တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၁၈.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ဆီတို့ဟူးသည် မြန်မာ့အစားအစာများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထို့အပြင် အခြားအိမ်နီးချင်းနိုင်ငံတွင်လည်း တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ကချင်ပြည်နယ် မိုးညင်းဒေသမှ အများဆုံးထွက်ရှိပြီး လပေါင်းများစွာ အချဉ်ဖောက်ပြီးမှသာ ရလာသည် ဖြစ်ပြီး ကျန်းမာရေးအတွက် ရွေးချယ်သင့်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ဈေးကွက်၊ ဈေးဆိုင်အနှံ့အပြားတွင်လည်း ရောင်းချလျက်ရှိပြီး ပြည်နယ်အတွင်း ကြိုက်သူတွေအဖို့ ထမင်းစားမြိန်စေသည့်အတွက် အခြားအစားအစာတွေတောင် ထပ်မလိုတော့အောင် ဖြစ်ပါသည်။ ဆီတို့ဖူးသည် ကယ်လိုရီပမာဏနည်းစေပြီး ပရိုတင်းဓာတ်အပြည့် ရရှိစေနိုင်သည့်အတွက် ရွေးချယ်စားသုံးရန် အကြံပြုပေးလိုပါသည်။ သတ္တုဓာတ်များသည့်အတွက် ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်နှင့် မက်ကနီစီယမ်ဓာတ်တို့နှင့်ပြည့်စုံသောအစားအစာဖြစ်ပါသည်။ ထို့အပြင် အချဉ်ဖောက်သည့်အခါတွင် ကောင်းသော ဘက်တီးရီးယားများ ပေါက်ပွားလာသည့်အတွက် ဆီတို့ဟူးစားခြင်းသည် အစာချေစနစ်ကို ကောင်းစေပါသည်။ ဆီးချိုရောဂါများဖြစ်သော အင်ဆူလင်ကိုလည်း ပိုထွက်စေလို့ အင်ဆူလင်အားကို ကောင်းစေပါသည်။ ဆီးချိုရောဂါဖြစ်နိုင်သည့် ဒြပ်ပေါင်းများကို လျှော့ချပေးလို့ ဆီးချိုရောဂါဝေဒနာသည်များအတွက် အထူးစားသုံးရန်သင့်လျော်ပါသည်။ ရှေးလူကြီးသူမများ ဆိုစကားအရ အစာလည်းဆေး၊ ဆေးလဲအစာဟူ၍ စကားပုံအားဖွဲ့နွဲ့ပြောဆိုခဲ့ကြပါသည်။ လွိုင်ကော်မြို့ဆီတို့ဖူးဈေးနှုန်းသည် သစ်သားသေတ္တာပုံးတစ်ပုံးမှာ(၅၀၀၀)ကျပ်နှင့် ကော်ဘူးအမျိုးမျိုးဖြင့် ဈေးနှုန်းအစားစား ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကယား)
အများပြည်သူသို့သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချသော အခွန်လွတ်ဈေး ကို(၈.၇.၂၀၂၃)ရက်နေ့တွင်မော်လမြိုင်မြို့၊သံလွင်ဈေး၌ ဖွင့်လှစ်ရောင်းချရာသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ လာရောက်လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခွန်လွတ်ဈေးကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် (၇) နာရီမှ (၉) နာရီထိဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရောင်းချသောဈေးနှုန်းများမှာ ဧည့်မထ (၂၅ မှတ်) တစ်ပြည် ၂၆၀၀ ကျပ်၊ ဧည့်မထ (၅ မှတ်) (၂၄၀၀) ကျပ်၊ စားဆီ တစ်ပိဿာ (၄၆၀၀) ကျပ်၊ ကြက်သွန်နီ (၂၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာ (၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံး (၂၄၀) ကျပ်၊ ဆား (၃၀) ကျပ်သားတစ်ထုပ် (၁၅၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၄၃၀၀)ကျပ်၊ ငါးတန် တစ်ပိဿာ (၃၃၀၀) ကျပ်၊ တီလားဗီးယား တစ်ပိဿာ (၃၅၀၀) ကျပ်၊ ငါးမုတ် တစ်ပိဿာ (၄၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာ (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၁၆၀၀) ကျပ်၊ မုန်လာဥနီတစ်ပိဿာ (၃၀၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာ (၁၀၀၀) ကျပ်၊ မုန်ညှင်း တစ်ပိဿာ (၂၀၀၀) ကျပ်၊ သခွားသီး တစ်ပိဿာ (၁၀၀၀) ကျပ်၊ ဗိုလ်စားပဲသီး တစ်ပိဿာ (၂၀၀၀) ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာ (၁၄၀၀) ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ (၂၅၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်း (၅၀) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)
