Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Sep 2024

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

25 Sep 2024

    ၁၉.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ Ocean Super Center ၌ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

25 Sep 2024

   ၁၉.၉.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ မုပွန်ရပ်၊ အဆင့်မြင့်ငါးဈေးသစ် စီမံကိန်းဝင်း အတွင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သော အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် ငါးဈေးသစ်စီမံကိန်းမှ တာဝ

25 Sep 2024

   ၁၈.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဘီးလင်းမြို့၊ အ.ထ.က (ကန်သာယာ) ကျောင်းမဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဘီးလင်းမြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်မှ အဖွင့်အမှာ

25 Sep 2024

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၉.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးကို ရောင်းချနေသောဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Pages