Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Sep 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်း၌ အသေးစားစက်မှုလက်မှုဦးစီးဌာနက ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ် (၁၃း၃၀) အချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သား (၁၄)ဦး တက်ရောက်ခဲ့ပါသည်။

25 Sep 2024

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း၌ ဆရာ/မ(၅)ဦး၊ ကျောင်းသား/သူ (၁၄၀)ဦး စုစုပေါင်း (၁၄၅) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

25 Sep 2024

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်‌နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Kaung Hlyan New Asia  ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၆ ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း၊ မော်တော်ယာဥ်အမှတ် 7J-2781/ ISUZU အမျိုးအစား မော်တော်ယာဥ်ဖြင့်လည်းကောင်း နေ့ ၉း၃၀ အချိန်တွင်

25 Sep 2024

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တိုင်းဒေသကြီး ဦးစီးမှူုးရုံး၊  အစည်းအဝေးခန်းမတွင် MAB Bank မှ ဒုတိယဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

25 Sep 2024

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

Pages