ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒညင်းသီးဈေးကွက်

     ရှမ်းပြည်နယ်၊ မိုးဗြဲမြို့မှလည်းကောင်း၊ ကရင်ပြည်နယ်၊ တောင်ငူမှလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှလည်းကောင်း ဒညင်းသီးများ ဝင်ရောက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ဒညင်းသီး ဈေးနှုန်းမှာ ရှယ်သီး အလုံး (၁၀၀) လျှင် ၉၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ သာမန်အရွယ်အစားအကြီးမှာ အလုံး (၁၀၀) လျှင် ၆၅၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ အလတ်မှာ (၁၀၀) လုံးလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိနှင့် အသေး အလုံး (၁၀၀) လျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အခွံပါ ဒညင်းသီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိပြီး အရွယ်အစားစုံ ၆၅လုံးမှ ၇၀လုံးခန့်အထိပါဝင်ပါသည်။ ဈေးကွက်အတွင်း ဒညင်းသီးဝင်ရောက်မှု ပိုမိုများပြားလျက်ရှိပြီး ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

မိတ္ထီလာခရိုင်တွင် ယခင်နှစ်ထက် လယ်ယာထွက်ကုန်သီးနှံများ စျေးကောင်းရလျက်ရှိ

 မိတ္ထီလာခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လဆန်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော လယ်ယထွက်ကုန်သီးနှံဈေးနှုန်းများအရ ယခုနှစ်တွင် မနောသုခဆန်တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင်  (၈၀၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်တစ်ပိဿာလျှင်  (၁၃၀၀၀) ကျပ်၊ ဝါသီးနှံတစ်ပိဿာလျှင်  (၂၈၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်တွင် မနောသုခဆန်တစ်အိတ်လျှင် (၅၅၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင်  (၆၀၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင်  (၃၀၀) ကျပ်မှ (၃၅၀ )ကျပ်ထိ၊ ငရုတ်တစ်ပိဿာလျှင်  (၆၀၀၀) ကျပ်၊ ဝါသီးနှံတစ်ပိဿာလျှင်  (၂၅၀၀) ကျပ်စျေးသာရှိခဲ့ပြီး ယခင်နှစ်နှင့် ယခုနှစ် ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် သီးနှံစျေးနှုန်းများမှာ အသီးသီးမြင့်တက်လာသဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိ၍ ယခုနှစ်၏ မိုးရာသီတွင် သီးနှံများပိုမိုစိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(မန္တလေး)

သရက်မြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ သရက်မြို့၏ မြို့မဈေးတွင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး(အစို)များကို သရက်မြို့၏ ပတ်ဝန်းကျင်ကျေးရွာများနှင့် အခြားစားဖိုဆောင်သီးနှံများကို အောင်လံနှင့် ပြည်မြို့တို့မှ ဝယ်ယူရောင်းချလေ့ရှိကြကြောင်း သိရှိရပါသည်။

   သရက်မြို့၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊  ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၅၈၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီး(စို)တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကုလားအော်သီး (ခေါ်) ပင်နံသီး(စို)တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြစ်ပြီး ဇွန်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၂၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြစ်၍ အတက်ဈေးဖြင့်လည်းကောင်း၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၃၀၀)၊ ငရုတ်သီး(ခြောက်)တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီး(စို)တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကုလားအော်သီး (ခေါ်) ပင်နံသီး(စို)တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ်(၆၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် ကျပ်(၃၀၀)ဖြစ်၍ ဒေသထွက်သီးနှံများထွက်ပေါ်လာပါသဖြင့် အကျဈေးဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူ ဒေါ်ဂျမ်းထံမှ သိရပါသည်။

DOCA(မကွေး)

 

ကံမမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေး၌ ကြက်သွန်နီများကို သရက်မြို့နှင့် အခြားစားဖိုဆောင်သီးနှံများကို ပဲခူးတိုင်း၊ ပြည်မြို့မှ ဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။

