ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၈၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၈၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

        ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

        အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယပတ်)အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၄၅၀-၆၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၃၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၅၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၆၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၆၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ် ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်၊ မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများ အနည်းငယ်တက်နေပြီး အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ကြက်သွန်နီဈေးနှုန်းများ ဈေးအနည်ငယ်အေးနေပါကြောင်း၊  စားအုန်းဆီ ဈေးနှုန်းများ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား  ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။      

DOCA(စစ်ကိုင်း)

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ခြောက်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၆၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၅၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၁၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၇၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်ထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ) ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၈၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ခန့် မှ လေးထောင်ခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၁၆၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၃၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (တတိယ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်မှ ငါးသောင်းခန့်အထိ ပိုမိုခဲ့ပါ သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများ စာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

သွင်းအားစုမြေဩဇာဈေးနှုန်းများကျဆင်းလာမှုကြောင့် တောင်သူအရင်းအနှီးစိုက်ထုတ်ရမှု လျော့နည်းလာနိုင်

    ကော့ကရိတ်မြို့နယ်တွင် ဓာတ်မြေဩဇာဈေးနှုန်းအနည်းငယ်ကျဆင်း၍ ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။   ယခင်တစ်ပတ် (ဇွန်လ၊ ပထမအပတ်) တွင် ဓာတ်မြေဩဇာ (၁၅-၁၅-၁၅) ယိုးဒယားတစ်အိတ်လျှင် ကျပ်၁၅၀၀၀၀၊ ယခုတစ်ပတ် (ဇွန်လ၊ ဒုတိယအပတ်) ဈေးနှုန်းမှာ ကျပ်၁၃၀၀၀၀၊ ယခင်တစ်ပတ်တွင် ဓာတ်မြေဩဇာ (၂၀-၁၂-၁၂) ဩဘာတစ်အိတ်လျှင် ကျပ်၁၃၀၀၀၀၊ ယခုဈေးနှုန်းမှာ ကျပ်၁၁၀၀၀၀၊ ယခင်တစ်ပတ်တွင် သဘာဝနတ်ဩဇာတစ်အိတ်လျှင် ကျပ်၃၃၀၀၀၊ ယခုဈေးနှုန်းမှာ ကျပ်၃၃၀၀၀၊ ယခင်တစ်ပတ်တွင် တီစူပါ (သံကွင်း) တစ်အိတ်လျှင် ကျပ်၁၃၅၀၀၀၊ ယခုဈေးနှုန်းမှာ  ကျပ်၁၁၀၀၀၀ဖြစ်ပြီး ယခင်တစ်ပတ်တွင် ပိုတက်စီယမ်တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀၊ ယခုဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

      ပိုးသတ်ဆေးဈေးနှုန်းမှာ တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်နေသည့်ဈေးနှုန်းမှာ ပိုးသတ်ဆေး (မာလာမြိုင်ဆိုင်ဖာ) ၁၀၀cc ပုလင်းတစ်လုံးလျှင် ကျပ်၃၅၀၀၊ မြန်မာ့ဩဘာ စိုင်ကလုံ၁၀၀cc ပုလင်းတစ်လုံးလျှင် ကျပ်၈၀၀၀၊ မြန်မာ့ဩဘာ တော်ပီဒို ၂၅၀cc ပုလင်းတစ်လုံးလျှင် ကျပ်၁၃၀၀၀၊ မြန်မာ့ဩဘာ တော်ပီဒို ၁၀၀cc ပုလင်းတစ်လုံးလျှင် ကျပ်၇၀၀၀ရှိကြောင်း စုံစမ်းသိရှိရပါသည်။

  စိုက်ပျိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုမြေဩဇာပိုးသတ်ဆေးဈေးနှုန်းများဈေးကျဆင်းမှုကြောင့် တောင်သူများအတွက် အရင်းအနှီးစိုက်ထုတ်ရမှုလျော့နည်းကာ တစ်ဧကကုန်ကျစရိတ်အပေါ်  အကျိုးအမြတ်ပိုမိုရရှိနိုင်လာကြောင်း သိရပါသည်။

