ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၇.၂၀၂၃ )

      ၁၃.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် ယခင်အပတ် ထက်အနည်းငယ်သာမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား လက်လီဈေးမှာအကြီး /အသေးပါ်မူတည်၍တစ်ပိသာလျှင်(၁၈၀၀/၂၀၀၀/၂၃၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံး သေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဂျင်း အညံ့ တစ်ပိသာ လျှင်(၅၀၀၀) ကျပ်၊ ရှယ်စ တစ်ပိသာ (၁၀၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီး ခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိသာ(၃၅၀၀/၃၀၀၀)ကျပ် ယခင်အပတ်ထက် တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ငရုတ်သီးစိမ်း တစ်ပိသာ (၂၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၂၀၀)ကျပ် ယခင် ဇွန်လကုန်အပတ်ထက် အနည်းငယ်မြင့်တက်နေပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၀၀၀/၈၀၀) ကျပ် ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ် လျှင်(၂၀၀၀)ကျပ် ယခင်အထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၂၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်များထံမှ သိရှိရပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၅၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၈၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၅၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၆၅၀၀)ကျပ် ငါးကြင်းအကောင်လိုက်ဈေးမှာ ယခင်အပတ်ထက်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အခြားငါးဈေးနှုန်းများမှာ ယခင်အပတ်တိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိသာလျှင် (၇၈၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံး လျှင် (၇၇၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၁၁၀၀)ကျပ် ပြန်လည်ကျဆင်းကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

                                                                            

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၄၈၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၇၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဇူလိုင်လ၊ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်  တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံ  တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ငါးဈေးနှုန်းများကို ယခင်လနောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ငါးအုံတုံ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး  ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းကာ အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ဇူလိုင်လ၊ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်) ရိုးရိုး(၁)လုံးလျှင် (၇၀၀ )ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ မင်းကွတ်သီး  (၁)လုံးလျှင် (၂၀၀ မှ ၃၀၀)ကျပ်၊ ၊ ပတ္တမြားငမောက်သရက်သီး (၁) လုံးလျှင် (၅၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ် ၊နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၈၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၃၀၀၀) ကျပ်၊ နှင်းသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပဲတီစိမ်းဈေးနှုန်း အနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဇူလိုင်လ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပဲတီစိမ်းမှာ ဧပြီလ(တတိယပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ(ပထမပတ်)ထိဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင်(၅၃၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀)တင်း/ (၆၅)တန်ဖြစ်ကြောင်း၊ ပဲတီစိမ်းမှာ ယခင်နှစ်ကာလတူ၌ အရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊ ဇွန်လ(လကုန်ပတ်)နှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက လကုန်ပတ်၌ ပဲတီစိမ်း တစ်တင်းလျှင် (၅၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ ပထမပတ်၌ ဇွန်လ(လကုန်ပတ်)အောက် ပဲတီစိမ်း တစ်တင်းလျှင် (၇၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခုနှစ်တွင် တောင်သူနှင့်ကုန်သည်များ၏ လက်ဝယ်တွင် သိုလှောင်မှုနည်းပါးနိုင်သဖြင့် လက်ကျန်လည်းနည်းနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

နွေနှမ်းဈေးနှုန်း ဆက်လက်ကျဆင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နွေနှမ်းမှာ မေလ(စတုတ္ထပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဇူလိုင်လ(ပထမပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်းလျှင် (၁၀၃၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၄၄)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်များ အရောင်းအဝယ်ဖြစ်ခြင်း မရှိကြောင်း၊ ဇွန်လ(လကုန်ပတ်)နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ဇွန်လ(လကုန်ပတ်)၌ နှမ်းနက် တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ( ပထမပတ်)တွင် ဇွန်လ(နောက်ဆုံးပတ်)အောက် နှမ်းနက် တစ်တင်းလျှင် (၈၇၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် ဇူလိုင်လ (ပထမအပတ်)အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၁၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၆၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၇၀၀) ကျပ် မှ (၂၈၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ဇူလိုင်လ ပထမအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကို နှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀) ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင်(၁၀၀)ကျပ် ဈေးမြင့်တက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများနှင့် ကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း