မော်လမြိုင်မြို့၌ ဇူလိုင်လပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေသောဈေးမှာ ယခင်အပတ် တွင်ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၇၀ဝ၊ ဆင် (ထိုင်း) ကျပ် ၁၆၀ဝဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၅၀ဝ ရှိခဲ့ပြီး ယခုအပတ်တွင် တွင်ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀ဝ၊ ဆင် (ထိုင်း) ကျပ် ၁၅၈၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅း၁၅း၁၅ 50 Kgပါ တစ်အိတ်မှာ ကျပ် ၁၂၈၀ဝဝ၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50 Kgပါ ပါတစ်အိတ်မှာ ကျပ် ၁၃၉၀ဝဝ၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50 Kgပါ ပါတစ်အိတ်မှာ ကျပ် ၁၃၉၀ဝဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50 Kgပါ ပါတစ်အိတ်မှာ ကျပ် ၈၀ဝဝဝ၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50 Kgပါ တစ်အိတ်မှာ ကျပ် ၁၀ဝဝဝ၀၊ ပိုတက် (အာမို) 50 Kgပါတစ်အိတ်မှာ ကျပ်၁၂၀ဝဝဝ၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀ဝ CC ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၅၀ဝ CC ပါ ၁ ပုလင်းမှာ ကျပ် ၁၃၈၀ဝ ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းမှစ၍မိုးများစတင်ရွာသွန်းနေပြီဖြစ်သောကြောင့် ရော်ဘာစေးခြစ်ခြင်းကို ရပ်နား ထားကြပါသည်။ မိုးမရွာသွန်းသည့်နေ့များတွင် အချို့ခြံရှင်များမှာအစေးလှီးခြင်းကို လုပ်ဆောင်ကြကြောင်း သိရှိရသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 ကျပ် ၁၀၈၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ခဲ့ပြီး ယခုဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့ထိဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၅၀ဝ ၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၄၀ဝ ပေါက်ဈေးရှိနေကြောင်းသိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (၅၀ Kg) ပါ တစ်ထုပ်လျှင် (၁၇၅၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၃၅၀ဝဝ) ကျပ်ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (၅၀ Kg) ပါတစ်ထုပ်လျှင် (၂၇၅၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၅၅၀ဝဝ) ကျပ်ဖြင့်သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မွန်)
မော်လမြိုင်မြို့၌ ဇူလိုင်လ(ပထမအပတ်)တွင် ရေထွက်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ပစ္စည်းလက္ကားဈေးနှုန်းများမှာ ငါးတန် ၁ပိဿာ/ (၅၀သားအထက်)ကျပ် ၃၄၀ဝ၊ငါးသလောက် ၁ပိဿာ/ (၃၀သား)ကျပ် ၁၆၇၀ဝ၊ ငါးမြစ်ချင်း ၁ပိဿာ/ (၇၀သား)ကျပ်၅၇၀ဝ၊ တီလားပီးယား ၁ပိဿာ/ (၃၀သား)ကျပ် ၇၅၀ဝ၊ကင်းမွန်(အကြီး) ၁ပိဿာ ကျပ် ၁၈၀ဝဝ၊ကကတစ် ၁ပိဿာ/ (၃၀သား)ကျပ်၁၇၇၀ဝ၊ ငါးကြင်းဖြူ ၁ပိဿာ ကျပ် ၁၃၅၀ဝ၊ ပလာတူး ၁ပိဿာ/(၁၀သား)ကျပ် ၆၀ဝဝ၊ ရေဘဝဲ(အကြီး) ၁ ပိဿာ ကျပ် ၂၅၀ဝဝ၊ ပလာလန်း ၁ပိဿာ/ (၃၀သား)ကျပ် ၆၅၀ဝ၊ ရွှေငါး ၁ပိဿာ/ (၁၀သား)ကျပ် ၅၅၀ဝ၊ ငါးရွှေကြီး ၁ပိဿာ ကျပ် ၁၂၂၀ဝ၊ ပုစွန်အပျော့(အကြီး) ၁ပိဿာ ကျပ် ၁၈၇၀ဝ၊ ပုစွန်အပျော့(အသေး) ၁ပိဿာ ကျပ် ၁၅၄၀ဝ၊ ပုစွန်ထုပ် ရေချို(အကြီး) ၁ပိဿာ ကျပ် ၅၃၀ဝဝ၊ ပုစွန်ထုပ် ရေချို(အလတ်) ၁ပိဿာ ကျပ် ၄၀ဝဝဝ၊ ၊ ပုစွန်ထုပ် ရေချို(အသေး) ၁ပိဿာ ကျပ် ၃၀ဝဝဝ၊ ငါးနပ်(အကြီး) ၁ပိဿာ ကျပ် ၄၀ဝဝဝ၊ ငါးနပ်(အလတ်) ၁ပိဿာ ကျပ် ၃၂၀ဝဝ၊ ငါးနပ်(အသေး) ၁ပိဿာ ကျပ်၂၃၀ဝဝ၊ ငါးကြံရွက် ၁ပိဿာ ကျပ် ၁၅၅၀ဝ၊ ငါးကွမ်းရှပ် ၁ပိဿာ ကျပ် ၄၈၀ဝဝ၊ငါးစာပြတ် ၁ပိဿာ ကျပ် ၂၅၀ဝဝ၊ ပုစွန်ခြောက်(အကြီး) ၁ပိဿာ ကျပ် ၇၅၀ဝဝ၊ ပုစွန်ခြောက်(အလတ်) ၁ပိဿာ ကျပ် ၆၀ဝဝဝ၊ ပုစွန်ခြောက်(အသေး) ၁ပိဿာ ကျပ် ၅၂၀ဝ၀ အသီးသီးဖြစ်ပေါ်နေကြောင်းသိရှိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသော ရေချို/ရေငန်ငါးများသည် ဒေသတွင်းငါးစားသုံးမှုဖူလုံသည့်အပြင် ပြည်တွင်း ဈေးကွက်သို့ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ မွန်ပြည်နယ်မှ ပြည်ပသို့ငါးများ တိုက်ရိုက်တင်ပို့မှု မရှိသော်လည်း အအေးခန်းစက်ရုံ(၆)ရုံမှ ရေချို/ရေငန်ငါးများအား အေးခဲ၍ရန်ကုန်မြို့မှတဆင့် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
