ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၆.၂၀၂၃ )

    ၂၂.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အမြတ်အစွန်းရရှိခဲ့သည့် ကရင်ပြည်နယ်မှ ရာဘာအစေးခြစ်လုပ်ငန်း

   ကရင်ပြည်နယ်အတွင်း ရာဘာစိုက်အောင်ထွက် အခြေအနေများမှာ စိုက်ဧက ၂၇၁၂၇၁ ဧက ဖြစ်ပြီး ရိတ်ဧက ၂၆၀၆၆၁ ဧကဖြစ်ကာ အထွက်နှုန်း ၇၂.၈၇ ပေါင်ဖြစ်ကာ ပြည်နယ်ချုပ် အထွက်နှုန်း ၁၈၉၉၃၇၁၇ တန် ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။  ယမန်နှစ်က ရာဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၂၂၀ ကျပ်ဖြစ်ပြီး ယခုနှစ်ရာသီသိမ်းချိန်တွင် ၁၃၄၀ ကျပ်ဈေးနှုန်းထိ ဈေးနှုန်းဈေးကွက် ဖြစ်ပေါ်ခဲ့ကြောင်းနှင် ဈေးနှုန်းဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ထိုင်းနိုင်ငံမှ အဓိကဝယ်လိုအားမြင့်တက်လာမှုနှင့်အတူ ၂၀၂၂-၂၀၂၃ ရာသီအတွင်း ကရင်ပြည်နယ်အတွင်းရှိ ရာဘာစိုက်ပျိုးသူများအနေဖြင့် ရာဘာအစေးခြစ်လုပ်ငန်းမှ အမြတ်အစွန်း ရရှိခဲ့ကြောင်း သိရသည်။

    ရာဘာစိုက်ဧက ၁၀ ဧက စိုက်ပျိုးတောင်သူ ဦးဝေလင်းအောင်၏ သာမညကျေးရွာရှိ ရာဘာ ခြံသို့ ၁၈-၆-၂၀၂၃ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ရာတွင် ရာဘာစိုက်ဧက ၁၀ ဧကအတွက် ပင်ကြားတန်းကြား ၂၀ ပေ X ၁၀ ပေတွင် ရာဘာပင် ၁၅၇၁ ပင်စိုက်ပျိုးထားရှိပြီး သက်တမ်းအနေ ဖြင့် ၇ နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ရာဘာအစေးခြစ်လုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၂ ခန့်ရှိပြီဖြစ် ကြောင်း သိရသည်။ တွက်ခြေကိုက်မှုအနေဖြင့် ရာဘာ ၁၅၇၁ ပင်အတွက် သွင်းအားစုမြေဩဇာ ၃၆ အိတ်အတွက် ငွေကျပ် ၃၆ သိန်း၊ ချုံရှင်း/ခြံခုတ်ခ အထွေစရိတ် ၄ သိန်း စုစုပေါင်း သိန်း ၄၀ ခန့် အသုံးစရိတ်ရှိခဲ့ပြီး ဝင်ငွေအနေဖြင့် လုပ်သားစရိတ်နုတ်ပြီးအကျန် သိန်း ၉၆ ခန့်ရရှိခဲ့သော‌ကြောင့် အသားတင်ဝင်ငွေ ၅၆ သိန်းခန့်ရရှိခဲ့ကြောင်း သိရသည်။

    ကရင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာဘာဈေးကွက် ဝယ်လိုအား ကောင်းလာမှုနှင့် အတူဈေးနှုန်း၊ဈေးကွက်တည်ငြိမ်၍ တွက်ချေကိုက်မှုအပေါ် မူတည်၍ ရာဘာထုတ်လုပ်မှု တိုးတက်စေရေးနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရာဘာလုပ်ငန်းရှင် ဦးဝေလင်းအောင်က ပြောသည်၊၊

DOCA(ကရင်)

 