   ကံမမြို့၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ရောင်းချလျက်ရှိသောစားဖိုဆောင်သုံးကုန်ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊  ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၇၆၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ် (၅၂၀၀)၊ ငရုတ်သီး (ခြောက်) တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငရုတ်သီး (စို) တစ်ပိဿာလျှင် ကျပ် (၅၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၉၀၀)၊ ခရမ်းချဉ်သီး (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၁၆၀၀) ဖြစ်ပြီး ဇွန်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၁၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ် (၄၀၀)၊ ခရမ်းချဉ်သီး (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၁၀၀)၊ ငရုတ်သီး (ခြောက်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ ငရုတ်သီး (အစို) တစ်ပိဿာလျှင် ကျပ် (၅၀၀) စသည်ဖြင့် အသီးသီးဈေးကျ၍ ချင်းတစ်ပိဿာလျှင် ကျပ် (၇၀၀) ဈေးနှုန်းမြင့်တက်ကြောင်း ဈေးရောင်းချသူ ဒေါ်သန်းဌေးထံမှ သိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်၌ မိုးရာသီကာလ ပန်းအလှပင်၊ သီးပင်၊ စားပင်များ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

  မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့ပေါ်ရှိ ပန်းအလှပင်၊ သီးပင်၊ စားပင်များစိုက်ပျိုးရောင်းချနေသောအရောင်းဆိုင်များ၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ပန်းအလှပင်များကို ကိုယ်တိုင်ပျိုးထောင်၍ မြေဩဇာကျွေးစိုက်ပျိုးကြပြီး စိုက်ပျိုးသောအပင်များမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် စံပါယ်ပင်အိတ်ကြီး (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ အိတ်သေး (၁) ပင်လျှင် ကျပ် (၁၅၀၀)၊ ဇွန်ပန်းပင် (၁) ပင်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၁၅၀၀)မှ ကျပ် (၂၅၀၀)၊ ဇလပ်ပင် (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ မလေးစကားပန်းအလှပင် (၁) ပင်လျှင် ကျပ် (၅၅၀၀)၊ ရွက်လှပင် (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ နှင်းဆီပင် (၁) ပင်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ သနပ်ခါးပင် (၁) ပင်လျှင် ကျပ် (၃၅၀၀)၊ ဇီဇဝါပင် (၁) ပင်လျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၅၀၀)၊ ထန်းအလှပင် (၁) ပင်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ လက်ကီးဂမုန်းပင် (၁) ပင်လျှင် ကျပ် (၄၀၀၀) မှ ကျပ် (၄၅၀၀)၊ မြတ်လေးပင် (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ ယင်းမာပင် (၁) ပင်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ အာဆီယံသပြေ (၁) ပင်လျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀)၊ ရိုးရိုး (သပြေ) (၁) ပင်လျှင် ကျပ် (၁၅၀၀) တို့ဖြင့်ရောင်းချကြပြီး သီးပင်၊ စားပင်များအ‌နေဖြင့် သရက်ပင် (၁) ပင်လျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀)၊ ဂွေးပင် (၁) ပင်လျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀)၊ သင်္ဘောပင် (၁) ပင်လျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀)၊ မာလကာပင်များကို ကိုင်းကူးပျိုးထောင်၍စိုက်ပျိုးကြပြီး (၁) ပင်လျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၅၀၀)၊ သံပရာပင် (၁) ပင်လျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀)၊ ရှောက်ပင် (၁) ပင်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ ပိန္နဲပင် (၁) ပင်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းအလှပင်၊ သီးပင်၊ စားပင်စိုက်ပျိုးရောင်းချသူများထံမှ မေးမြန်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

   မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၈-၆-၂၀၂၃) ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ပဲတီစိမ်း (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၅၀၀၀)၊ မတ်ပဲ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၆၀၀၀)၊ ပဲစင်းငုံနီ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၅၀၀၀)၊ ပဲလွန်းဝါ (ကျွန်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၀၀၀၀)၊ ပဲထောပတ် (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၂၀၀၀)၊ ကုလားပဲ (929) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၅၀၀၀)၊ ကုလားပဲ (HL) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၄၅၀၀)၊ ကုလားပဲ (မြကြေးမုံ) (၁၉)ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၆၀၀၀) ဖြင့် စျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး ပဲကြီးမဲ (အာမဲ) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲကြီးမဲ (ချင်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၅၀၀၀)၊ ပဲကြီးဖြူ (သေး) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၈၀၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၀၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၃၀၀၀)၊ စားတော်ပဲ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၄၃၀၀၀) တို့ဖြင့် အသီးသီးစျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     (၈-၆-၂၀၂၃) ရက်နေ့တွင် ပဲတီစိမ်း တန်ချိန် (၁၀၀)၊ ပဲလွန်းဝါ (ကျွန်း) တန်ချိန် (၁၀)၊ ကုလားပဲ တန်ချိန် (၁၅၀)၊ ပဲကြီးဖြူ တန်ချိန် (၅၀)၊ ပဲကြီးမဲ တန်ချိန်(၁၀)၊ စားတော်ပဲ တန်ချိန် (၂၀)၊ မတ်ပဲ တန်ချိန် (၃၀)၊ ထောပတ်ပဲ တန်ချိန် (၅၀)၊ ပဲစင်းငုံနီ တန်ချိန် (၃၀)တို့ဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏စျေးနှုန်းအခြေအနေ

