန်အနည်းငယ်မျှသာရှိခဲ့ပြီး ပဲတီစိမ်း(ဆောင်း) မှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းနှင့် ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပြာ၊ ပဲစဉ်းငုံနီနှင့် ဝါသီးနှံတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းကို မန္တလေးမြို့သို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ရောင်းချခဲ့ရှိသည့် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း ဖေဖော်ဝါရီလ၊ ဒုတိယပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ(ဒုတိယပတ်)တွင်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၂၁၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/(၅၈၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၂၇၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၆၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်းနှင့် ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသော်လည်း  ဝင်ရောက်သမျှ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇန်နဝါရီလ(နောက်ဆုံးပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀- ၁၉၀၀၀)များဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ငွေကျပ်(၁၃၀၀၀-၁၅၀၀၀) များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (ဒုတိယပတ်) တွင် ငွေကျပ် (၈၀၀၀-၁၂၀၀၀)များဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန်နွေဦးရာသီတွင် ကွမ်း အထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများကာ  ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

အကျိုးစီးပွားဖြစ်ထွန်းဖို့ ကြံကိုအားထားစိုက်ပျိုးစို့

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ကြံချက်ဖိုတည်၍ စီးပွားဖြစ်ထွန်းအောင်မြင်နေသောတောင်သူကြီးတစ်ဦးနှင့် သွားရောက်ကွင်းဆင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် တောင်သူကြီးသည် ကြံအပြင် အခြားသီးနှံများကိုလည်း စိုက်ပျိုး ထားကြောင်း၊ ကြံစိုက်ဧက ၊ ကြံစိုက်ပျိုးချိန်၊ ကြံစိုက်ပျိုးထွက်ရှိမှု နှုန်းများနှင့် မိမိပိုင်ယာမြေဖြစ်‌သော ကန့်ဘလူမြို့နယ် ၊ ဂါးထာကျေးရွာအုပ်စု ၊ ဆည်ကြီးကျေးရွာ တောတိုက်နှင့် (၅၅၉-က) နတ်ပေးကွင်း တို့တွင် စိုက်ဧက(၇၀)ကို စိုက်ပျိုးထားရှိပြီး   ကြံကို ဆောင်းစိုက် နှင့် မိုးစိုက်ဟူ၍ (၂)မျိုး ရှိရာမှာ မိုးရာသီစိုက်ပျိုးလျှင် ကဆုန်/နယုန်လများတွင် စိုက်ပျိုးရပြီး၊ ဆောင်းရာသီ စိုက်ပျိုးလျှင်  သီတင်းကျွတ် လမှာစိုက်ပျိုးကာ ကြံစိုက်စက်ဖြင့် တစ်ဧကလျှင် ကြံတန်ချိန်(၃)တန် ခန့် စိုက်ပျိုး၍ ပြာသို/ တပို့တွဲလ များတွင်  ခုတ်သိမ်းရပါသည်။

   ကြံတစ်ခါစိုက်လျှင်(၅)နှစ်မှ (၇)နှစ် ကြာမြင့်သည့်အထိ ခုတ်ယူစားသုံးရပါသည်။ ယခုနှစ် ခုတ်ယူ ရသောကြံသည် ဒုတိယသားဖြစ်ပြီး စိုက်ကွင်းမှ ခုတ်ယူရရှိခဲ့သော ကြံများကို ကန့်ဘလူမြို့ အမှတ်(၂) ရပ် ကွက်တွင် ချက်ဖိုတည်၍ ပါဝါမီတာတပ်ပြီးကြံရည်ညစ်စက်ဖြင့် ကြံရည်ညစ်ကာ ရရှိလာသော ကြံရည်များကို အဆင့်ဆင့်ချက်ပြီးမှ အိတ်ထောင်းနှင့်သကာရည်များရရှိပါသည်။ ကြံစိုက်ပျိုးရန် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ သွင်းအားစုများထည့်ခြင်း အလုပ်သမား ငှားရမ်းခြင်း၊ တောတိုက်မှ မြို့ထဲသို့ သယ်ယူသည့်ကားခနှင့် ကြံချက်၍ အိတ်ထောင်းနှင့်သကာရည် ရသည်အထိ တစ်ဧက ကုန်ကျစရိတ် မှာ (၁၅)သိန်းခန့် ရှိပါသည်။

   ထွက်ရှိသော သကာရည်ပိုင်းများနှင့်အိတ်ထောင်းများကို တစ်ပိသာလျှင်(၃၅၀၀)ကျပ်နှုန်းဖြင့် သကြားစက်များရှိရာသို့ တင်ပို့ရောင်းချကြောင်း ၊ (၁)နှစ်ကြံတစ်ဧကဝင်ငွေ(၃၅)သိန်းခန့်ရရှိပြီး အမြတ် အစွန်းမှာ(၂၀)သိန်းခန့်ကျန်ရှိသောကြောင့် ကြံစိုက်ပျိုး ချက်လုပ်ပြီး ရောင်းချလျှင် ထက်ဝက် အမြတ်ကျန် သဖြင့် တောင်သူများအနေနှင့် ကြံစိုက်ပျိုးသင့်ကြောင်းကို ကန့်ဘလူမြို့ရှိ စီးပွားဖြစ်ထွန်း အောင်မြင်နေသော တောင်သူကြီး ဦးသောင်းငွေမှ တိုက်တွန်းပြောကြားခဲ့ပါသည်။

  ကြံအပြင် အခြားသီးနံများဖြစ်သည့် စပါး၊ ပြောင်း၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ နေကြာ၊ ကုလားပဲ၊ မြေပဲ၊ နှမ်းစသည်တို့ကိုလည်း စိုက်ပျိုးပြီး စပါး စိုက်ဧက(၄၀)ကို စပါးတင်း(၃၀၀၀)ထွက်ရှိကြောင်း၊ ပြောင်း စိုက်ဧက (၃၀၀)ကို ပြောင်းဆံတင်း(၁၀၀၀)ထွက်ကြောင်း၊ ပဲစဉ်းငုံ စိုက်ဧက(၁၀၀)ကို ပဲစဉ်းငုံတင်း(၅၀၀) ထွက်ရှိကြောင်း  မိမိကိုယ်တိုင် စိုက်ပျိုးရေး မွေးမြူရေး ဆုများရရှိထားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း