DOCA(မွန်)
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသောငါးရှဉ့်များကို ပြည်ပသို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိသော်လည်း ပွင့်လင်းရာသီထက် ယခုကဲ့သို့သော မိုးတွင်းတွင် ငါးရှဉ့်များပိုမိုဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရပါသည်။
ငါးရှဉ့်မျိုးများကိုထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ (၅) စင်တီမီတာလုံးပတ်အထက်သာ ဖမ်းဆီးတင်ပို့ရောင်းချခွင့်ပြုပြီး ဇွန်လမှ နိုဝင်ဘာလအထိ ဈေးကွက်မှာ တင်ပို့မှုများ၍ ဒီဇင်ဘာလနောက်ပိုင်းတွင် ငါးရှဉ့်အဝင်နည်းသွားကြောင်း၊ ပုသိမ်ဈေးကွက်မှ ပြည်ပသို့တင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ ပါးမွှား (၂) မျိုးသာ Export ဈေးကွက်သို့တင်ပို့လျက်ရှိပြီး ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်ကြွယ်ဝသည့်အပြင် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်များနှင့် သံဓာတ်များလည်းပါဝင်ကြောင်း၊ သံဓာတ်လုံလောက်မှုမရှိလျှင် ခန္ဓာကိုယ်ထဲတွင် သွေးနီဥနည်းပါး၍ ခေါင်းမူး၊ ခေါင်းကိုက်၊ အားနည်းခြင်းများဖြစ်နိုင်ကြောင်း၊ ထို့ပြင် နွားနို့၊ ဒိန်ချဉ်တို့ကဲ့သို့သော အရိုးကိုသန်မာစေသည့် Phosphorus ဓာတ်များပါဝင်ပြီး သွေးအားကောင်း၍ ငါးရှဉ့်ကို ပြည်တွင်းစားသောက်ဆိုင်များနှင့် ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း ဈေးကွက်မှသိရပါသည်။
ပုသိမ်မြို့ပေါ်အဝယ်ဒိုင်သို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေးရွာများမှ အဝယ်ဒိုင်သို့ အဓိကလာရောက်ရောင်းချလျက်ရှိပြီး အကောင်အကြီး/အသေးပေါ်မူတည်၍ (၁) ပိဿာလျှင် (၈၀၀ဝိ/-၅၀၀ဝိ/-) ကျပ်ဈေးနှုန်းတို့ဖြင့်ဝယ်ယူကာ ဝယ်ယူထားသောငါးရှဉ့်ကို ရေနှစ်ထပ်၊ သုံးထပ်လဲလှယ်၍ ငါးရှဉ့်အသေးများကိုဖယ်ပြီး ဖော့ပုံး၊ ပလပ်စတစ်ပုံးများတွင် (၂၀/၂၅) ပိဿာထည့်သွင်း၍ ရန်ကုန်မြို့ရှိ စံပြဈေး၊ လှိုင်သာယာဈေးနှင့် အင်းစိန်မြို့နယ်၊ ကြို့ကုန်းငါးရှဉ့်အဝယ်ဒိုင်ကြီးများသို့တင်ပို့လျက် ရန်ကုန်မှတစ်ဆင့် မူဆယ်-တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့၊ ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှ သိရှိရပါသည်၊၊
DOCA(ဧရာဝတီ)
၂၀၂၃ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၄၈၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။
ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်ထိ၊ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ သစ်တော်သီး တစ်လုံး (၃၀၀)ကျပ်မှ (၅၀၀)ကျပ်၊ ပတ္တမြားငါးမောက်သရက်သီး တစ်လုံးလျှင် (၄၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ ၊ကြက်မောက်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ၊ ခင်ဦးမြို့နယ်မှ ထွက်ရှိသော ပိန္နဲသီး တစ်လုံး လျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ ကျပ်ထိ၊ ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီး တစ်လုံး (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၀၀)ကျပ်၊ပုပ္ပါးမြို့မှ ထွက်ရှိသည့် နဂါးမောက်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊မက်မွန်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)