    မကွေးမြို့၊ မြို့မဈေး၌ ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ရန်ကုန်မြို့မှ ငါးမျိုးစုံ၊ ရေချိုပုစွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငါးပိ၊ ငါးခြောက်များပါဝင်ရောက်လျက်ရှိပြီး ဒေသနှင့်ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   (၅-၆-၂၀၂၃) ရက်နေ့မှ (၉-၆-၂၀၂၃) ရက်နေ့အတွင်း မကွေးမြို့၊ မြို့မစျေးတွင်ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (၁) ပြည်လျှင် ကျပ် (၅၄၀၀)၊ မြောင်းမြပေါ်ဆန်း (၁) ပြည်လျှင် ကျပ် (၄၇၀၀)၊ ကုန်းဇောင်း (ဧရာပဒေသာ) (၁) ပြည်လျှင် ကျပ် (၄၅၀၀)၊ မြောင်းမြ (ဧရာပဒေသာ) (၁) ပြည်လျှင် ကျပ် (၄၂၀၀)၊ ကြက်သွန်နီလက်လီစျေးမှာ (ကြီး) (၁) ပိဿာလျှင် ကျပ် (၂၅၀၀)၊ (လတ်) (၁) ပိဿာလျှင် ကျပ် (၂၃၀၀)၊ (သေး) (၁) ပိဿာလျှင် ကျပ် (၂၀၀၀)၊   ကြက်သွန်ဖြူလက်လီစျေးမှာ (ကြူကုတ်)  (၁) ပိဿာလျှင် ကျပ် (၇၂၀၀)၊ (ရှမ်း) (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ ငရုတ်သီးခြောက် (အရှည်) (၁) ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ မန်ကျည်းသီးမှည့် (၁) ပိဿာလျှင် ကျပ် (၅၀၀၀) မှ ကျပ် (၇၀၀၀)၊ ဆား (၁) ပိဿာလျှင် ကျပ် (၅၀၀) မှ ကျပ် (၁၂၀၀)၊ အာလူး (၁) ပိဿာလျှင် ကျပ် (၂၈၀၀) မှ ကျပ် (၃၀၀၀)၊ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀)၊       ကြက်ဥလက်လီစျေးမှာ တစ်လုံးလျှင် ကျပ် (၂၃၀) မှ ကျပ် (၂၈၀)၊ အသားငါးစျေးနှုန်းများမှာ ကြက်သား (CP) (၁) ပိဿာလျှင် ကျပ် (၈၀၀၀) မှ ကျပ် (၁၄၀၀၀)၊ ကြက်သား (ဗမာ) (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) မှ ကျပ် (၁၆၀၀၀)၊ ဝက်သား (၁) ပိဿာလျှင်ကျပ် (၁၆၀၀၀) မှ ကျပ် (၁၈၀၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) မှ ကျပ် (၁၆၀၀၀) ကျပ်၊ ဆိတ်သား (၁) ပိဿာလျှင် ကျပ် (၁၈၀၀၀) မှ ကျပ် (၂၀၀၀၀)၊ ငါးကြင်း (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) မှ ကျပ် (၁၆၀၀၀)၊ စားသုံးဆီစျေးနှုန်းမှာ ပဲဆီ (၁) ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ နှမ်းဆီ (၁) ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ ရောဆီ (၁) ပိဿာလျှင် ကျပ် (၆၆၀၀)၊ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် (၆၅၀၀) ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစျေးအတွင်းရှိ စျေးသည်များထံမှ သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၌ ဆီးဆံများစျေးကောင်းရ၍ ဆီးခွဲစက်များ အဆင်ပြေလျက်ရှိ

   မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီးတွင် ဆီးပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး တောင်သူဦးကြီးများကလည်း ဆီးပင်အား လယ်ယာခြံစည်းရိုးနယ်နိမိတ်အဖြစ် စိုက်ပျိုးထားရာမှ နှစ်စဉ် ဝင်ငွေများရရှိနေကြောင်း‌ လေ့လာသိရှိရပါသည်။