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၇-၆-၂၀၂၃)ရက်နေ့တွင် ကျပ်(၃၀၀၀၀၀မှ ၃၂၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၃-၆-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးလျော့ခဲ့ပြီး (၇၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၁၀၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပါသည်။ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၇၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀) ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၉၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)ယခင်အပတ်တွင် ကျပ် (၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်တက်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်တွင် ကျပ်(၉၂၀၀၀မှ ၉၆၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၉၄၀၀၀မှ  ၉၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) စသည့်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်း အဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၁၉၀)အိတ်၊ မတ်ပဲ (၂၀၀)အိတ်၊ ကုလားပဲ(H-L)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး(၅၅၀)အိတ်၊ ဘိုကိတ်ပြာ(၁၈၀)အိတ် ပဲကြီး(၄၂၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

     မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံ(ဖြူ)(၁၉၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်၊ ဂွေးပင်ချိုကျေးရွာ၌ နှမ်းလှော်ထုတ်လုပ်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ချိုကျေးရွာတွင် နှမ်းလှော်လုပ်ငန်းကို အိမ်တွင်း စီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

   နှမ်းလှော်သည် တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချနိုင်သော စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။နှမ်းလှော်ရာတွင် နှမ်း(ဖြူ)များကို ပထမဦးဆုံး သဲများကင်းစင်စေရန်အတွက် ရေစိမ်ကာဇကာဖြင့် စစ်ယူရကြောင်း၊ စစ်ယူပြီးသောနှမ်း(ဖြူ)များကို အခွံကျွတ်စေရန် မောင်းထောင်းဆုံကို အသုံးပြုကြရကြောင်း၊ ထို့နောက် အခွံချွတ်ထားသော နှမ်း(ဖြူ)များကို အနည်းငယ်အခြောက်ခံကာ လှော်ရကြောင်း၊ နှမ်းလှော်လုပ်ငန်းလုပ်ကိုင်ရာတွင် နှမ်း(ဖြူ)များထောင်းရန် (၁)ဦး၊ နှမ်းလှော်ရန် (၂)ဦး စုစုပေါင်း လုပ်သား (၃)ဦး လိုအပ်ပါကြောင်း၊ တစ်နေ့လျှင် နှမ်း(ဖြူ) (၁၀)တင်းမှ (၁၀)တင်းနှင့် အထက်လှော်နိုင်ပါကြောင်း၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၀၆၀၀၀)ဝန်းကျင် ဝယ်ယူရပြီး နှမ်းလှော် တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ကျော်ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနိုင်ပြီး နှမ်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း၊ လှော်ပြီးသား နှမ်းများကို တင်းချိန်ဖြင့်သော်လည်းကောင်း၊ ပြည်ထုတ်ဖြင့်သော်လည်းကောင်း ထုပ်ပိုး၍ ဈေးကွက်အနေဖြင့် ကျောက်ပန်းတောင်းမြို့ အတွင်းနှင့် မြို့မဈေးအတွင်းရှိ လက်ဖက်ဆိုင်များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါကြောင်း ဂွေးပင်ချိုရွာနေ နှမ်းလှော်လုပ်ကိုင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ ခုနှစ် ဇွန်လ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၇၅၀၀)ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၁၀၀၀) ကျပ်မှ  (၁၂၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါး ကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          ဇွန်လ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် စားအုန်းဆီတစ်ပိဿာလျှင်(၂၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင်(၅၀)ကျပ်နှင့်  ကြက်သား တစ်ပိဿာ လျှင်(၁၀၀၀)ကျပ် ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးမြေပဲများ စတင်စိုက်ပျိုးနေ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူးဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်ချက်အရ ပခုက္ကူမြို့နယ်အတွင်းရှိ ချောက်ကန်ကျေးရွာအုပ်စုရှိ အနောက် ချောက်ကန်ကျေးရွာရှိ စိုက်ပျိုးတောင်သူတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

       ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ အနောက်ချောက်ကန်ကျေးရွာ၊ မန်ကျည်းကိုးပင် ကျေးရွာ၊ လက်ပန်ကန်ကျေးရွာများတွင် မြေပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၂၁၀၀)ဧကရှိပါသည်။ ယခုအခါတွင် မိုးမြေပဲကို စိုက်ပျိုးနေကြောင်း၊ မိုးမြေပဲ စတင် စိုက်ပျိုးချိန်မှာ မိုးဦးကျကာလ ကဆုန်လပြည့်ကျော်နှင့် နယုန်လများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုစနစ်မှာ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် (၃)တင်းခန့် စိုက်ပျိုးကြောင်း၊ မြေဆီ လွှာသုံးစွဲမှုမှာ အာမိုကိုသုံးစွဲပြီး (၃)အိတ်ခန့် အသုံးပြုရကြောင်း၊ ပေါင်းသတ်ဆေးအနေဖြင့် (LOGO-50cc)ပုလင်းကို အသုံးပြုကြောင်း၊ မြေဆီ တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ပိုးသတ်ဆေး တစ်ပုလင်း လျှင် ကျပ်(၃၅၀၀၀) ပေးရကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

       မြေပဲမျိုးစေ့မှာ တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) ဝယ်ယူစိုက်ပျိုးရပြီး တစ်တင်းထွက်ရှိမှုမှာ မြေအမျိုးအစားကိုလိုက်၍ (၃၅ တင်းမှ ၄၀ တင်းထိ)ထွက်ရှိကြောင်း၊ လုပ်သားခမှာ တစ်မနက်လျှင် အမျိုးသားလုပ်သားခ ကျပ်(၅၀၀၀)၊ အမျိုးသမီးလုပ်သားခ ကျပ်(၃၀၀၀)ပေးရကြောင်း၊ စုစုပေါင်း လုပ်သား သုံးစွဲမှုမှာ ဧက အကျယ်အဝန်းပေါ်မှုတည်၍ (၅)ဦးမှ (၈)ဦးထိ သုံးစွဲရကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စောင်များ တွင်ကျယ်စွာရက်လုပ်လျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင် အမှတ်(၁၅)ရပ်ကွက်ရှိ လက်ရက်ကန်းလုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ ချည်ထည်စောင်များနှင့် ပတ်သက် ပြီး ဆွေးနွေးမေးမြန်းခဲ့ပါသည်။

     ပခုက္ကူမြို့နယ်တွင် ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါ သည်။ ယခုအချိန်တွင် စက်ရက်ကန်းများပါ သုံးစွဲမှုများပြားလာ၍ လက်ရက်ကန်း ရက်လုပ်မှုများ လျော့နည်းသွားကြောင်းလည်း သိရှိရပါသည်။ ရက်လုပ်ခဲ့သောအထည်များမှာ  ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိူး၊ လက်သုတ်ပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ဝါဒစောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုးစောင်များကို အဓိက ရက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါတွင် လက်ရက်ကန်း များအပြင် စက်ရက်ကန်းများကိုပါ အသုံးပြုလာကြပြီး  အများစုမှာ အနံလွန်ခေါက်ချိုးစောင်များကို ရက်လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။