           DOCA(ကရင်)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

  ပို့ကုန်အနေဖြင့် (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃)ရက်နေ့အထိ စီးကရက်အရေအတွက်အားဖြင့် တန်(၉၈.၆၅၆)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၁၁)၊  နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၅)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၂၆) တင် ပို့နိုင်ခဲ့ပါကြောင်း၊ (၃.၆.၂၀၂၃ မှ ၉.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၈) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃) ရက်နေ့အထိ ဆံပင် အရေအတွက်အားဖြင့် တန် (၄.၂၃၀)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆)တင်သွင်းနိုင်ခဲ့ပြီး ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၂၀၈) လျော့နည်းတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များမှ ‌ရွှေဘို၊ ရေဦး၊ မုံရွာနှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။ စပါး/ဆန်ဈေးနှုန်းတက်ရခြင်းမှာ တောင်သူလက်ကျန်နည်းပါးနေပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးနှုန်းမြင့်ရခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ်(၂၉၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၉၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်(၂၄၀၀၀၀၀)၊  ဧရာမင်း (ဆန်)   ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၉၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၉၃၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ်၂၂၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၉၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၆၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၇၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇွန်လ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၃၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၇၅၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၇၉၄၀၀)အိတ်၊ တန်အားဖြင့် (၃၉၇၀) စီးထွက်ခဲ့ပြီး၊ ယခု ဇွန်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၃၇၀၊ မကွေးသို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၆၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၆၈၉၀၀)အိတ်၊ တန်အားဖြင့် (၃၄၄၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၀၅၀၀) ၊တန်အားဖြင့် (၅၂၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

                                                                                      

ယခုအပတ်တွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းလက်လီဈေးနှုန်းအပေါ်အခြေခံ၍ ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့စဉ်ချိတ်ဆက်၍ အရောင်းဆိုင်များအားလုံး၏ တစ်လီတာရောင်းဈေးနှုန်းများကို နေ့စဉ်တင်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမပတ်တွင် ရောင်းချခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၇၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၂၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၉၀)ကျပ်ဖြစ်ကြောင်းသိရသည်။

     ယခု ဇွန်လဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၆၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၂၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၉၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိသောကြောင့် ဇွန်လပထမအပတ်နှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်တွင် ပထမပတ်အောက် ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၅)ကျပ် စသည်ဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၅၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထတစ်ပြည်လျှင် ၃၂၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ကျပ်နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်နှင့် ဆလပ်ရွက်တစ်စီးလျှင် ၂၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၂၈၀ကျပ်၊ အသေးတစ်လုံးလျှင် ၂၀၀ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် ၃၅၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ အသားငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်) တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၄၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သနပ်ဖက်ရွက်

   သနပ်ဖက်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် သောက်သုံးနေသည့် ဆေးပေါ့လိပ်၏ လိပ်ထားသည့် သစ်ရွက်ဖြစ်သည်။ သနပ်ဖက်ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံ ကိုလိုနီခေတ်လက်အောက်ကျရောက်သည့် အချိန်တွင် စတင်လုပ်ကိုင်လာသည်ဟု သိရပါသည်။ သနပ်ဖက် လုပ်ငန်းသည် ရှမ်းပြည်နယ်၏ အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပြီး တော၊တောင်များကို ရှင်းလင်းပြီး သနပ်ဖက်ပင်များကို စိုက်ပျိုးကြသည်။သနပ်ပင်တစ်ခြံလျှင် အပင်ရေ ၅၀ မှ ၄၀၀၀ အထိ စိုက်ပျိုးကြသည်။ရေမဝပ်သော တောင်ခါးပန်းများတွင် စိုက်ပျိုးကြပြီး ပြာသို၊ တပို့တွဲလများတွင် မြေရှင်း မီးရှို့၍ ကဆုန်လတွင် မြေဆွကာ မျိုးကြဲကြသည်။ အပင်ပေါက်ကလေးများ နှစ်တောင်ထွာခန့် ရှိသောအခါ နုတ်၍ မူလပင်မြစ်ရှည်တစ်ခုသာထား၍ ဘေးသို့ဖြာထွက်နေသော အမြစ်များ ဖြတ်တောက်ပြီးလျှင် တစ်ပင်နှင့်တစ်ပင် ၂ ပေခန့် ခြား၍ စိုက်ပျိုးကြသည်။ သနပ်ပင်များ စိုက်ပျိုးရာတွင် မြေဩဇာထည့်ပေးခြင်း၊ မြေဆွပေးခြင်း၊ ပေါင်းပင် မြက်ပင်များ နုတ်ပေးခြင်းတို့ကို ပြုလုပ်နိုင်လျှင် အပင်ပိုသန်ကြောင်း သိရှိရပါသည်။