    မကွေးခရိုင်အတွင်းရှိ မကွေး၊ တောင်တွင်း၊ နတ်မောက်၊ မြို့သစ်နှင့် ချောက်မြို့နယ်များတွင် ဆီးခွဲစက်ပေါင်း (၇၅) ခုရှိပြီး ဆီးသီးအစို/အခြောက်များကို ဇန်နဝါရီလမှ မတ်လအထိဝယ်ယူရရှိကြောင်း၊ ဆီးသီးအစို (၂၀) ပြည်အား (၁၂) ရက်အကြာနေလှမ်းပါက ဆီးသီးအ‌ခြောက် (၁၆) ပြည်ပြန်လည်ရရှိကြောင်း၊ ဆီးသီးခြောက် (၁၆) ပြည်အား ကြိတ်ခွဲပါက ဆီးဆံ (၂၀.၂၅) ကျပ်သားခန့်ရရှိကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဆီးသီးအစို (၁) တင်းလျှင် ကျပ် (၇၀၀၀)၊ ဆီးသီးအ‌ခြောက် (၁) တင်းလျှင် ကျပ် (၁၀၀၀၀) ဖြင့်ဝယ်ယူရပြီး ဆီးဆံ (၁) ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ ဆီးခွဲခြမ်း (၁) တင်းလျှင် ကျပ် (၃၀၀) ဖြင့်ပြန်လည်ရောင်းချရကြောင်း၊ ၂၀၂၃ခုနှစ်တွင် ဆီးသီးအစို (၁) တင်းလျှင် ကျပ် (၁၄၀၀၀)၊ ဆီးသီးအခြောက် (၁) တင်းလျှင် ကျပ် (၁၇၀၀၀) ဖြင့်ဝယ်ယူရပြီး ဆီးဆံ (၁) ပိဿာလျှင် ကျပ် (၇၄၀၀၀-၇၅၀၀၀)၊ ဆီးခွဲခြမ်း (၁) တင်းလျှင် ကျပ် (၇၀၀) ဖြင့်ရောင်းချရသဖြင့် ယခင် (၃/၄) နှစ်အတွင်းတွင် ဆီးဆံစျေးပျက်၍ စျေးကောင်းမရရှိခဲ့သော်လည်း (၂၀၂၁-၂၀၂၂) ခုနှစ်နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်များတွင် ဆီးသီးအစို စတင်ဝင်ရောက်ချိန်မှစတင်၍ တောင်သူများနှင့်လက်လုပ်လက်စားများပါ ဝင်ငွေကောင်းခဲ့ပါကြောင်းနှင့် ဆီးခွဲစက်ပိုင်ရှင်များအနေဖြင့်လည်း ကုန်ချောဆီးဆံနှင့် ကုန်ကြမ်းဆီးဖက်၊ ဆီးခွဲခြမ်းများပါ စျေးကောင်းရရှိ၍ အရောင်းအဝယ် ကောင်း၍အဆင်ပြေလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မင်းလှမြို့၊ ဥယျာဉ်ကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အနီးရှိ ဥယျာဉ်ကျေးရွာသည် အိမ်ခြေ (၂၁၀) ခန့်ရှိပြီး စိုက်ပျိုးရေးကို အများဆုံးလုပ်ကိုင်ကြပါသည်။ တောင်ယာလုပ်ကိုင်သူများသည် မိုးဦးကျချိန်တွင် နှမ်းကိုအဓိကထားစိုက်ပျိုးကြကြောင်း၊ နှမ်းနှင့်အတူ ပဲစင်းငုံ၊ ဝါ စသောသီးနှံတို့ကိုလည်း သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။

