Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Sep 2024

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူ မအူပင်မြို့နယ်၊ ၅ရပ်ကွက်ရှိ (အ.ထ.က-၃)ကျောင်းတွင် ကျောင်းသား/ သူ၊ ဆရာ/ ဆရာမ (၁၃၀)ဦးအား (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြသည်။

26 Sep 2024

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူ ဓနုဖြုမြို့နယ်၊ ၉ရပ်ကွက်ရှိ (အ.ထ.က-၁)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမ(၂၈၀)ဦးအား (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြပါသည်။

26 Sep 2024

        စားသုံးသူရေးရာဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ရှိ စောမြဖောဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

26 Sep 2024

        ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းမောင်သည် FDA အဖွဲ့သားများ၊ ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဒေးဒရဲမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးနှင့် ဆေးဝါးများကို သက်ဆိုင်ရာထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

26 Sep 2024

       စားသုံးသူရေးရာဦးစီးဌာနရှိ ဌာနခွဲများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဌာနခွဲများအလိုက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို virtual ဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာလ ၂၁ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနမှ ဌာနခွဲတာဝန်ခံနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်၊၊

Pages