     အပင်များ အပေါ်တက်၍ အကိုင်းအခက်များ ဝေဖြာလာသောအခါ ပင်မကိုင်းကြီး နှစ်ကိုင်း၊ သုံးကိုင်းသာချန်၍ ကျန်ကိုင်းများကို ရှင်းပေးရပြီး အရွက်များပိုးမစားစေရန် ပိုးသတ်ဆေး အကြိမ်ကြိမ်ဖျန်းပေးရသည်။ အပင်ဖြစ်ထွန်းလျှင် သုံးနှစ်သားမှစ၍ အရွက်များ ခူးရပြီး စိုက်ပျိုးသည့် မြေမ ကောင်းလျှင် လေးနှစ်သားမှ အရွက်များ ခူးဆွတ်ရကြောင်း သိရှိရပါသည်။ သနပ်ပင်တစ်ပင်လျှင် အရွက်ရေ ၃၀ မှ၄၀အထိ ထွက်သည်။ သနပ်ဖက်ကို ဝါဆို၊ ဝါခေါင်၊ တောင်သလင်းလများတွင် ခူးရပြီး တစ်နှစ်လျှင် လေးကြိမ်ခူးရကြောင်း သိရှိရပါသည်။

     သနပ်ဖက်ကို ဆေးလိပ်လိပ်ရာတွင် အရွက်အစိမ်းတိုင်း အသုံးမပြုရကြောင်းလည်း သိရှိရပါသည်။ ပထမဦးစွာ အရွက်မှောက်၍ အကြောကလေးများကို တစ်ရွက်ချင်းသင်ပေးရသည်။အကြော သင်ပြီးသားဖက်များကို  မြေလုံမီးဖိုရှည်ကြီးပေါ်၌ တင်ထားသော အပတ်ဝိုင်းထားသည့် ဒယ်ပြားထဲ ထည့်၍ လှော်ရသည်။ တစ်ဖိုတွင် ၁၀ ဒယ်မှ ၁၂ ဒယ်အထိရှိပြီး တစ်ဒယ်တွင် ဖက်ရွက်၁၅ ရွက်ခန့်စီ ကာ အပေါ်မှ သဲထုပ်ဖိ၍ လှော်ရသည်။ လှော်ပြီးသားဖက်ရွက်များကို အကြီးအသေးခွဲခြားပြီး သေသေချာချာ ကျကျနနထုပ်ပိုးပြီးပါက ပွဲရုံများသို့ သနပ်ဖက် တစ်ပိဿာချိန်လျှင် ဖက်ရွက်အ သေးကျပ် ၆၀၀၀ နှင့် ဖက်ရွက်အကြီး ကျပ် ၇၀၀၀ ရောင်းချရကြောင်း သိရပါသည်။ တစ်နှစ်လျှင် သနပ်ဖက် ပိဿာချိန် ၁၂၀၀ ခန့်အထိ ထွက်ရှိကြောင်းလည်းသိရပါသည်။ သနပ်ဖက်ကို  မြန်မာနိုင်ငံအနှံအပြားရှိ ဆေးပေါ့လိပ်လုပ်ကိုင်သည့်မြို့များသို့ ပြန်လည်ရောင်းချပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ တောင်ကြီး၊ ရပ်စောက်၊ ပင်းတယစသည့် မြို့နယ်များတွင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပဲမှို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

    ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ တောင်သူအချို့မှာ ပဲမှိုတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိကြောင်း သိရှိရပါသည်။ တန်ခူးလတွင် မတ်ပဲပင်များကိုရိတ်သိမ်း၍ အသီးများကိုခြွေပြီး ရရှိလာသောအရိုးနှင့်အပင်များကို စုပုံထားရှိကာ မိုးရာသီတွင် မိုးများများရွာသွန်းခြင်းကြောင့် အစိုဓာတ်ဖြင့် ပဲပင်မှ မှိုအစို့အညှောက်ပေါက်လာပြီး ပဲမှိုများရရှိသည်။

   အဆိုပါ ပဲမှိုများကို (၂) ရက်တစ်ကြိမ်ခူးဆွတ်ပြီး တစ်ခါခူးလျှင် (၃) ပိဿာရရှိကြောင်း၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးများတွင် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ အဆိုပါ ပဲမှိုစိုက်ခြင်းလုပ်ငန်းသည် တစ်နေ့လျှင် ဝင်ငွေ ကျပ် (၂၀၀၀၀) ကျော်ခန့်ရရှိပြီး အလုပ်အကိုင်မပျက်ဝင်ငွေများရရှိသဖြင့် တောင်သူများအနေဖြင့် တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း