ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၇.၂၀၂၃ )

    ၁၇.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် ဇူလိုင်လ ဒုတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဇူလိုင်လ ဒုတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၄၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၃၀၀) ကျပ် ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံ စားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့တွင် လှိုင်လှိုင်ဝင်နေသော နာနတ်သီးဈေးကွက်

      မုံရွာမြို့ရှိ သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ဇူလိုင်လ ပထမအပတ်မှစ၍ နာနတ်သီးကားများ အဝင်များလာပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါနယ်များမှ တစ်ရက်လျှင် နာနတ်သီးကား(၅)စီးခန့် ဝင်ရောက်လျက်ရှိပြီး ကားတစ်စီးတွင် နာနတ်သီးအလုံး (၁၀၀၀၀)မှ (၁၅၀၀၀)ထိ သယ်ဆောင်နိုင်ပါသည်။ နာနတ်သီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ နာနတ်သီးများကို နေ့စဉ်အဝင်ရှိသလို လက်လီလက်ကား‌ဈေးကွက်တွင်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၀၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

     တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၁.၆၆၄)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁.၈၁၄) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၃)လတာ လျာထားချက်အပေါ်  (၃၉.၀၁)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

   ပို့ကုန်အနေဖြင့် (၂၄.၆.၂၀၂၃ မှ ၃၀.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၆၃)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၄၂.၂၀၀)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၉၂)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၅၅) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁.၇.၂၀၂၃ မှ ၇.၇.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၁)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၆၄.၈၉၆)၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၁၃၉)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၅၀) တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း(၀.၀၀၅) လျော့နည်းတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

      ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၂၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇူလိုင်လ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ်စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၈၀၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များမှ ‌ကသာခရိုင်သာ ဈေးအေးနေပြီး ကျန်ခရိုင်များတွင် ဈေးတက်နေပါကြောင်း၊ ဝယ်လိုအား များပြီး တောင်သူလက်ကျန် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂၅၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း)စပါးတင်း(၁၀၀)လျှင် ကျပ် ၁၅၅၀၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၁၀၀၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ် ၁၀၀၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁၅၅၀၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၇၀၀၀၀၊ နွေစပါး (ဒေသ မျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၈၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၆၅၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၇၂၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၇၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၉၀၀၀၀၀၊  ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၀၀၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၅၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးမှ ဇူလိုင်လ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၁၈၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၀၉၀၀)အိတ်၊ တန်အားဖြင့် (၂၅၄၅) စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၉၉၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၄၅၀၀၊ ကချင်သို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်း အိတ်ရေ (၆၄၀၀၀)အိတ်၊ တန်အားဖြင့် (၃၂၀၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၃၁၀၀) တန်အားဖြင့် (၆၅၅) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                               

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၉၇၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၀၉၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၂၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၉၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ယခု ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၀၇၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၁၉၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် (၂၁၂၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၀၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၀၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ‌ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၆၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၂၈၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၆၁၀၀၀၊ တန်အားဖြင့် ၃၀၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀၊မန္တလေးသို့ အိတ်ရေ ၂၇၉၀၀၊ နေပြည်တော်သို့ အိတ်ရေ၆၅၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၅၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၉၅၀၀၊ တန်အားဖြင့် ၂၉၇၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၅၀၀၊ တန်အားဖြင့် ၇၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ ၊ ဧရာမင်း စပါး  တင်း၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၅၅၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း