    အနံလွန်ခေါက်ချိုးစောင် လက်ရက်ကန်းတစ်တန်းတွင် တိုင်ချည်ထုပ်(၁၄)ထုပ်၊ တစ်ထုပ် လျှင်(၁၈)လိမ်ပါဝင်ပြီး တစ်လိမ်လျှင် နှစ်ခင်ပါဝင်ကြောင်း၊ ဖောက်ချည်တွင် ဖောက်ချည်ထုပ်(၅) ထုပ်၊ တစ်ထုပ်လျှင် အလိမ်(၂၀)၊ တစ်လိမ်လျှင် သုံးခင် အသုံးပြုရကြောင်း၊ အသုံးပြုသောချည်များ မှာ ဗမာချည်ခွန်ချည်ဖြစ်ပြီး တိုင်ချည်ထုပ် တစ်ထုပ်ဈေးနှုန်းမှာ ကျပ်(၃၃၅၀၀)၊ ဖောက်ချည်မှာ (၁၀)ချည်ကို အသုံးပြုရပြီး တစ်ထုပ်လျှင် ကျပ်(၃၅၅၀၀) ပေးရကြောင်း၊ ချည်ထုပ်များ ဆေးဆိုးခမှာ အရောင်အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင် ကျပ်(၃၀၀၀- ၅၀၀၀- ၅၅၀၀)၊ ချည်စာနင်းခမှာ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ ချည်ချခမှာ (၁၀)တွဲလျှင် ကျပ်(၃၀၀၀)၊ ယက်ဖောက်ယက်ခမှာ တစ်တွဲလျှင် ကျပ်(၁၇၀၀)၊ ရက်ကန်းလုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၁၅၀၀)ပေးရကြောင်း၊ ရက်ကန်း တစ်စင်၏ အထွက်နှုန်းမှာ အနည်းဆုံး(၅၆)ထည်၊ အများဆုံး(၅၇)ထည် ထွက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင် တစ်ဦးထံမှသိရှိရပါသည်။

     အနံလွန်ခေါက်ချိုးစောင် တစ်ထည်၏ဈေးနှုန်းမှာ  ကျပ်(၁၈၀၀၀ မှ ၂၅၀၀၀)ဖြစ်ပြီး ထွက်ရှိ လာသော အထည်များကို မိမိတို့ ဒေသတွင်းသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦးမြို့နယ်များမှ ဟိုတယ်လုပ်ငန်းရှင်များကလည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ရက်ကန်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့ပေါ်ရှိ အိမ်သုံးဆေးဝါး ဈေးကွက်အခြေအနေ

   ရေစကြိုမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decogen (၁၀) လုံးပါ (၁)ကတ်လျှင် ကျပ်(၁၈၀၀)၊ Civit အလုံး (၁၀၀)ပါ (၁)ဘူးလျှင်  ကျပ်(၃၅၀၀)၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၀၀၀)၊ Amoxicillin (၁၀)လုံးပါ (၁)ကတ် လျှင် ကျပ်(၆၀၀)၊ Enorvon-C (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Burmeton အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၂၈၀၀)၊ Cetrine (၁၀)လုံးပါ (၁)ကတ်လျှင်ကျပ်(၂၀၀)၊ ဓာတ်ဆား MPF (၁)ထုပ် လျှင် ကျပ်(၃၅၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၂၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၇၀၀)၊ Vitahome (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ် (၁၈၀၀)၊ Supradyn (၃၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၅၀၀)၊ SaRa (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၅၀၀)၊ Flemex (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၅၀၀)၊ Solumux (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Woods (၁)ဘူးလျှင် ကျပ်(၅၄၀၀)၊ Alexal (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၂၈၀၀)၊ Mixagrip (၆)လုံးပါ (၁)ကတ်လျှင်  ကျပ်(၁၂၀၀)၊ Vitamin-C 100 mg (၁)လုံးလျှင်ကျပ် (၂၅)၊ Vitamin-D  400 IU (၁၅)လုံးလျှင် ကျပ်(၃၅၀၀)၊ Vitamin-D  1000 IU (၁၀)လုံးလျှင် ကျပ်   (၅၅၀၀)၊ Vitamin-K   (၁၀)လုံးလျှင် ကျပ်(၉၀၀၀)၊ Vitamin-K2   (၁၀၀)လုံးလျှင် ကျပ်(၁၅၀၀၀)၊ Zinc (၁)လုံးလျှင် ကျပ် (၁၀၀)၊ Becozinc (၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ Zincovit (၁၅)လုံးလျှင် ကျပ်(၃၅၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ယခုအချိန်အခါသည် မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါး များအား အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့် ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း