    နှမ်းစိုက်ပျိုးရာတွင် ဆည်မြောင်း၊ ရေကန်မရှိသောဒေသဖြစ်၍ ရေသွင်းစိုက်ပျိုးခြင်းများမရှိဘဲ မိုးရေကိုသာအားထား၍ စိုက်ပျိုးကြကြောင်း၊ နှမ်းမျိုးဝယ်ယူရာ၌ (၁) ပြည်လျှင် ကျပ် (၇၀၀၀) ဖြင့် (၁) ဧကအတွက် နှမ်းမျိုး (၂) ပြည်ခန့်အသုံးပြုရကြောင်း၊ မိုးဦးကျချိန်တွင်စိုက်ပျိုးသော နှမ်းဖြစ်သည့်အတွက် ပိုးသတ်ဆေးအသုံးပြုမှုနည်းပါးသည့်အပြင် သဘာဝဓာတ်မြေဩဇာဖြစ်သော နွားချေးမြေဆွေးကိုသာ အများဆုံးအသုံးပြုကြကြောင်း၊ နှမ်းစိုက်ပျိုးပြီး (၃) လ (သို့မဟုတ်) (၄) လအကြာတွင် ရိတ်သိမ်းလေ့ရှိပြီး မိုးကောင်းလျှင် နှမ်းအထွက်နှုန်းမှာ (၁) ဧကလျှင် (၁၂) တင်းကျော်ထွက်လေ့ရှိကြောင်း၊ ရာသီဥတုဖောက်ပြန်၍ မိုးမမှန်သည့်နှစ်များတွင် နှမ်းအထွက်နှုန်းမှာ (၁၀) တင်းအောက်လျော့ကျကြောင်း၊ ယခင်နှစ်တွင် မိုးနှမ်းဈေးမှာ (၁) တင်းလျှင် ကျပ် (၈၀၀၀၀) ခန့်ရရှိကြောင်း၊ ယခုနှစ်တွင် မိုးနှမ်းမှာမူ စိုက်ပျိုးဆဲကာလဖြစ်၍ ဈေးနှုန်းမှာ မသိရှိသေးပါကြောင်း၊  ရိတ်သိမ်းပြီးသောနှမ်းများကို များသောအားဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ ရောင်းချလေ့ရှိကြောင်းနှင့် နှမ်းစိုက်ပျိုးခြင်းသာမက ကုလားပဲ၊ ပဲတီစိမ်း၊ မြေပဲတို့အပြင် စားဖိုဆောင်သီးနှံများဖြစ်ကြသော ခရမ်းချဉ်သီး၊ ဘူးသီး၊ ပြောင်း၊ ဖရုံ၊ သခွား၊ ရုံးပတီသီး၊ ကန်စွန်းတို့ကိုလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်း ဥယျာဉ်ကျေးရွာနေ နှမ်းစိုက်တောင်သူ ဒေါ်ဌေး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ရာသီပေါ်ဒေသထွက် မျှစ်ဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ မြို့မဈေးသို့ မျှစ်များကို ရာသီချိန်ဖြစ်သည့် ဇွန်၊ ဇူလှိုင်လများတွင် ညောင်အိုင်၊ ခိုဝင်၊ မထိမ်းနှင့် မြေနီကုန်း စသည့်ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

 ဇွန်လအချိန်သည် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် မျှစ်နု၊ ကျွန်းမျှစ်များထွက်ပေါ်လာပြီဖြစ်ပါသည်။ မျှစ်သည် မိုးရာသီအစားအစာဖြစ်သည့်အပြင် ရာသီချိန်သာမက အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည်ပြီး သိုလှောင်၍လည်းကောင်း၊ ပြုတ်၍ ပါးပါးလှီးပြီး နေပူလှန်းကာ မျှစ်ခြောက်အဖြစ်လည်းကောင်း သိုလှောင်ကြကြောင်း၊ မျှစ်စိုကို ဈေး၌ ရောင်းချရသဖြင့် ပေါ်ဦးပေါ်ဖျားမျှစ်ဈေးသည် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် (၁) ပိဿာလျှင် ကျပ် (၈၀၀၀) ဖြစ်ပြီး ဒုတိယအပတ်တွင် ကျပ် (၅၀၀၀) ထိဈေးနိမ့်ခဲ့ပါကြောင်း၊ ဇွန်၊ ဇူလှိုင်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များလှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်သဖြင့် မျှစ်စိုများကို မျှစ်ခြောက်ပြုလုပ်၍ မကွေး၊ မန္တလေး၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပါကြောင်း စေတုတ္တရာမြို့၊ မြို့မဈေး၌ ရောင်းချလျက်ရှိသည့်ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ မျှစ်သည် ပရိုတင်းဓာတ်ကြွယ်ဝသည့်အပြင် ကယ်လိုရီပါဝင်မှုနည်း၍ ကစီဓာတ် (၄) ရာခိုင်နှုန်းနှင့် အမိုင်နိုအက်စစ်အမျိုးပေါင်း (၁၇) မျိုးအပါအဝင် အသားဓာတ် (၅) ရာခိုင်နှုန်းပါဝင်သည့်အတွက် အာဟာရတန်ဖိုးမြင့်သည့်အပြင် ဆယ်လူလို့စ် (ခေါ်) အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ သံဓာတ်၊ သွပ်ဓာတ်၊ ဖောလစ်အက်စစ်ဓာတ်၊ နစ်ကိုတင်းနစ်အက်စစ်၊ ဆီလီနီယံဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်မျှစ်ကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း